Cindymoonpie
20/04/2026
Hi Busan sea🐟💌
Beautiful - Carly Rae Jepsen ft. Justin Bieber
Just a simple homemade cover recorded for fun with my phone in one random evening.
It’s NOT perfect, but I wanted to share it anyway.
Plus this video has been sitting in my camera roll for days.
အားလုံးပဲ မင်္ဂလာပါ!
Braces တပ်မလား စဉ်းစားနေသူတွေအတွက် ဒီ post က အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
Cindy ပထမဆုံး video ထဲ မပါတဲ့ Braces types တွေကို ရှင်းပြချင်ပါတယ်
1. Metal Braces (Damon braces)
သံ bracket နဲ့ wire သုံးတဲ့ traditional braces ဖြစ်ပါတယ်။
▪️အားသာချက်
• strong ဖြစ်ပြီး ကြာရှည်ခံတယ်
• Complex case တွေမှာ အထူးထိရောက်တယ်
• စျေးနှုန်းအားဖြင့် သက်သာတတ်တယ်
• သွားရွှေ့မြန်တတ်တယ်
▪️အားနည်းချက်
• အပြင်ကနေ မြင်သာတယ်
• အစပိုင်း နာကျင်မှုရှိတတ်တယ်
• အစားအစာ ကပ်နေတာများတတ်တယ်
• Adjustment လုပ်တိုင်း နည်းနည်းနာတတ်တယ်
⸻
2. Ceramic Braces (သွားရောင်နီးနီး braces)
Bracket တွေက သွားရောင်နီးနီး ဖြစ်လို့ Metal braces လောက် မထင်ရှားဘူး။
▪️အားသာချက်
• ပိုမို မမြင်သာဘူး
• လှပမှုအရ ပိုကောင်းတယ်
• Metal braces နဲ့ ထိရောက်မှုတူတယ်
▪️အားနည်းချက်
• စျေးပိုမြင့်တယ်
• အရောင်ကပ်နိုင်တယ်
• သံထက် နည်းနည်းပျော့တတ်တယ်
⸻
3. Lingual Braces (အတွင်းဘက်တပ် braces)
သွားအတွင်းဘက်မှာ တပ်တဲ့ braces ဖြစ်တယ်။
▪️အားသာချက်
• အပြင်ကနေ လုံးဝမမြင်ရဘူး
• Professional image ထိန်းချင်သူများအတွက် ကောင်းတယ်
▪️အားနည်းချက်
• စျေးအရမ်းမြင့်တယ်
• လျှာ ထိခိုက်နာကျင်နိုင်တယ်
• သန့်ရှင်းရခက်တယ်
• အစပိုင်း စကားပြောရခက်နိုင်တယ်
⸻
4. Clear Aligners (ဥပမာ - Invisalign)
Transparent plastic tray လေးတွေကို ၁-၂ ပတ်တစ်ခါ ပြောင်းသုံးရတယ်။
▪️အားသာချက်
• တပ်ထားတာ မသိသာ
• ဖြုတ်တပ်လို့ရတယ် (စားချင်တာ စားလို့ရတယ်)
• သန့်ရှင်းရေးလွယ်တယ်
▪️အားနည်းချက်
• စျေးမြင့်တယ်
• တစ်နေ့ ၂၀-၂၂ နာရီ ဝတ်ထားရမယ်
• Complex case တွေမှာ မသင့်တော်နိုင်ဘူး
• လွယ်လွယ်နဲ့ ပျောက်တတ်တယ်
⸻
Cindy တပ်ခဲ့တာကတော့ Ceramic Braces ပါ။
Koreaမှာ တပ်ခဲ့တာပါ။
2023, 12လပိုင်းမှာ စတပ်ပြီး 2025, 11လပိုင်းမှာ ဖြုတ်ခဲ့ပါတယ်။
Videoထဲမှာတော့ Cindy ရဲ့ Experiences အပေါ်မူတည်ပြီး Personal pros and cons နဲ့ ကုန်ကျစရိတ်ကိုပဲ အဓိကထားပြီး ပြောထားပါတယ်။
Facebookကနေ ကြည့်လို့ အဆင်မပြေတဲ့ သူတွေအတွက် Youtube link ကို comment မှာ ထည့်ပေးထားပါတယ် ❣️
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Yangon