CEC-Capacity English Class
07/06/2021
သားသားမီးမီးတို့
အင်္ဂလိပ်စကားပြော တိုးတက်စေဖို့ နည်းလမ်းများ
===========================
အင်္ဂလိပ်စကားပြောတိုးတက်ချင်တယ်၊ အဖော်ကလည်း မရှိဘူး၊ ဒါပေမယ့် မစိုးရိမ်ပါနဲ့၊ တစ်ယောက်တည်းနဲ့ အင်္ဂလိပ် စကားပြောတိုးတက်ဖို့ လေ့ကျင့်ရမယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဲဒီအထဲကမှ ကိုယ်တိုင် လွယ်လွယ်ကူကူလုပ်လို့ရမယ့့် အချက် တစ်ချို့ကို ပြောပြပါမယ်။
Think in English (အင်္ဂလိပ်လိုတွေးပါ)
*****************************
အင်္ဂလိပ်လိုတွေးရမယ်ဆိုထဲက အင်္ဂလိပ်နဲ့သက်ဆိုင်တဲ့ Activity တစ်ခုဟာ ကိုယ့်ရဲ့တစ်နေ့တာမှာ ပါဝင်ဘို့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီ။ ဥပမာ- ကိုယ်ဝါသနာပါတဲ့ အင်္ဂလိပ်သီချင်းတွေ နားထောင်ပြီး လိုက်ဆိုတာမျိုးပေ့ါ။ နေ့တိုင်း နေ့တိုင်း အင်္ဂလိပ်စာကို တွေးနေမယ်….ပြောနေမယ်ဆိုရင် အင်္ဂလိပ်စကားကို သဘာဝကျကျနဲ့ ပြောတတ်လာလိမ့်မယ်။ အဲ့ဒီလို အင်္ဂလိပ်တွေးလိုက်တဲ့အခါ မိခင်ဘာသာစကားနေရမှာ အင်္ဂလိပ်ဘာသာစကားဟာ အစားထိုးဝင်ရောက်လာတယ်။
အင်္ဂလိပ်လိုတွေးပါဆိုတာက ကိုယ်က မြန်မာ၊ ပြောရမယ့် စကားက အင်္ဂလိပ်လိုဖြစ်နေတဲ့အခါ ဘာသာပြန်ခြင်းဆိုတဲ့ အကျင့်တစ်ခုဖြစ်လာတယ်။ အမြဲတမ်း ဘာသာပြန်နေဖို့ ဆိုတာ ထင်သလောက်မလွယ်သလို အချို့ မြန်မာလိုသုံးတာနဲ့ အင်္ဂလိပ်လို သုံးတာက မတူဘူးဖြစ်နေတယ်။ ဥပမာ- မြန်မာမှာက တယ်လီဖုန်းလာသည်။ အဲ့ဒါကို အင်္ဂလိပ်လို ပြန်လိုက်တော့ Telephone is coming. ဒီလိုဆို မှားသွားပြီ။ အင်္ဂလိပ်မှာက တယ်လီဖုန်းလာတာကို Telephone is ringing. ဆိုပြီး သုံးတယ်။ ဒါကြောင်မို့လို ဘာသာပြန်တဲ့အခါမှာ မတူညီတဲ့ အသုံးတွေရှိနေတာကို သတိပြုရမယ်။
အဲ့ဒီ ပြသာနာကို ဘယ်လိုဖြေရှင်းမလဲဆိုတော့ နေ့စဉ်ပြောနေကျ ထမင်းစားမယ်၊ ရေသောက်မယ့် စတဲ့ အလွယ်လေးတွေကို အင်္ဂလိပ်လို ပြောပါ။ ကိုယ်မသိတဲ့ စကားလုံးတွေကို ရှာမယ်ဆိုရင် English to English Dictionary ကို သုံးပါ။ အင်္ဂလိပ်ကနေ မြန်မာလို ဘာသာပြန်ထားတဲ့ အဘိဓာန်တွေကို မသုံးတော့ ကိုယ့်မိခင်ဘာသာ စကားကို ပြောဖို့ ကန့်သတ်သလို တစ်ခါထဲဖြစ်သွားတယ်။ အင်္ဂလိပ်လိုတွေးပြီး အင်္ဂလိပ်ပြောတာက အလွယ်ဆုံးပဲမို့ အင်္ဂလိပ်နဲ့ပတ်သတ်တဲ့ စကားပြောအတိုလေးတွေ၊ သတင်းတွေ ၊ သီချင်းတွေကို လိုက်နားထောင်ပြီး ပြန်ပြောတာ ပြန်ဆိုတာ အစရှိတဲ့ Activity လေးတွေကို နေ့စဉ်လုပ်ပါ။
အင်္ဂလိပ်လို တွေးတတ်ဖို့ အောက်မှာပေးထားတဲ့ Activity လေးတွေကို လိုက်လုပ်ကြည့်ပါ။
Activity (1) Use an English to English Dictionary
-----------------------------------------------------------
Look, eat, sleep, go, read အဲ့ဒီစကားလုံးလေးတွေကို English to English Dictionary ကိုကြည့်ပါ။ စကားလုံးတွေရဲ့ အဓိပ္ဗာယ်ရှင်းလင်းပြချက်တွေကို အင်္ဂလိပ်ဖတ်ကြည့်ပါ။
Activity (2) Watch Youtube
--------------------------------------
Everyday English Conversations ဆိုပြီး Youtube ကနေ ရိုက်ရှာလိုက်ပါ။ ကိုယ်နှစ်သက်တဲ့ အကြောင်းအရာလေးတွေကို နားထောင်ပြီး လိုက်ပြောဆိုပါ။
Activity (3) Relax with the music
-----------------------------------------
ကိုယ်နှစ်သက်တဲ့ အင်္ဂလိပ်သီချင်းလေးတွေ နားထောင်ရင်း လိုက်ဆိုရင်းနဲ့ အပမ်းဖြေပါ။ Top ten ဖြစ်နေတဲ့ သီချင်းလေးတွေကို လိုက်ရှာပြီး နားထောင်မယ်ဆိုရင်တော့ up to date ဖြစ်သွားတာပေါ့။
တီချယ်ခင်
07/06/2021
မိဘတွေ ရွေးချယ်မူမှန်ကန်ပါစေ........
KG တတ်နေတဲ့ သမီးလေး သြသြမေမေဟာဆိုရင်လည်း ကလေးတို့ ကမ္ဘာPage လေးကို သေချာလေးဖတ်ပြီး ကြိုက်နှစ်သက်လို့ Regular Class အတန်းလေး လာအပ်တယ်.....တတ်ပြီးလို့ ၁ လခွဲလောက်မှပဲ.....သမီးလေးဟာဆိုရင် Listening Skill တွေ တိုးတတ်လာလို့ဆိုပြီး ဝမ်းသာအားရနဲ့ တီချယ့်ခင် ကို ကျေးဇူးတင်စကားတွေပြောတော့ သင်ပေးရတဲ့ တီချယ်ခင် တကယ်ကျေနပ်ပါတယ်......
Summer Class မှာ ခဏနားမယ်......June မှ ပြန်လာတတ်မယ်ဆိုတာကိုလည်း သေချာလေး ပြောခဲ့တယ်...ဒါပေမယ့် သမီးလေး သြသြက မနားချင်ဘူး......ကျောင်းလာချင်တယ်....ကျောင်းမှာပျော်တယ်လို့ ပြောတယ်တဲ့.....ဘယ်မိဘမဆို ကိုယ့်သားသမီးပျော်တယ်လို့ ပြောတဲ့ ကျောင်းမှာ ထားပေးချင်မှာပဲဆိုတာကိုလည်း ခံစားမိပါတယ်.......
နောက်နေ့ သြသြမေမေက ဖုန်းထက်ဆက်တယ်...တီချယ်ခင်ရေ.....Summer Class လည်း သြသြက မနားတော့ဘူးတဲ့ ......ကျောင်းပြန်လာတတ်မယ်နော်တဲ့....သမီးလေးက အိမ်မှာ ဂိမ်းကစားတဲ့အခါမှာလည်း အင်္ဂလိပ် စကားလုံးတွေကို ချက်ချင်းပြောနိုင်လာတာကို မြင်ရတော့ အစ်မ တကယ်ပျော်ပါတယ်တဲ့...........
နောက်နေ့ ကျောင်းယာယီပိတ်တော့ဆိုတော့ ဖုန်းဆက်ပြီး ပြောပြတော့လည်း ....ဖွင့်တာနဲ့ပြောပါ.......ချက်ချင်းပြန်လာမှာဆိုတာကြည့်ပဲ.......
KG က စသင်ပေးရတာဆိုတော့ ကိုယ်လိုချင်သလို ပုံသွင်းပေးလို့ရတယ်...အင်္ဂလိပ်စာ အခြေခံ ခိုင်အောင် လေ့ကျင့်ပေးလို့ရတယ်...ဒီကျောင်းမှာသာ သင်ပေးတာကို သေချာလိုက်လုပ်......ကျက်စရာရှိတဲ့ Vocabulary လေးတွေလိုက်ကျက်.....အိမ်မှာ စာနဲနဲပါးပါးပြန်လုပ်မယ်ဆိုရင် အင်္ဂလိပ်စာ တကယ်တိုးတတ်မလာဘူးဆိုရင် ကြိုက်သလိုပြောလို့ရတယ်ဆိုတာ အာမခံတယ်......
နောက်ပြီး ဒီမှာ လေ့ကျင့် သင်ကြားပေးတဲ့ နည်းစနစ်နဲ့ သင်ယူလာတဲ့ကလေးတစ်ယောက်ဟာ ဒီ့ထက်ကောင်းတဲ့ နာမည်ကြီးတဲ့ကျောင်းကြီးတွေကို ပြောင်းတတ်မယ်ဆိုရင်လည်း သူတို့အတွက် အခက်အခဲမဖြစ်စေဘူး....
ဘာလို့လဲဆိုတော့ တီချယ်ခင် ကိုယ်တိုင်က နာမည်ကြီးတဲ့ ကျောင်းကြီးမှာ နှစ်ရှည်လများလုပ်လာတဲ့သူမို့ သင်ကြားရေးနဲ့ပတ်သတ်ပြီး နှံ့စပ်သလို အင်္ဂလိပ်ဘာသာစကားကို ဘယ်လိုသင်ကြားပေးရမလဲဆိုတဲ့ ပညာရပ်တွေကိုလည်း သေချာလေ့လာထားတဲ့အပြင် ကလေးဖွံ့ဖြိုးတိုးတတ်မူ ပညာရပ်တွေကိုလည်း လေ့လာထားတာမို့ ကိုယ်သင်ကြားပေးလိုက်တဲ့ ကလေးတစ်ယောက်ဟာ ဘယ်အရာတွေမှာ အားနည်းတယ်.....အားသာတယ်....ဘာတွေကို ပြုပြင်ပေးရမလဲဆိုတာ အသေးစိတ်မှတ်ထားပြီး မိဘတွေကို ပြန်လည်ပြောကြားပေးတာမို့ ကလေးတိုးတတ်မူကိုလိုချင်တယ်ဆိုရင်တော့ ပူးပေါင်းလို့ရပါတယ်......
တီချယ်ခင်
07/06/2021
မိမိကလေးက ဘယ်လိုအခြေအနေလဲ?
•••••••••••••••••••••••••••••••••••••
ဒီနေ့ခေတ်မှာ မိဘတွေဘက်က သားသမီးတွေကို ကိုယ့်အခြေအနေအလိုက် ကိုယ့်ရဲ့ ကလေးတွေကို ပညာရေးမှာဖြစ်စေ သူတို့လိုချင်တာလေးတွေမှာ ဖြစ်စေ အမျိုးမျိုးနဲ့ ဖြည့်ဆည်း ပေးနေကြတယ်။ တစ်ချို့မိဘတွေမှာကြတော့လည်း သားသမီးရတာ ကံကောင်းကြပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံကို သူတို့လေးတွေကို ပုံဖော်ပေးနိုင်တယ်။ တစ်ချို့ကျတော့ ကိုယ်ဖြစ်စေချင်တာနဲ့ ကလေးရဲ့ဆန္ဒက တစ်ထပ်တည်းကျတဲ့အခါ ဘေးကနေ ပံ့ပိုးပေးလိုက်တဲ့ မိဘတွေက ကိုယ့်သားသမီး အတွက် ဂုဏ်ယူလို့မဆုံး ဖြစ်တတ်ပါတယ်။ တစ်ချို့မိဘများမှာတော့လည်း ကိုယ်ဖြစ်စေချင်တာက တစ်မျိုး ကိုယ့်သားသမီးက ဖြစ်စေချင်တာက တစ်မျိုးနဲ့ အမြင်မတူတာတွေဖြစ်လာတဲ့အခါ ဘယ်သူ့ရဲ့ ဆန္ဒက အနိုင်ယူသွားလဲ ဆိုတာကတော့ ပတ်ဝန်းကျင်မှာ ကြည့်လိုက်ပါက အနည်းနဲ့အများတော့ တွေ့ရမှာပါ။ ကိုယ့်ဆန္ဒနဲ့ ကိုယ်ဖြစ်စေချင်တာနဲ့ ကလေးရဲ့ ဘဝကို ပုံမဖော်လိုက်မိပါစေနဲ့။ ကလေးရဲ့ဘဝ တစ်လျှောက်လုံး သူလုပ်ချင်တာကို လုပ်ခွင့်မရတဲ့အခါ ကလေးရဲ့ ဘဝက အောင်မြင်မှာ မဟုတ်ပါဘူး။
နောက်တစ်ချက်က မိဘတွေဘက်က မိမိရဲ့ ကလေးအခြေအနေကို သိဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ကလေးက ဘယ်အပိုင်းမှာ အားနည်းတယ်။ ဘယ်အပိုင်းမှာ အားသာတယ် အစရှိသည်ဖြင့် သိထားဖို့ လိုအပ်ပါတယ်။ ကိုယ်က အဲဒါကိုသိပြီးပြီဆရင် ကိုယ့်ကလေးရဲ့ အားနည်းချက်အပိုင်းကို ဘယ်လို လေ့ကျင့်ပေးသင့်လဲဆိုတာကို သက်ဆိုင်ရာ ဆရာဝန်၊ ဆရာ၊ ဆရာမတွေနဲ့ တွေ့ပြီး အကြံဥာဏ် ရယူတာ ပိုကောင်းပါတယ်။ ကိုယ့်ကလေးရဲ့ အားသာချက်အပိုင်းကို သိပြီဆိုရင်လည်း ကလေးရဲ့ အဲဒီ အားသာချက်ကို အသုံးချပြီး သူ့ဘဝ သူဖြစ်ချင်တာလေးတွေကို အကောင်အထည်ဖော် နိုင်အောင် မိဘတွေဘက်က ပံ့ပိုးပေးမယ်ဆိုရင် သူတို့လေးတွေရဲ့ ဘဝတည်ဆောက်တဲ့အခါ စိတ်နဲ့ ကိုယ်နဲ့ တစ်ထပ်တည်းကျပြီး ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီလိုမှ မဟုတ်ဘဲ ကိုယ်ဖြစ်စေချင်တာတွေနဲ့ပဲ ကလေးဘက်က စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဒါဆိုဒါလုပ်ရမယ်လို့ အတင်းအကျပ် လုပ်ခိုင်းခဲ့မယ်ဆိုရင်တော့ ကလေးရဲ့ ဘဝကို ကိုယ်က ပိတ်ပင်တားမြစ် လိုက်သလို ဖြစ်သွားတတ်ပါတယ်။
ပြီးတော့ ကိုယ့်ရဲ့ ကလေးကို အခြားကလေးများနဲ့ မနိုင်းယှဉ်ပါနဲ့။ လူတိုင်းမှာ ဝါသနာတွေမတူသလို၊ ညဏ်ရည်တွေလည်း မတူ၊ အတွေးအမြင် သဘောထားတွေလည်း မတူနိုင်ပါဘူး။ ကလေးတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ ကိုယ့်ကလေးမလုပ်နိုင်တာကို အခြားကလေးမှာ လုပ်နိုင်တယ်ဆိုပါတော့ ကိုယ့်ကလေးကို မလုပ်နိုင်ရပါ့မလားဆိုပြီး ဆူပူကြိမ်းမောင်းခြင်းက ကလေးရဲ့ တိုးတတ်မူကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ကျွန်မလုပ်နေတာက စာသင်တာဆိုတော့ ကလေးအများစုနဲ့ ရင်းနှီးသလို သူတို့လေးတွေရဲ့မိဘများနဲ့လည်း ဆက်ဆံနေရပါတယ်။ ကလေးလေးတစ်ယောက်ရဲ့ မိဘက ဘာပြောလည်းဆိုတော့ သူ့ကလေးက ကျောင်းမှာ မသွက်လို့ အမြဲတမ်းအေးနေလို့ဆိုပြီး သူ့ကလေး Social မကောင်းတာကို အပြစ်တင် မကျေနပ်ဘူးဖြစ်နေတယ်။ အခြားကလေးတွေလို သွက်သွက်လက်လက် ထက်မြက်တဲ့ ပုံစံလေးဖြစ်စေချင်တယ်။ ဘယ်မိဘမဆို မိမိကလေးကိုယ် အရာရာတိုင်းမှာ တော်စေချင်တယ်၊ တတ်စေချင်တယ်ဆိုတာကို ကျွန်မလည်း ခံစားမိပါတယ်။ ကျွန်မလည်း မိဘကို ဘယ်လိုအားပေးစကား ပြောပေးရမလဲဆိုတာ စဉ်းစားပြီး အကျိုးအကြောင်းကို နားလည်အောင် ပြောပြပေး လိုက်ပါတယ်။ အမှန်တော့ အဲ့ဒီမိဘက မိမိကလေးရဲ့ အားသာချက် အားနည်းချက်ကို မသိတာပါ။ ကျွန်မက ကလေးရဲ့ အားနည်းချက် နဲ့ အားသာချက်ကို ရှင်းပြပေးပြီး ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာကို ရှင်းပြပေးလိုက်ပါတယ်။
ကိုယ့်ကလေးရဲ့ အားနည်းချက် အားသာချက်ကို သိပြီဆုရင် ကိုယ်ကလည်း မိဘတစ်ယောက် အနေနဲ့ လက်ခံတတဖို့ လိုပါတယ်။ လက်ခံတတ်ဖို့ ကလည်း မိဘတစ်ယောက်အနေနဲ့ အင်မတန် အရေးကြီးပါတယ်။ အချို့ ပညာတတ် ပိုက်ဆံရှိ မိဘများဆို သူတို့ကလေးလေး တွေက အခြားကလေးလေးတွေနဲ့ ပုံစံမတူတဲ့အခါ သူတို့မျှော်မှန်းထားသလို မဖြစ်တဲ့အခါ ပိုပြီး လက်ခံတတ်ဖို့ ခက်တတ်ကြပါတယ်။ အလွယ်ဆုံး ဥပမာလေးဖြစ်သလို သက်ဆိုင်ရာမှာ ဝယ်ပြီး ကြည့်လို့်ရတဲ့ ဇာတ်ကားလေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။ အဲဒီဇာတ်ကားလေးထဲမှာ မိဘရယ်၊ ဆရာရယ် ၊ ကလေးရယ် အားလုံးပေါင်းမှ အောင်မြင်မူရတယ်ဆိုတာကို ပြသပေးသွားတယ်။ ကလေးကို မိဘတွေဘက်က ကျောင်းပို့တယ်။ ကလေးက ကျောင်းမှာ မပျော်ဘူး။ သူက စာတွေကို မဖတ်ချင်ဘူး။ စာဖတ်ရမယ့်အစား သူက တကယ့်လက်တွေ့လုပ်ကောင်ရမယ့် အရာတွေကို စိတ်ဝင်စားသလို သက်ရှိသတ္တဝါလေးတွေဖြစ်တဲ့ ခွေးလေးတွေ ၊ ကြောင်လေးတွေကို ပိုပြီးစိတ်ဝင်စားတယ်။ နေ့တိုင်းကျောင်းပို့ပေမယ့် ကလေးက ကျောင်းမှာသင်တဲ့ စာတွေကို စိတ်မဝင်စားတော့ ဆရာမတွေက သူ့ကို ဆူပူကြိမ်းမောင်းပြီး အပြစ်ပေးကြတဲ့အခါ အခြားကလေးတွေရဲ့ လှောင်ပြောင်ခြင်းကို ခံရတယ်။ ဒါနဲ့တင်မကဘဲ ဆရာက မိဘတွေကိုခေါ်ပြီး ကလေးကို သီးသန့်ကျောင်းကို ပို့ပေးဘို့ ပြောတဲ့အခါ ကလေးရဲ့ မိဘဖြစ်တဲ့ အဖေက သူ့ကလေးကို ညဏ်ရည်မမီဘူးလို့ပြောတဲ့အတွက် စိတ်အရမ်းဆိုပြီး အခြားသီးသန့်ကျောင်းတစ်ခုမှာ ကျောင်းအိပ်ကျောင်းစားပို့ဖို့ စုံစမ်းလိုက်တယ်။ ကလေးက မသွားချင်ဘူးလို့ပြောပေမယ့်လည်း မိဘက လက်မခံဘဲ ကလေးကို ဇွတ်အတင်းပို့လိုက်တဲ့အခါ အဲဒီကလေးက ကျောင်းရောက်တော့ ဘယ်သူနဲ့မှ စကားမပြာဘဲ နေ့ရက်တိုင်းကို ကျော်ဖြတ် နေရတော့တယ်။ အဲဒီကျောင်းမှာလည်း ဆရာတွေရဲ့ဆူပူကြိမ်းမောင်း အပြစ်ပေးခြင်းကို ခံမြဲခံနေရတယ်။ ကလေးက ဘယ်လိုမှကို စာမဖတ်တတ်ဘူး။ ကလေးရဲ့ အသက်က တစ်နှစ်ပြီး တစ်နှစ်ပြီး ကြီးလာပေမယ့် စာမဖတ်နိုင်ဘူးဖြစ်နေတယ်။ အဲ့ဒီမှာ ကလေးရဲ့ စိတ်ကို နားလည်တဲ့ ပန်းချီဆရာတစ်ယောက်နဲ့တွေ့ပြီး ကလေးရဲ့စိတ်ကို ပြန်ပြီး တတ်ကြွလာအောင် သူထူးချွန်တဲ့အပိုင်းမှာ တိုးတတ်လာအောင် လုပ်ပေးလိုက်တဲ့ အခါ ကလေးဟာ အရမ်းနဲ့ကို ကျောင်းမှာပျော်လာတယ်။ ကလေးမှာဖြစ်နေတဲ့ပြသာနာက စာဖတ်ခက်တဲ့ ရောဂါခံစားနေရတယ်။ ဒါကိုဆရာက သိပြီးတော့ ပြုပြင်ပေးတဲ့အခါ ကလေးမှာ တိုးတတ်မူတွေကို တွေ့ရတယ်။ နောက်ပိုင်းမှာ မိဘတွေဘက်ကလည်း အမှန်ကိုမြင်လာတယ်။ သိပ်ကိုကောင်းတဲ့ ( Every Child is Special ) ဇာတ်ကားလေးမို့ ကလေးရှိတဲ့ မိဘတိုင်း ကြည့်သင့်ပါတယ်။ ကိုယ့်ကလေးရဲ့ အားနည်းချက် အားသာချက်အပိုင်းကို သိရှိပြီး လက်ခံတတ်ဘို့လိုတယ်ပါတယ်။ မိဘတိုင်းသာမက ဆရာ၊ ဆရာမများပါ ကလေးတွေနဲ့ ပတ်သတ်တဲ့ ကလေးစိတ်ပညာကို အနည်းနဲ့အများသိဖို့ လိုအပ်ပါတယ်။ ဒါဆို အိမ်မှာဖြစ်စေ ကျောင်းမှာဖြစ်စေ ကလေးကိုနည်းမှန်လမ်းမှန်နဲ့ လေ့ကျင့်ပေးလို့ရပါတယ်။ ဆူပူကြိမ်းမောင်းခြင်း၊ နိုင်းယှဉ်ခြင်း၊ အပြစ်တင်ခြင်းတွေက ကလေးတွေရဲ့ တိုးတတ်မူကိုပေးတဲ့ နည်းမှန်လမ်းမှန်ဟုတ်ရဲ့လားဆိုတာကို ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ ကလေးကို စစ်ဆေးပြီး ကလေးတွေရဲ့ ဘဝတိုးတတ်ဖို့ ဘာတွေက အထောက်အကူပြုလဲဆိုတာ မိဘနဲ့ ဆရာ ပူးပေါင်းပြီး အဖြေရှာကြပါစို့ …
#တီချယ်ခင်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11051
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |