KnowLedge Wave

KnowLedge Wave

Share

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၂) 15/11/2022

လူအများစု လက်ခံကိုးကွယ်နေကြသော အပြင် (၃၇)မင်း နတ်များ ၏ အမည်နာမ အစဉ်လိုက် အား အပိုင်း(၁) တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ အပိုင်း (၂) နှင့် အပိုင်း (၃) ၊ အပိုင်း (၄) တို့တွင် နတ်များအကြောင်းကို အသေးစိတ်ဖော်ပြသွားပါမည်။ ၁။ သိကြားမင်း သိကြားနတ်သည် မိုး နှင့် မိုးကြိုးကို အစိုးရသည်။ လူတို့ကို ကာကွယ်စောင့်ရှောက်၍ လူတို့အပေါ် ကောင်းကျိုး ၊ ဆိုးကျိုးကို ကြည့်ကာ စီမံ စီရင်သူ ဖြစ်သည်။ ၂။ မင်းမဟာဂီရိနတ် မဟာဂီရိနတ် သည် တကောင်းမြို့မှ ပန်းပဲမောင်တင့်တယ် ဖြစ်သည်။ မင်းမဟာဂီရိနတ် စတင်ဖြစ်ထွန်းရာ ကာလမှာ ပုဂံခေတ် သေဉ်လည်ကြောင်မင်းလက်ထက် (အေဒီ ၃၄၄ - ၃၈၇) လက်ထက် ဟု ဆိုသည်။ ပန်းပဲဦးတင့်တော် ၏ သား မောင်တင့်တယ် သည် "ဆင်ပြောင်ကိုပင် ချီနိုင်သည် ၊ ဆင်စွယ်ကိုပင် ချိုးပစ်နိုင်သည်" ဟု ဂုဏ်သတင်းမွှေးပျံ့ရာ တကောင်းဘုရင်သည် စိုးရိမ်သဖြင့် လိုက်လံဖမ်းဆီးသောကြောင့် ထွက်ပြေးရသည်။ …...

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၂)   လူအများစု လက်ခံကိုးကွယ်နေကြသော အပြင် (၃၇)မင်း နတ်များ ၏ အမည်နာမ အစဉ်လိုက် အား အပိုင်း(၁) တွင် ဖော်ပြခဲ့ပြီး ဖ.....

တောင်ပြုန်း အဆက်အနွယ် နတ်များ 15/11/2022

ပုဂံခေတ် အနော်ရထာမင်းကြီး လက်ထက်တွင် ရွှေဖျဉ်းညီနောင် မှာ နတ် ဖြစ်ပြီး အပြင် (၃၇) မင်း နတ်များ စာရင်းတွင် ပါဝင်ခဲ့သည်။ ထိုခေတ် အချိန်အခါက ရွှေဖျဉ်းညီနောင် နှင့် တစ်ဆက်တည်း နတ် ဖြစ်ကုန်သော နတ်အနွယ်တော်များ ရှိခဲ့သေးသည်။ ၎င်းနတ်များကို လူအများ ကိုးကွယ်ပူဇော်နေကြသေးသည်။ ထိုနတ်များသည် အပြင် (၃၇) မင်း နတ်များစာရင်းတွင် မပါဝင်သောလည်း ကိုးကွယ်မှုခံယူနေကြရသော နတ်အနွယ်များ ဖြစ်သည်။ ရွှေဖျဉ်းညီနောင် တို့နှင့် အဆက်အနွယ်ဖြစ်ပြီး လူအများ၏ ကိုးကွယ်မှုခံရသော နတ်အနွယ် (၉) ပါး ရှိသည်။ ၎င်းတို့မှာ - ၁။ ပုပ္ပားမယ်တော် (မယ်ဝဏ္ဏ) ၂။ မယ်ခေမာ (ခေါ်) ခင်မသာ နတ် ၃။ တောင်တော်သခင်မ (မရွှေဥ) ၄။ မစောခင်နတ် ၅။ မောင်ရင်မောင်နတ်...

တောင်ပြုန်း အဆက်အနွယ် နတ်များ ပုဂံခေတ် အနော်ရထာမင်းကြီး လက်ထက်တွင် ရွှေဖျဉ်းညီနောင် မှာ နတ် ဖြစ်ပြီး အပြင် (၃၇) မင်း နတ်များ စာရင်းတွင် ပါဝ....

