YP Blog
သူစိမ်းကို ပြုံးပြပြီး မိသားစုကို ငိုစေမိသူများ..
ကျွန်မတို့ဟာ "လူမှုရေး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူစိမ်းတစ်ယောက်ကို စိတ်အနှောင့်အယှက် မဖြစ်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်။
လမ်းမှာ တိုက်မိရင်တောင် "ဆောရီး" လို့ ပြုံးပြီး ပြောတတ်ကြပေမယ့် အိမ်ထဲက လူတစ်ယောက်က စကားတစ်ခွန်း မှားလိုက်တာနဲ့ ဒေါသတွေ ပေါက်ကွဲပစ်လိုက်ကြတယ်။
ဘာကြောင့်လဲ?
အဖြေကတော့ ရိုးရှင်းပါတယ်။
ကျွန်မတို့ဟာ "မိသားစုဆိုတာ ဘယ်တော့မှ ငါ့ကို ထားမသွားဘူး" ဆိုတဲ့ ယုံကြည်ချက်ကို အလွဲသုံးစား လုပ်နေကြလို့ပါ။
သူစိမ်းတစ်ယောက်ကို မကောင်းပြောမိရင် အဲ့ဒီလူက ငါ့ကို အထင်သေးသွားမယ်၊ ပတ်ဝန်းကျင်မှာ မျက်နှာပျက်ရမယ်လို့ တွေးကြပေမယ့် အိမ်ကလူတွေကတော့ ငါဘယ်လောက်ပဲ ဆိုးဆိုး၊ ဘယ်လောက်ပဲ အော်အော် ငါ့နားမှာ ရှိနေမှာပဲလို့ တွေးပြီး "စိတ်ထွက်ပေါက်" အဖြစ် အသုံးချမိတတ်ကြတာပါ။
အပြင်မှာ အဆင်မပြေမှုတွေ၊ ဖိအားတွေ ကြုံလာရတဲ့အခါ အိမ်ဟာ "အပန်းဖြေရာ" ဖြစ်သင့်တာပါ။
ဒါပေမယ့် ကျွန်မတို့က အိမ်ကို "အမှိုက်ပုံး" တစ်ခုလို သဘောထားပြီး အပြင်က ရလာသမျှ အညစ်အကြေးနဲ့ စိတ်တိုစရာတွေကို မိသားစုဝင်တွေပေါ် သွန်ချမိတတ်ကြပါတယ်။
ကိုယ့်ကို အချစ်ဆုံးသူတွေကို ကိုယ့်ရဲ့ အဆိုးဆုံး မျက်နှာပြမိနေတာဟာ တကယ်တော့ အလွန်ဝမ်းနည်းဖို့ကောင်းတဲ့ အမှားတစ်ခုပါ။
အလှူအတန်းလုပ်တာ၊ သူငယ်ချင်းတွေကို ကျွေးမွေးတာဟာ လူမှုကွန်ယက်မျက်နှာစာအတွက် ဂုဏ်ယူစရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အမေက တစ်နေ့လုံး မီးဖိုချောင်မှာ ချွေးတလုံးလုံးနဲ့ ချက်ပြုတ်ပေးတာ၊ ဇနီးသည် ဒါမှမဟုတ် ခင်ပွန်းသည်က ကိုယ့်အတွက် ပင်ပန်းခံ ပေးဆပ်နေတာတွေကိုကျတော့ "ဝတ္တရား" လို့ပဲ သတ်မှတ်ပြီး ကျေးဇူးတင်ဖို့ မေ့နေကြတယ်။
အပြင်လူကို "ကျေးဇူးတင်ပါတယ်" လို့ လွယ်လွယ်ပြောတတ်ပေမယ့် အိမ်ကလူကိုတော့ အဲ့ဒီစကား ပြောဖို့ ဝန်လေးနေတတ်ကြတာဟာ ကျွန်မတို့ရဲ့ အားနည်းချက်ပါ။
ကျွန်မတို့ သတိမထားမိတာတစ်ခုက "အချိန်" ပါပဲ။
ကျွန်မတို့ အပြင်လူတွေကို ဂရုစိုက်နေတဲ့ အချိန်မှာ ကိုယ့်မိဘတွေ အိုမင်းလာတယ်၊ ကိုယ့်သားသမီးတွေက ကိုယ့်အနားကနေ ဝေးရာကို ပြေးချင်လာကြတယ်။
သူစိမ်းတွေက သင် ဒုက္ခရောက်ရင် "စိတ်မကောင်းပါဘူး" လို့ပဲ ပြောနိုင်ပေမယ့်၊ သင် နာမကျန်းဖြစ်တဲ့အခါ ဘေးနားမှာ ထိုင်ပြီး ပြုစုပေးမှာက သင် အမြဲ လျစ်လျူရှုခဲ့တဲ့ အိမ်က လူသားတွေပဲ ဖြစ်ပါတယ်။
တကယ်တော့ "အပြင်မှာ မင်းသား၊ မင်းသမီး လုပ်နေတာထက် အိမ်မှာ လူသားဆန်ဖို့" ပိုအရေးကြီးပါတယ်။
မိသားစုကို ကောင်းကောင်း ဆက်ဆံတာဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးနဲ့ အမြတ်ဆုံး "အလှူ" တစ်ခုပါပဲ။
ဒါကြောင့်မလို့ ဒီနေ့ကစပြီး...
* အိမ်ပြန်ရောက်တဲ့အခါ အပြင်က ဒေါသတွေကို တံခါးဝမှာပဲ ထားခဲ့ပါ။
* အမေကို "ပင်ပန်းနေပြီလား" လို့ မေးပေးပါ။
* ဇနီး/ခင်ပွန်းကို "ဒီနေ့အတွက် ကျေးဇူးပဲ" လို့ ပြောကြည့်ပါ။
* ကလေးတွေကို ဆူပူမယ့်အစား ဖက်ထားပေးပါ။
မိသားစုဝင်တွေရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ပွင့်လန်းအောင် အတူတူ ကြိုးစားကြရအောင်။
🍀ခွန်းချို
ဆယ်တန်းအောင်ပီးတော့ မူကြိုဆရာမလေး လျှောက်ဖူးတယ် ။ တစ်ရက်ပဲ လုပ်ပီးတော့ နောက်နေ့ ထွက်လိုက်တယ် ။ ဘာလို့လဲ ဆိုတော့ကာ ....... စီနီယာ ဆရာမတွေ မူကြိုကို စစ ချင်းလာ အပ်တဲ့ မိဘနဲ့ ကလေးကို ဆက်ဆံပုံက ပြုံးရွှင်နေတာ ပဲ ။ မီးမီးလေး ပျော်သွားမှာပါသားသားလေး နေသားကျသွားမှာပါနဲ့ အပြောလေးတွေက ချို လို့ ။ မိဘတွေက မသိရှာဘူး ပို့ပီး ပြန်သွားကြ ။ မူကြို တံခါးကြီးလဲ ပိတ်လိုက်ရော ခလေးတွေကို ငေါက်လိုက် ငမ်းလိုက် ။ မ , ပေါင်း တစ်ထောင်သားသမီး ထိန်းရတာ မလွယ်မှန်း သိပါတယ် ။ သို့သော် မူကြို အရွယ်ဆိုတာ ငယ်သေးတယ် တချို့ ကလေးဆိုစကားတောင် သေချာ မပြောတတ်သေးဘူး။နာမည်မေးလဲ မပြောတတ်ဘူး ။ တချို့ မိဘတွေကလဲအလုပ်နဲ့ မအားလို့ မူကြိုပို့ထားလိုက်တာ ဘာညာ ရှိချင်လဲ ရှိမှာပေါ့လေ ။ ထမင်းစားချိန် ရောက်ပီဆို