CreationX

CreationX

Share

16/10/2020

Content Marketing ဆိုတာဘာလဲ
-------------------------------
ဒီ‌နေ့ခေတ်မှာ မိရိုးဖလာဖြစ်တဲ့ Traditioanl Marketing ဆိုတာ အချိန်နဲ့အမျှ အားနည်းလာပြီး အဲဒီအစား ပိုပြီးထိ‌ရောက်တဲ့ မားကက်တင်းပုံစံတွေက အားကောင်းကောင်းနဲ့ အစားထိုး၀င်ရောက်လာပြီဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ ရှေ့ကို ချီတက်နေတဲ့ Marketer တစ်‌ယောက်ဆိုရင် သေချာတယ် ပိုကောင်းတဲ့နည်းလမ်းတွေကို သတိပြုမိမှာပါ။ အဲဒီနည်းလမ်းတွေထဲကတစ်ခုဖြစ်တဲ့၊ တစ်နည်း ခေတ်သစ်မားကက်တင်းမှာ အရေးပါတဲ့မားကက်တင်းတစ်ခုဖြစ်တဲ့ Content Marketing အကြောင်းကို ‌အနည်းငယ်မိတ်ဆက်ပေးချင်ပါတယ်။

Content Marketing ဆိုတာ
“Content Marketing ဆိုတာ ကိုယ်ရဲ့ Audience ကို ဆွဲ‌ဆောင်ဖို့၊ ဒါမှမဟုတ် ထိန်းသိမ်းဖို့၊ ဒီထက်ကုန်ကုန်ပြောရရင်တော့ အကျိုးအမြတ်ရှိမယ့် Customer တွေရအောင်တွန်းအားပေးဖို့ Value ရှိတဲ့၊ အဆက်အစပ်ရှိတဲ့ Contentတွေကို ဖန်တီးခြင်း(Creating)၊ ဖြန့်‌ေ၀ခြင်း(Distributing) စတဲ့နည်းလမ်းတွေနဲ့ ချဉ်းကပ်တဲ့ ဗျူဟာမြောက်မားကက်တင်းပုံစံတစ်ခုပဲဖြစ်ပါတယ်။
သင့်လုပ်ငန်းရဲ့ ဆိုရှယ်မီဒီယာ၊ ၀က်ဘ်ဆိုက် စတဲ့ပလက်ဖောင်းတွေမှာ Product တွေ၊ Service တွေချည်း အတုံးလိုက်အတစ်လိုက်လှိမ့်တင်နေတာထက် သင့် Customer တွေရဲ့ ပြသနာနဲ့လိုအပ်ချက်တွေကို ဖြေရှင်းပေးမယ့် အဆက်အစပ်ရှိပြီး အသုံး၀င်တဲ့ Content တွေပေးမယ်ဆိုရင် သင့် Customer တွေ၊ ဖောက်သည်တွေ စိတ်ကျေနပ်မှုရှိပြီး သင့်အမှတ်တံဆိပ်ကို အမြဲအမှတ်ရနေပါလိမ့်မယ်။

ဒါကြောင့် ကိုယ်ပိုင် Digital Platform တွေနဲ့ Run နေတဲ့ ဒီနေ့ခေတ်မှာ လုပ်ငန်းတွေ၊ Brand တွေ Growth ဖြစ်ဖို့အတွက် Content Marketing က ထိပ်ဆုံးကနေအ‌ရေးပါလာပါတယ်။

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon