Improve Knowledge Education

Improve Knowledge Education

Share

Photos from Improve Knowledge Education's post 08/01/2024

Hello Hello! 🙋‍♀
အားလုံးပဲ မင်္ဂလာပါရှင့်။ ဒီတစ်ခေါက်မှာတော့ စာအုပ်ကောင်းတွေကို ဖတ်ရတာ နှစ်သက်တဲ့ စာပေချစ်သူတွေအတွက် 2023 မှာ ရောင်းအားအကောင်းဆုံး စာအုပ် (3) အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘယ်လိုစာအုပ်လေးတွေ ဖြစ်မလဲဆိုတာ တူတူကြည့်ကြည့်ရအောင်နော်။ 🧏‍♀🧏‍♀

1. Atomic Habits
2. Iron Flame
3. Spare

💁‍♀ ဟုတ်ကဲ့ပါ အခု Sharing လုပ်ပေးခဲ့တာကတော့ Best selling books of 2023 ဖြစ်တဲ့စာအုပ် (3)အုပ်အကြောင်းပဲ ဖြစ်ပါတယ်။ စာအုပ်ချစ်တဲ့သူတွေအနေနဲ့ ကိုယ်နှစ်သက်တဲ့ ရသပေါ်လိုက်ပြီး ဖတ်စရာစာအုပ်အသစ်လေးတွေ သိသွားမယ်လို့ ယုံကြည်ပါတယ်။ ဖတ်ဖူးပြီးတဲ့သူတွေအနေနဲ့လဲ ကိုယ်သင်ယူလိုက်တဲ့ အကြောင်းအရာလေးတွေကို Sharing လုပ်ပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်။ 🙇‍♀🙇‍♀

🖇️ Official Channel 🖇️
https://t.meimproveknowledgeedu
🖇️ Raise to Read Channel 🖇️
https://t.me/raisetoreadbyIKE

24/12/2023

🎅 Merry Christmas 🎅

☃️ နှစ်စဥ်နှစ်တိုင်း ဒီဇင်ဘာလရောက်ပြီဆိုတာနဲ့ လူတိုင်းစောင့်မျှော်ပြီး ပျော်ရွှင်စွာကျင်းပနေတဲ့ နေ့ထူးနေ့မြတ်လို့ပြောလိုက်တာနဲ့ Christmas ကိုပဲပြေးမြင်လိမ့်မယ်ထင်ပါတယ်ဗျ။ 🎄

🎅 Christmas ဟာ Santa Clause နဲ့အတူ နေရာတကာမှာ အနီရောင်၊အဖြူရောင်တို့နှင့်ခြယ်လွှမ်းထားတဲ့ decoration တွေနဲ့ပြည့်နှက်နေတဲ့ အားလပ်ရက်လေး ဖြစ်ပါတယ်ဗျ။ အားလပ်ရက်တစ်ခုအနေနဲ့သာမဟုတ်ပဲ December လတစ်လလုံး Christmas အငွေ့အသက်တွေနဲ့ ပြည့်နှက်နေလေ့ရှိပါတယ်ဗျ။

🎄Christmas ရဲ့ အဓိပ္ပာယ်ကတော့ "Feast Day of Christ"လို့ အဓိပ္ပာယ်ရပြီး Jesus Christ ရဲ့မွေးနေ့ကို နှစ်စဥ်နှစ်တိုင်းကျင်းပတာပဲဖြစ်ပါတယ်။ Dec 25 ကိုရောက်တိုင်း တကမ္ဘာလုံးကလူတွေ ပျော်ရွှင်စွာ ကျင်းပကြတဲ့ပွဲတော်တခုလည်းဖြစ်ပါတယ်။ ပထမဆုံး Christmas ကိုတော့ A.D 336မှာ Rome မှာကျင်းပခဲ့တာဖြစ်ပါတယ်ဗျ။ သို့သော်လည်း Christmasဟာ A.D 800 ကျမှ တဖန်ခေတ်စားလာခဲ့တာဖြစ်ပါတယ်။ 1900s ခုနှစ်ရဲ့အစပိုင်းကျမှ Oxford movement of the Anglican Communion Church က စတင်ပြီး Christmas ကိုတရားဝင်ပြန်လည်စတင်ခဲ့တာပဲဖြစ်ပါတယ်။

🎅 Christmasဟာ ရိုးရာယဥ်ကျေးမှုပွဲတော်ဖြစ်တဲ့အပြင် public holiday ဖြစ်တာကြောင့် လူတိုင်းတက်ကြွစွာပါဝင်လေ့ရှိပါတယ်ဗျ။Christmas ကျင်းပဖို့ရာအတွက်ပြင်ဆင်မှုအများကြီးလိုအပ်ပါတယ်။ decorations လုပ်ဖို့အတွက် ပစ္စည်းတွေနှင့်အစားအသောက်တွေကို အချင်းချင်းလက်ဆောင်ပေးဖို့ ဝယ်ခြမ်းပြင်ဆင်လေ့ရှိပါတယ်ဗျ။တချို့မိသားစုတွေဆို Christmas outfit ဆင်တူဝတ်ဖို့အတွက်ပါ ဝယ်ယူလေ့ရှိပါတယ်ဗျ။

🎄Christmas ဆိုတာနဲ့ တွဲမြင်လေ့ရှိတဲ့ Christmas tree ကလည်းပြင်ဆင်မှုမှာ အဓိကနေရာမှာပါဝင်ပါတယ်။ decor တွေစတင်မပြင်စဥ်မှီမှာ အိမ်သန့်ရှင်းရေးကို စတင်ရပြီးမှ Christmas tree decor ကို စတင်ပြင်ဆင်ရပါတယ်။လက်ဆောင်ပစ္စည်းတွေကိုတော့ tree ရဲ့အောက်ခြေမှာ နေရာချထားပြီး လှပစွာထုပ်ပိုးထားလေ့ရှိပါတယ်။ Christmas ရောက်ရင် ဘုရားကျောင်းတွေမှာ သီချင်းတွေနဲ့ဖျော်ဖြေကြသလို မိသားစု၊သူငယ်ချင်းအချင်းချင်း လက်ဆောင်တွေအပြန်အလှန်ဖလှယ်ကြတဲ့ ကြည်နူးစရာအလေ့အထတခုဖြစ်ပါတယ်။

💚 Christmas ဟာ ကိုယ်ချစ်ရတဲ့ မိသားစု၊သူငယ်ချင်းတွေရဲ့ကြား ချစ်ခြင်း၊ဂရုစိုက်ခြင်းဟာ အရေးကြီးကြောင်း သတိပေးတဲ့ယဥ်ကျေးမှုလေးတခုပဲဖြစ်ပါသလို ကွဲကွာနေတဲ့မိသားစု၊သူငယ်ချင်းတွေကိုပြန်လည်ဆုံတွေ့ပြီးစုစည်းပေးတဲ့ ပွဲတော်တခုလည်းဖြစ်ပါတယ်ဗျ။

🎅 ပျော်ရွှင်ဖွယ် Christmas အားလပ်ရက်ကာလမှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ဖြတ်သန်းရပါစေလို့ ကျွန်တော်တို့ IKEကနေ ဆုတောင်းပေးလိုက်ပါတယ်ဗျ။

🖇️ Official Channel 🖇️
https://t.me improveknowledgeedu

🖇️ Raise to Read Channel 🖇️
https://t.me/raisetoreadbyIKE

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon