Raise Up

Raise Up

Share

Photos from Raise Up's post 09/04/2022

အဖိုးတန်နေ့စွဲ
🙏🙏🙏🙏🙏

ဒီနေ့
(9 ရက်နေ့ကနေ 23 ရက်နေ့ထိ)ပြုလုပ်မယ့်
15 ရက် တရားစခန်းအတွက်
အောင်သုခ ဓမ္မရိပ်သာ လှည်းကူး( ဇရပ်ကွင်း) ဆရာတော်ထံမှာ (အမျိုးသားယောဂီ ၂ ယောက် အမျိုးသမီးယောဂီ ၄ ယောက်) စုစုပေါင်း ယောဂီ ၆ ယောက်ကို ကိုယ်တိုင်လိုက်ပို့အပ်နှံပေးနိုင်ခဲ့လို့ ကျေနပ်ပီတိ
ဖြစ်ရပါတယ်

စုံစမ်းကြသူများပေမယ့်
တချို့က ၉ ရက်ပဲ ပိတ်လို့ ၁၅ ရက်ပေးဖို့ အချိန်အခက်အခဲရှိတာကြောင့် အခုအပတ်စဉ်ကို မဝင်နိုင်ကြဘူး ဖြစ်သွားတယ်

လစဉ် ၁ ရက်နေ့ကနေ ၁၅ ရက်ထိ ပုံမှန်တရားစခန်းရှိတာမို့ အခုအချိန်မရသေးတဲ့သူတွေ နောက်လတွေမှာ အချိန်ပေးနိုင်ရင် ပြန်ဆက်သွယ်ပေးကြပါ

နောက်အပတ်စဉ်တွေမှာ စိတ်ဝင်စားတယ်ဆိုရင်လည်း ဆက်သွယ်စုံစမ်းလို့ရပါတယ်

02/01/2022

"မာနမရှိဘူးထင်နေတာတောင် မာနက ရှိနေတယ်"

ဘုန်းကြီးကိုယ်တိုင် ငယ်ငယ်တုန်းက
တရားရိပ်သာမှာ သွားပြီးတော့
တခြားဘုန်းကြီးနဲ့အတူတူ
တရားအားထုတ်တော့
တရားအားထုတ်ဖော်တွေက ဝိပဿနာဉာဏ်တွေ တိုးတက်ကြတယ်။

ဘုန်းကြီးကတော့ တရားအားထုတ်တာ လတွေတော်တော်ကြာပေမယ့် တိုးတက်မှု သိပ်မရှိဘူး။ နည်းနည်းလေး စိတ်အေးချမ်းတာလောက်ပဲ ရှိတယ်။

တရားစစ်တဲ့အခါမှာ ဆရာတော်က ဘုန်းကြီးကိုမေးတယ်။ ဇောတိက တရားအားထုတ်တာ ဘယ်လိုနေလဲ…?

" စိတ်တော့ ချမ်းသာပါတယ် ဘုရား။
ဘာမှတိုးတက်မှု မရှိဘူး။ "

ဘုန်းကြီးနဲ့အတူတူ တရားအားထုတ်ဖော် အားထုတ်ဖက် တခြားဘုန်းကြီးတွေကို မေးတဲ့အခါမှာ သူတို့မှာ ပြောစရာ လျှောက်စရာတွေ ရှိတယ်။

အဲဒီတော့ ကြာတော့ ရှက်လာတယ်။

သူတို့ကိုကြည့်လိုက်တော့လည်း တစ်ချို့က လေးတန်းအောင်။ တစ်ချို့က လေးတန်းတောင်မအောင်ဘူး။ ဘုန်းကြီးက အင်ဂျင်နီယာဘွဲ့ရထားတာ။ နည်းတဲ့ပညာတွေ မဟုတ်ဘူး။

အဲဒီတော့ စိတ်ထဲမှာ ငါကပညာတတ်၊ သူတို့က လေးတန်းတောင် မအောင်ဘူး၊ ငါက တရားစာအုပ်တွေ အများကြီးဖတ်ထားတာ၊ "ဝိသုဒ္ဓီမဂ် မြန်မာပြန်တွေတောင် ဖတ်ထားပြီးသွားပြီ။ အများကြီးသိထားပြီ ဆိုပြီးတော့ ဘာပဲပြောပြော မာနတော့ ရှိနေတာပဲနော်။

"အဲဒီမာနဆိုတာ တော်တော်ပယ်ရခက်တယ်။
တော်တော်လည်း ကြောက်စရာ ကောင်းတယ်။
မာနမရှိဘူးလို့ထင်နေရင်တောင်မှ မာနက ရှိနေတယ် "

အဲဒါနဲ့တရားစစ်တိုင်း တရားစစ်တိုင်း ဘုန်းကြီးမှာ လျှောက်စရာ မရှိဘူး။ ကြာတော့ ဆရာတော်ဆီကို သွားရမှာ ကြောက်လာတယ်။ ဇောတိက ဘယ်နှယ့်တုန်း။ တရားအားထုတ်တာ ဘယ်လိုတုန်းလို့ မေးမှာကို သိပ်ကြောက်တယ်။ ကြောက်တော့ ဘာလုပ်ရမလဲဆိုတော့ တရားလည်း အားထုတ်ချင်တယ်။ ဆရာတော်ဆီလည်း မသွားချင်တော့ဘူး။

အဲဒါနဲ့တပည့်တော် ဟိုဘက်နားက တောရကျောင်းကို ခဏသွားမယ်ဘုရားလို့ သွားလျှောက်တယ်။ အဲဒီကျောင်းက ပိုဝေးတယ်။ ဆွမ်းကွမ်းလည်း အင်မတန်နည်းတယ်။ နည်းတော့ ဆရာတော်ကြီးက ခဏသွားမယ်လို့ ထင်ပြီး။

" အေး အေး သွား သွား " လို့ ပြောတယ်။
ဘုန်းကြီးက အမှန်တော့ ထွက်ပြေးတာနော်။

"စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ ထား…"

အဲဒီတောရကျောင်းကို သွားပြီးတော့ နေလိုက်တယ်။ ငါဆရာတော်ဆီလည်း မသွားတော့ဘူး။ သွားရင် ငါ့ကို တရားအားထုတ်တဲ့အကြောင်း မေးမှာပဲ။

မေးရင် ငါ ဘာမှ မတိုးတက်တာပြောရင် အဲဒီလို ပြောရတာကိုက ငါတော်တော်ရှက်တယ် ဆိုပြီးတော့ အဲဒီတောရကျောင်းမှာ သွားနေပြီးတော့ တစ်ယောက်တည်း ကိုယ့်ဘာသာ ကိုယ် တရားထိုင်တယ်။

မတိုးတက်ဘူး။ မတိုးတက်တော့ ကြာတော့ နည်းနည်းတော့ စိတ်ညစ်လာတယ်။ ရက်တွေ လတွေသာ ကြာလာတယ် မတိုးတက်ဘူး။

ဒီကြားထဲ ဘုန်းကြီးက စဉ်းစားကြည့်သေးတယ်။
ငါနဲ့ အတူတူဘွဲ့ရတဲ့ ငါ့သူငယ်ချင်းတွေတော့ ဘာတွေဖြစ်ကုန်ပြီ။ ငါကတော့ တောထဲမှာ တရားသာ အားထုတ်တာ ဘာတရားမှလည်း မရဘူး။

အဲဒီတော့ နည်းနည်းတွက်ခြေမကိုက်ဘူး။ အဲဒီလိုအတွေးတွေ အမျိုးမျိုး တွေးပြီးတော့ နည်းနည်း စိတ်ညစ်နေပြီ။

စိတ်ညစ်နေပြီးမှ တစ်ခါ၊ ဘယ်လိုတွေးလဲဆိုတော့ တိုးတက်တာ မတိုးတက်တာ နေပါစေတော့ မတတ်နိုင်ဘူး။ မတိုးတက်ချင်လည်း နေပါစေ။

ဘုရားဟောထားတာလည်း ကြားဖူးတာ တစ်ခုရှိတယ်။ ငါ့ဆရာတော်ကလည်း ပြောထားတာရှိတယ်။ " စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ ထား " တဲ့ ပြောထားတယ်။

အဲဒီတော့ ငါအတိတ်ကိုလည်း မတွေးဘူး။
အနာဂတ်ကိုလည်း မတွေးဘူး။
စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာပဲ ထားမယ်။
အဲဒီတစ်ခု လုပ်လို့ရရင် ကျေနပ်တယ်။
ဘယ်တော့မှ မတိုးတက်လည်း နေပါစေတော့။

ငါ့ဟာငါ တောထဲမှာ တစ်ပါးတည်းနေပြီးတော့
စိတ်ကို ပစ္စုပ္ပန်မှာ ထားမယ်ဆိုပြီးတော့ ကိုယ့်စိတ်ကိုယ် ကြည့်နေတယ်။

တစ်ခုခု တွေးပြီဆိုရင်လည်း တွေးပြီးလို့ သိတယ်။
တွေးတယ်ဆိုတာ အမှန်တော့ အတိတ်ကိုတွေးတာ
သို့မဟုတ် အနာဂတ်ကိုတွေးတာပဲ။
ပစ္စုပ္ပန်ကို တွေးလို့မရဘူး။

တွေးတာကို တွေးပြီးလို့သိတာနဲ့တစ်ပြိုင်နက် အဲဒီအတွေးကို ရပ်လိုက်တယ်။ သိတာနဲ့ သူ့ဟာသူ ရပ်သွားတယ်။ ရပ်သွားပြီဆိုရင် အဲဒီစိတ်ကို ပစ္စုပ္ပန်မှာ ပြန်ထားတယ်။ ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်နေတာ အသက်ရှူနေတာလေးကို သိနေတယ်။ တခြားတစ်ခုခု ထင်ရှားတာ ရှိနေရင်လည်းပဲ သိနေတယ်။

အဲဒီလိုနဲ့ပဲ စိတ်ကို ပစ္စုပ္ပန်မှာ ထားရင်း ထားရင်းနဲ့ စိတ်က ပစ္စုပ္ပန်မှာ အနေများလာတော့ စိတ်တည်ငြိမ် အေးချမ်းလာတော့ တဖြည်းဖြည်း ခန္ဓာမှာဖြစ်နေတာတွေကို သိရတာ အသိရှင်းလာတယ်။ အမြင်ရှင်းလာတယ်။ ဖြစ်တိုင်းဖြစ်တိုင်း ဖြစ်တာကိုသိတယ်။ ဖြစ်တာကို သိတိုင်းသိတိုင်း မရှိတော့ဘူးဆိုတာ သိလာတယ်။

အဲဒီလို မျှော်လင့်ချက်တွေ ဘာမှမထားဘဲနဲ့ ပစ္စုပ္ပန် တည့်တည့်မှာပဲ စိတ်ကိုထားလိုက်တဲ့အချိန်မှာ ပိုပြီးတော့ တရားအားထုတ်ရတာ အဆင်ပြေလာတယ်။ တိုးတက်မှုပိုရှိလာတယ်။

ပြီးတော့ အနားမှာ ပြိုင်မည့် ပြိုင်ဘက်လည်းမရှိဘူး။ အရင်တုန်းက ရိပ်သာမှာဆိုတော့ ပြိုင်ဘက်တွေက များနေတော့ တရားအားထုတ်ရတာ သိပ်အဆင်မပြေဘူး။

" လောကီရေးကိစ္စမှာသာ ပြိုင်ဘက်ရှိလို့ရှိရင် ပြိုင်နေတဲ့အတွက်ကြောင့် တိုးတက်မှုရှိမယ်နော်။ တရားနဲ့ပတ်သက်လာရင် ပြိုင်ချင်တဲ့စိတ်ရှိနေရင်ကိုပဲ မတိုးတက်တော့ဘူး။ အဲဒါဟာ အင်မတန် သိမ်မွေ့တဲ့သဘောရှိတယ်။ "

ဒါကြောင့် တရားအားထုတ်တဲ့ကိစ္စမှာ ငါက သူ့ထက် သာတယ်ဆိုတဲ့ အတွေးမျိုး မတွေးသင့်ဘူး။ သူက ငါ့ထက်သာတယ်ဆိုတဲ့ အတွေးရော မတွေးသင့်ဘူး။

သူ့တရား သူ အားထုတ်တာ။
ကိုယ့်တရား ကိုယ် အားထုတ်တာ။
ကိုယ့်ဟာကိုယ် အားထုတ်တာနော်။
ဘယ်လောက်ကြာရင် တရားထူးရမယ်လို့လည်း ဒါလည်း မတွေးသင့်ဘူး။

" စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာပဲ
ထားသင့်တယ်နော် " ……………။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
ရေးသားတော် မူခဲ့သော -
" မြင့်မြတ်မှုပျောက်ဆုံးနေခြင်း မေတ္တာသုတ်တရားတော် " စာအုပ်မှ

#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်

01/10/2021

ယုံကြည်မှုရဲ့ အင်အား
👍👍👍👍👍👍👍
တခါက ရန်သူ့စစ်တပ်ဟာ တိုင်းပြည် တခုကို သိမ်းပိုက်ဖို့ နန်းမြို့ရိုးကို ဝန်းရံထားတယ်။ ဘုရင်ကြီးကလည်း ရန်သူ့ရဲ့ စစ်တပ်ဟာ သူ့စစ်တပ်ထက် အင်အား များပြားနေတဲ့ အတွက် ထွက်မတိုက်ဘဲနဲ့ နေခဲ့တယ် ။

အဲ့ဒီလိုနဲ့ အချိန်တွေ ကြာလာတော့ ဘုရင့်တပ်ဟာ အစာရေစာ ပြတ်လုနီးနီး ဖြစ်လာခဲ့တယ် ။ ဒါကြောင့် ဘုရင်ကြီးဟာ အရေးပေါ် အစည်းအဝေး တခုကို ခေါ်လိုက်တယ် ။ အစည်းအဝေးမှာ ဘုရင်ကြီးက..

" ဒီအတိုင်းသာ ဆိုရင် ငါတို့တိုင်းပြည်ဟာ မကြာခင် အချိန်မှာ အစာရေစာ ပြတ်ပြီး အငတ်ဘေးနဲ့ ကြုံရတော့မယ်.. ဒါကြောင့် ငါတို့ ရန်သူ့ရဲ့ စစ်တပ်ကို ထွက်တိုက်မှ ရတော့မယ် "

ထိုအခါ စစ်သူကြီးက..

" ဒါကတော့ မဖြစ်သေးပါဘူး အရှင်.. ရန်သူ့စစ်တပ်ဟာ ကျန်ုပ်တို့စစ်တပ်ထက် အင်အား ကြီးလွန်း ပါတယ်.. ဒါကြောင့် ထွက်တိုက်ရင် သေချာပေါက် ရှုံးနိမ့်ပါလိမ့်မယ်.. ကံတရားက ကျနော်တို့ကို ရှုံးဖို့အတွက် ကြိုတင် သတ်မှတ်ပြီးသားပါ "

ဘုရင်ကြီးက..

" ဒါဆို စစ်မတိုက် ရသေးဘဲနဲ့ ငါတို့ ရှုံးမယ်လို့ ကံတရားက သတ်မှတ်ထား တာလား "

စစ်သူကြီးများ..

" ဟုတ်ပါတယ် အရှင်မင်းကြီး "

ဒါနဲ့ ဘုရင်ကြီးက..

" ကောင်းပြီလေ.. မင်းတို့တွေ ကံတရားကို အဲဒီလောက် ယုံကြည်တယ် ဆိုရင် ငါတို့ ကံစမ်းကြည့် ကြတာပေါ့ "

ဘုရင်ကြီးက ပြောပြောဆိုဆို သူ့အိတ်ထဲက အကြွေစေ့ တခု ထုတ်လိုက်ပြီး ပြောတယ် ။

" ယခု ငါ့လက်ထဲမှာ အကြွေစေ့တစ်စေ့ ရှိတယ်.. ငါမြောက်လိုက်လို့ ပြန်ကျလာတဲ့ အခါမှာ ခေါင်းကျရင် ဒီစစ်ပွဲမှာ ငါတို့နိုင်မယ်.. ဒါကြောင့် ထွက်တိုက်မယ်.. ပန်းကျရင်တော့ ငါတို့ရှုံးမယ်.. ဒါကြောင့် ထွက်မတိုက်တော့ဘူး လို့ ဆုံးဖြတ်မယ်.. ဘယ်လိုလဲ " ဆိုတော့ စစ်သူကြီးများ အားလုံးက တညီတညာထဲ ထောက်ခံ ကြတယ် ။

အဲ့ဒါနဲ့ ဘုရင်ကြီးက အကြွေစေ့ကို လေထဲ မြောက်ပြီး ပြန်အကျမှာ ဖမ်းလိုက်တယ် ။ ပြီးတော့ လက်ကို ဖြေးဖြေးခြင်း ဖွင့်ကြည့်လိုက်တဲ့ အခါမှာ ခေါင်းဘက် ကျနေတာကို တွေ့ကြတယ် ။ ဒါကြောင့် စစ်သူကြီး အားလုံး အရမ်းကို ပျော်ရွှင်သွားတယ်။ နောက်ပီး ဒီစစ်ပွဲမှာ သူတို့ နိုင်မယ်လို့ ယုံကြည်သွားတယ် ။

ဘုရင်ကြီးနဲ့ စစ်သူကြီးတို့ဟာ ထွက်တိုက်ဖို့ အတွက် စီမံကိန်း ရေးဆွဲကြတယ်။ သူတို့က အင်အား နည်းတဲ့ အတွက် ယှဉ်တိုက်ဖို့ မလွယ်ဘူး ။ ဒါကြောင့် ညအိပ်ချိန်မှာ အလစ် တိုက်ဖို့ အစီအစဉ် ဆွဲလိုက်တယ်။ ဒီစစ်ပွဲမှာ သေချာပေါက် နိုင်မယ် ဆိုတဲ့ အကြောင်းကို စစ်သူကြီးတွေ ကနေတဆင့် စစ်သည်တော်တွေအထိ ပြန့်နှံ့သွားတယ် ။

အဲ့ဒါကြောင့် စစ်သူကြီးတွေရော စစ်သည်တော်တွေရော အားလုံး စိတ်ဓာတ် တက်ကြွနေ ကြတယ် ။ သူတို့ နိုင်မယ် လို့လည်း ယုံကြည်မှု ပြင်းထန်နေ ကြတယ် ။ သူတို့ အစီအစဉ် ဆွဲထားတဲ့အတိုင်း ညအချိန်ကို ရောက်တဲ့အခါ ရန်သူ့တပ်ကို အလစ် ဝင်တိုက် ကြတယ် ။

ရန်သူတွေဟာ အလစ်အငိုက် တိုက်ခံလိုက်ရတဲ့ အတွက် ဖရိုဖရဲဖြစ်ပြီး နောက်ဆုံးမှာ နောက်ဆုတ် ထွက်ပြေးကြရ တော့တယ် ။ စစ်နိုင်သွားတဲ့ အတွက် ဘုရင်ကြီးနဲ့အတူ မှူးမတ်တွေ အားလုံး စားသောက်ပွဲ ကျင်းပ ကြတယ် ။ စားသောက်ပွဲမှာ ဘုရင်ကြီးက မေးတယ် ။

" ဒီစစ်ပွဲမှာ ငါတို့ ဘာကြောင့် နိုင်တာလဲ "

စစ်သူကြီး

" ကံတရားကြောင့်ပါ အရှင်မင်းကြီး "

ဘုရင်ကြီး

" ကံကြောင့်တော့ မဟုတ်ဘူးကွ.. မင်းတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကြောင့်ပဲ.. ကံကြောင့် မဟုတ်ဘူး.. မယုံရင် မင်းတို့ကို ငါ သက်သေပြမယ် "

ဘုရင်ကြီးက ပြောပြော ဆိုဆိုနဲ့ အကြွေစေ့ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်။ အကြွေစေ့ရဲ့ မျက်နှာ ၂ ဘက် လုံးဟာ ခေါင်းဖြစ်နေတာကို စစ်သူကြီးတွေ တွေ့သွားတယ် ။

" အလုပ်တခု အောင်မြင်ဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ လိုတယ်.. ကံဆိုတာ ရွှေဒင်္ဂါး ၁ ပြားဖြစ်ခဲ့ရင် ကြိုးစားမှုက ၉ဝ ကျပ်သား.. အခွင့်အရေး ၁ဝ ကျပ်သား သွန်းလောင်း ထားတယ် "

ဆရာဗန်းမော်သိန်းဖေ

( အလုပ် တခုအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုသည် ၉၀% အောင်မြင်မှု ဖြစ်တယ် )

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 21:00
Saturday 09:00 - 21:00