ရေငန်ပိုင်ဦးရှင်ကြီး 15/11/2022

ရေငန်ဒေသ ၊ ပင်လယ်ပြင် နှင့် ရေလုပ်ငန်းများဖြင့် မကင်းကြသူများသည် ဦးရှင်ကြီး ကို ပူဇော်ပသကြသည်။ ရေငန်ပိုင်ဦးရှင်ကြီး အကြောင်းနှင့်ပတ်သက်၍ မိန်းမလှကျွန်းသည် မြစ်ဝကျွန်းပေါ်ဒေသတွင် ထင်ရှားကျော်ကြားသည်။ ရေနေသတ္တဝါ ဖြစ်သော မိကျောင်းများလည်း အလွန်ပေါသည် ဟု ဆိုကြသည်။ မိန်းမလှကျွန်းတွင် မြရာပင်များနှင့် စိမ်းလန်းစိုပြေနေပြီး ထိုကျွန်း၏ တောင်ဘက်တွင် ကျွန်းညိုကြီး ဟု အမည်ရှိသော ကျွန်းတစ်ကျွန်းလည်း ရှိသေးသည်။ ဦးရှင်ကြီး ကို အချို့က ကျွန်းညိုရှင် ဟုလည်း ခေါ်ဆိုကြသည်။ ကျွန်းညိုကြီးသည် ယခုအခါတွင်မူ လူနေအိမ်ခြေများဖြင့် စည်ကားလျက် ကျွန်းညိုရွာ ဟု ခေါ်နေကြပြီ ဖြစ်သည်။ရာမညတိုင်း ၊ မွန်လူမျိုးများကောင်းစားစဉ်အခါက ပဲခူးနယ် ၊ စည်တီးရွာသား မောင်ရှင် သည် အသက်အရွယ်ငယ်စဉ် ဖခင်သူကြီးဖြစ်သူ ကွယ်လွန်သွားသဖြင့် ဆင်းရဲနွမ်းပါးပြီး သူ၏ ထူးချွန်တတ်မြောက်သော စောင်းပညာဖြင့် ငွေကြေးရှာကာ မိခင်မုဆိုးမကြီး ဒေါ်ဖြူ ကို ကျွေးမွေးရသည်။သားငယ်မောင်ရှင် ကို ရှင်သာမဏေ မဝတ်ပေးရသေးသောကြောင့် ဒေါ်ဖြူက သူမ၏ ခင်ပွန်း မကွယ်လွန်မီ ကောင်းစားစဉ်အခါက အစ်မဖြစ်သူ ဒေါ်သူ အား ငွေ (၃) ပိဿာ ချေးငှားပေးခဲ့ဖူးသည်ကို သတိရ၍ ယခုအခါ ဒေါ်သူ မှာ ကြွယ်ဝချမ်းသာနေပြီဖြစ်သောကြောင့် သားရှင်ပြုရန်အတွက် သွားရောက်တောင်းဆိုခဲ့သည်။ဒေါ်သူ က ငွေကို မပေးသည့်အပြင် ဆဲဆိုကြိမ်းမောင်းနှိပ်စက်လွှတ်လိုက်သဖြင့် ရှက်လည်းရှက် ၊ စိတ်လည်း နာ၍ မောင်ရှင် တို့ သားအမိနှစ်ဦး ဒလ သို့ လာရောက်နေထိုင်ကြသည်။ မောင်ရှင် သည် ရှင်သာမဏေဝတ်ရန်အတွက် ငွေကြေးရရှိအောင် လှေတစီးတွင် မျောခုတ်သမား ၊ လှေထိုးသား အဖြစ်ဖြင့် လိုက်သွားရာ မိန်းမလှကျွန်း သို့ ရောက်ခဲ့သည်။မိန်းမလှကျွန်းတွင် ကရင်မုဆိုးမကြီး ၏ သမီး (၄) ဦးတို့သည် ကျားကိုက်ခံရ၍ သေခဲ့ရပြီး နတ်စိမ်းဘဝ ဖြင့် စောင့်ကြပ်နေကြရသည်။ မောင်ရှင် လိုက်ပါလာသောလှေသည် မိန်းမလှကျွန်းသို့ ရောက်ရှိခဲ့ပြီး မျောများခုတ်ယူနေကြစဉ် တစ်နေ့သောအခါ လှေစောင့်တာဝန်ဖြင့် မောင်ရှင်သည် နေကျန်ရစ်ခဲ့ရသည်။ ပျင်းရိသဖြင့် အပျင်းပြေစောင်းတီးခတ်ရာမှ မိန်းမလှကျွန်းစောင့် နတ်သမီးများ မှ သဘောကျနှစ်သက်ပြီး လှေပြန်ထွက်ချိန်တွင် လှေကို ပြန်လည်ထွက်ခွာမှုမပြုနိုင်အောင် နတ်အစွမ်းဖြင့် ဆွဲထားကြသည်။လှေသူကြီးမှ မဲချ၍ လူရွေးရာ မောင်ရှင် သည် သုံးကြိမ်တိုင်တိုင် မဲကျသဖြင့် သူ့အား ရေထဲသို့ ပစ်ချကြရာ ရေထဲမရောက်မီတွင် ပျောက်သွား၍ အရှင်လတ်လတ် နတ် ဖြစ်သွားသည် ဟု ဆိုကြသည်။(၃၇) မင်းနတ်များ တွင် မပါဝင်သော်လည်း နတ်ထိန်း ၊ နတ်ကတော်များ နတ်ကန္နားပေး၍ ပွဲပြုလုပ်သည့်အခါတိုင်း ဦးရှင်ကြီး ကို ဆွမ်းတင်မြှောက်သ ကိုးကွယ်ကြသည်။ Written by KnowLedgeWave.

ရေငန်ပိုင်ဦးရှင်ကြီး  ရေငန်ဒေသ ၊ ပင်လယ်ပြင် နှင့် ရေလုပ်ငန်းများဖြင့် မကင်းကြသူများသည် ဦးရှင်ကြီး ကို ပူဇော်ပသကြသည်။ ရေငန်ပိုင်....

Mingalar Par! မင်္ဂလာပါ! 15/11/2022

Welcome to our KnowLedgeWave Blog. We're trying to give you knowledge. Thanks for your reading our Articles..

Mingalar Par! မင်္ဂလာပါ! Welcome to our KnowLedgeWave Blog. We’re trying to give you knowledge. Thanks for your reading our Articles..

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Sheet Taung Gyrr Street
Yangon
11381