Minnesota Development Group Construction
02/02/2022
ရွှေပြည်သာမြို့နယ်အတွင်းရှိ ပေ ၂၀၀ x ပေ ၆၀ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက် Survey ဆင်းတိုင်းတာခဲ့ခြင်းဖြစ်ပါသည်။
03/01/2022
၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော ၇၄ ကြိမ်မြောက်လွတ်လပ်ရေးနေ့အား ဂုဏ်ပြုအပ်ပါသည်
03/01/2022
🏡🏘️အိမ်ဆောက်တော့မှာလား.... ဒီအချက် လေး ၂ ချက်ကိုအရင်စဉ်းစားပါ 🤔
1️⃣ ကုန်ကျစရိတ် လျာထားသတ်မှတ်ခြင်း
နေအိမ်တစ်လုံး သို့ အဆောက်အအုံတစ်ခုဆောက်တော့မယ်ဆိုရင် ပထမဆုံးအရေးကြီးဆုံးက တိကျမှန်ကန်ပြီးလုံလောက်တဲ့ ကုန်ကျစရိတ်ရှိဖို့ပါပဲ။ အိမ်ရှင်တွေ၊ အလုပ်အပ်နှံသူတော်တော်များများက သူတို့စိတ်ကူးထားတဲ့ အိမ် သို့ အဆောက်အဦးကို သတ်မှတ်ထားတဲ့ဈေးနှုန်း သို့ လက်ရှိပေါက်ဈေး အောက် နည်းတဲ့ငွေပမာဏမျိုးနဲ့ဆောက်လုပ်ချင်ကြတယ်။ ဥပမာ P.A.E ၃၇၀၀၀ကျပ် သတ်မှတ်ထားတဲ့ ၂၀ x ၄၀ ပေရှိတဲ့အဆောက်အဦးကို ရေမီးဆေးအပြီးအစီး ငွေကျပ်သိန်း ၄၀၀ ကျော်လောက်နဲ့တည်ဆောက်ချင်တာမျိုးကို မကြာခနမြင်တွေ့နေရပါတယ်။ အဲ့လိုတည်ဆောက်လိုက်ခြင်းအားဖြင့်ရရှိလာဆိုးကျိုးတွေကတော့ လက်ရာသေသပ်ကောင်းမွန်မှုမရှိခြင်း၊ အဆောက်အဦးရဲ့ Structure ပိုင်းခိုင်မာမှုမရှိခြင်း၊ ဆန်းသစ်တဲ့ Design ပိုင်း၊ Decoration ပိုင်းပိုင်ဆိုင်ရမှုမရှိခြင်း၊ အသုံးပြုထားသည့် ပစ္စည့်အရည်အသွေးများမပြည့်မှီခြင်း၊ အမြဲတစေပြန်လည်ပြုပြင်နေရခြင်း၊ မိမိနေအိမ် သို့ အဆောက်အဦးကိုစိတ်တိုင်းမကျဖြစ်ခြင်း အစရှိသည့်အဖြစ်များကြုံတတ်ကြရတယ်။ ဒါကြောင့် ကုန်ကျစရိတ်လျာထားသတ်မှတ်တဲ့အခါ မိမိစိတ်ကူးထားတဲ့အိမ် သို့ အဆောက်အဦးကို တိကျတဲ့ကျွမ်းကျင်းပညာရှင်များနဲ့တွက်ချက်တိုင်ပင်ပြီးမှသာ ထွက်ပေါ်လာသည့်ငွေပမာဏကို ကုန်ကျစရိတ်သတ်မှတ်သင့်ပါသည်။
2️⃣ အိမ်/အဆောက်အဦး ဒီဇိုင်းပုံစံရေးဆွဲခြင်း
ဒီဇိုင်းပုံဆိုလို့ Google ခေါက်လို့ကျလာမယ် အိမ်ပုံတွေ၊ Facebook ကနေလှလို့ Save ထားတဲ့အိမ်ပုံတွေမဟုတ်ဘူးနော်။ Design ပုံစံဆိုတာ ကျွမ်းကျင်ပညာရှင်တွေကရေးဆွဲထားပေးမယ့် တိကျတဲ့အတိုင်းအတာ၊ပစ္စည့်တွေပါ၀င်တဲ့ Architecture Design, Structure Design တွေကိုဆိုလိုတာဖြစ်ပါတယ်။
အိမ်ရှင်/အလုပ်အပ်နှံသူတွေတော်တော်များများက Design ဆွဲခအတွက် ကုန်ကျမည့်စရိတ်ကို အကုန်မခံလိုကြပါဘူး။ အဲ့တော့ Google က download လုပ်ထားတာတွေ၊ Facebook က Saved ထားတဲ့အိမ်ပုံစံတွေ ပြပြီးကန်ထရိုက်တွေကိုတည်ဆောက်ဖို့အလုပ်အပ်ကြတာတွေ တွေ့ရပါတယ်။ အဲ့လို တိကျတဲ့ Design Drawing တွေမရှိပဲတည်ဆောက်တဲ့အတွက် ရရှိလာနိုင်မယ်ဆိုးကျိုးတွေကတော့ တိကျတဲ့တန်းဖိုး တွက်ချက်မှုမရနိုင်ခြင်း၊ ကုန်ကျစရိတ်များပိုမိုများပြားလာခြင်း၊ ဘက်ဂျက်မလောက်၍လုပ်ငန်းရပ်ဆိုင်းနိုင်ခြင်း၊ တည်ဆောက်ရာမှာလည်း ဖြတ်ရာ ဆက်ရာတွေများပြားခြင်း၊ ပစ္စည်းအလေအလွင့် များပြားခြင်း၊ လိုချင်အိမ်ပုံစံ ကွဲလွဲ၍တည်ဆောက်မိခြင်း၊ အဆောက်အဦးအရည်အသွေးကျဆင်းပြီး အန္တရယ်များခြင်း အစရှိတဲ့ဆိုးကြိုးများကြုံတွေ့ပြီး ဘ၀တလျောက်လုံး စိတ်မချမ်းမြေ့ဖွယ်နေထိုင်သွားရနိုင်ပါတယ်။ ဒါကြောင့် အိမ်တွေအနေနဲ့မလိုလားအပ်တဲ့ပြသနာ/အန္တရယ်များကိုကျော်လွှားနိုင်က Design & Drawing ကို ကျွမ်းကျင် အင်ဂျင်နီယာများနဲ့တွက်ချက်တိုင်ပြီးမှသာ သက်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ သို့ ကန်ထရိုက်ကိုအပ်နှံဆောက်လုပ်သင့်ပါတယ်။
⭐ ⭐⭐⭐⭐ လုံးချင်းအိမ်များ၊ အထပ်မြင့်အဆောက်အဦးများ၊ ရုံးများ၊ ဂိုထောင်များ ကို RC or Steel Structure များဖြင့် အရည်အသွေးအကောင်းဆုံးနှင့်ဈေးနှုန်းအသက်သာဆုံး တာ၀န်ယူတည်ဆောက်ပေးနေပြီဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက Minnesota Development Group Construction ၏ page မှာ၀င်ရောက်မေးမြန်းနိုင်သလို 09 952444934,09 765434600, 09 953011165 တို့ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon