ASW Accounting

ASW Accounting

Share

05/12/2021

The Accounting Cycle ( 2 )
------------------------------------------
4.Trial Balance

General Ledger မှာ စာရင်းတွေ သွင်းထားပြီး စာရင်းကာလ တစ်ခု ကုန်ဆုံးတဲ့အခါ ( စာရင်းကာလ ဆိုတာ လုပ်ငန်းပေါ်မှာ မူတည်ပြီး တစ်လ တစ်ခါ လဲ ဖြစ်ချင်ဖြစ်မယ်၊ သုံးလ တစ်ခါ ၊ တစ်နှစ်တစ်ခါ လဲ ဖြစ်ချင်ဖြစ်မယ်) General Ledger ထဲမှာ ရှိတဲ့ account တွေပိတ်ပြီး လက်ကျန် balance တွေကို debit , credit nature အလိုက် စုပြီး total balance ရအောင် ဆွဲတဲ့ စာရင်းကို Trial balance လို့ခေါ်ပါတယ် 🙄

5. Worksheet

Trial balance ဆွဲကြည့်လို့ debit, credit မညီ တဲ့ အခါ ဘာတွေမှားနေလဲ ဘာတွေပြန်ညှိရမလဲ ဆိုတာ ရှာဖို့ အကြမ်းဆွဲကြည့်တဲ့ စာရင်းတစ်ခုပါ

ကိုယ်က accounting software တစ်ခုခု သုံးတယ်ဆိုရင် trial balance ထုတ်လိုက်လို့ စာရင်း မကိုက်တဲ့အခါ excel လို software မျိုးသုံးပြီး အမှားပြန်ရှာ ပြန်ညှိကြည့်တာမျိုးပေါ့ 😯😊

6. Adjusting Entries

Worksheet နဲ့ ပြန်ရှာလိုက်လို့ ထွက်လာတဲ့ မှားသွင်းထားတာတွေ ကျန်ခဲ့တာတွေကို သက်ဆိုင်ရာ General Ledger account တွေ မှာ အမှန်ပြန်ဖြစ်သွားအောင် စာရင်းပြန်သွင်းရပါတယ် 🙄

ဒီအထိရောက်လာပြီး

Trial balance လဲ debit, credit ညီသွားပြီ ၊

ပါဝင်သင့်တဲ့ စာရင်းအားလုံးလဲ ပါဝင်သွားပြီ ဆိုရင် report တွေဖြစ်တဲ့ Balance Sheet တို့ Income Statement တို့ ထုတ်ဖို့ အဆင်သင့်ဖြစ်ပါပြီ 😊

7. Financial Statements

ဒီအဆင့် မှာတော့ စာရင်းတွေအားလုံး မှန်ကန်သွားပြီ ဖြစ်တဲ့အတွက် Balance Sheet , Income Statement တို့ Cash Flow Statement တို့ လို report ​ေတွ ဆွဲရပါတယ် 😊

8. Closing

စာရင်းကာလ တစ်ခု ပြီးဆုံးသွားလို့ report တွေထုတ်ပြီး အားလုံး ok သွားပြီးဆိုရင် ေနာက် စာရင်းကာလ အသစ်အတွက် ပြင်ဆင်ရပါမယ်

Income statement ရဲ့ net profit or loss ကို retained earnings account ပို့လိုက်ပြီး revenue နဲ့ expense account တွေ ပိတ်ပစ်ရပါတယ်

နောက်စာရင်းကာလ အသစ်မှာ ဒီ account တွေဟာ opening balance ကို 0 နဲ့ စရပါတယ် 😇

Income statement ဆိုတာ စာရင်း ကာလ တစ်ခုအတွက် လုပ်ငန်းသည် ရှုံးသလား မြတ်သလား မကုန်သင့်တာတွေ ကုန်နေလား ဝင်ငွေတွေနည်းသွားတာလား စသဖြင့် လုပ်ငန်းရဲ့ performance ကို ပြတာဖြစ်လို့ နောက် စာရင်းကာလ အတွက် ဒီဘက်က စာရင်းတွေ သယ်သွားလေ့ မရှိပါဘူး

သူ့အပိုင်းအခြားနဲ့ သူပါပဲ 🤔

လုပ်ငန်းပိုင် ပစ္စည်း စာရင်းတွေ ၊ ရရန်ရှိတွေ ၊ ပေးရန်ရှိ တွေ စသဖြင့် Balance sheet ကို သွားတဲ့ စာရင်းတွေ အားလုံးကတော့ နောက်စာရင်းကာလ ကို ဆက်သယ်သွားလေ့ရှိပါတယ်

ဒီစာရင်းကာလ ရဲ့ closing balance ကို နောက်စာရင်းကာလ အသစ် မှာ opening balance အဖြစ် စာရင်းသွင်းရပါမယ် 😊😊😊

25/08/2021

Petty Cash Book ( 2 )
--------------------------------
Petty Cash Book မှာ Maintaining System (3) မျိုး ရှိတယ်လို့ ပြောခဲ့တယ်နော်

မှတ်မိ​သေးလား 😁🙄

အဲဒါတွေက
1. Open or Ordinary System
2. Fixed System
3. Imprest System
တွေပေါ့ 😏

ပထမဆုံး Open system ဆိုတာပြောပြပေးမယ်

Open system ဆိုတဲ့ အတိုင်း open ပဲပေါ့နော်

( 😁 ရှင်းသွားတာပဲ)

open system မှာ Chief or Senior က Petty Cash ကိုင်မယ့် သူကို ငွေ amount တစ်ခု ထုတ်ပေးထားမယ်

ရော့ ၅သိန်း ယူထား အဲဒီထဲကနေ စရိတ်အသေးအမွားလေးတွေ အတွက် ထုတ်သုံးပေါ့ ကုန်ရင်ပြော

( သဘောကောင်းလွန်းတယ်နော် 😁😂 )

ကုန်ရင်ပြော ဆိုတဲ့ အတိုင်း ကုန်သွားရင် စာရင်းတင်ပေးရတာပေါ့

( ဥပမာ ကားခက စုစုပေါင်း ငါးသောင်း၊ ဖုန်းဘေ က စုစုပေါင်း ဘယ်နှစ်သောင်း စသဖြင့် ဘယ်နေ့က ဘာအတွက် ဘယ်လောက် ဘောက်ချာ အထောက်အထား လေးတွေနဲ့ပေါ့)

အဲဒါကို Chief က ကြည့်မယ် ပြီးရင် နောက်ထပ် ပိုက်ဆံထပ်ထုတ်ပေးမယ်ပေါ့ ပိုပေးရင်လဲပေးမယ် လျော့ပေးရင်လဲပေးမယ် open ပဲ 🤑😉

နောက်တစ်ခုက Fixed System

Fixed system က ရှင်းတယ်
ပုံသေ ငွေ amount တစ်ခုသတ်မှတ်ထားမယ် ကာလ အပိုင်းအခြား တစ်ခု သတ်မှတ်ထားမယ်

ရော့ တစ်ပတ်စာ တစ်သိန်း
တစ်ပတ်ပြည့်ရင် လာထား စာရင်း
ရော့ နောက်တစ်ပတ်အတွက် တစ်သိန်း
အဲလို ပုံသေ သွားတယ်

နာမည်ကိုက Fixed ကိုး 😁

open မှာ က ဒီနေ့ပေး မနက်ဖြန်ကုန်ရင်လဲ ကုန်နိုင်တယ် 😁 ( ဘယ်လို သုံးလိုက်တာပါလိမ့် 🙄 )

များများပေးထားရင်တော့ ခဏခဏ မတောင်းတော့ဘူးပေါ့ 😬 ( အသေးသုံးလဲ ပြောသေး 😃 )

နောက်တစ်ခုက Imprest system
ဆရာကြီး က ခုမှလာတာ 😎
တကယ်အသုံးများတာက Imprest system ပဲ

ဘာလို့လဲ 🤔🤔🤔

နောက်တစ်ပိုင်းမှာပြောပြမယ် 😁😊😊😊

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon