KST Legal

KST Legal

Share

23/10/2025

ကိုယ့်စိတ်ကူးနဲ့ ကြိုးစားဖန်တီးထားတဲ့ အနုပညာလက်ရာတွေကို တခြားသူတွေ အလွယ်တကူ ခိုးယူအသုံးချတာ မခံရစေဖို့ မူပိုင်ခွင့် (Copyright) မှတ်ပုံတင်ထားဖို့ အကြံပြုလိုပါတယ်

မှတ်ပုံတင်ခြင်းဟာ အငြင်းပွားမှု ဖြစ်လာတဲ့အခါ၊ ဒါမှမဟုတ် တရားစွဲဆိုတဲ့အခါမှာ ကိုယ်က တရားဝင် ပိုင်ရှင်ဖြစ်ကြောင်း ခိုင်မာတဲ့ သက်သေအထောက်အထား ရရှိစေဖို့အတွက် အကျိုးရှိပါတယ်။

ဘယ်လိုမှတ်ပုံတင်ရမလဲ❓

မူပိုင်ခွင့် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အသိဉာဏ်ပစ္စည်းဆိုင်ရာ ဦးစီးဌာန (Intellectual Property Department - IPD) က ဆောင်ရွက်ပေးပါတယ်။

✉️မူပိုင်ခွင့် မှတ်ပုံတင်နည်း အဆင့်ဆင့်

✅လျှောက်လွှာပုံစံ: IPD Website(https://ipd.gov.mm) ကနေ CR-1 (မူပိုင်ခွင့်) ပုံစံကို ဖြည့်စွက်ပါ။

✅လက်ရာ နမူနာ: ကိုယ်ဖန်တီးထားတဲ့ အနုပညာလက်ရာ (စာအုပ်၊ ပန်းချီ၊ သီချင်းဖိုင် စသည်) ကို ပူးတွဲပါ။

✅ကိုယ်ရေးအချက်အလက်: မှတ်ပုံတင်၊ လိပ်စာ နဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံ ဖြည့်စွက်ပါ။

✅အခကြေးငွေ: သတ်မှတ်ထားတဲ့ တရားဝင် မှတ်ပုံတင်ကြေး ပေးဆောင်ပါ။

ဘယ်လို တင်သွင်းမလဲ❓

✅Online ကနေ တင်သွင်းမယ်ဆိုရင်တော့ IPD ရဲ့ Online စနစ် (crfile.ipd.gov.mm) မှတစ်ဆင့် အလွယ်တကူ တင်နိုင်ပါတယ်။

✅လူကိုယ်တိုင် တင်သွင်းမယ်ဆိုရင်လည်း ရန်ကုန်/နေပြည်တော်/မန္တလေးရှိ IPD ရုံးများမှာ သွားရောက် တင်သွင်းနိုင်ပါတယ်။

✔️IPD မှ လျှောက်လွှာနှင့် လက်ရာများကို စိစစ်ပြီး ပြည့်စုံမှန်ကန်တယ်ဆိုရင် မူပိုင်ခွင့် မှတ်ပုံတင် လက်မှတ် (Certificate of Copyright Registration) ကို ထုတ်ပေးမှာပဲဖြစ်ပါတယ်။

✉️မူပိုင်ခွင့် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ဟာ တရားဝင် လုပ်ငန်းစဉ်ဖြစ်တာကြောင့် အမှားအယွင်းမရှိစေဖို့နဲ့ လျင်မြန်စေဖို့အတွက် ဥပဒေအကျိုးဆောင် ရှေ့နေ နဲ့ လက်တွဲဆောင်ရွက်ဖို့အတွက် အကြံပေးချင်ပါတယ်။

ဥပဒေရေးရာနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းချင်ရင်တော့ 👇🏻

▪︎ Mobile: (+95) 9 765 443 751
▪︎ Email: [email protected]
▪︎ Address: No.(256/ 266)၊ (၈) လွှာ၊ အခန်း (8-D)၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း။

