Learn With Us
07/02/2021
ငြိမ်းချမ်းစွာ ဆန္ဒသဘောထား ထုတ်ဖော်ပြသနေသော ပြည်သူလူထုနှင့် တကွ Learn With Us မှ ရပ်တည်ပါသည်။
မိမိတို့ လူငယ်အဖွဲ့အစည်းများသည် ကိုဗစ်ကာလအတွင်းကိုယ်ပိုင်အချိန်ကို ငဲ့ကာ လူငယ်များ တိုးတက်ရန် တစ်ဖက်တစ်လမ်းမှ အားသွန်ခွန်စိုက် ကြိုးစားနေချိန်တွင် အာဏာသိမ်းအစိုးရမှ ယခုကဲ့သို့ မတရားသဖြင့် နိုင်ထက်စီးနင်း ပြုမူခြင်းသည် လူငယ်များ၏ အနာဂတ် အခွင့်အလမ်းများ၊ အိပ်မက်များကို ရိုက်ချိုး ပိတ်ပင်တားဆို့ခြင်းပင်ဖြစ်သည်။
ထို့ကြောင့် Learn With Us အဖွဲ့သားများသည် အာဏာသိမ်းအစိုးရအား စစ်မှန်သော ဒီမိုကရေစီ မရမချင်း ကန့်ကွက်ရှုံ့ချသွားမည်ဖြစ်ပါသည်။
မတရားဖမ်းဆီးထိန်းသိမ်းထားခံရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတ နှင့် ကျန်ရှိသော ပုဂ္ဂိုလ်များကို ပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုအပ်ပါသည်။
Learn With Us ၏ Activities အားလုံးကိုလည်း အခြေအနေအားလုံးတည်ငြိမ်သွားသည်အထိ ယာယီ ရက်အကန့်အသတ်မရှိ ရပ်တန့်ထားမည်ဖြစ်ပါသည်။
25/01/2021
ဟဲလို Learners တို့ရေ…
Learn With Us နဲ့ တွဲပြီး အလုပ်လုပ်ရင်း အတွေ့အကြုံယူချင်တဲ့သူတွေအတွက် သတင်းကောင်းလေးလာပါပြီ။
ဒီတစ်ခေါက်မှာတော့ Learn With Us ရဲ့ Member Management Team ကနေ Recruitment လုပ်နေတာပဲဖြစ်ပါတယ်။
ခေါ်ယူနေတဲ့ Position တွေကတော့
�Membership Team Coordinator (1 Post) နဲ့
�Membership Team Intern (4 Posts)ပဲ ဖြစ်ပါတယ်။
�Position တွေရဲ့ criteria တွေကို အောက်က Link မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။
https://drive.google.com/file/d/1SDQVspzRqgDbhhKeCMnc_gaMlowIXoQv/view?usp=sharing
�Volunteering ကာလကတော့ 3 months ပဲဖြစ်ပါတယ်။
�လျှောက်ထားချင်ရင်တော့ အောက်က link မှာလျှောက်ထားနိုင်ပါတယ်။
https://forms.gle/PzVvJegiTu8gmBpr7
�Deadline ကတော့ January 27(11:59 PM)ပဲ ဖြစ်ပါတယ်။
�ပထမအဆင့်မှာ Shortlisted ခံရတဲ့သူတွေကို interview အတွက် Email ကနေတစ်ဆင့် ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။
Learn With Us ကနေ သူငယ်ချင်းတွေနဲ့ လက်တွဲဖို့ စောင့်မျှော်ကြိုဆိုနေပါတယ်။ ��
21/01/2021
Important announcement 📣📣
Learners တွေအားလုံးမင်္ဂလာပါ။ 🤗
Learn With Us ကနေ Learners တွေအတွက် ဗိုလ်လိုပြောတာကိုလေ့ကျင့်ဖို့ အပတ်တိုင်း တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ Room 1, Room 2 ဆိုပြီးတော့ weekly activities လေးတွေပြုလုပ်ခဲ့တာ အခုဆိုရင် ၄ လနီးနီးရှိပါပြီ။ 🤩
ဒီနေ့မှာတော့ အဲ့ဒီ weekly activities ကို ပိုမိုကောင်းမွန်တဲ့ ပုံစံလေးတွေနဲ့ ပြုလုပ်သွားမဲ့အကြောင်းကို လာပြောပြပေးချင်ပါတယ်။😮
ဘယ်လိုလဲဆိုတော့ ပုံမှန် weekly activities 2 ခုကနေ 1 ခုပဲ လုပ်သွားမဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ အဲ့ဒီ 1 ခုတည်းသော activity ကို တနင်္ဂနွေနေ့တိုင်း 12:30-2:00 pm ထိ ကျင်းပပေးသွားမှာဖြစ်ပါတယ်။ Topic announcement နဲ့ Registration form ကိုတော့ ပုံမှန် ကြာသပတေးနေ့ ည 8 ခွဲမှာပဲ ပေါင်းပြီးတော့ တင်ပေးမှာဖြစ်ပါတယ်။💡
ကဲ… Learn With Us ကို တစ်ပတ်မှာ 1 ရက်ပဲ Join ရတော့မှာဆိုတော့ ကြာသပတေးနေ့ညမှာ Registration form ကိုအမြန်ဆုံးဖြည့်ဖို့လည်း မမေ့ပါနဲ့နော်။ 🤘🏻
Learn With Us ကို 1 ရက်ထက် ဝင် join ချင်တယ်ဆိုရင်တော့ Learn With Us ရဲ့ member ဝင်ထားဖို့တိုက်တွန်းချင်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ အောက်က link မှာ ဝင်ဖတ်လို့ရပါတယ်ရှင်။👇
https://www.facebook.com/learnwithuscommunity/posts/149913860176055
18/01/2021
Learn English with Disney Movie(Coco)
Hello Learners!!🤗
ဒီနေ့မှာတော့ Coco Movie ကနေတစ်ဆင့် Words တွေ၊ Phrasal Verbs တွေ လေ့လာကြမယ်နော်။
Let's start!!
His family hate music. At that time, he said that "My family would freak!"
📌 To freak or freak out : to panic or have a strong emotional reaction to something
De la Cruz always say that "Seize your moment"
📌 Seize your moment : used to encourage people to live their life to its full potential or
Enjoy life while you can.
Eg: I got to seize my moment!
📌 Show me what you got : used to ask someone to show you their talents or abilities
Eg : Remember that, it ain’t how fast you fly, it's how you fly fast. Show me what you got.
📌 Synonym : Show me what you’re made of
Mariachi said that "I was just getting a shine". The musician is paying Miguel to polish his shoes.
📌 If you ever polish your shoes, you probably know that they end up being very shiny.
For this reason, we can also call this a "shoe shine", and Miguel is a shoe shiner.
That's why the Mariachi reduces it by just saying "shine".
Miguel’s grandmother told Mariachi that "You keep away from him".
📌 Keep away : If someone tells you to keep away from someone or something, you should avoid that person as they seem dangerous or likely to cause problems.
Eg : Keep the baby away from the kitchen.
📌Not so bad yourself : used to say that you are good at something.
Means that : Miguel is actually a really good musician!
📌 to take liberties : used when someone feels very comfortable with a situation and acts in a way that could be considered too free
Eg : I took some liberties when writing the essay and didn’t follow the professor’s rules.
Let's end here guys!!🤗
Coco ကားလေး ကြည့်ဖူးကြတယ်ဟုတ် အရမ်းကောင်းတာနော်။😍
ဒီနေ့တော့ ဒီလောက်ပါဘဲနော်၊ စကားလုံးတွေ နားလည်သွားအောင်လို့ Coco ကို နောက်တစ်ခေါက် သွားကြည့်လိုက်ပါဦးမယ်။ 🥳
Reference : Learn English With TV Series
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon