Marvel Racing
08/11/2024
ကျွန်တော်အခုတစ်ခေါက်ထပ်ပြီးပြောပြချင်တာကတော့ ကားတစ်စီးရဲ့ ⚡️Differential ⚡️အကြောင်းပါ။ကားကိုဝါသနာပါတဲ့လူငယ်တော်တော်များများကတော့ Drift ကို ရူးသွပ်ကြမှာပါ။Drift မောင်းဖို့အတွက် အဓိက ကျတဲ့နေရာမှာပါရှိတာကတော့ Differential ပါ။Limited Slip Differential (L*D)တွေပေါ့။Drift မောင်းဖို့ အတွက်ဆိုရင်ကားရဲ့ Rear Wheel 2ခုလုံးက တစ်ပြိုင်ထဲအလုပ်လုပ်ဖို့ လိုအပ်ပါတယ်။အဲ့လိုတစ်ပြိုင်ထဲအလုပ်လုပ်ဖို့ဆိုရင် wheel တွေဆီကိုသွားတဲ့ Axle တွေက တစ်ပြိုင်ထဲ အလုပ်လုပ်နေမှ ဖြစ်မှာပါ။အဲ့ Axle တွေ တစ်ပြိုင်ထဲ အလုပ်လုပ်ဖို့အတွက် တာဝန်ယူပေးနေတာကတော့ Limited Slip Differential (L*D)တွေပါပဲ။ကျွန်တော်လောလောဆယ် L*D တွေအကြောင်းမပြောပဲ ရိုးရိုး Differential တွေအကြောင်းအရင်ပြောပါမယ်။အောက်ကပုံတွေမှာ Differential တစ်လုံးမှာ ပါတဲ့ အစိတ်အပိုင်းတွေကို အသေးစိတ်တွေ့ရမှာပါ။အဲ့လိုဆို ကျွန်တော်တို့ ဒီမှာလွယ်ကူစျေးသက်သာပြီး အသုံးများတဲ့ Welding Differential အကြောင်းဆက်ပြောပါမယ်။ Welding differential ဆိုတာကတော့ ကျွန်တော်တို့ differential side gear နဲ့ differential carrier pinion တွေကို Welding လုပ်လိုက်တဲ့ အခါမှာ တစ်ဖက်တစ်ချက် ဆီမှာရှိတဲ့ Axle တွေက တစ်ပြိုင်ထဲ အလုပ်လုပ်သွားပါတယ်။ပြောရမယ်ဆိုရင် L*D အတိုင်းဖြစ်သွားတယ်ပေါ့။L*D နဲ့ မတူပဲမကောင်းတဲ့ အချက်ကတော့အချိန်ပြည့် တစ်ပြိုင်ထဲ အလုပ်လုပ်နေတာပါ။ကျွန်တော်ဒီတစ်ခေါက်အဓိကပြောပြချင်တာကတော့ Differential Ratio အကြောင်းပါ။Drift မောင်းနေတဲ့ ညီအစ်ကို သူငယ်ချင်း ဆရာများကတော့ ဒီ Ratio အကြောင်းကို ကောင်းကောင်းနောကြေနေပါပြီ။ဘာဖြစ်လို့လဲဆိုတော့ Ratio မှားတဲ့ အခါမှာ တော်တော်လေးကို ဒုက္ခရောက်ခဲ့ကြလို့ပါ။အဲ့ဒါကြောင့်လဲ Drift ကို ဝါသနာပါပြီး စမောင်းမယ့်သူတွေအတွက်ခုလို့ရေးလိုက်ရတာပါ။L*D ပဲဖြစ်ဖြစ် Welding differential ဖြစ်ဖြစ် Ratio ကအရေးကြီးတာအတူတူပါပဲ။ကျွန်တော်တို့ Ratio ကို ဘယ်လိုတွက်ရမလဲဆိုရင် Ring Gear pinion ကို Drive pinion နဲ့ စားလိုက်မယ်ဆိုရင် ဒဿမ ကိန်းတွေပါတဲ့ ကိန်းဂဏန်းတစ်ခုရလာမှာပါ။3.7,3.9,4.1,4.3,အနောက်မှာ ဒဿမကိန်း၃လုံးလောက်နဲ့ ထွက်လာမှာပါ။ကျွန်တော် အတိုချုပ်ပဲရေးလိုက်တာပါ။အဲ့ဒီratio တွေကို ကိုယ့်ကားမှာ မှန်ကန်စွာ ရွေးချယ်နိုင်ဖို့လိုပါတယ်။အဲ့လိုရွေးချယ်ဖို့ဆိုရင် ကျွန်တော်တို့ အကုန်လိုက်ပြီး တွက်ရတော့မှာပါ။
Angle kit Degree,Gear box Ratio,Rim size,Tire Width,Tire Pressure, Drive Map အကုန်လုံးကိုထည့်တွက်ရတော့မှာပါ။အဲ့လိုမှ မတွက်ဘူးဆိုရင်ကျွန်တော်တို့မောင်းရတာ စိတ်တိုင်းကျနေမှာမဟုတ်ပါဘူး။ကျွန်တော်တို့လိုချင်တဲ့point မရောက်ခင် Gear ကုန်သွားတာမျိုး၊Ratio မမျှတဲ့အတွက်ကားက အီပြီးလေးနေတာမျိုးတွေကြုံရမှာပါ။ကျွန်တော်ကတော့ဒီစာထဲမှာ အချက်အလက်အကုန်လုံးကို အသေးစိတ်ပြောပြနိုင်မှာ မဟုတ်ပါဘူး။ဘာလိုလဲဆိုတော့ ကျွန်တော်လဲတချို့ပစ္စည်းတွေကိုတွဲဖက်မသုံးဘူးတဲ့အတွက် အလုံးစုံတိတိကျကျမမှန်နိုင်လို့ပါ။ယခုDrift မောင်းနေကြတဲ့သူတော်တော်များများမှာလဲ သူတို့ တွက်ချက်နည်း အသုံးပြုနည်းနဲ့ Driving style တွေ ကိုယ်စီရှိကြပါတယ်။Drift ကိုရူးသွပ်တဲ့ လူငယ်တွေလဲအခုလိုအသေးစိတ်ကအစနားလည်အောင်တစ်ခုချင်းလေ့လာလိုက်စားဖို့လိုအပ်ပါတယ်။အဲ့တော့ ခုမှစ မောင်းမှာပဲဖြစ်ဖြစ် မောင်းတတ်ခါစသူတွေပဲဖြစ်ဖြစ် Differential ကိုသေချာလေးရွေးချယ်တပ်ဆင်နိုင်စေဖို့ တင်ပေးလိုက်တာပါ။အသေးစိတ်သိချင်တယ်ဆိုရင်တော့ chat box or Personal acc မှာ လာရောက်ဆွေးနွေးလို့ရပါတယ်။ကျွန်တော် သိတဲ့ knowledge လေးတွေတော့ ပြောပြပေးမှာပါ။
P.S ❗️Limited Slip Differential သည်drift ကားအမျိုးအစားမှာပဲ တပ်ရသော ပစ္စည်းမဟုတ်ပါ။L*D အမျိုးအစားများရှိပါသေးသည်။အဲ့အကြောင်းအရာတွေကိုတော့ နောက်ထပ်post တစ်ခုမှာထပ်တင်ပေးပါမယ်။ အမှားအယွင်းရှိပါကထောက်ပြပြီး သည်းခံခွင့်လွှတ်ပေးကြပါခင်ဗျာ🙏🏻။
💥တစ်လက်စထဲ တစ်ခါတည်းပြောလိုက်ချင်လို့ပါ။Drift cultureနဲ့ အားကစားကို အချိန်ပြည့်အပြစ်တင်ဆဲဆိုနေတဲ့ လူတွေအတွက်ပါ။ကျွန်တော်တို့တွေက ထင်တိုင်းကြဲမူးရူးနေတဲ့လမ်းဘေးကလမ်းသရဲတွေမဟုတ်ပါဘူး။ကျွန်တော်တို့မှာ ဒီအားကစားတတ်မြောက်ဖို့နဲ့မောင်းနှင်နိုင်ဖို့ကို အချိန်တွေငွေတွေဦးနှောက်တွေ အကုန်လုံးရင်းထားရတာပါ။မိတ်ဆွေတို့ထင်သလို မူးရင်ရမ်းပြီးမောင်းချင်တိုင်းမောင်းနေလို့ရနေတာလဲမဟုတ်ပါဘူး။
လူကြီးမင်းတို့မြင်တဲ့ အတိုင်းမောင်းနှင်နိုင်ဖို့ လေ့ကျင့်ရတယ် စာတွေဖတ်ရပါတယ် တစ်ရက်လောက်မောင်းဖို့အတွက် တစ်လမကပြင်ဆင်ရပါတယ်။ငွေကုန်ကြေးကြတွေအများကြီးခံရပါတယ်။လူကြီးမင်းတို့ပြောနေတဲ့ safety အတွက် လူကြီးမင်းတို့ကားတွေထက် ပိုပြီးဂရုစိုက်ရပါတယ်။အဲ့တော့ လူကြီးမင်းတို့ မေတ္တာပို့နေသလိုမျိုး တိုက်တာတွေ ကြေတာတွေ သေတာတွေ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ဘောလုံးအားကစားကိုဝါသနာပါလို့ ဘောလုံးကန်နေတဲ့ ဘောလုံးသမားတစ်ယောက်လိုမျိုး ကျွန်တော်တို့လဲ Drift Racing ကို ဝါသနာပါလို့ Drift မောင်းနေကြတဲ့ လူငယ်တွေပါပဲ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်🙏🏻။
03/05/2024
JSK Racing Carbon Fiber Hood
For Fairlady 350Z
29/04/2024
Tourer V Front Brake
📲09 9797 20207
29/04/2024
Admin ဆီမှာ ကားပစ္စည်းဝယ်နေကြ အစ်ကိုကြီးများ 😂😂😂
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No 16(A), Damayarzar (1)street , Southokkalapa
Yangon
10119