Getbak
03/05/2023
ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပြီး ကံကောင်းခြင်းသုခနှင့် ပြည့်စုံနိုင်ကြပါစေလို့ တောင်းဆုပြုအပ်ပါသည်။🙏
01/05/2023
ယနေ့ကျရောက်သော "ကမ္ဘာ့အလုပ်သမားနေ့" မှသည် အလုပ်သမားများအားလုံး လုပ်ငန်းခွင်အတွင်း ကံကောင်းခြင်းနှင့် ပြည့်စုံပြီး အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေချောမွေ့ပါစေကြောင်း Getbak မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🏻💚
💦 အတာသင်္ကြန်ရေလို အေးမြပြီး ပိတောက်ပန်း ကဲ့သို့ ရွှင်လန်းကာ နှစ်သစ်တန်ခူးမှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
31/03/2023
အမြင်အာရုံ ဘယ်လောက်မြန်လဲ စမ်းသပ်ကြည့်ကြမယ်နော် 👀
ဒီအခန်းလေးထဲမှာ လာဘ်ခေါ်ကြောင်လေး ဘယ်နှစ်ကောင် ရှိနေလဲ ရှာကြည့်ကြပါဦး။ 🐈 ဘယ်နှစက္ကန့်အတွင်း အမြန်ဆုံးရှာတွေ့ကြမလဲ ?
ကောမန့်မှာ ဖြေကြည့်ရအောင်နော်။
28/03/2023
ကံစမ်းမဲထုတ်ကုန်တွေနဲ့အတူ သင့်စီးပွားရေးလုပ်ငန်းကို တဆင့်မြှင့်တင်လိုက်ပါ 📈
👨🏻💼စီးပွားရေးလုပ်ငန်းရှင်တိုင်း မိမိရဲ့ ထုတ်ကုန်ပစ္စည်းတွေကို လူအများဆီကနေ အာရုံစိုက်ခံရတာကို လိုချင်ကြပါတယ်။
အခုခေတ်လို ထုတ်ကုန်ပစ္စည်းတွေ အပြိုင်အဆိုင်ထုတ်လုပ်ပြီးရောင်းနေကျတဲ့ ကာလမျိုးမှာ မိမိထုတ်ကုန်က အပြိုင်အဆိုင်တွေကြား လူအများရဲ့ စိတ်၀င်စားခံရပြီး ဈေးကွက်ထဲ နေရာတစ်ခုရလာစေဖို့ဆိုတာ ပိုမိုခက်ခဲလာပါတယ်။
🎯 မိမိကုန်ပစ္စည်းကို အရင်ကထက်ပိုတဲ့ရလဒ်တွေနဲ့ ပိုကောင်းတဲ့အခွင့်အရေးတွေရစေနိုင်ဖို့ အတွက်ဆို ကံစမ်းမဲထည့်သွင်းရောင်းချလိုက်ခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်လာပါတယ်။
ကိုယ့်ရဲ့ ကုန်ပစ္စည်းမှာ ကံစမ်းမဲလေးထည့်လိုက်တာနဲ့ အဲဒီလိုအရောင်းပိုတက်လာစေနိုင်တဲ့ အကြောင်းအရင်းကတော့ သုံးစွဲသူတွေက သင့်ထုတ်ကုန်ကိုသုံးပြီး ကံစမ်းမဲ ပေါက်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် အခြားထုတ်ကုန်တွေအစား သင့်ထုတ်ကုန်ကိုပဲရွေးချယ်လာနိုင်ခြေ ပိုများသွားတာကြောင့်ပဲ ဖြစ်ပါတယ် ✅
တကယ်လို့ ကိုယ့်ရဲ့ ထုတ်ကုန်က နာမည်ပေါက်ပြီးသား ထုတ်ကုန် ဖြစ်မယ်ဆိုရင်လည်း စျေးကွက်ထဲမှာ အရင်ကထက် ပိုကောင်းတဲ့ နေရာတစ်နေရာကို ရလာစေနိုင်မှာပါ။ အဲဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ကုန်ပစ္စည်းတွေကို ရောင်းအားပိုသွက်လာစေပြီး လူပိုသိလာစေချင်တယ်ဆိုရင်တော့ အခုနည်းလမ်းကို မာကက်တင်းနည်းဗျူဟာအနေနဲ့အသုံးချလိုက်ပြီး သင့်စီးပွားရေးလုပ်ငန်းကို တဆင့်မြှင့်တင်ဖို့ အကြံပြုပါရစေခင်ဗျာ။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. 156 Kyun Shwe Myaing 3rd Street, 23Ward, Thuwanna Thingangyun
Yangon
11201