Human Rights Educators' Network
07/04/2026
မင်းအောင်လှိုင်နှင့် မြန်မာစစ်အုပ်စုအရာရှိများကို ဖမ်းဝရမ်းအမြန် ထုတ်ရန် Amnesty International တိုက်တွန်း
Amnesty International, 7 April 2026
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အနေဖြင့် မင်းအောင်လှိုင်နှင့် မြန်မာစစ်အုပ်စုအရာရှိများကို ဖမ်းဝရမ်းထုတ်ရန် အမြန်ဆုံးလုပ်ဆောင်ပေးရန်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတစ်ခုလုံးကို ICC သို့ လွှဲပြောင်းပေးရန် Amnesty International က ဧပြီ ၇ ရက်တွင် တိုက်တွန်းလိုက်သည်။
ထို့အပြင် မင်းအောင်လှိုင်နှင့် အတူ ကျူးလွန်ခဲ့သည့် စစ်တပ်အရာရှိများ၊ အခြားဆက်စပ်သူများကို ၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် လွတ်လပ်သောတရားရုံးများတွင် တရားမျှတစွာ အရေးယူနိုင်ခြင်းမရှိသရွေ့ မြန်မာနိုင်ငံ၏ အရေးယူမှုကင်းလွတ်ခွင့်စက်ဝန်းမှာ ဆက်လက်လည်ပတ်နေဦးမည်ဖြစ်ပြီး လူ့အခွင့်အရေးများကို ကာကွယ်၊ မြှင့်တင်ကာ အပြည့်အဝအာမခံချက်ရှိသော မြန်မာနိုင်ငံကို တည်ဆောက်ရေးမှာလည်း ပိုမိုဝေးကွာသွားမည်ဖြစ်သည်ဟု အဆိုပါ တိုက်တွန်းချက်တွင် ဖော်ပြထားသည်။
ဧပြီလ ၃ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်အား စစ်တပ် ၏ ရွေးကောက်ပွဲဖြင့် တင်မြှောက်ထားသည့် လွှတ်တော်အမတ်များက မြန်မာနိုင်ငံ၏ သမ္မတအဖြစ် မဲပေးရွေးချယ်လိုက်သည့် သတင်းနှင့်ပတ်သက်၍ Amnesty International ၏ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းက “တရားဝင် အရပ်သားရာထူးတစ်ခုကို ရယူလိုက်ရုံဖြင့် စစ်တပ်အကြီးအကဲအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ကျူးလွန်ခဲ့သည့် နိုင်ငံတကာဥပဒေချိုးဖောက်မှုများအတွက် တရားစွဲဆိုခြင်းမှ လွတ်မြောက်သွားမည်ဟု မင်းအောင်လှိုင် ထင်မှတ်နေပါက ၎င်းသည် နိုင်ငံတကာတရားစီရင်ရေး လုပ်ဆောင်ချက်များနှင့် လုံးဝဆန့်ကျင်နေပါသည်။ ၎င်းအနေဖြင့် စစ်ယူနီဖောင်းကို ချွတ်ပြီး အရပ်သားဝတ်စုံကို ဝတ်ဆင်လိုက်ခြင်းသည် မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်မှုများအတွက် ၎င်း၏ တာဝန်ရှိမှုကို မည်သို့မျှ ပြောင်းလဲသွားစေမည်မဟုတ်ပါ” ဟု ပြောကြားသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းနှင့် အဆိုပါကာလမတိုင်မီကတည်းက မင်းအောင်လှိုင်၏ ရက်စက်ကြမ်းကြုတ်သော စစ်တပ်ကြောင့် နစ်နာခဲ့ရသည့် မြန်မာပြည်သူများအတွက်မူ ၎င်းတို့၏ ဖိနှိပ်သူကို တရားစွဲဆိုရမည့်အစား ရာထူးတိုးမြှင့်ပေးလိုက်သည်ကို မြင်တွေ့ရခြင်းမှာ အလွန်ပင် ခံစားရခက်သည့် ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။ ထိုလုပ်ရပ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးယူမှုကင်းလွတ်ခွင့်ကို ပိုမိုခိုင်မာသွားစေမည်ကို ပြည်သူများ စိုးရိမ်လျက်ရှိသည်။
“ရာထူးအဆင့်အတန်း မည်မျှပင်မြင့်မားပါစေ၊ နိုင်ငံတကာဥပဒေအရ ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မည်သူ့ကိုမျှ တရားဥပဒေအရေးယူမှုမှ ကင်းလွတ်ခွင့်ပေး၍မရပါ။ လက်ရှိတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၌ မင်းအောင်လှိုင်ကို ဖမ်းဆီးရန် ဝရမ်းထုတ်ပေးရေး တောင်းဆိုထားမှု ရှိနေပါသည်။ အဆိုပါဖမ်းဝရမ်းကို အတည်ပြုပေးလိုက်ပါက ICC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ နယ်မြေအတွင်းသို့ မင်းအောင်လှိုင် ရောက်ရှိလာချိန်တွင် ဝရမ်းကို အကောင်အထည်ဖော်ရန် တာဝန်ရှိသည်” ဟုလည်း Amnesty International က ဆိုသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ယခုနိုင်ငံရေးပြောင်းလဲမှုကို အကြောင်းပြ၍ ၎င်းတို့၏ နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်များကို လျစ်လျူမရှုသင့်ဘဲ မင်းအောင်လှိုင်အနေဖြင့် မြန်မာနိုင်ငံပြင်ပသို့ ထွက်ခွာလာချိန်တွင် လုံခြုံသည့် နယ်မြေမျိုးကို ခွင့်မပြုဘဲ ချက်ချင်းဖမ်းဆီးရန် တာဝန်ရှိကြောင်း Amnesty International က ပြောကြားသည်။
မင်းအောင်လှိုင်သည် စစ်ကောင်စီက အတင်းအဓမ္မပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲမှတစ်ဆင့် သမ္မတရာထူးကို ရယူခဲ့ခြင်းဖြစ်သည်။
အဆိုပါရွေးကောက်ပွဲကို ပဋိပက္ခများဖြစ်ပွားနေခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြည့်နှက်နေသော ဖိနှိပ်ချုပ်ချယ်သည့် ဝန်းကျင်တစ်ခုအတွင်း ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ လေ့လာစောင့်ကြည့်သူများကမူ တရားမျှတမှုမရှိသည့် လိမ်လည်လှည့်ဖြားသော ရွေးကောက်ပွဲအဖြစ် ပယ်ချခဲ့ကြသည်။
မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သားများအပေါ် အစုလိုက်အပြုံလိုက် မတရားဖမ်းဆီးခြင်း၊ စီးနင်းတိုက်ခိုက်ခြင်း၊ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခြင်းနှင့် တရားမဝင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ကို အမိန့်ပေးခဲ့သည့် စစ်အုပ်စု၏ အကြီးအကဲဖြစ်ပြီး၊ အဆိုပါလုပ်ရပ်များကြောင့် စုစုပေါင်း အရပ်သား ၇,၀၀၀ ကျော် သေဆုံးခဲ့ရသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရှေ့နေများက ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခံရစဉ်အတွင်း ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ပြည်နှင်ဒဏ်ပေးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းဆိုင်ရာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မင်းအောင်လှိုင်နှင့် အမည်မဖော်ပြထားသည့် အခြားအရာရှိများကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခဲ့သည်။
သို့သော်လည်း အဆိုပါလျှောက်ထားချက်သည် ထိုအချိန်မှစ၍ ဆိုင်းငံ့နေဆဲဖြစ်ပြီး ICC ၏ စုံစမ်းစစ်ဆေးမှုအောက်တွင်ရှိသော မြန်မာစစ်အုပ်စုအရာရှိ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဝရမ်းထုတ်ကြောင်း လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးပေ။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုနှင့်ပတ်သက်၍ နိုင်ငံတကာတရားရုံး (ICJ) က ကြားဖြတ်စီမံဆောင်ရွက်ချက်များကို ထုတ်ပြန်ထားပြီး၊ အမှု၏ အခြေခံအကြောင်းအရာများအပေါ် ကြားနာစစ်ဆေးမှုများကို ဇန်နဝါရီလတွင် အပြီးသတ်ခဲ့သည်။
#မင်းအောင်လှိုင် #ဖမ်းဝရမ်း
07/04/2026
EP #22 -IHRL/CAT
အားလုံးပဲ “မင်္ဂလာပါ”
လူ့အခွင့်အရေး အခြေခံအကြောင်းကို လေ့လာသွားကြရအောင် “AI လူ့အခွင့်အရေးအစီအစဉ်” က ကြိုဆို ပါတယ်. အခုလေ့လာသွားမယ့် ခေါင်းစဉ်ကတော့ “နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများထဲက _ ညှင်းပမ်းနှိပ်စက်ခြင်း၊ လူမဆန်စွာ ဆက်ဆံခြင်းများပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် - UNCAT” အကြောင်းကို လေ့လာသွားကြရအောင်ပါ။
ဒီနေရာမှတော့ လူ့အခွင့်အရေးနည်းပြတွေအနေနဲ့ဆိုရင် မိတ်ဆက်သဘောဖြစ်ပြီး အသေးစိတ်လေ့လာလိုပါက ဆက်လက်ရှာဖွေဖတ်ရှုကြဖို တိုက်တွန်းပါတယ်နော်…
အယူအဆ တူတာတွေရှိနိုင်သလို မတူတာတွေလည်း ရှိနိုင်တဲ့အတွက် … မိမိ ကိုယ်ပိုင် အယူအဆနှင့် ဆုံးဖြတ်ချက်သည်သာ အဓိကဖြစ်ပါတယ်…..