ကလေးတွေမိဘတွေက သူတို့ သားသမီးလေး ကောင်းကောင်းစားဖို့ ရှယ် တွေ လုပ်ပေးလိုက်တာ ။ ပုဇွန်ကြော် ကြက်ကြော် ရှယ်ကောင်းပေ့ညွန့်ပေ့လေးတွေ။ အဲ ချိန်ကျ စီနီယာ ဆရာမတွေက သူတို့မှာ ထမင်းချိုင့်မပါဘူး။ ကလေးတွေ ထမင်းဘူးထဲက ထမင်းတွေယူ တစ်ယောက်စီက နည်းနည်း ယူရင်ပဲ သူတို့စားဖို့ ရပီလေ။ အယောက်ပေါင်းက နည်းတာ မှ မဟုတ်တာ ။ မိဘတွေ ထည့်ပေးလိုက်တဲ့ ကောင်းပေ့ ဆိုတဲ့ ဟင်းတွေ သူတို့ တစ်၀က်ယူ ။ ဟိုထမင်းချိုင့်က နည်းနည်း ဒီထမင်းချိုင့် နည်းနည်းပေါ့ ။ သူတို့ အတွက်က အိုကေ ပီ ။ထားတော့ ကလေးတွေကို ထမင်းကျွေးတဲ့ အချိန်ကျ ခွံ့ပေးရတာကိုး ။ ကိုယ်တိုင်စားတတ်တဲ့ ကလေးက ရှားတယ် မူကြို အဆင့်ဆိုတော့။ ဆရာမတွေက ခွံ့ပေးရတာ ။ ထမင်း ခွံ့တော့လဲ ကလေးက ပါးစပ်ထဲက ထမင်း မကုန်သေး ။ တစ်ဇွန်းပီး တစ်ဇွန်း အယောက်ပေါင်းကလဲ များတာကိုး ။မစားနိုင်တဲ့ ကလေးက သားမစားနိုင်တော့ဘူးလို့ ပြောတာကို မစားနိုင်လို့ မရဘူး ကုန်အောင်စားရမယ် ဆိုပီး ထပ် ခါ ထပ် ခါ ကျွေးတော့ အန် ထွက် တဲ့ ကလေး က အန်ထွက် ။ ကိုယ်က ဂျူနီယာ ဆိုတော့ စီနီယာ ဆရာမကို အစ်မ ကလေးတွေ မကုန် တဲ့ ထမင်း ဘယ်လို လုပ်ရမလဲ ဆိုတော့ သွန်ပစ်လိုက်လေ တဲ့ ။ ပီးတော့ ကလေးကို မေ့မေ့ကို ထမင်းကုန်တယ် ပြောလိုက်နော် တဲ့ ။ စားပီးတာ နဲ့ တန်း အိပ် ခိုင်း ။ မအိပ်ချင်သေးတဲ့ ကလေးက မျက်လုံးလေး ပေကလပ် ပေကလပ် နဲ့ ။ အိပ် အိပ်ဆိုပီး အော်ဟောက် အတင်းတွေ အိပ် ခိုင်း ။ အိပ်ပျော်လဲ သွား ရောမူကြိုကျောင်းက ဆင်းချိန်ရောက်ပီ ။စောလေးကမှ အိပ်ပျော်သွားကြတဲ့ ခလေးတွေကို အတင်းတွေ ပြန်နှိုး ။ ဟဲ့ ထကြ ထကြ ။ တချို့ ကလေးက ဘယ်လို မှ ကို နှိုးမရ ။ အိပ် ချင် မူးတူးနဲ့ အတင်းတွေ ဆွဲထူ ။ ပီးရင် ကဗျာတွေ ထသင် ။ အိပ်ရေး မ၀ လို့ ငိုက်နေသေးတဲ့ ကလေးက ငိုက် ။ ဒီကြားထဲ ကလေးတစ်ယောက်က ကိုယ့်ကို ဆရာမ ဆရာမ ဆိုပီး အတင်းကပ်ငိုယိုနေလို့ ။ သမီးရေ အဲလို လုပ်လို့ မရဘူး။ စာလိုက်ဆိုနော် လို့ ပြောပီး ကိုယ့်မှာ ရင်ထဲ စို့နေသေးတယ် ။ မူ ကြို ကျောင်းတိုင်း မဟုတ်ဘူးနော် ။ ကြုံဖူးတဲ့ ကျောင်းကို ပဲ ပြောတာ ။ တချို့ကျောင်းတွေလဲ အဲလို ဟုတ်ချင်မှ ဟုတ်လိမ့်မယ် ။ကောင်းတဲ့ ကျောင်း သေချာ စနစ် တကျ ဂရုစိုက်တဲ့ မူကြိုတွေလဲ ရှိမှာ ပဲ ။ သို့ သော် အဲ ထဲက ဆုံးဖြတ် လိုက်တာ ။ငါ့ သားသမီးကျ ဘယ်တော့မှ မူကြို မထားဘူးလို့ ။ မိဘ ကွယ်ရာမှာ ဘယ်လို တွေ ပြောဆိုခံ ဆက်ဆံ ခံ နေရမလဲ တွေးတောင် မကြည့်နိုင်ဘူး ။ ကိုယ်တိုင် အိမ်မှာ သင်မယ် ။ အသက်လေး ပြည့်မှ ကျောင်းတန်းထားမယ် ။ မပြောတတ် မဆိုတတ်သေးတဲ့ အရွယ်မှာ ဘယ်သူ့လက်မှ မအပ်နိုင် ။
နိုင်ငံခြားက မူကြိုတစ်ခုမှာ ဆရာမက ကလေးလေးတွေကို ခြေထောက်ကိုချည်ပြီး အတင်းအိပ်ခိုင်းထားတာဆိုတာ မိသွားတဲ့ video အောက်မှာ တွေ့တဲ့ A Phyu Yaung ဆိုတဲ့ တစ်ယောက်ရေးထားတဲ့ comment ပါ။
(တကယ်ဂရုစိုက်တဲ့ မူကြိုတွေလဲရှိမှာပါ။ CCTV အမြဲကြည့်လို့ရတဲ့မူကြိုတွေရွေးရင် ပိုကောင်းမှာ)
Credit sein moe sat
20/04/2026
Gp တခုမှာတွေ့လို့ ကော်ပီယူလာပြီးပြတာ
🚨🚨🚨 မိန်းကလေးများအတွက်. . .
အန်တီ့လို ဖြစ်မှာစိုးလို့ သတိထားကြပါလို့ ပြောပါရစေ။
အန်တီ 2025 နှစ်ကုန်ခါနီးက (......လမ်း လမ်းတိုေလး ထဲ က အများသိကြတဲ့ ဆံပင်ညှပ်နေကြ ဆံပင်ညှပ်ဆိုင်မှာ (ဆံပင်ဆေးဆိုးနေကြ) ဆေးဆိုးရင်း Discount ရက် မလို့ မျက်နှာဆေးသွားလိုက်ပါလားလို့ ဝန်ထမ်းမလေး က ပြောတာနဲ့ဆေးဆိုးတာလည်း စောင့်ရမယ့်အတူတူ ဆေးချင်ဆေးလိုက်ပါဆိုပြီး မျက်နှာပါ ဆေးမိပါတယ်။
အဲ့ဒိလို ဆေးပြီးကတည်းက မျက်နှာက အရမ်း ယား လာပါတယ်။ ယားလို့ ကုတ်မိရင် ကုတ်မိတဲ့နေရာ မှာ အမဲကွက် တွေ ဖြစ်လာပါတယ်။ မျက်နှာဆေးတော့ မေးစေ့အောက် လည်ပင်း နားရွက်တွေပါဆေးတွေ ထိတော့ လည်ပင်း နားရွက်တွေပါ ယားတဲ့နေရာတိုင်း မဲ ကုန်ပါတယ်။ အရင် ဆံပင်တစ်ခုပဲဆေးဆိုးတုန်းက ဒီလို မဖြစ်ပါ။ စိတ်အရမ်းဆင်းရဲပြီး -
