Financial Planner Myanmar

Financial Planner Myanmar

Share

25/10/2025

👨‍🏫 ဘဝမှာ လက်ရှိအခြေအနေက ပြောင်းလဲချင်ရင် လက်ရှိချိန်အထိ မလုပ်ဖြစ်ခဲ့တာတွေ၊ မလုပ်ဖူးခဲ့တာတွေ လုပ်မှ ရပါမယ် ...

🧑‍💻 ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေသူငယ်ချင်းတွေကို ကူညီပေးရင်း ဝင်ငွေလဲရ၊ ချီးမြှင့်မှုတွေလဲ ခံရမယ့်အပြင် ပြည်တွင်းပြည်ပ ဂုဏ်ပြုခရီးစဉ်တွေပါ လိုက်ပါခွင့်ရမယ့် အခွင့်အလမ်းရှိပါတယ် ...

☝️ ကမ္ဘာ့ထိပ်တန်း နိုင်ငံတကာ အသက်အာမခံ ကုမ္ပဏီတစ်ခုမှာ ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ဝင်ငွေ၊ အောင်မြင်မှု၊ နိုင်ငံတကာအဆင့် အသိအမှတ်ပြုခံရမှုတွေ ရရှိမယ့် Career တစ်‌ခုကို လေ့လာချင်တယ်ဆိုရင်တော့ ...

📝 Send Message ကိုနှိပ်ပြီး ကိုယ့်ရဲ့ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ များပေးပို့ စာရင်းသွင်းထားလိုက်ပါနော်။

📞 မကြာခင်မှာပဲ ပြန်လည်ဆက်သွယ်ပြီး ရုံးချုပ်ကိုဖိတ်ခေါ်ကာ အသေးစိတ်ထပ်မံရှင်းလင်း ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

(AIA Life Insurance Company သည် ၁၉၁၉ တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံ၌ လုပ်ငန်းဆောင်ရွက်နေသော Multinational Company တစ်ခုဖြစ်ပါသည်။

ကမ္ဘာပေါ်ရှိ အသက်အာမခံ ကုမ္ပဏီအားလုံးထဲတွင် Market Capitalization ဖြင့်ကြည့်ပါက ထိပ်ဆုံး နံပါတ် ၁ နေရာတွင်ရှိနေသော Company ဖြစ်ပြီး Premier League ဘောလုံးအသင်း Tottenham Hotspur အသင်းအား Principal Partner အဖြစ် Shirt sponsor ပေးထားသော ဂုဏ်သိက္ခာရှိ ကမ္ဘာ့ထိပ်တန်း အသက်အာမခံ ကုမ္ပဏီကြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ November မှစတင်ကာ လုပ်ငန်းများဆောင်ရွက်နေပြီး ရန်ကုန်မြို့ Junction City Office Tower တွင် ရုံးချုပ်ထားရှိကာ ရန်ကုန်မြို့ ဝန်ကြီးများရုံး၊ မန္တလေးမြို့၊ တောင်ကြီးမြို့တို့တွင် ရုံးခွဲများဖြင့် လုပ်ကိုင်ဆောင်ရွက်နေပါသည်။)

06/08/2025

Welcome to AIA ...
The Career for Lifetime ...

28/05/2025

Welcome to AIA Myanmar ...

04/12/2024

💡အောင်မြင်မှုရဖို့ ကြိုးစားရတာကို လူအများစုက တသမတ်တည်းကြိုးစားသွားရင် ရတယ်လို့ထင်တတ်ကြပါတယ်။

တကယ်ကတော့ ကြိုးစားလျက်သားနဲ့ ကျရှုံးသွားတာတွေ...

တစ်နည်းနဲ့ ကြိုးစားလို့မရရင် နောက်တစ်နည်းပြောင်းပြီးကြိုးစားရတာတွေ......

လိုရာမရောက် ထင်သလောက်မဖြစ်တာတွေ.....

အကြိမ်ကြိမ် ကြုံပြီးမှသာ
မှန်းထားတဲ့ အောင်မြင်မှုကို ရရှိတတ်ကြတာပါ။.....

02/12/2024

ဝင်ငွေလမ်းကြောင်းများများ ရှိပါစေ

ရင်းနှီးမြှုပ်နှံမှုဂုရုကြီး ဝါရင်းဘတ်ဖတ်ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။

“ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ် ဘယ်တော့မှ မမှီခိုပါနဲ့”

ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ်မှာပဲ မှီခိုနေတာက သိပ်မကောင်းပါဘူး။

ဆိုပါစို့။ မိတ်ဆွေမှာ အလုပ်တစ်ခုရှိတယ်၊ လစာရလို့ ဝင်ငွေရှိတယ်။

အကြောင်းတစ်ခုခုကြောင့် မိတ်ဆွေ အလုပ်ပြုတ်သွားရင် ဘယ်က ဝင်ငွေနဲ့ မိသားစု စားသောက်မလဲ။

ဒါကြောင့်မို့လို့ ဝင်ငွေတစ်ခုတည်းအပေါ်မမှီခိုသင့်ဘူးလို့ ပြောနေရခြင်းပါ။

ဝင်ငွေလမ်းကြောင်းတွေ များများရှိအောင်လို့ ကြိုးစားအားထုတ်သင့်ပါတယ်။ အချိန်ပြည့်အလုပ်အပြင် အချိန်ပိုင်းအလုပ်ရော၊ အခြားအလုပ်တွေပါ လုပ်နိုင်ရင် ပိုကောင်းပါတယ်။

ဘယ်လိုပဲဖြစ်နေပါစေ၊ ဒီခေတ်ကြီးထဲမှာ ဝင်ငွေတစ်ခုတည်းနဲ့ မရပ်တည်သင့်တော့တာ အမှန်ပါ။

နောက်ထပ် လုပ်ငန်းတစ်ခု လုပ်တာဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုတစ်ခုခု လုပ်တာဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။

Want your business to be the top-listed Accountant in Yangon?
Click here to claim your Sponsored Listing.

Website

Address


22nd Floor, Junction City Office Tower, Bogyoke Aung San Road
Yangon
11081