အချိန် ၁၀ မိနစ်အတွင်း သင့်အနေဖြင့် တစုံတရာ လေ့လာမှတ်သားသွားရလိမ့်မယ်လိုလည်းမျှော်လင့်ပါတယ်…..
လူ့အခွင့်အရေးကို တဆင့်ပြီးတဆင့် လေ့လာသွားကြရမှာမို့ အောက်ပါ link ကလေးကိုတော့ join ထားကြပါနော်..
Video file ကိုလည်း အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။
https://t.me/HReducationforChange/399
EP # 21 - IHRL/ICERD (လူမျိုးရေးခွဲခြားဆက်ဆံမှုအားလုံး ပပျောက်ရေး နိုင်ငံတကာ သဘောတူစာချုပ်)
03/04/2026
EP #21 -IHRL/ICERD
အားလုံးပဲ “မင်္ဂလာပါ”
လူ့အခွင့်အရေး အခြေခံအကြောင်းကို လေ့လာသွားကြရအောင် “AI လူ့အခွင့်အရေးအစီအစဉ်” က ကြိုဆို ပါတယ်. အခုလေ့လာသွားမယ့် ခေါင်းစဉ်ကတော့ “နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများထဲက _ လူမျိုးရေးခွဲခြားမှု ပုံစံအားလုံး ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် - ICERD” အကြောင်း လေ့လာသွားကြရအောင်ပါ။
ဒီနေရာမှတော့ လူ့အခွင့်အရေးနည်းပြတွေအနေနဲ့ဆိုရင် မိတ်ဆက်သဘောဖြစ်ပြီး အသေးစိတ်လေ့လာလိုပါက ဆက်လက်ရှာဖွေဖတ်ရှုကြဖို တိုက်တွန်းပါတယ်နော်…
အယူအဆ တူတာတွေရှိနိုင်သလို မတူတာတွေလည်း ရှိနိုင်တဲ့အတွက် … မိမိ ကိုယ်ပိုင် အယူအဆနှင့် ဆုံးဖြတ်ချက်သည်သာ အဓိကဖြစ်ပါတယ်…..
အချိန် ၁၀ မိနစ်အတွင်း သင့်အနေဖြင့် တစုံတရာ လေ့လာမှတ်သားသွားရလိမ့်မယ်လိုလည်းမျှော်လင့်ပါတယ်…..
လူ့အခွင့်အရေးကို တဆင့်ပြီးတဆင့် လေ့လာသွားကြရမှာမို့ အောက်ပါ link ကလေးကိုတော့ join ထားကြပါနော်..
https://t.me/HReducationforChange/385
Ep #19 - IHRL/ICCPR
06/03/2026
HR Concept History – part 9.
အားလုံးပဲ “မင်္ဂလာပါ”
လူ့အခွင့်အရေးအယူအဆသမိုင်းကြောင်းကို လေ့လာသွားကြရအောင် “AI လူ့အခွင့်အရေးအစီအစဉ်” က ကြိုဆို ပါတယ်. အခုလေ့လာသွားမယ့် ခေါင်းစဉ်ကတော့ “အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ (ပြင်ဆင်ချက်ပါ) မူလဘူတအခွင့်အရေး - Bill of Rights” အကြောင်း လေ့လာသွားကြရအောင်ပါ။
ဒီနေရာမှတော့ လူ့အခွင့်အရေးနည်းပြတွေအနေနဲ့ဆိုရင် မိတ်ဆက်သဘောဖြစ်ပြီး အသေးစိတ်လေ့လာလိုပါက ဆက်လက်ရှာဖွေဖတ်ရှုကြဖို့ တိုက်တွန်းပါတယ်နော်…
အယူအဆ တူတာတွေရှိနိုင်သလို မတူတာတွေလည်း ရှိနိုင်တဲ့အတွက် … မိမိ ကိုယ်ပိုင် အယူအဆနှင့် ဆုံးဖြတ်ချက်သည်သာ အဓိကဖြစ်ပါတယ်…..
အချိန် ၁၀ မိနစ်အတွင်း သင့်အနေဖြင့် တစုံတရာ လေ့လာမှတ်သားသွားရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်…..
လူ့အခွင့်အရေးကို တဆင့်ပြီးတဆင့် လေ့လာသွားကြရမှာမို့ အောက်ပါ link ကလေးကိုတော့ join ထားကြပါနော်..
https://t.me/HReducationforChange/158
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Tarmwe
Yangon