utmz68

utmz68

Share

07/10/2023

ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ဇနီး ကေသီဟာ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဖာဂူဆန်ဟာ သူ့ ဇနီးသည်ကို အချိန်ပေးဖို့အတွက် ယူနိုက်တက်နည်းပြရာထူးကို စွန့်လွှတ်ခဲ့တာလို့ ပြောဆိုဖူးပါတယ်။

၂၀၁၃ မှာ သူ နည်းပြဘဝကနေ အနားယူခဲ့ပြီး ဇနီးသည်ကို ဆယ်စုနှစ်တခုကြာ အချိန်ပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တ်နည်းပြဘဝမှာ ဇနီးသည်ကို အချိန်မပေးနိုင်ခဲ့တဲ့ ဖာဂူဆန်အတွက် အဆိုပါကာလတွေက စိတ်ချမ်းသာစရာဖြစ်ခဲ့မှာတော့ သေချာပါတယ်။

ဆာအဲလက်စ်နဲ့ထပ်တူ ဝမ်းနည်းရတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းကလည်း သတင်းထုတ်ပြန်ဖော်ပြထားပါတယ်။

07/10/2023

ကိုယ့်ခေါင်းဆောင် ကိုယ်တင်မြှောက်နေနိုင်ကတည်းက ထိုင်ဝမ်ဟာ လွတ်လပ်ပြီးသားပဲလို့ ဒုတိယ သမ္မတပြော

People's Spring

ကိုယ့်ခေါင်းဆောင်ကိုယ် ရွေးကောက် တင်မြှောက်ခွင့် ရနေကတည်းက ထိုင်ဝမ်ဟာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်တဲ့ နိုင်ငံတစ်ခုဆိုတာ သက်သေပြနှင့်ပြီးပြီလို့ သမ္မတသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ပုဂ္ဂိုလ်က ပြောပါတယ်။

တရုတ်က ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ကို နိုင်ငံတကာနဲ့ အဆက်အသွယ် ပြတ်တောက်အောင် သံတမန်ရေးအရ အစွမ်းကုန် ဖိအားပေးနေပြီး ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အနေနဲ့သာ ရပ်တည်လိုနေပါတယ်။

တရုတ်က လိုအပ်လာရင် ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံးပြီး တိုက်ခိုက် သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားဖူးပြီး အဲဒီစကားကိုလည်း ဘယ်တုန်းကမှ မရုပ်သိမ်းခဲ့ပါဘူး။

ဂျပန် သတင်းဌာန တစ်ခုနဲ့ အင်တာဗျူးမှာတော့ ထိုင်ဝမ် ဒုတိယ သမ္မတ ဝီလျံလိုင်က ထိုင်ဝမ်ဟာ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိတွေကို အဆင့်တိုင်းမှာ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက် တင်မြှောက်နေတာ ဖြစ်ကြောင်း၊ အောက်ခြေ ရပ်ရွာ အုပ်ချုပ်ရေးမှူးကအစ သမ္မတ အဆင့်ထိ ကိုယ့်ခေါင်းဆောင်ကိုယ် ရွေးကောက် တင်မြှောက်နိုင်တာ တစ်ခုတည်းကို ကြည့်ရင်တောင် ထိုင်ဝမ်ရဲ့ လွတ်လပ်မှုနဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို အလွယ်တကူ သိမြင်နိုင်ကြောင်း ပြောကြားသွားပါတယ်။

တကယ့်ကို စစ်မှန်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုသာ မဟုတ်ခဲ့ရင် လွတ်လပ်ပွင့်လင်းပြီး ဒီမိုကရေစီ ပြည့်ဝတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ဘယ်လို ဖြစ်နိုင်မှာလဲလို့လည်း လီက မေးခွန်းထုတ်ခဲ့ပါသေးတယ်။

သူက ထိုင်ဝမ်ဟာ တရုတ် သမ္မတနိုင်ငံဆိုတဲ့ တရားဝင် နာမည်ကို ပြောင်းလဲဖို့လည်း ဆန္ဒမရှိဘူးလို့ အတည်ပြုသွားပါတယ်။

ထိုင်ဝမ်မှာ ဇန်နဝါရီလ ရွေးကောက်ပွဲကျရင် လက်ရှိ သမ္မတ ဆိုင်အင်ဝမ်က ပါဝင်ယှဉ်ပြိုင်ခွင့် ရတော့မှာ မဟုတ်ဘဲ သူ့ရဲ့ အရိုက်အရာကို ဆက်ခံဖို့ လိုင်က ရေပန်းအစားဆုံး ရပ်တည်နေတာ ဖြစ်ပါတယ်။

Photos from utmz68's post 04/10/2023

■ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၂ ပွဲပြီးရလဒ်များ

ဆဲလ်တစ် ၁-၂ လာဇီယို

ဒေါ့မွန် ဝ-၀ အေစီမီလန်

နယူးကာဆယ် ၄-၁ PSG

ဇဗက်ဒါ ၂-၂ ယန်းဘွိုင်းစ်

လိုက်ပ်ဇစ် ၁-၃ မန်စီးတီး

ပေါ်တို ဝ-၁ ဘာစီလိုနာ

Photos: Twitter

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


9th Street
Yangon