Unleash the power of law with our total legal solutions by KST Legal ✨

22/10/2025

💸ချေးငွေပြန်မဆပ်မှုနဲ့ တရားစွဲဆိုမယ်ဆိုရင် စာချုပ်စာတမ်းရှိဖို့ လိုအပ်တာကြောင့် ယုံကြည်မှုနဲ့ အလွတ်ငွေချေးတာမျိုး မလုပ်ထားရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဥပဒေကြောင်းအရ လမ်းကြောင်းမှန်မှန်နဲ့ ငွေပြန်လည်ရရှိအောင် ဘယ်လိုတရားစွဲမလဲ ဆိုတဲ့ အဆင့်ဆင့်ကိုမျှဝေပေးချင်ပါတယ်။

✅သက်သေအထောက်အထား စုဆောင်းပါ

တရားမစွဲမီ သင့်အမှုခိုင်မာစေဖို့ အရေးအကြီးဆုံး လိုအပ်ချက်များ-

📄 ချေးငွေစာချုပ်/လက်မှတ်: လက်မှတ်ရေးထိုးထားသော တရားဝင် စာချုပ်ရှိရပါမယ်။
💸 ငွေလွှဲပြောင်းမှုမှတ်တမ်း: ဘဏ်/ငွေလွှဲဖြတ်ပိုင်း ဒါမှမဟုတ် မျက်မြင်သက်သေလိုအပ်ပါတယ်။

✅Notice စာ ပို့ပါ

တရားမစွဲဆိုမီ ရှေ့နေမှတစ်ဆင့်ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ ငွေပြန်လည်ပေးဆပ်ရန် တရားဝင် အကြောင်းကြားစာ ကို ပေးပို့ထားပါ။ နောက်ပိုင်းမှာ တရားရုံးအတွက် ခိုင်မာတဲ့ သက်သေတစ်ခု ဖြစ်လာပါလိမ့်မယ်။

✅စွဲချက်လျှောက်လွှာတင်သွင်းပါ

သက်ဆိုင်ရာ မြို့နယ်/ခရိုင်တရားရုံး ကို ရွေးချယ်ပါ။ ရှေ့နေနဲ့ တိုင်ပင်ပြီး စွဲချက်လျှောက်လွှာကို တရားရုံးခွန် (Court Fee) နှင့်အတူ တင်သွင်းပါ။ တရားရုံးက တရားခံကို လာရောက်ဖြေရှင်းရန် ဆင့်ခေါ်စာ ထုတ်ပေးပါလိမ့်မယ်။

✅အမိန့်ချမှတ်ခြင်း နှင့် ငွေပြန်လည်ရယူခြင်း

အမှုစစ်ဆေးပြီးနောက် တရားရုံးက ငွေပြန်ဆပ်ရန် "အမိန့်" ချမှတ်ပေးပါမယ်။ အမိန့်ချမှတ်ပြီးနောက် တရားခံက ငွေပြန်မဆပ်သေးဘူးဆိုရင် တရားရုံးအမိန့်နဲ့ တရားခံပိုင်ဆိုင်တဲ့ ပစ္စည်းများအား သိမ်းဆည်းရောင်းချခြင်း ဒါမှမဟုတ် ဖမ်းဆီးချုပ်နှောင်ခြင်း အထိ ဆောင်ရွက်နိုင်ပါတယ်။

❗ချေးငွေပြန်မဆပ်မှုဟာ ရိုးရိုးပဋိညာဉ်ချိုးဖောက်မှု ဖြစ်ပေမယ့် ငွေချေးသူဟာ ပထမဆုံးကတည်းက လိမ်လည်လိုတဲ့ ရည်ရွယ်ချက်နဲ့ ငွေယူသွားကြောင်း သက်သေပြနိုင်ရင်တော့ ရာဇသတ်ကြီးပုဒ်မ ၄၂၀ (လိမ်လည်မှု) ဖြင့်ပါ တိုင်ကြားနိုင်ပါတယ်။

ချေးငွေပြန်မဆပ်မှုနဲ့ တရားစွဲဆိုတဲ့အခါ ဥပဒေဆိုင်ရာ အဆင့်ဆင့်များ ရှုပ်ထွေးသောကြောင့် အတွေ့အကြုံရှိ ရှေ့နေ တစ်ဦးရဲ့ အကူအညီနဲ့ လမ်းညွှန်မှုကို ရယူပြီး ဆောင်ရွက်သင့်ပါတယ်။

ဥပဒေရေးရာနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းချင်ရင်တော့ 👇🏻

▪︎ Mobile: (+95) 9 765 443 751
▪︎ Email: [email protected]
▪︎ Address: No.(256/ 266)၊ (၈) လွှာ၊ အခန်း (8-D)၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း။

Unleash the power of law with our total legal solutions by KST Legal ✨

17/10/2025

အွန်လိုင်းမှာ ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ အလိမ်ခံရတာကိုကြည့်ပြီး ကိုယ်အလှည့်ကျရင်တော့ ဒီလိုနည်းနဲ့ အလိမ်ခံရဖို့ မဖြစ်နိုင်ဘူးလို့ မတွေးပါနဲ့ ❗

အွန်လိုင်းလိမ်လည်မှုတွေမှာ ရှုပ်ထွေးတဲ့ လိမ်နည်းတွေ အများကြီးရှိတာကြောင့် ဒီလို လိမ်လည်မှုတွေ မခံရအောင် ပြင်ဆင်ကာကွယ်ဖို့ အချက်(၅)ချက်ကို မျှဝေပေးချင်ပါတယ်။

✅ကိုယ်ရေးကိုယ်တာအချက်အလက်များကို လုံခြုံစွာထားပါ။

မယုံကြည်ရတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူတစ်ဦးတစ်ယောက်ကို နာမည်၊ လိပ်စာ၊ ဘဏ်အကောင့်နံပါတ်၊ Mobile Wallet အကောင့်နံပါတ်(ဥပမာ - KBZ Pay၊ Wave Pay)၊ မှတ်ပုံတင်နံပါတ်၊ Passwords၊ ဒါမှမဟုတ် OTP Code တွေလိုမျိုး အရေးကြီးတဲ့ အချက်အလက်တွေကို လုံးဝမပေးပါနဲ့။

✅ခိုင်မာတဲ့ Password နဲ့ Two-Factor Authentication ဖွင့်ထားပါ။

Password ကို စာလုံး အကြီးအသေး၊ ဂဏန်း နဲ့ သင်္ကေတ(@ #$) တွေ စုံလင်အောင်ပေးပြီး Password တွေကို ဆင်တူမထားပါနဲ့။ အရေးကြီးတဲ့ အကောင့်တွေမှာ (Two-Factor Authentication ဒါမှမဟုတ် Multi-Factor Authentication) ဖွင့်ထားပါ။ ဒါက စကားဝှက်ကို ခိုးယူသွားရင်တောင် ဖုန်းကို ပို့တဲ့ OTP လို နောက်ထပ် အတည်ပြုချက်တစ်ခု လိုအပ်တာကြောင့် လုံခြုံရေး ပိုကောင်းစေပါတယ်။

✅သံသယဖြစ်စရာကောင်းတဲ့ လင့်ခ်တွေကို မနှိပ်ပါနဲ့။

မသိတဲ့သူတွေဆီက ပို့လာတဲ့ လင့်ခ်တွေဟာ နှိပ်လိုက်တာနဲ့ ကိုယ်ရေးအချက်တွေ ပါသွားနိုင်ပြီး အကောင့်ကို ခိုးယူသွားနိုင်ပါတယ်။ အထူးသဖြင့် ငွေပေးချေမယ့်ကိစ္စတွေ ပြုလုပ်တော့မယ်ဆိုရင် Website URL ကို သေချာစစ်ဆေးပြီး မှ လုပ်ဆောင်ပါ။ facebook အစား faceb00k ဆိုပြီး ဖြစ်နေရင် အတုအယောင်ဖြစ်ပါတယ်။

✅မဖြစ်နိုင်တဲ့ မက်လုံးတွေကို သတိထားပါ။

"iPhone 17 Pro Max ကံထူးပါတယ်" ၊ "လွယ်လွယ်ကူကူ ချမ်းသာစေမယ့် အစီအစဉ်" ၊ "သိန်းတစ်ထောင် ကံစံမဲပေါက်တယ်" စတဲ့ မဖြစ်နိုင်တဲ့ မက်လုံးတွေကို သတိထားပါ။ ဒါတွေဟာ အလိမ်အညာတွေဖြစ်ဖို့အတွက် 90% သေချာပါတယ်။

✅ကိုယ့်ဆီက ပိုက်ဆံကို အရင်မပေးပါနဲ့

"သိန်းတစ်ထောင် ကံစမ်းမဲပေါက်လို့ ငွေလွှဲခ ၃သိန်းအရင်လွှဲပေးပါ" ဆိုတာတွေကို သတိကြီးကြီးထားပါ။ ကိုယ့်ဆီက ပိုက်ဆံကို အရင်တောင်းနေတာဖြစ်တဲ့အတွက် လိမ်သွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ အွန်လိုင်းက ဈေးဝယ်ရင်တောင်မှ ယုံကြည့်ရတဲ့ဆိုင်မဟုတ်ရင် ငွေအရင်လွှဲတာမျိုးမလုပ်သင့်ပါဘူး။

အွန်လိုင်းမှာ လုံခြုံစွာနေထိုင်နိုင်ဖို့အတွက် "ရပ်တန့်ပါ၊ စဉ်းစားပါ၊ စစ်ဆေးပါ " ဆိုတဲ့ မူကို အမြဲကျင့်သုံးပါ။ သံသယဖြစ်စရာတွေ့တာနဲ့ လုပ်နေတာတွေကို ရပ်တန့်လိုက်ခြင်းဟာ အမြဲတမ်း စိတ်ချရဆုံး နည်းလမ်းဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။

10/10/2025

“A Leadership Roundtable on Retention” webinar မှာ ပါဝင်ဆွေးနွေးပေးသွားမဲ့ Guest Speaker တွေကတော့

✅ Ma Poh Poh Myint (Senior Vice President, Head of People Strategy and General Affairs from Dai-iChi Life Insurance Myanmar)

Hospitality, Trading, Travel & Tourism, Healthcare, FMCG, Oil & Gas နှင့် Life Insurance စသည့် အလှည့်ကျ လုပ်ငန်းအတွေ့အကြုံ ၂၅ နှစ်ကျော်ရှိသော HR Professional တစ်ဦး ဖြစ်ပြီး လက်ရှိ Dai-iChi rမှာ Senior Vice President, Head of People Strategy and General Affairs အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

✅ Ma Yee Mon Kyaw (Founder of GIFT-Ed)

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေမှာ HR Executive Leadership အတွေ့အကြုံ (၁၀) နှစ်ကျော် ရှိထားသူဖြစ်ပြီး Global HR Practice, Business Knowledge နဲ့ Interpersonal Skill တွေမှာ ကျွမ်းကျင်သူအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

✅ Ko Sa Sa Nyunt (Founder and Managing Partner of KST LEGAL)

Baker McKenzie , KPMG နဲ့ အခြားနာမည်ကြီး local law firms တွေမှာ (၁၂) နှစ်ကျော် အတွေ့အကြုံများစွာရှိထားတဲ့ Corporate Tax Law PhD တစ်ဦးဖြစ်ပြီး လက်ရှိ KST LEGAL မှာ Founder and Managing Partner အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ဒီလိုနယ်ပယ်အသီးသီးမှ Professional တွေက corporate policy, local culture, market-wide best practices, a legally sound foundation အပိုင်း (၄) ပိုင်းခွဲပြီး panel discussion လုပ်ပေးသွားမှာပါ။

🔹 Date : October 11, 2025
🔹 Time : 3:00 PM - 5:00 PM
🔹 Platform : Zoom

အခုပဲ Register တင်ထားလိုက်တော့နော်။

🔺 Registration Form : https://wkf.ms/3VRiTaT

Unleash the power of law with our total legal solutions by KST Legal ✨

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Address


Room 12-B, Pansodan Business Tower, Corner Of Anawrahtar Road And Pansodan Road, Kyauktada Township
Yangon