၁/ Aryu က Professor Dr. khaing Khaing Zaw နဲ့ ပြပါတယ်။မပျောက်ပါဘူး။Chemical တွေ အရေပြားထဲ နက်နက်ရှိုင်းရှိုင်း ထိ ဝင်သွားတယ်လို့ပြောပါတယ်။ ဆိုင်ကသုံးတဲ့မျက်နှာဆေးတွေ ရဲ့ Expired date သိလားမေးပါတယ်။မျက်နှာဆေးသူတိုင်းက ဘယ်ဆိုင်ကမှ expired date မပြောတာ မိန်းကလေးတိုင်းသိပါတယ်နော်။လိမ်းဆေးတွေ သောက်ဆေးတွေ နဲ့လည်း မပျောက်ပါဘူး။နေပူထဲ သွားလို့မရပါဘူး။ဟင်းချက်လို့မရ မျက်နှာ အပူဟပ်လို့မရဘူး။ပူရင် ပိုမဲ မယ်လို့ပြောပါတယ်။ တစ်နေ့ဓူဝ အိမ်အလုပ် လုပ်ရတဲ့အန်တီ့အဖို့ ဈေးသွား ဟင်းချက် ကလေးကျောင်းပို့ အပြင်သွား လုပ်ရပါတယ်။
၂/ နောက် သာကေတ က ဇီဝသုခ ဆေးခန်းက အရေပြားအထူးကုနဲ့ ထပ်ပြပါတယ်။ ပေးတဲ့ဆေးတွေ လိမ်းတာလည်း မပျောက်ပါဘူး။သွေးတွေလည်းစစ်နဲ့ ငွေတွေသောက်သောက်လဲ ကုန်ပါတယ်။
၃/ နောက် ပျောက်ချင်လွန်းလို့ တာမွေ ဗဟိုရ်စည်ဆေးခန်းက အရေပြားအထူးကု ဆရာကြီး Dr.kyaw kyaw နဲ့ထပ်ပြပါတယ်။ပေးတဲ့ဆေးတွေလည်း သောက် လိမ်းပါတယ်။မြင်တဲ့အတိုင်းပဲ မပျောက်ပါဘူး။ယားရင် ကုတ်မိရင် ကုတ်တဲ့နေရာမဲတာက နေပူမိရင် ပိုမဲလာပါတယ်။
၄/အတော်စိတ်ဆင်းရဲနေလို့ ဒီနေ့ သီဟသိဒ္ဓိ အရေးပြားဆေးခန်းက အရေပြားအထူကု Dr.khin su su နဲ့ ထပ်သွားပြပါတယ်။ Dr. က အပြတ်ပြောလိုက်ပါတယ်။ အရေးပြားထဲ အသားထဲထိ Chemical တွေ က ရောက်သွားလို့ မပျောက်တော့ပါဘူး အနည်းငယ်သက်သာအောင် ပဲ လုပ်လို့ရမယ်လို့ အပြတ်ပြောပြီး ဘာဆေးမှ မပေးလိုက်ပါဘူး။ စမ်းသပ်ခပဲ ယူလိုက်ပါတယ်။
နောင်တ က တော့ သူများအားနာပြီး မျက်နှာဆေးမိလိုက်တာ သေရာပါအမဲစက်တွေရသွားတာပါ။ မျက်နှာဆေးရင် သတိထားကြပါ။အန်တီ့လို မဖြစ်စေချင်လို့ စေတနာနဲ့ တင်ပေးလိုက်ပါတယ်။
credit ပါ
ကွန်မန့်လေးပါ sharing လုပ်လိုက်တယ်
သတိထားနိုင်အောင်
ဒါပေမယ့်လေ ဆရာဝန် က ပြောတာကလေ သာမန် အရေပြားဖြစ်စဉ်လိုမဟုတ်ပဲ expired chemical burn တာ မလို့ ချွေးပေါက်တွေကျယ်ပြီး အပေါက်ထဲကနေ အသားနက်နက်ထဲ ထိရောက်သွားလို့ သာမာန် တင်းတိတ် သမားတွေလို အရေပြားရောဂါလည်း မဟုတ်တော့ ဆေးပေးလို့မရတာလို့ပြောတယ်။
"""အရေးပေါ် အပူလှိုင်းသတိပေးချက်"""
ဧပြီ ၁၉ မှ မေ ၃၁ အထိ
မနက် ၁၀ နာရီ မှ နေ့လည် ၃ နာရီအတွင်း..
အပြင်ထွက်ခြင်းမလုပ်ပါနှင့်၊ အထူးသဖြင့် အကာအကွယ်မရှိသောနေရာများတွင် မနေပါနှင့်။
အပူချိန် – ၄၅°C မှ ၅၅°C အထိ
မိုးလေဝသဌာန – အလွန်မြင့်မားသောအပူချိန်များ ဖြစ်ပေါ်မည်ဟုမျှော်မှန်းထားသည်။
နေရောင်ခြည် UV ၇၀% သည် မြေပြင်ကိုတိုက်ရိုက်ထိခိုက်နိုင်သည်။
အသက်ရှူခက်ခဲခြင်း သို့မဟုတ် ခန္ဓာကိုယ်မအီမသာဖြစ်ခြင်းများ ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ။
အခန်းများကို လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များဖွင့်ထားပါ။
ဖုန်းအသုံးပြုမှု လျှော့ချပါ (အပူမြင့်မှုကြောင့် ဖုန်းပေါက်ကွဲနိုင်ခြေရှိသည်ဟု ဆိုထားသည်)။
ကိုယ်တိုင်သတိရှိပြီး အခြားသူများကိုလည်း အသိပေးပါ။
ဒိန်ချဥ်၊ မလိုင်ထုတ်နို့၊ လီမွန်ရည်တို့လို အအေးပေးသောက်စရာများ သောက်သုံးပါ။
""အရေးကြီးသတင်းအချက်အလက်နှင့်
လမ်းညွှန်ချက်များ""
လာမည့်အပူချိန် – ၄၇°C မှ ၅၅°C အပူလေတိုက်ခတ်မှုကြောင့် အသက်ရှူခက်ခဲမှုများ ဖြစ်နိုင်သည်။
""မဖြစ်မနေလိုက်နာရမည့်အချက်များ""
ကားထဲတွင် မထားရမည့်အရာများ...
ဓာတ်ငွေ့ပစ္စည်းများ၊
မီးလောင်ကိရိယာ (lighter)၊
ဂတ်စ်ပါသောအဖျော်ယမကာများ၊ အနံ့ဆီများနှင့် ဘက်ထရီများ။
"ညွှန်ကြားချက်များ"
ကားပြတင်းပေါက်များကို လေဝင်လေထွက်အတွက် အနည်းငယ်ဖွင့်ထားပါ၊
ဆီတိုင်ကို အပြည့်မဖြည့်ပါနှင့်။
နံနက်အစောနှင့်ညနေခင်းတွင်သာဆီဖြည့်ပါ။
နေပူဆုံးအချိန်များတွင် ကားမောင်းသွားလာခြင်ရှောင်ကြဉ်ပါ။
တာယာများကို မပိုမကျန်ဖိအားမထည့်ပါနှင့်။
"အခြားသတိပြုရန်"
ကင်းမြီးကောက်များ၊ မြွေများ အေးမြရာရှာရန် အိမ်ထဲဝင်လာနိုင်သည်ကို သတိပြုပါ။
ရေများနှင့် အရည်များ များများသောက်ပါ၊ လေအေးစက် (Aircond.) ကို လိုအပ်သည့်အခန်းများတွင်သာ အသုံးပြုပါ။
အပြင်အပူ ၄၅–၄၇°C ဖြစ်ပါက အိမ်တွင်း AC ကို ၂၄–၂၅°C သတ်မှတ်ပါ။
ဓာတ်ငွေ့အိုးနှင့်ဗူးများကို နေရောင်တိုက်ရိုက်မထိအောင်ထားပါ
လျှပ်စစ်မီတာများကို wattအလွန်မပြည့်အောင် သုံးပါ
၂–၃ နာရီတိုင်း အနားယူချိန် အနည်းဆုံး ၃၀ မိနစ်ယူပါ
မနက် ၁၀ မှ နေ့လည် ၃ နာရီအတွင်း နေရောင်တိုက်ရိုက်ကို ရှောင်ကြဉ်ပါ
ဤအချက်အလက်များကို မဖြစ်မနေ မျှဝေပါ။
Crd
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
1762005