First Aid Educators

First Aid Educators

Share

It aims to provide capacity-building programs aimed at raising awareness of life-saving and life-saving skills and techniques for all.

31/12/2025

လေးစားအပ်ပါသော လုပ်ဖော်ကိုင်ဖက်များ
နှစ်သစ်ကူးမှာ ပျော်ရွှင်ဖွယ်ကောင်းပြီး ကြွယ်ဝချမ်းသာပါစေလို့ ဆုတောင်းပေးရင်း ကျွန်တော့်ရဲ့တန်ဖိုးထားရတဲ့ လုပ်ဖော်ကိုင်ဖက်များ၊ အဖွဲ့အစည်းများ၊ ဌာနများ၊ စက်ရုံများနှင့်ပရောဂျက်များအားလုံးကို နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်တို့ရဲ့ ရှေးဦိးပြုစုခြင်းနဲ့ဘေးကင်းရေးအသိပညာပေးအစီအစဉ်က မတော်တဆမှုတွေနဲ့ ရုတ်တရက်နာမကျန်းဖြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာအထောက်အကူပြုဖို့ အရေးပေါ်အကူအညီပေးနည်းတွေကို လူတွေသိရှိနား လည်အောင်လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။
အလားတူပဲ အလုပ်ခွင်မှာထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားရင် အရေးပေါ်စောင့် ရှောက်မှုပေးဖို့ အလုပ်ခွင်အရေးပေါ်ရှေးဦးပြုစုနည်းသင်တန်းတွေကိုလည်းဖွင့်လှစ်ပေးခဲ့ပါတယ်။ ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေရေး စီမံကိန်းများက ကွင်းဆင်းဝန်ထမ်းများအတွက်လဲ အရေးပေါ်ရှေးဦိးပြုစုခြင်းနဲ့ဘေးကင်းရေးသင်တန်းများကိုလည်း ပို့ချပေးခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ သင်ရွေးချယ်ထားတဲ့အတိုင်း လူကိုယ်တိုင်နဲ့ အွန်လိုင်းပုံစံနှစ်မျိုးလုံးသင်တန်းတွေကို အောင်မြင်စွာပို့ချပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်ုပ်တို့အဖွဲ့အပေါ် သင့်တို့ရဲ့ယုံကြည်မှုကြောင့်ဖြစ်ကြောင်း အလေးပေးပြောကြားလိုပါတယ်။ သင့်ရဲ့ဌာနများ၊ အဖွဲ့အစည်းများနှင့် ဝန်ထမ်းများက ကျွန်ုပ်တို့ရဲ့သင် တန်းများကို အလွန်စိတ်ဝင်စားမှုပြသခဲ့တာကို ဝမ်းမြောက်မိပါတယ်။
၂၀၂၆ ခုနှစ်သစ်မှာ အရေးပေါ်ရှေးဦးပြုစုခြင်းနဲ့ဘေးကင်းရေးအသိပညာပေးအစီ အစဉ်ကို ပိုမိုကောင်းမွန်သော သင်ခန်းစာများ၊ ခေတ်မီသင်ကြားရေးနည်းလမ်း များနဲ့ သင်ကြားပေးရန် စီစဉ်ထားကြောင်းအသိပေးလိုပါတယ်။ လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ စေတနာကို မျှော်လင့်နေပါတယ်။
ဒီနှစ်ဟာ ဆက်လက်တိုးတက်မှု၊ သင်ယူမှုနဲ့အသက်တွေကို ကယ်တင်နိုင်တဲ့
နှစ်တစ်နှစ်ဖြစ်ပါစေ။

နွေးထွေးစွာဖြင့်
ရှေးဦးပြုစုခြင်းနှင့်ဘေးကင်းရှင်းရေး
အသိပညာပြန့်ပွားရေးအစီအစဉ်
၀၉ ၄၅ ၄၄၄ ၁၉၃၀
အီးမေးလ်း [email protected]

28/08/2025

သွေးတိုးရောဂါအတွက်ရှေးဦးပြုစုခြင်း
First Aid for Hypertension
(High Blood Pressure)
===================
သွေးပေါင်ချိန်တိုးခြင်းသည် အန္တရာယ်ရှိနိုင်ပြီး၊ ရောဂါလက္ခဏာပြင်းထန်ပါက ဆေးကုသမှုခံယူရန်လိုအပ်သည်။
(လုပ်ဆောင်ရမည့် အသေးစိတ်အချက်များ)
၁။ လက္ခဏာနှင့်ခံစားချက်များကိုအကဲဖြတ်ပါ။
• သွေးတိုးခြင်းသည် သိသာထင်ရှားသောလက္ခဏာများမပြသော်လည်း ရုတ်တရက်ပြင်း
ထန်စွာခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ နှလုံးခုန်မမှန်ခြင်းစသည့် ရောဂါလက္ခဏာပြနိုင်သည်။
• သွေးတိုးရောဂါအရေးပေါ်အခြေအနေတွင် ချက်ချင်းဆေးကုသမှုခံယူရန်လိုအပ်သည်။

၂။ ရှေးဦးပြုစုခြင်းလုပ်ဆောင်ချက်များ
• အရေးပေါ်ဆေးကုသမှုခံယူပါ။
သွေးတိုးရောဂါဟုသံသယရှိပါက အရေးပေါ်
ဆေးကုသမှုခံယူပါ။
• လူနာကိုသက်တောင့်သက်သာထားပါ။
လူနာကိုထိုင်ခိုင်းပါ (သို့) လှဲလျောင်းထားပါ။
အေးဆေးဆိတ်ငြိမ်သောပတ်ဝန်းကျင်တွင်
ရှိနေပါစေ။
• အသက်ပြင်းပြင်းရှူခိုင်းပါ။
နှေးကွေးသောအသက်ရှုခြင်းသည် သွေးပေါင်
ချိန်ကိုလျော့ကျစေပြီး လူကိုငြိမ်သက်စေသည်
သို့ဖြစ်၍ အသက်ကိုပြင်းပြင်းရှုခိုင်းပါ။
• ရေတိုက်ပါ။
ရေဓာတ်ဖြည့်တင်းရန် ရေများများတိုက်ပါ၊
သွေးပေါင်ချိန်လျှော့ချနိုင်သည်။
• အားစိုက်လှုပ်ရှားမှုကိုရှောင်ကြဉ်ပါ။ အနားယူ
ပါစေ၊ အားထုတ်မှုမှန်သမျှကိုရှောင်ကြဉ်ပါ။
• ဆေးမတိုက်ရ။
ဆရာဝန်ညွှန်ကြားထားခြင်းမရှိပါက၊ မည်သည့်
ဆေးကိုမျှမသောက်ပါနှင့်။

၃။ ဘယ်အချိန်မှာ ဆေးကုသမှုလိုအပ်သလဲ
• သွေးပေါင်ချိန် ၁၈၀/၁၂၀ (သို့) ထို့ထက်ပို၍မြင့်
ပါက ရောဂါလက္ခဏာမပြသော်လည်း ဆေးကု
သမှုခံယူပါ။
• ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်
ခြင်း၊ အသက်ရှုကြပ်ခြင်း၊ အမြင်ဝေဝါးခြင်း၊
နှလုံးခုန် မမှန်ခြင်း၊ မူးဝေခြင်း (သို့) ငိုက်မြည်း
ခြင်း လက္ခဏာတစ်ခုခုခံစားရပါက ဆေးကု
သမှုချက်ချင်းရယူပါ။
• မိနစ်အနည်းငယ်အနားယူပြီး အသက်ပြင်းပြင်း
ရှူခိုင်းပါ။ သွေးပေါင်ချိန်မကျပါက ဆေးကု
သမှုခံယူပါ။

၄။ သွေးတိုးရောဂါ၏ရေရှည်စီမံခန့်ခွဲမှု။
• လူနေမှုပုံစံပြောင်းလဲခြင်း။
ကျန်းမာသောအစားအစာ (ဆိုဒီယမ်နှင့်ပြည့်
ဝဆီများ)၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်
အလေးချိန်ထိန်းသိမ်းခြင်းနှင့်စိတ်ဖိစီးမှုကိုစီမံ
ခန့်ခွဲခြင်းသည် သွေးတိုးရောဂါကို ထိန်းချုပ်
ရန်အတွက်အရေးကြီးသည်။
• ဆေးဝါးသုံးစွဲခြင်း။
လူနေမှုပုံစံပြောင်းလဲခြင်းဖြင့်မလုံလောက်ပါက
ဆရာဝန်ညွန်ကြားချက်ဖြင့် သွေးထိန်းဆေး
သောက်ပါ။
• ပုံမှန်စောင့်ကြည့်ခြင်း။
သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပြီး ထိန်းချုပ်ရန်
အတွက် ဆရာဝန်၏အကြံပြုချက်များကို
လိုက်နာပါ။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11211