Pay It Forward
28/09/2025
“ဆရာ၊ ကျွန်တော် စာအုပ်တွေ အများကြီးဖတ်ပြီးပြီ… ဒါပေမဲ့ အများစုကို မေ့သွားပြီ။ ဒါဆို စာဖတ်တာက ဘာအဓိပ္ပာယ် ရှိပါတော့မလဲ”
ဒါကတော့ သိချင်စိတ်ပြင်းပြတဲ့ တပည့်တစ်ဦးက သူ့ဆရာကို မေးတဲ့မေးခွန်း ဖြစ်ပါတယ်။ ဆရာက ဘာမှပြန်မဖြေဘဲ သူ့ကို တိတ်ဆိတ်စွာပဲ ငေးကြည့်နေခဲ့ပါတယ်။
ရက်အနည်းငယ်ကြာတော့ သူတို့နှစ်ဦးဟာ မြစ်ဘေးနားမှာ ထိုင်နေကြတုန်း
“ဆရာ ရေဆာနေလို့ ရေလေးနည်းနည်း သွားခပ်ပေးပါဦး… အဲ့ဒီ မြေပေါ်မှာ ပစ်ထားတဲ့ ဇကာအဟောင်းကို သုံးပြီးခပ်ခဲ့ကွာ” ဆရာကြီးက ပြောလိုက်တယ်။
တပည့်က ရှုပ်ထွေးသွားတဲ့ပုံနဲ့ ကြည့်နေပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ တောင်းဆိုမှုပါ။ အပေါက်တွေ ပြည့်နေတဲ့ ဇကာနဲ့ ဘယ်သူကများ ရေခပ်နိုင်မှာလဲ။
ဒါပေမဲ့ သူမှာ ငြင်းဆန်ရဲတဲ့သတ္တိ မရှိခဲ့ပါဘူး။
သူ ဇကာကို ကောက်ယူပြီး ကြိုးစားကြည့်ပါတယ်။
တစ်ခါ။ နှစ်ခါ။ အကြိမ်ကြိမ်အခါခါ…
သူဟာ ဇကာနဲ့ ရေကိုခပ်လိုက်ပြီး အရှိန်မြှင့်ပြေးတယ်၊ ဇကာကို မတူတဲ့ ထောင့်မျိုးစုံနဲ့ ကိုင်ကြည့်တယ်၊ သူ့လက်ချောင်းတွေနဲ့တောင် အပေါက်တွေကို ပိတ်ကြည့်ခဲ့သေးတယ်။ ဘာမှ အလုပ်မဖြစ်ပါဘူး။ သူ ရေတစ်စက်လေးတောင်ပါအောင် မခပ်နိုင်ခဲ့ပါဘူး။
ပင်ပန်းနွမ်းနယ် ပြီး စိတ်ပျက်အားလျော့စွာနဲ့ပဲ ဆရာ့ခြေရင်းမှာ ဇကာကို ပစ်ချလိုက်ပြီး ပြောလိုက်ပါတယ်။
“တောင်းပန်ပါတယ် ဆရာ။ ကျွန်တော် အောင်မြင်အောင်မလုပ်နိုင်ခဲ့ဘူး။ ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စပါ။”
ဆရာက သူ့ကို ကြင်နာစွာ ကြည့်ပြီး ပြောလိုက်ပါတယ်။
“မင်း မအောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ ဇကာကို ကြည့်လိုက်ပါဦးကွ”
တပည့်က ဇကာကိုကြည့်လိုက်တဲ့အခါ တစ်ခုခုကို သတိထားမိလိုက်ပါတယ်။
အိုဟောင်းပြီး မည်းညစ်နေတဲ့ ဇကာဟောင်းဟာ အခုဆိုရင် သန့်ရှင်းတောက်ပြောင် နေပါတယ်။ ရေဟာ ဇကာထဲမှာ မတည်မြဲခဲ့ပေမယ့် အကြိမ်ကြိမ်အခါခါ ဆေးချခဲ့တဲ့အတွက် ဇကာဟာ တောက်ပြောင်နေပြီ ဖြစ်ပါတယ်။
ဆရာက ဆက်ပြောတယ်။
“အဲဒါဟာ စာဖတ်ခြင်းရဲ့ စွမ်းအားပဲ။
အသေးစိတ်အချက်အလက်တိုင်းကို မမှတ်မိဘူးဆိုရင်လည်း ကိစ္စမရှိဘူး။ အသိပညာတွေဟာ ရေဇကာထဲက ရေတွေလို ပြန်စိမ့်ထွက်သွားတယ်။ မရှိတော့သယောင် ဖြစ်လည်း
မစိုးရိမ့်နဲ့။
ဘာလို့လဲဆိုတော့ စာဖတ်နေစဉ်မှာ မင်းရဲ့ စိတ်ဟာ လန်းဆန်းမှု ရရှိနေတယ်။ မင်းရဲ့ စိတ်ဓာတ်ဟာ ပြန်လည်အားပြည့်လာတယ်။
မင်းရဲ့ အကြံဉာဏ်တွေဟာ အောက်ဆီဂျင် ရရှိပြီး လန်းဆန်းလာတယ်။ ပြီးတော့ မင်း ချက်ချင်း သတိမထားမိနိုင်ရင်တောင် မင်းဟာ အတွင်းကနေစပြီး တဖြည်းဖြည်း ပြောင်းလဲနေတာ ဖြစ်တယ်။”
📖 ဒါဟာ စာဖတ်ခြင်းရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ပဲ။
မင်းရဲ့ မှတ်ဉာဏ်ကို ပြည့်စေဖို့ မဟုတ်ဘူး…
မင်းရဲ့ စိတ်ဝိညာဉ်ကို သန့်စင်ပြီး ကြွယ်ဝစေဖို့ပဲ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon