MediLife D Plus

MediLife D Plus

Share

18/05/2022

ဥမ္မာခင် ရွှေအိုးထမ်းခြင်း🤫

"လှံထမ်းလာတာမြင်ရတာ မြင်ရတယ်။
ကံထမ်းလာတာမမြင်ရဘူးတဲ့။

ငါ့ကျကံထမ်းနေရတာ လူတိုင်းမြင်တယ်။
"ငါ့နာမည်က မယ်လှ၊ယောကျာ်းနာမည်က ကံမြင့်။ကဲ ကံထမ်းထားတာ မမြင်ကြဘူးလား"😩

မိခင်ဖြစ်သူကအမြဲတဗျစ်တောက်တောက်ပြောတတ်သည်မို့ ဥမ္မာခင်အနေနဲ့ထူးပြီးမခံစားရတော့။

"ဒီလောက်ကြီးကံထမ်းထားတာတောင်
ကံကမကောင်းဘူး 😔
မီးကမလာ ရေကပျက် 🥴
ကုန်စျေးနှုန်းတွေကတက် ☹️

ဒီကြားထဲ တစ်ခုခုလိုပြီဆို ထမ်းထားတဲ့
ကံကငါ့ကိုပဲလက်ညိုးထိုးတော့တာ😏
ဟင်း ဟင်း ....
ငါသာ အဂ်ဂုလိမာလသာဆို ။
ဒင်းတစ်ချောင်းမှကိုကျန်မှာမဟုတ်ဘူး။
ဒါဆိုဥမ္မာခင်တို့လဲ
မွေးလာစရာအကြောင်းကိုမရှိဘူး"🌝

"အာ ၊ အမေကလဲ ဘာတွေလျှောက်ပြောနေမှန်းမသိဘူး"
"ဟဲ့ ၊ အမှန်ပြောတာလေ။နင်ကဘာတွေး"🤭
"အမေကလဲ၊အမေဖြတ်လို့ တစ်ချောင်းမှမကျန်ရင်သမီးတို့မမွေးလာဘူးဆိုတာ ဘာစကားကြီးလဲ။ရှက်စရာကြီး"😌

ဥမ္မာခင်စကားကို
အမေဖြစ်သူမှမျက်လုံးကြီးပြူးပြီး…

"ဟဲ့ ၊ ငါပြောတာ လက်ညိုးလေ။လက်ညိုးမရှိရင် အဂ်ါမစုံလို့ ငါသူ့ကိုမယူဘူး။သူ့ကိုမယူရင်
နင့်ကိုမမွေးဘူး။အဲ့ဒါကိုပြောတာဟဲ့ ၊ တကတည်း"

ဥမ္မာခင်ပြုံးရမလို မဲ့ရမလိုဖြစ်သွားသည်။နောက်မှသတိရပြီး…

"အခု၊အဖေက ဘာပြောလို့လဲ"

ဥမ္မာခင်အမေးကြောင့်၊အမေဖြစ်သူက
လှည့်လာပြီး

"ဟဲ့ ဘာပြောရမလဲ။နင်ဝယ်ပေးတဲ့ Covid
သေတဲ့ဆေး🟢 MediLife D Plus လေ။
အဲဒီဆေးကုန်သွားတာ မဝယ်ရသေးလို့တဲ့
အဲ့ဒါ ငါ့ကိုပဲလက်ညိုးထိုးပြီးပြောနေတာ။
စိတ်ညစ်ပါတယ်။ဆေးကလဲ သုံးချင်၊စျေးကလဲသက်သာချင်"🤗

"အဲ့ဒီအတွက်မပူနဲ့အမေ"

"ဟင်…ဘယ်လိုလား"🙄

Facebookအသုံးများလို့လားမသိ
အမေပင်ခေတ်လူငယ်စကားတွေတတ်နေပြီ။
ဥမ္မာခင်အမေ့နားသွားပြီး...

"ဒီမှာကြည့်။ရွှေအိုးဆေးဆိုင်ရဲ့
ဆိုင်ခွဲ‌ တွေဖြစ်တဲ့
🧡လှိုင် ( သုခမှတ်တိုင်အနီး ) ဆိုင်ခွဲ နှင့်
🧡သင်္ဃန်းကျွန်းဆိုင်ခွဲ တို့မှာ

🧡2022/May (20) ( Friday ) ရက်နေ့ နှင့်

💚ရေကျော်လမ်းဆိုင်ခွဲ ၊
💚ဦးချစ်မောင်လမ်းဆိုင်ခွဲ ၊
💚တာမွေကားဂိတ်ဆိုင်ခွဲ တို့မှာလည်း

💚2022/May (21)(Saturday) ရက်နေ့မှာစတင်‌ ရောင်းချပေးမယ်တဲ့"

အမေမျက်မှောင်ကျုံ့သွားသည်။ပြီးနောက်…

"အဲ့ဒီတော့ ဘာဖြစ်လဲ"

"ဘာဖြစ်ရမှာလဲ…အဲ့ဒီဆိုင်ခွဲတွေဖြစ်တဲ့

လှိုင် ( သုခမှတ်တိုင်အနီး ) ဆိုင်ခွဲ
သင်္ဃန်းကျွန်းဆိုင်ခွဲ
ရေကျော်လမ်းဆိုင်ခွဲ
ဦးချစ်မောင်လမ်းဆိုင်ခွဲ
တာမွေကားဂိတ်ဆိုင်ခွဲ ရွှေအိုးဆေးဆိုင်‌တွေမှာ

အမေတို့သုံးတဲ့
🟢 MediLife D Plus Disinfectant Solution 500Ml 🟢ကို
ယခင်စျေးနှုန်း 4,025ကျပ်ကနေပြီး
One Day Special Promotion Price 🛑(500)🛑ကျပ်ထဲနဲ့ 20.5.2022 ( Friday ) ရက်နေ့ နှင့်
21.5.2022 ( Saturday ) ရက်နေ့မှာ
အလှူပေးသလိုရောင်းပေးမှာတဲ့ အမေရေ"🤗

ဥမ္မာခင်စကားကြောင့် အမေ့ရဲ့မျက်ဝန်းများဝင်းလက်သွားသည်။

"ဟာ ၊ဒါဆိုဝယ်ရမှာပေါ့"
"ဒါပေါ့။အဲ့ဒီ‌‌နေ့တစ်ရက်တည်းနော် (500)ကျပ်ထဲနဲ့အလှူပေးမှာတဲ့ အကန့်အသက်တော့ရှိတယ်အမေရဲ့"

ဥမ္မာခင်စကားကြောင့် အမေဖြစ်သူပြာပြာသလဲဖြစ်သွားပြီး

"ဟဲ့၊ဒါဆို ဒီမှာပိုက်ဆံယူထား။
အဲ့ဒီ‌နေ့ရွှေအိုးဆေးဆိုင်(ဆိုင်ခွဲ) တွေမှာ
အမေတို့သုံးတဲ့ MediLife D Plus ကို
အမြန်ဆုံးသာပြေးဝယ်တော့"

"ဟုတ်ကဲ့ မေမေ"
"ဖြစ်နိုင်ရင်လေ။အဲ့ဒီရွှေအိုးဆေးဆိုင်ကြီးသာ
ဒီရောက်အောင် ထမ်းလာခဲ့လိုက်🤓
ဥမ္မာခင်ရွှေအိုးထမ်းတာ မြင်ချင်ပြီဟေ့။
ဥမ္မာခင်ရွှေအိုးထမ်းတာ မြင်ချင်ပြီ"

"အမေကတော့လုပ်ပြီ"

25/01/2022

မိုးနတ်မင်းကြီး ဖင်တုန်သွားသည်။
မိုးနတ်မင်းကြီးတင်မဟုတ်။
နတ်ပြည်တစ်ခုလုံး တုန်သွားခြင်းပင်။
“ဝုန်း”
ဟော့...နောက်တချက်။
“ဟဲ့...ဘာတွေဖြစ်နေတာလဲ..နတ်မင်းများ”
“ဟိုမျောက်..ဟိုမျောက်..
လာသောင်းကျန်းပြန်ပြီ...မိုးနတ်မင်းကြီး”
“ဘယ်မျောက်တုန်း”
“ဝူခုန်းလေ...စွန်းဝူခုန်း”
“သူ့ကို နိုင်တာ..သူ့ဆရာ.ထန်းစန်းကိုယ်တော်ပဲရှိတယ်...လူ့ပြည်သွားပြီး..အမြန်သွားပင့်ချေဟ”

နတ်ပြည်တံခါးဝ။ မျောက်မင်းစွန်းဝူခုန်းက
သူ၏ မှော်ဝင်သံတုတ်ဖြင့် မြေကြီးကို
နောက်တချက် ရိုက်လိုက်ပြန်သည်။

“ဟေ့...တရုတ်နှစ်သစ်ကူးပွဲတော်ကြီး
နတ်ပြည်မှာ လုပ်နေတာမဟုတ်လား..
ကျုပ်လည်း မိုးနတ်မင်းကြီးကို ဝင်ပြီး
ဂါရဝပြုချင်တာပေါ့..ဒါကို ခွဲခြား..ခွဲခြားနဲ့
ပေးမဝင်ဘူးဆိုတော့..ကဲ..ကွာ.”

“ဝူ..ခုန်း”
နူးညံ့သိမ်မွေ့သော အသံတစ်သံကြောင့် တုတ်ကိုင်ထားသော ဝူခုန်း၏ လက် ရပ်တန့်သွားသည်။

“ရှိဖော်...ဘယ်ကဘယ်လို ရောက်လာတာလဲ..”

“မင်း...ဘာဖြစ်လို့ ဒီလောက်တောင်
သောင်းကျန်းနေရတာလဲ..ဝူခုန်း”

“နတ်ပြည်မှာ တရုတ်နှစ်သစ်ကူးပွဲတော်ရှိတာ ကျွန်တော်မျိုးကို ဝင်ခွင့်မပေးလို့ပါ”

“ဟင်...မင်းလည်း နတ်တန်ခိုးရှင်တပါးပဲ.ဘာကြောင့် ဝင်ခွင့်မပေးရမှာလဲ...တံခါးစောင့်နတ်ကြီး...ဘာဖြစ်လို့ သူ့ကို ဝင်ခွင့်မပေးတာလဲ”

တံခါးစောင့်နတ်ကြီး ထွက်လာသည်။

“ဒီလိုပါ..ကိုယ်တော်..အခုနောက်ပိုင်း လူ့ပြည်မှာ ကပ်ရောဂါပိုးမွှားတွေ ဖြစ်နေလို့...လူပြည်နဲ့ နတ်ပြည် ကူးသန်းနေတဲ့ နတ်တွေကို ပိုးသတ်ဆေးဖြန်းပြီးမှ ဝင်ခွင့်ပြုဖို့ မိုးနတ်မင်းကြီးက ညွှန်ကြားထားပါတယ်...ဒါကို
ဝူခုန်းက ဆေးဖြန်းမခံပဲ..ဝင်မယ်ဆိုပြီး...သောင်းကျန်းနေတာပါ”

“ကျုပ်က ဝူခုန်းဗျ..ဘာပိုးမွှားမှ မရှိဘူး”

“ဝူခုန်း...ရောဂါပိုးဆိုတာ အမြင်နဲ့ ဆုံးဖြတ်လို့မရဘူး...ပြီးတော့..အခုနောက်ပိုင်းပေါ်လာတဲ့ Covid 19 ရောဂါပိုးဆိုတာ…ပိုပြီးတော့ ကူးစက်မြန်သလို အန္တရာယ်လည်းများတယ်…အထပ်ထပ်ပိုးသတ်မှ ဖြစ်မှာ…ကဲ..ပါလေ…နတ်ပြည်ထဲ မင်းဝင်ချင်တယ်ဆို အဖြန်းခံလိုက်”

“ဟွန်း..နံတယ်..ကိုယ်တော်..တပည့်တော်
အဲ့အနံ့မခံနိုင်ဘူး”

“ဒါနဲ့..တံခါးစောင့်ကြီးတို့ ဖြန်းမှာ
ဘာပိုးသတ်ဆေးလဲ”

“Medi Life D Plus ပါ…ထန်းစန်းကိုယ်တော်”

“ဪ… Medi Life D Plus ဆိုရင်တော့…အမေရိကန်တို့ ကနေဒါတို့ စင်ကာပူတို့က FDA အဖွဲ့တွေ အသိအမှတ်ပြုပြီးသားတံဆိပ်ပဲ…ကိုဗစ် မကူးစက်ဖို့လည်း စိတ်ချရတယ်..ရနံ့လည်းမွှေးတယ်..ကဲ..ကဲ..ဝူခုန်း…မင်း အဖြန်းမခံရဲရင်..ကိုယ်တော်အရင် အဖြန်းခံလိုက်မယ်..ကဲ..တံခါးစောင့်ကြီး..ကိုယ်တော့်ကို ဖြန်းချေ”

“ဟာ..မွှေးနေတာပဲ ရှီးဖော်”

ဝူခုန်းက နှာခေါင်းကို
ရှုံ့ပွပွလုပ်ရင်း ပြုံးလိုက်သည်။

“နတ်ပြည်ထဲမှာလည်း Medi Life D Plus Disinfectant Solution ကို တစ်ပြည်လုံးဖြန်းထားလို့ ဒီထက်တောင် မွှေးနေပါသေးတယ်”

“ကဲ..ဝူခုန်း..ကြားပြီလား…လာ..ခဲ့..
ဆေးဖြန်းခံလိုက်”

ဝူခုန်းက ပေကလပ်..ပေကလပ်ဖြင့်။

“မြန်မြန်အဖြန်းခံပြီး..မြန်မြန်လုပ်ချေ..ပြီးရင် ငါတို့ PRO 1 Global Home Center ဆိုင်ခွဲတွေ မှာလုပ်မယ့် Medi Life D Plus ရဲ့ Welcome Tiger Year Special Promotion ပရိုမိုးရှင်းပွဲကို သွားပြီး 25 % Discount နဲ့ Medi Life D Plus တွေ သွားဝယ်ရဦးမယ်”

“တပည့်တော်အတွက်လည်း ဝယ်ပေးနော်..ဘုရား..နဂါးပြည်သွားရင် နဂါးမင်းကြီးအတွက်လည်း လက်ဆောင်ပေးမလို့”

“အေး..ယူသွားရမယ်…နတ်ပြည်တောင်မှ Medi Life D Plus နဲ့မှ ဝင်ခွင့်လက်မှတ်ပေးသေးရင်..ကျန်တဲ့နေရာတွေလည်း ဒီလိုပဲနေမယ်..
ဝူခုန်းရေ”🤗

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


473 B Youtkaw Street, Industrial Zone 1 , South Dagon
Yangon
11431