Mon Journal

Mon Journal

Share

07/02/2025

3CE Drop Glow Gel review

ဒါထူးဆန်းတဲ့ product အသစ်တော့မဟုတ်ပါဘူး
စာရေးသူနဲ့အဆင်ပြေလို့ တစ်ခြားစိတ်ဝင်စားတဲ့သူတွေရှိရင် အသုံးဝင်အောင်တင်လိုက်ပါတယ်

စာရေးသူက Japanမှာနေတဲ့အတွက် အခုတလောရာသီဥတုက အရမ်းအေးတာ
အအေးလှိုင်းဖြတ်ပြီး နှင်းတွေလည်းကျတော့ တော်ရုံ lip glossတွေနဲ့ အဆင်မပြေဘူး
နှုတ်ခမ်းတွေ အရမ်းခြောက်တာ

စာရေးသူက Lip productsဆိုရင် gloss typeပဲကြိုက်တဲ့သူပါ
ကိုယ်နိုင်ကလည်း ရေသောက်နည်းတော့ နှုတ်ခမ်းကအမြဲခြောက်ပြီး lip balmအမြဲသုံးနေရတဲ့သူဆိုတော့ matte typeတွေဆို ဘယ်လိုမှအဆင်မပြေ

lip glossတောင် တစ်ချို့ popularဖြစ်ပြီး လူသုံးများတဲ့ brandတွေနဲ့ အဆင်မပြေတော့ နှုတ်ခမ်းနီဝယ်မယ်ဆိုအရမ်း အာရုံနောက်ရတယ်

ဒီ3CE drop glow gelကတော့ သုံးဖူးသမျှ lip gloss typeတွေထဲ textureက moisturizingအဖြစ်ဆုံးလို့ပြောလို့ရတယ်
သူ့ရဲ့ moistureလေးက တော်တော်ကြာတဲ့အထိ နှုတ်ခမ်းပေါ်မှာ စိုစိုလေးကျန်နေတာ
တစ်ချို့ lip glossတွေက ဆိုးတုန်းခဏပဲ စိုတာ
ခဏကြာရင် ခြောက်သွားရော
ဒါလေးကတော့တော်တော်အဆင်ပြေတယ်
ဆောင်းတွင်းအတွက်လည်း အဆင်ပြေတယ်

တစ်ခုအဆင်မပြေတာကတော့ coloringကအရမ်း thin ဖြစ်ပြီးတော့ လိုချင်တဲ့အရောင်ရဖို့ ၂ထပ်၃ထပ်လောက်ဆိုးပေးရတယ်
1 layerပဲဆို bare lipsအတိုင်းပဲ
အရောင်နဲ့လည်း ဆိုင်မယ်ထင်တယ်
ဒီအရောင်က mauve ဘက်သွားတဲ့အရောင်ဆိုတော့ အရမ်းပါးပါးလေးဆိုးရင်မပေါ်ဘူး
ပြီးတော့ tint မဟုတ်တဲ့အတွက် အရောင်ပျက်သွားလည်း နှုတ်ခမ်းပေါ်ဘာရောင်မှမကျန်ပါဘူး
စာရေးသူအတွက်ကတော့ဒါကပြသနာမဟုတ်လို့ကိစ္စမရှိပေမယ့်
tintကြိုက်တဲ့သူတွေအတွက်ကတော့အဆင်မပြေနိုင်ဘူးပေါ့နော်

color swatchကတော့ commentထဲကြည့်ပါ
Calmingဆိုတဲ့အရောင်ပါ
warm toneသမားတွေအတွက်တော့မလိုက်လောက်ဘူး တော်တော်ပြာသွားလိမ့်မယ်ထင်တယ်

အဓိကအချက်ကတော့ moisture ​ခံတာကြိုက်တာပါပဲ
ပြီးတော့နှုတ်ခမ်းသားကို မပျက်စီးစေဘူး
ပေးရတဲ့ဈေးနဲ့တော့တန်တယ်လို့ခံစားရတယ်
ဒါပါပဲ

See you in next post

Photos from Mon Journal's post 12/02/2022

𝗦𝗞𝗜𝗡𝟭𝟬𝟬𝟰 𝗠𝗮𝗱𝗮𝗴𝗮𝘀𝗰𝗮𝗿 𝗖𝗲𝗻𝘁𝗲𝗹𝗹𝗮 𝗔𝗺𝗽𝗼𝘂𝗹𝗲
𝗥𝗲𝘃𝗶𝗲𝘄 🍀🍀🍀☘☘☘

SKIN1004ရဲ့ Centella Ampouleက တော်တော်လေး hitဖြစ်နေတဲ့ productတစ်ခုပါ

သူ့ကို စသုံးဖို့စဥ်းစားတာကတော့ ဒီလိုပါ

ကိုယ်က chemical peelingတွေလုပ်တော့ peelingလုပ်ပြီးရင် အများစုက hydration အတွက် sheet maksတွေကပ်ကြတယ်
ဒါပေမယ့် ကိုယ်က sheet maskကပ်ရတာမကြိုက်တာပါ
အချိန်မပေးချင်တာလည်းပါတယ်
ကပ်ရတဲ့ခံစားချက်ကြီးကိုမကြိုက်တာလည်းပါတော့
Peelingနဲ့ တွဲသုံးဖို့ active ingredients တွေမပါဘဲ simple formula ဖြစ်တဲ့ serumတစ်ခုခုသုံးဖို့ ဆုံးဖြတ်လိုက်တာပါ
ပြီးတော့ ကိုယ်က severe breakouts ကို ခံစားခဲ့ရတော့ skin barrierအတွက်လည်း အထောက်အကူ ဖြစ်စေမယ့်ဟာရှာနေတာပေါ့
အဲ့တာနဲ့ ရှာရင်း ရှာရင်း ဒါကို တွေ့ပြီး သုံးဖြစ်သွားတာပါ😇

☘𝗪𝗵𝗮𝘁 𝘁𝗵𝗲 𝗽𝗿𝗼𝗱𝘂𝗰𝘁 𝗰𝗹𝗮𝗶𝗺𝘀:
Calming & Hydrating effect ပေးတယ်လို့ ဆိုပါတယ်
ဘာမှ ကြီးကြီးကျယ်ကျယ်တွေ မပြောပါဘူး😆😆

☘𝗣𝗮𝗰𝗸𝗮𝗴𝗶𝗻𝗴:
အညိုရောင် transparent ဖန်ပုလင်းနဲ့ လာတာပါ
ဖန်ပုလင်းဆိုတော့ luxury ဆန်တဲ့ feeling ရပေမယ့်
ကိုယ်တိုင်က plastic bottles တွေပဲကြိုက်တာ
ဖန်ပုလင်းဆို ကျကွဲမှာကြောက်လို့🥲🥲🥲 သတိထားနေရတာ
သူ့ရဲ့dropperလေးက ထိပ်လေးက ကောက်နေတာ
ဘာအတွက်လဲဆိုရင် မျက်နှာပေါ်apply လုပ်တဲ့အခါ skinပေါက်တိုက်ရိုက်ကျအောင်၊ မဖိတ်အောင် ၊ product waste နည်းအောင်လုပ်ထားတာ တကယ်အဆင်ပြေတယ်

☘𝗜𝗻𝗴𝗿𝗲𝗱𝗶𝗲𝗻𝘁𝘀: (100%) Centella Asiatica Extract

သူကတော့ ingredientsမှာ Madagascar ကရတဲ့ Centella Asiatica Extract (CICA) ကိုမှ 100%ပါတယ်။ အခြားဘာဆိုဘာမှ မရောထားပါဘူးဆိုတော့ formulaကတော့ အရမ်းကို simpleဖြစ်လွန်းပါတယ်
ဒါကြောင့်လည်း ဝယ်ဖို့ဆုံးဖြတ်ခဲ့တာပါ

ဒါပေမယ့် တကယ်တမ်း အကျယ်ချဲ့ပြောရရင် အဲ့လောက်မရိုးရှင်းပါဘူး (skincareဆိုတာ ကမ္ဘာပေါ်မှာ အရှုပ်ဆုံးလေ သိတယ်ဟုတ်? Mathsထက်တောင် လေးနက်ပါတယ် အယ့်လယ်😆😆)

အဲ့တော့ Centella Asiatica Extractမှာ ဘာ chemical compoundsတွေပါလဲကြည့်ရအောင် (Btw Chemicalဆိုလို့ မလန့်နဲ့နော်။ Chemicalဆိုတာကလေ ကမ္ဘာပေါ်မှာ ရှိသမျှက Chemical Compoundsတွေနဲ့ လုပ်ထားတာနော် ၊ လူ့ခန္ဓာကိုယ်ကလည်း chemical compundsတွေ ပါတာပဲ ၊ အပင်တွေရောပဲ၊ ဆိုးတဲ့ Chemical နဲ့ ကောင်းတဲ့ chemicalဆိုတာပဲရှိတာ။ Chemicalမပါဘူးဆိုတာတွေက ဂျင်းတွေ)

အဲ့တော့ ပြန်ဆက်ရအောင်😁😁
Centella Asiatica Extractမှာ skinအဆွက် အကျိုးရှိတဲ့ compounds 4 ခု ပါပါတယ်
1.MADECASSOSIDE
သူက ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမဲစက် အမာရွတ်တွေကို သက်သာအောင်လုပ်ပေးတဲ့နေရာမှာ အထောက်အကူပေးတယ်လို့ဆိုပါတယ်

2.MADECASSIC ACID
သူကတော့ soothingအတွက်ကောင်းပြီးတော့ skin irritation ရပြီး အသားအရည်နီမြန်းတာတွေကို လျှော့ချပေးပြီး calmingလုပ်ပေးလို့ ဝက်ခြံကြောင့် နီရဲတာတွေဆို အထောက်အကူဖြစ်စေပါတယ်

3.ASIATICOSIDE
သူကတော့Antioxidant အဖြစ်လည်းလုပ်ဆောင်ပေးသလို
Antibacterial effectလည်းပေးတာကြောင့် ဝက်ခြံသမားတွေအတွက် ကောင်းတဲ့ compoundတစ်ခုပါ။

4.ASIATIC ACID
သူကတော့ anti-aging အတွက်ကောင်းပြီး healing အတွက် အထောက်အကူဖြစ်လို့ အနာကျက်မြန်စေပါတယ်။ ဝက်ခြံသမားတွေ အတွက် ကောင်းတဲ့အချက်ပါ။
Sunscreen နဲ့ တွဲလိမ်းရင် anti-aging အတွက် ပိုပြီး effectiveဖြစ်တယ်လို့ဆိုပါတယ်။

အချုပ်အားဖြင့်ဆိုရရင် Centella Asiatica Extractက ဝက်ခြံအတွက်ကောင်းတဲ့ chemical compounds တွေပါဝင်နေတာကြောင့် ဝက်ခြံသမားတွေကြားမှာ နာမည်ကြီးတာ မဆန်းပါဘူး
🥰🥰🥰🥰🥰

☘𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗲𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 :
သူက ampoulဆိုပေမယ့် ampoule အများစုလို textureက ပျစ်ပျစ်ကြီးမဟုတ်ပါဘူး။ ရေထက် တကယ့်ကို နည်းနည်းလေးပဲ ပျစ်တာ ကြည်တောက်နေတာပါပဲ။ အရမ်း Light Weight ဖြစ်ပါတယ်။ 5 dropsလောက်ဆို ရတယ် (ပါးတစ်ဖက်စီကို 1 dropစီ၊ နှဖူး 1 drop၊ နှာခေါင်း 1 drop၊ မေးစေ့ 1 drop သုံးပါတယ်)။ Fragrance လည်း မပါပါဘူး။ ဘာအနံ့မှ မရဘူးရယ်။ နေ့ဘက်ရော ညဘက်ရော သုံးလို့ အဆင်ပြေပါတယ်။ တစ်ခါတစ်လေ ညဘက်တွေဆို အသားခြောက်တယ်ထင်ရင် 2 layersလောက် သုံးပေးလိုက်ရင် အဆင်ပြေတယ်။
သူကတော့ hydrating and calmingဖြစ်စေတယ်လို့ပြောပေမယ့် အရမ်းကြီး Wow ဖြစ်ရလောက်အောင်တော့ မဟုတ်ပါဘူး။
သုံးရင်းနဲ့ ကြာလာတော့မှ effectပြပြီး နည်းနည်းသိသာလာတာမျိုးပါ။ ဒါကလည်း အခြား compounds တွေနဲ့ မရောပဲ
100% plant extractကို သုံးထားတာကြောင့်ဖြစ်ပါလိမ့်မယ်။
သုံးနေရင်းနဲ့ ကြာရင်တော့ တကယ် resultက ကောင်းလာပါတယ်။ တစ်လကျော်လောက်မှ သိသာလာတာပါ။
ဝက်ခြံထွက်တာလည်းတော်တော်သက်သာတယ်။ လုံးဝ
မထွက်တော့တာတော့မဟုတ်ပေမယ့် အရင်အခြေအနေထက်စာရင် တကယ်သက်သာလာတာပါ။ ပြီးတော့ ဝက်ခြံထွက်ပြီးရင်လည်း အမာရွတ်က သိပ်မကျန်ဘူး။ အမာရွတ်ကျန်ရင်တောင် တကယ့် မှိန်မှိန်လေးနဲ့ ခဏအတွင်းပျောက်ပါတယ်။
ပြီးတော့ အသားအရည်ကလည်း ပိုပြီး ကြည်လာတယ်ထင်ရတယ်။ peelingပြီးတော့ သူ့ကိုသုံးတာလည်း အဆင်ပြေပါတယ်။ မျက်နှာလေး အေးသွားရော။😊😊 အဆီလည်းမပြန်ပါဘူး။ နဂိုကတည်းက oily skinဆိုတော့ အဆီကတော့ ပြန်တာပဲ။ သူ့ကြောင့် အဆီပိုပြန်တာမျိုးမရှိဘူးလို့ဆိုလိုချင်တာပါ။
ဒါပေမယ့် dehydrated, dry skinတွေဆိုရင်တော့ သူက hydrationလုံလုံလောက်လောက်ပေးနိုင်မှာမဟုတ်လို့ သူ့အနောက်က thick moisturizer ထပ်လိုက်ပေးဖို့လိုပါလိမ့်မယ်

☘𝗪𝗼𝘂𝗹𝗱 𝗜 𝗿𝗲𝗽𝘂𝗿𝗰𝗵𝗮𝘀𝗲? : 100% YES

☘𝗣𝗿𝗶𝗰𝗲 : 55 mlတစ်ဘူးကို 20000ပေးရပါတယ်
တကယ်က100 mlဆိုပိုတန်တာ 28000ပဲရှိတယ်။ ကိုယ်ဝယ်တုန်းက 100mlက out of stockဖြစ်နေတာ နည်းနည်းလေးတောင် မစောင့်နိုင်ဘဲ 55 mlဝယ်ချလိုက်တာ🥲
55mlဘူးကို 21.12.2021က စ ပြီးသုံးတာ အခု၃ပုံ ၂ပုံလောက်ကျန်သေးတယ်ဆိုတော့ မဆိုးပါဘူး။

☘𝗪𝗵𝗲𝗿𝗲 𝘁𝗼 𝗯𝘂𝘆: Beauty Domain ကဝယ်တာပါ
Skin1004 _Myanmar နဲ့ အခြား K-Beauty Shop တော်တော် များများမှာလည်းရပါတယ်

☘𝗦𝘂𝗶𝘁𝗮𝗯𝗹𝗲 𝗳𝗼𝗿 : Normal skin, Oily, Acne-prone, Sensitive skin

Disclaimer : This post is totally not sponsored and I bought the product with my own money. The content is based on facts and my personal experience.

❌❌Do not copy and repost. Share buttonကို နှိပ်ပြီး shareလို့ရပါတယ်။ copy link နဲ့ shareလို့ရပါတယ်။ ပုံနှင့် စာသားတွေကို တိုက်ရိုက်သော်လည်းကောင်း၊ editလုပ်၍ သော်လည်းကောင်း အကျိုးစီးပွါးအတွက် ကူးယူတင်ခြင်း
မပြုလုပ်ပါနဲ့❌❌

Photos from Mon Journal's post 18/08/2020

SEA TURTLE ပင်လယ်လိပ်🐢🐢🐢🐢🐢

ဒီတစ်ခါတော့ ရှေ့က Postမှာ ရေးခဲ့တဲ့လိပ်လေးတွေအကြောင်းနှင့် ဆက်စပ်ပြီး ပင်လယ်လိပ်လေးတွေအကြောင်းပြောပြသွားပါမယ်

Tortoiseနှင့် Turtlesကွဲပြားပုံကို ရှေ့က postမှာ ပြောပြခဲ့ပြီးဖြစ်ပါတယ်

🐢Leatherback sea turtlesတွေဟာ ကမ္ဘာအပေါ်မှာ အကြီးဆုံး sea turtuleတွေဖြစ်ပါတယ်

3.5ft အထိ ခန္ဓာကိုယ်အကျယ်ရှိပြီး 6.9 ftအထိ ရှည်ကြပါတယ် (စာရေးသူထက်တောင် အရပ်ရှည်ပါသေးတယ်) ၁၅၀၀ပေါင်အထိ အလေးချိန်ရှိပါတယ်တဲ့

🐢ပင်လယ်လိပ်တွေကို‌တော့ ရာသီဥတုပြင်းထန်တဲ့ ၀င်ရိုးစွန်းဒေသက လွဲလို့ ကျန်တဲ့ ပင်လယ် အနှံ့အပြားမှာ တွေ့နိုင်ပါတယ်
ရာသီဥတုကြောင့် အရမ်းအေးတဲ့ဒေသတွေမှာဆို ရေငုပ်နိုင်စွမ်းမရှိဘဲ ရေပေါ်မှာပဲ ပေါ်နိုင်ပါတယ်တဲ့

🐢ပင်လယ်လိပ်လေးတွေဟာ (မျိုးပွါးနိုင်လောက်တဲ့) အရွယ်ရောက်ဖို့ ဆယ်စုနှစ်ကျော် ကြာပါတယ်တဲ့ ....လူတွေလိုပါပဲ 15နှစ်ကနေ အနှစ် 50ထိတောင်ကြာနိုင်တာပါတဲ့နော်

ပင်လယ်လိပ်တွေဟာ သာမန်အချိန်ဆို ပင်လယ်ရဲ့ အလယ် ရေနက်တဲ့နေရာတွေမှာ ကျက်စားပေမယ့် မျိုးပွါးရာသီရောက်လာရင် ရေတိမ်တဲ့ ကမ်းရိုးတန်းအနားတစ်ဝိုက်ကို mateလုပ်ဖို့လာကြပါတယ်
ပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ကျက်စားရာ ရေနက်ဒေသထဲ ပြန်သွားပါတယ်

မျိုးပွါးပြီးတော့ ဥကချိန်ရောက်ပြီဆိုရင် ကမ်းပေါ်ကိုတက်လာပြီး ကမ်းစပ်နားတစ်ဝိုက်မှာ ဥပါတယ်
လိပ်လေးတွေ ဥကြတာမြင်ဖူးကြမှာပါနော်

🐢တစ်ခါတစ်ခါ ဥဥရင် ပင်လယ်လိပ်အမျိုးအစားပေါ်မူတည်ပြီး 50-350 ဥ အထိ ဥနိုင်ပါတယ်တဲ့နော်

ပြီးတော့ အဲ့ဥလေးတွေမှာ အထီးအစ်မဆိုတာက Temperatureပေါ်မူတည်ပါတယ်တဲ့
ပိုပြီးနွေးတဲ့ အပူချိန်ရှိတုရာသီဥတုဆိုရင် အမ အကောင်ရေပိုများနိုင်ပြီး
ပိုအေးတဲ့ရာသီဥတုဆို အထီးအကောင်ရေပိုများနိုင်ပါတယ်တဲ့

🐢ပင်လယ်လိပ်လေးတွေ ဥ က ပေါက်လာပြီဆိုရင်တော့ ကမ်းစပ်ကို တန်းပြေးပြီးရေထဲဆင်းကြပါတယ်
အဲ့အခါ သူတို့ပေါက်တဲ့နေရာနဲ့ ကမ်းစပ်ကြားထဲမှာ သားကောင်တွေ ငှက်တွေက စောင့်ပြီးဖမ်းနေတတ်ကြပါတယ်
အဲ့တာကြောင့် လိပ်ပေါက်စလေးတွေဟာ မွေးကတည်းကအန္တရာယ်တွေကို ကြုံတွေ့ရတာပါနော်
ဥက မပေါက်ခင်ကတည်းက Komodo Dragonလိုမျိုး ဖွတ် တွေဟာ လိပ်ဥတွေ လာစားတတ်ပါတယ်
ဒါ့အပြင် လူတွေကလည်း တူးဖော်ပြီး အသုံးချကြတာရှိပါသေးတယ်
အဲ့တာကြောင့် လိပ်လေးတွေက နဂိုရှိရင်းစွဲ လိပ်မကြီးက ဥလိုက်တဲ့အရေအတွက်အတိုင်း လောကထဲကို အသက်ရှင်လျက် ၀င်ရောက်လာဖို့ဆိုတာ လုံး၀မဖြစ်နိုင်ပါဘူး
ဒါကလည်း လိပ်လေးတွေ အကောင်ရေနည်းပါးလာရတဲ့အကြောင်းရင်းထဲက တစ်ခုဖြစ်ပါတယ်

🐢ပင်လယ်လိပ်ပေါက်စလေးတွေဟာ ပင်လယ်ထဲကို ရောက်သွားတဲ့အခါမှာလည်း အန္တရာယ်တွေ တစ်သီကြီးရှိနေပြန်ပါတယ်

🐢ငါးမန်းတွေ Killer whales‌တွေ ငါးအကြီးကြီးတွေရဲ့ ဖမ်းစားခြင်းကိုခံကြရပြန်ပါတယ်
ဒါ့အပြင် ငါးဖမ်းပိုက်တွေမှာလည်း ငြိပြီး ပါနိုင်ကြပါတယ်
အဲ့တာကြောင့် ငါးဖမ်းရင် ကမ်းရိုးတန်းနဲ့ ဘယ်လောက်အကွာမှာဆို ငါးဖမ်းပိုက်ကို အကွက်ဘယ်လောက်အကွက် sizeကြီးတာ သုံးရမယ်ဆိုပြီး စသဖြင့်ဥပဒေတွေထုတ်ထားတာပါ
ဒီလိုအကောင်ပေါက်စလေးတွေကို ပါလာမှာစိုးလို့ပါ

🐢နောက်ပြီး ကမ်းရိုးတန်းဒေသမှာနေထိုင်တဲ့လူတွေက ပင်လယ်လိပ်တွေကိုဖမ်းပြီး အကြောင်းအမျိုးမျိုးအတွက်အသုံးချကြပါတယ်
__အခွံတွေကိုအလှဆင်ဖို့အတွက်
__ဘာသာရေးအယူအဆအရ ပူဇော်ဖို့အတွက် စသဖြင့် လိပ်တွေကိုဖမ်းကြပါတယ်

စာရေးသူကိုယ်တိုင် TV programတစ်ခုမှာတွေ့လိုက်ရတာ မြန်မာနိုင်ငံ မြိတ်ကျွန်းစုက ဆလုံလူမျိုးများအကြောင်းရိုက်ကူးထားတဲ့ programတစ်ခုမှာ ပင်လယ်လိပ်တွေကို ဖမ်းပြီးသစ်ပင်မှာကြိုးနဲ့ချီထားတာတွေ့လိုက်ရပါတယ်
တကယ်ကို စိတ်မကောင်းစရာမြင်ကွင်းပါ

🐢နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း Plastic တွေပါ
Plastic bagတွေကို စည်းကမ်းမဲ့စွန့်ပစ်ကြတဲ့အခါလိပ်လေးတွေက Plastic bagတွေကို သူတို့ကြိုက်တဲ့ Jelly Fishလေး အမှတ်နဲ့ စားကြပါတယ်
ဒါဟာအဆိပ်ပါပဲ

တော်တော်ကြာပါပြီ social mediaမှာလည်း ပင်လယ်လိပ်လေးတစ်ကောင် နှာခေါင်းပေါက်ကြားထဲမှာ plastic strawကြီး ညပ်နေလို့ အတင်းဆွဲထုတ်ပေးရတာ သွေးတွေထွက်တဲ့အထိဖြစ်တဲ့ videoလေးကို လူအများစုကြည့်ဖူးကြမှာပါ
အဲ့လိုမျိုး အန္တရာယ်တွေကို ပင်လယ်လိပ်လေးတွေကရင်ဆိုင်နေရတာဖြစ်တဲ့အတွက် မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိတဲ့အခြေအနေမှာ ရှိနေပါတယ်

အဲ့တာကြောင့် နိုင်ငံအသီးသီးမှာ အဖွဲ့အစည်းအမျိုးမျိုးက အသိပညာပေးCampaignတွေ ကို လုပ်ဆောင်နေကြပါတယ်

မြန်မာနိုင်ငံမှာလည်း ဒီလိုအသိပညာပေးတာတွေ ထိထိရောက်ရောက် လုပ်ဆောင်ဖို့အများကြီးလိုအပ်နေပါသေးတယ်

ပင်လယ်လိပ်လေးတွေမှမဟုတ်ပါဘူး
အခုဆို ဧရာ၀တီလင်းပိုင်လေးတွေ အစရှိသဖြင့် အသိပညာပေးအစီအစဉ်တွေ ထိန်းသိမ်း‌ရေးအစီအစဉ်တွေ လုပ်ကြဖို့လိုပါတယ်
ဒါကြောင့် သဘာ၀ပတ်၀န်းကျင်အတွက် ကမ္ဘာကြီးအတွက် အရေးပါတဲ့ တိရစ္ဆာန်လေးတွေအတွက် အားလုံးက ဝိုင်း၀န်းပါ၀င်ကြဖို့လိုပါတယ်
အတူတူစည်းလုံးညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်ရင်း သဘာ၀ထဲက အဖိုးတန်ရတနာလေးတွေကို ထိန်းသိမ်းနိုင်ကြဖို့မျှော်လင့်ပါတယ်

ဒီpostလေးကိုဖတ်ပေးတဲ့သူများကိုကျေးဇူးတင်ပါတယ်

အရမ်းစိတ်၀င်စားလို့ ဒီထက်ပို သိချင်တယ်ဆိုရင် link‌တွေထည့်ထားပေးပါတယ်
ပုံလေးတွေလည်းကြည့်သွားပေးကြပါဦး
Captionလေးတွေပါပါတယ်
နောက်ဆုံးမှာ Cartoonလေးလည်း recommendationထည့်ထားပါတယ်နော် ✌️🐢
ပင်လယ်လိပ်လေးတွေနဲ့ပတ်သက်ပြီးတော့ ဗဟုသုတတွေအများကြီးတိုးပွါးဖို့မျှော်လင့်ပါတယ်

🐢Reference Links

https://www.google.com/url?sa=t&source=web&rct=j&url=https://www.seeturtles.org/sea-turtle-facts&ved=2ahUKEwjH_YHypqXrAhVuzzgGHRi-D2UQFjAmegQIERAB&usg=AOvVaw2Kkpr4WoCL1iouwJPnm9Kv

https://www.google.com/url?sa=t&source=web&rct=j&url=https://www.britannica.com/animal/sea-turtle&ved=2ahUKEwiFvI-Wp6XrAhWP4zgGHYgBB3g4ChAWMA56BAgGEAE&usg=AOvVaw0UFIJUW_jb507AAvdSIW73

https://askdruniverse.wsu.edu/2019/07/19/a/

https://www.google.com/url?sa=t&source=web&rct=j&url=https://en.m.wikipedia.org/wiki/Sea_turtle&ved=2ahUKEwj8o6rHp6XrAhUy4jgGHYFpCR0QFjAWegQIBRAB&usg=AOvVaw1SLz45eW6d-Mcs7mlnVg_8

https://www.google.com/url?sa=t&source=web&rct=j&url=https://www.worldwildlife.org/species/sea-turtle&ved=2ahUKEwj8o6rHp6XrAhUy4jgGHYFpCR0QFjAYegQICBAB&usg=AOvVaw2Jdym48-RVO2RNe8Ivdaya

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon