Health is Luck

Health is Luck

Share

Photos from Health is Luck's post 10/10/2020

မြန်မာအခေါ် အပူနာ (သို့) အာခံတွင်းထဲမှ စိတ်ရှုပ်ဖွယ်အနာလေးများ (သို့)

● ● ● ● ● ● ● ● ● ● ● ● ● ●

🙁 "အစာစားဖို့တောင် ကြောက်တယ်"

😖 "စကားများများမပြောပါရစေနဲ့ နာလို့ပါ"

💁‍♂️ စတဲ့ ညည်းညူသံ များဟာ အရွယ်သေးသော်လည်း ခံရခက်တဲ့ ဒီအာခံတွင်းဝေဒနာလေးတွေ ဖြစ်ပေါ်လာချိန်မှာ ကြားရတတ်တဲ့ စကားသံတွေပါ။

💁‍♂️ ကျွန်တော်ကိုယ်တိုင်လည်း တစ်နှစ်ကို #၂ကြိမ် #၃ကြိမ်ခန့် ပုံမှန်နီးနီး ဒီဝေဒနာ ခံစားဖူးသလို အားလုံးလည်း အနည်းနဲ့အများတော့ ကိုယ်တိုင်ခံစားဖူး (သို့) မြင်ဖူးကြားဖူးကြမယ် ထင်ပါတယ်။

💁‍♂️ ဒါကြောင့် ဒီနေ့မှာတော့ ဒီ အဖြစ်များတဲ့ ခံတွင်း ဝေဒနာလေးတွေရဲ့အကြောင်းကို ပုံလေးတွေနဲ့တကွ ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

👨‍⚕️ page ကနေ နောက်လည်း ကျန်းမာရေးနဲ့ဆိုင်သော ဗဟုသုတများကို မျှဝေသွားဦး
မှာမို့လို့ and လေးတွေလုပ်ပေးလို့ရပါတယ်ခင်ဗျာ။

👨‍⚕️ #ကျန်းမာခြင်းသည်_လာဘ်တစ်ပါးပါခင်ဗျာ။

to all photos used in this post.

26/05/2020

သွေးလွန်တုပ်ကွေးရောဂါ (သို့) ရောက်လာတော့မည့် ဧည့်သည်
⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️⚠️

🦟 ပူပြင်းတဲ့ နွေရာသီအလွန် မိုးရာသီကို ကြိုတဲ့အခါ ကျွန်တော်တို့ မလိုလားသော ဧည့်သည်တစ်ယောက်ကိုပါ ကြိုရပါတော့မယ်။ အဲ့ဒါကတော့ (ခေါ်) #သွေးလွန်တုပ်ကွေးရောဂါ ပဲ ဖြစ်ပါတယ်။

🦟 နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် မထူးဆန်းဘူး ထင်ရပေမယ့်လည်း မပေါ့ဆသင့်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

🦟 ဒါကြောင့် ဒီ ပို့စ်မှာ မကြာခင်ရောက်လာတော့မယ့် ထိုဧည့်သည်အကြောင်းကို ဆောင်ရန်ရှောင်ရန်များနဲ့တကွ အနည်းငယ်ပြောပြပေးသွားပါမယ်ခင်ဗျာ။

✅ #သွေးလွန်တုပ်ကွေးရောဂါဆိုတာဘာလဲ?

👉 သွေးလွန်တုပ်ကွေးရောဂါဆိုတာ (အေးဒီးစ်) အမျိုးနွယ်ဝင် ခြင်အုပ်စုကတစ်ဆင့်သယ်ဆောင်တဲ့ #သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရတဲ့ရောဂါဖြစ်ပါတယ်။
👉 အထူးသဖြင့် #ကလေးငယ်တွေ မှာဖြစ်တတ်ပြီး တချို့မှာ သက်လတ်ပိုင်းအထိဖြစ်နိုင်ပါတယ်။
👉 သွေးလွန်တုပ်ကွေးရောဂါပိုးသယ်ဆောင်တဲ့ ခြင်ကိုက်ခံရရင် ရောဂါကူးနိုင်ပါတယ်။
👉 ရိုးရိုးတုပ်ကွေးအဆင့်နဲ့ ပြီးသွားတာမျိုးရှိသလို ရောဂါပြင်းထန်နိုင်တာမျိုးလည်းရှိလို့ မပေါ့သင့်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

✅ #အေးဒီးစ်ခြင်အကြောင်းတစ်စေ့တစ်စောင်း 🦟

👉 Aedes (အေးဒီးစ်) ခြင်ဆိုတာ ပုံပန်းသဏ္ဍာန်အရ သူတို့ရဲ့ ခြေတံတွေပေါ်မှာ #အဖြူစက်တွေ ပါတဲ့ ခြင်တွေဖြစ်ပါတယ်။ #နေ့ပိုင်းကိုက်တဲ့ခြင်တွေ ဖြစ်ကြပြီး အကိုက်ဆုံးအချိန်က အာရုဏ်ဦး နဲ့ နေဝင်ချိန်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ပျံသန်းနိုင်တဲ့ အကွာအဝေးက တခြားသောခြင်မျိုးစုတွေနဲ့ယှဉ်ရင် တိုပါတယ်။ ငြိမ်နေတဲ့ ရေပြင်မှာ မျိုးပွားပါတယ်။
👉 ဒီခြင်အုပ်စုဟာ သွေးလွန်တုပ်ကွေးသာမက ဆင်တုပ်ကွေး (Chikungunya), ဇီကာဗိုင်းရပ်စ် (Zika) နဲ့ အသားဝါဖျား (Yellow Fever) ဗိုင်းရပ်စ် ပိုးတွေကိုပါ သယ်ဆောင်နိုင်စွမ်းရှိပါတယ်။
👉 အခြေအနေတွေအပေါ်မူတည်ပြီး သူတို့ရဲ့ သက်တမ်းက ၂ ပတ်ကနေ ၄ ပတ်အထိရှိပါတယ်။ အသက်ရှင်နေသမျှ ပိုးကိုသယ်ဆောင်ပါတယ်။

✅ #သွေးလွန်တုပ်ကွေးလက္ခဏာများ

👉 သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်တဲ့ ခြင်ကိုက်ပြီး ချက်ချင်းရောဂါလက္ခဏာမပြသေးဘဲ ခန္ဓာကိုယ်ထဲမှာ (၃ - ၁၄) ရက် အထိ အောင်းပြီး ရောဂါပျိုးပါတယ်။ (ပျမ်းမျှ တစ်ပတ်ဆို ရောဂါလက္ခဏာ စပြတတ်ပါတယ်။)
👉 ရောဂါလက္ခဏာ စပြတဲ့အခါ သွေးလုပ်တုပ်ကွေးရောဂါမှာ အဆင့် (၃) ဆင့် ရှိပါတယ်။

1️⃣ ဖျားတဲ့အဆင့်
2️⃣ အရေးကြီးအဆင့် (အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အဆင့်) နဲ့
3️⃣ ပြန်လည်သက်သာတဲ့ အဆင့် ဆိုပြီးရှိပါတယ်။
ဒီအဆင့် ၃ ဆင့်လုံးက လူတိုင်းမှာတော့ မဖြစ်နိုင်ဘဲ တချို့မှာ ဖျားပြီး ပြန်သက်သာသွားလေ့ရှိပါတယ်။
အဆင့် ၃ ဆင့်လုံးရဲ့ စုစုပေါင်းကြာချိန်ကတော့ ပျမ်းမျှ တစ်ပတ်ဖြစ်ပါတယ်။

1️⃣ #ဖျားတဲ့အဆင့်မှာ ခံစားရမယ့် ဝေဒနာတွေကတော့

- ကိုယ်ပူကြီးမယ် (104° ဖာရင်ဟိုက် အထိရှိနိုင်ပါတယ်။)
- ခေါင်းကိုက်မယ်။
- မျက်လုံးနာမယ်။
- ခြေတွေ လက်တွေနာမယ်။ (အရိုးကျိုးသလိုနာတဲ့ နာခြင်းလို့ တင်စားကြပါတယ်။)
- အနီစက်တွေ ထွက်မယ်။
- ဗိုက်အောင့်မယ်။
- အန်မယ်။
- ဝမ်းလျှောမယ် စတာတွေပဲဖြစ်ပါတယ်။

2️⃣ #အရေးကြီးအဆင့် ဟာ စဖျားတဲ့ နေ့ကစပြီး ၄ ရက်မြောက်ကနေ ၇ ရက်မြောက်အထိအတွင်းမှာ ဖြစ်နိုင်ပါတယ်။

⚠️(ဒါကြောင့် ကိုယ့်ကလေး ဘယ်နေ့ကစဖျားလဲ ဖျားတာဘယ်နှစ်ရက်ရှိပြီလဲ ဆိုတာ မှတ်ထားဖို့လိုပါတယ်။)⚠️

👉 ဒီအဆင့်မှာ ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေကတော့

❗ သွေးပေါင်ချိန်ကျခြင်း၊
❗ အလွန်အမင်းမှိန်းခြင်း/ကယောင်ကတမ်းဖြစ်ခြင်း၊
❗ ဆီးသွားအလွန်နည်းသွားခြင်း/ ဆီးမထွက်တော့ခြင်း၊
❗ ခြေဖျားလက်ဖျားများ အေးစက်ခြင်း၊
❗ အသားပြာခြင်း၊
❗ မောဟိုက်ခြင်း၊
❗ ရေဖျင်းဆွဲခြင်း၊ တို့အပြင်
❗ အလွန်အမင်းအန်ခြင်း၊
❗ အလွန်အမင်း ဗိုက်နာခြင်း တို့ဖြစ်နိုင်ပါတယ်။

👉 ဒါ့အပြင် သွေးထွက်လွယ်တဲ့အတွက် -
❗ နှာခေါင်းသွေးလျှံခြင်း
❗ သွားဖုံးသွေးယိုခြင်း
❗ ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း (သွေးဝမ်း)
❗ ကော်ဖီရောင်အန်ခြင်း (သွေးအန်ခြင်း) တို့လည်း ဖြစ်နိုင်ပါတယ်။

⚠️ (ကော်ဖီရောင်အန်တတ်တဲ့အတွက်ကြောင့် ရောဂါဖြစ်နေချိန်အတွင်း ကော်ဖီရောင်ပါသော အစာများဖြစ်တဲ့ ချောကလက်၊ ကော်ဖီ၊ မိုင်လို၊ လက်ဖက်ရည်၊ အိုဗာတင်း စသည် တို့ကိုရှောင်သင့်ပါတယ်။ ရောဂါကြောင့်အန်ခြင်းလား ကော်ဖီရောင်ပါသောအစာစားထားလို့ ကော်ဖီရောင်အန်ခြင်းလား ရောထွေးတတ်လို့ပါ။)⚠️

👉 ‼ ဒီအဆင့်မှာ နောက်အရေးကြီးသော တစ်ချက်က #ကိုယ်ပူကျသွားခြင်းပါ။ ဒါကြောင့် ကိုယ်ပူကျသွားတိုင်း စိတ်ချရပြီဆိုပြီး မနေသင့်ပါဘူး။ ‼

3️⃣ #ပြန်သက်သာတဲ့အဆင့် ရောက်ပြီဆိုရင်တော့

- သွေးပေါင်ချိန်ပြန်တက်လာပါမယ်။
- အရေပြားမှာ ရောဂါသက်သာပြီ လို့ ပြောနိုင်တဲ့ အနီစက်တစ်မျိုးထွက်လာပါမယ်။ ခြေထောက်မှာပိုထွက်ပါတယ်။ ယားပါတယ်။
- ဆီးသွားတဲ့ ပမာဏပြန်များလာပါမယ်။
- နှလုံးခုန်နှုန်းနှေးခြင်း
- တက်ခြင်းတို့တော့ တချို့မှာ ဖြစ်နိုင်ပါသေးတယ်။

ဒီလောက်ဆိုရင်တော့ သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေကိုအကြမ်းဖျင်းသိပြီထင်ပါတယ်ခင်ဗျာ။

✅ #သွေးလွန်တုပ်ကွေးကကုလို့ရလား?

👉 သွေးလွန်တုပ်ကွေးကို ပျောက်စေတဲ့ဆေး #မရှိပါ။

👉 ရောဂါကို သက်သာစေရန် ပိုမဆိုးစေရန် ပံ့ပိုးပေးတဲ့ ကုသမှုများနဲ့ စောင့်ကြပ်ကုသရပါတယ်။ ကလေးဖျားလျှင် ဆေးရုံ ဆေးခန်းကို ချက်ချင်းသွားရောက် ကုသဖို့ လိုပါတယ်။

👉 အဖျားကျစေရန် ရေဖတ်တိုက်ပေးဖို့ လိုပါတယ်။ ရေချိုးပေးလို့လည်း ရပါတယ်။ ကိုယ်ပူကြီးလွန်းလျှင် ကလေး တက်တတ်ပါတယ်။

👉 သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီးထိရောက်ပါတယ်။

✅ #သွေးလွန်တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ?

👉 🦟 ခြင်ကိုက်လို့ဖြစ်တဲ့ ရောဂါမို့လို့ ခြင်ကိုက်မခံရအောင်နေရပါမယ်။

💁‍♂️ ခြင်ပေါက်ဖွားမှုနည်းစေဖို့ အိမ်ပတ်ဝန်းကျင်ရှိ ရေဝပ်နိုင်မယ့်နေရာများကိုရှင်းလင်းခြင်း၊ ခြုံနွယ်များရှင်းလင်းခြင်း၊ မိမိအိမ်ရှိ ပန်းအိုးများကိုပုံမှန်လဲလှယ်ပေးခြင်း၊ ရေသိုလှောင်ကန်များအား သေချာဖုံးအုပ်ခြင်း အပြင် ခြင်ဆေးဖြန်းခြင်းတို့ကို လုပ်နိုင်ပါတယ်။

💁‍♂️ ကလေးငယ်များ ခြင်ကိုက်မခံရစေရန် ခြင်ထောင်ဖြင့် အိပ်စေခြင်း၊ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်များ ဝတ်ဆင်စေခြင်း၊ ခြင်ကာစကာများတပ်ဆင်ခြင်း၊ ခြင်ဆေးခွေများ၊ ခြင်ပြေးဆေးများလူးခြင်း တို့ကို ပြုလုပ်ပေးလို့ရပါတယ်။

💁‍♂️ အခြားနိုင်ငံတွေမှာတော့ CYD-TDV လို့ခေါ်တဲ့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးရှိပါတယ်။ ဒီနိုင်ငံမှာတော့ အသုံးမပြုနိုင်သေးပါဘူး။

✅ #သွေးလွန်တုပ်ကွေးကတစ်ခါဖြစ်ပြီးပြန်ဖြစ်နိုင်သလား?

👉 ဖြစ်နိုင်ပါတယ်။
👉 သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်က အမျိုးအစားအခွဲ ၅ မျိုးရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ (DENV1 to 5)
👉 တစ်ကြိမ် သွေးလွန်တုပ်ကွေးဖြစ်ဖူးသူက နောက်တစ်ကြိမ်ထပ်ဖြစ်ရင် ရောဂါပိုဆိုးတတ်ပါတယ်။

✅ #ရှောင်ရန်များ။

🚫 #ကော်ဖီရောင်ပါသော အစာများမကျွေးရပါ။

🚫 သွေးလွန်တုပ်ကွေးဖြစ်နေသောသူမှ #ခြင်ကိုက်ထပ်မခံရအောင်နေသင့်ပါတယ်။ (ပိုးမရှိသေးတဲ့ ခြင်တွေက ပိုးရှိနေသော လူဆီကနေ ဗိုင်းရပ်စ်ပိုးရသွားနိုင်ပြီး အခြားလူများအား ပြန့်ပွားစေနိုင်လို့ပါ။)

🚫 #မက်ကလောင်ဖောက်ခြင်း၊ ခြစ်ခြင်းမလုပ်ရပါ။ ရောဂါမသက်သာသည့်အပြင် ဖောက်သည့်နေရာမှ အခြားရောဂါပိုးများဝင်ကာ ပိုးဆိပ်တက်တတ်ပါတယ်။

🚫 ကလေးအား ပါရာစီတမောမှလွဲ၍ အခြားသော #အကိုက်အခဲပျောက်ဆေးများ မတိုက်ရပါ။ အစာအိမ်နှင့် အူလမ်းကြောင်း သွေးယိုခြင်းကို ပိုဖြစ်စေပါတယ်။

✅ #နိဂုံးချုပ်

💁‍♂️ အခုလောက်ဆိုရင်တော့ သွေးလွန်တုပ်ကွေးရောဂါ အကြောင်းနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိလောက်ပြီထင်ပါတယ်။

💁‍♂️ စောစောသိ စောစောကုသမှုခံယူခြင်းက ရောဂါရဲ့ ပြင်းထန်မှုနဲ့ မလိုလားအပ်ဘဲ အသက်ဆုံးရှူံးမှုကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။

💁‍♂️ အေးမြတဲ့ မိုးဥတုနဲ့ အတူကပ်ပါလာမယ့် ဒီရောဂါဆိုးရန်က ကာကွယ်ဖို့အတွက် အခုပို့စ်လေးက အထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်။

💁‍♂️ ရှေ့ဆက်ပြီးတော့လည်း ကျန်းမာရေးနဲ့ဆိုင်တဲ့ ဗဟုသုတများကို ပြောပြပေးသွားဦးမှာဖြစ်ပါတယ်ခင်ဗျာ။

💁‍♂️ အားလုံး ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးပါ။ ✅

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon