Shwin Chan
Providing access to essential vaccines in Myanmar, and empowering healthcare professionals with quality diagnostic products, which provide reliable, immediate, and actionable information and thereby helping them making better informed decision.
10/07/2026
သွေးလွန်တုပ်ကွေး အဖြစ်များတဲ့ရာသီမှာ "ဖုံး၊ သွန်၊ လဲ၊ စစ်" ကိုရော သိထားပြီးပြီလား ❓
👨⚕️သွေးလွန်တုပ်ကွေးဆိုတာ အေးဒီးစ် (Ades) ခြင်ကျား အကိုက်ခံရာကနေတဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပြီး သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ခြင်တွေက နေ့ခင်းဘက်မှာ ကိုက်လေ့ရှိသလို သန့်ရှင်းပြီး ရေစီးရေလာမရှိတဲ့ အိုင်၊ အဖုံးလုံအောင်မပိတ်ထားတဲ့ ရေအိုး၊ ရေကန်တွေမှာ ဥချပေါက်ဖွားကြပါတယ်။
ဒီတော့ ခြင်ပေါက်ဖွားမှုမရှိအောင် အိမ်တွင်းအိမ်ပြင်မှာ ရေတင်ကျန်နိုင်မယ့်နေရာတွေကို "ဖုံး၊ သွန်၊ လဲ၊ စစ်" ဆိုတဲ့နည်းလမ်းတွေအတိုင်း ပြုမူလိုက်နာနေထိုင်ကြဖို့လည်း လိုအပ်ပါတယ်။ 👍
"ဖုံး၊ သွန်၊ လဲ၊ စစ်"ဆိုတာဘာလဲ❓
🔹ဖုံး
သောက်ရေ၊ သုံးရေအိုးများ (သို့) ရေလှောင်ကန်များကို ခြင်မခိုအောင်၊ ဥမချနိုင်အောင် အဖုံးဖြင့် သေချာဖုံးအုပ်ထားခြင်း။
🔹သွန်
အသုံးမပြုသော ရေခွက်၊ ရေစည်၊ ရေအိုးများကို ခြင်၊ ပိုးလောက်လန်းများ မပေါက်ပွားနိုင်ရန် ရေသွန်ပစ်ခြင်း။
🔹လဲ
ဘုရားပန်းအိုး၊ အလှပန်းအိုးများကို တစ်ပတ်နှစ်ကြိမ် တိုက်ချွတ်ဆေးကြောပြီး ရေအသစ် လဲလှယ်ခြင်း။
🔹စစ်
ရေကန်၊ အိုးများတွင် ခြင်လောက်လန်း (ခြင်ဥ) များ ရှိ/မရှိ ပုံမှန်စစ်ဆေးပြီး ရေထဲတွင် ခြင်လောက်လန်းများတွေ့ရှိပါက ရေစစ်ဖြင့် စစ်ထုတ်ခြင်း။
👨⚕️ဒီလို သတိပြုနေထိုင်ပေမယ့် မိုးရာသီမှာ ဖျားနာပြီဆိုတာနဲ့ ဆရာဝန်နဲ့ပြသပြီး သွေးလွန်တုပ်ကွေးဟုတ်/မဟုတ် စစ်ဆေးကုသဖို့ လိုအပ်ပါတယ်။
သွေးစစ်တဲ့အခါမှာလည်း တိကျသေချာပြီး အချိန်မီ ကုသမှုပေးနိုင်ဖို့ Antigen test ဖြစ်တဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 𝐍𝐒1 𝐀𝐠 𝐅𝐈𝐀 နဲ့ Antibody test ဖြစ်တဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 𝐈𝐠𝐌/ 𝐈𝐠𝐆 𝐅𝐈𝐀 ကို တွဲဖက်စစ်ဆေးသင့်ပါတယ်။ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 test တွေကနေ အဖြေကို ရောဂါရှိ/မရှိ သာမာန် Positive/ Negative အပြင်၊ ကိန်းဂဏန်း ( COI )နဲ့ပါ တိတိကျကျသိရှိနိုင်မှာဖြစ်တယ်။ ✅
👨⚕️𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 𝐍𝐒1 𝐀𝐠 𝐅𝐈𝐀 နဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 𝐈𝐠𝐌/ 𝐈𝐠𝐆 𝐅𝐈𝐀 တွဲဖက်စစ်ဆေးခြင်းက သွေးလွန်တုပ်ကွေးရောဂါရဲ့ဘယ်အဆင့်မှာ ရောက်နေသလဲဆိုတာကို သိရှိနိုင်ဖို့၊ Primary Infection လား၊ Secondary Infection လားကို ခွဲခြားသိနိုင်ဖို့ နဲ့ ရောဂါရဲ့ပြင်းထန်နိုင်ခြေကို ကြိုတင်ခန့်မှန်းနိုင်ဖို့အတွက်ဖြစ်ပါတယ်။
👨⚕️မြန်ဆန်မှန်ကန်တဲ့စစ်ဆေးမှုက တိကျသေချာတဲ့ကုသမှုကို ပေးစွမ်းနိုင်တာကြောင့် ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေးဌာနတွေအတွက် အရည်အသွေးမြင့် 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 𝐍𝐒1 𝐀𝐠 𝐅𝐈𝐀 နဲ့ 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐃𝐞𝐧𝐠𝐮𝐞 𝐈𝐠𝐌/ 𝐈𝐠𝐆 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေကို အရည်အသွေးယုံကြည်စိတ်ချရစွာ၊ ဈေးနှုန်းမှန်ကန်သင့်တင့်စွာ မှာယူချင်ပြီဆိုရင်တော့...
နှစ်ပေါင်း ၂၀ ကျော်ကြာ အရည်အသွေးပြည့်မီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို မြန်မာပြည်အနှံ့ ဖြန့်ချီ ပေးနေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ စိတ်ချယုံကြည်စွာ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်။📞
📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟏-𝟕𝟓𝟐𝟓𝟒𝟔𝟕, 𝟎𝟏-𝟕𝟓𝟏𝟓𝟐𝟗𝟕 , 𝟎𝟗 𝟕𝟓𝟎 𝟔𝟓𝟗 𝟎𝟎𝟎
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : Home | shwinchan
09/07/2026
သတင်းကောင်းလေး တိကျသေချာစေဖို့ 𝐡𝐂𝐆 နဲ့ စစ်ဆေးစို့။✨
👨⚕️အိမ်ထောင်သည်စုံတွဲတိုင်း မျှော်လင့်တောင့်တရတဲ့အကြည်နူးရဆုံး အခိုက်အတန့်ကတော့ မိသားစုဝင်အသစ်လေး ရောက်ရှိလာတော့မယ့် "သတင်းကောင်း" လေး ကြားရချိန်ပါပဲ။
အိမ်ထောင်သည်အမျိုးသမီးတို့အနေနဲ့
🔸ရင်သားနာကျင်ခြင်း
🔸ပင်ပန်းနွမ်းနယ်ခြင်း
🔸စိတ်အပြောင်းအလဲဖြစ်ခြင်း
🔸ခေါင်းမူးခြင်း
🔸ခေါင်းကိုက်ခြင်း
🔸အစာစားလိုစိတ် ပြောင်းလဲခြင်း
🔸မကြာခဏဆီးသွားခြင်း
🔸ရာသီသွေးမပေါ်ခြင်း
🔸ပျို့အန်ခြင်း
🔸ဝမ်းဗိုက်ထဲတွင် ဖောင်းနေခြင်းအစရှိတဲ့လက္ခဏာတွေ ရှိလာပြီဆိုရင် စိတ်လှုပ်ရှားစရာ သတင်းကောင်းလေးကို ရင်ခုန်စွာနဲ့ အတည်ပြုဖို့ အရေးကြီးဆုံးအချိန် ရောက်ပါပြီ။
ရင်ခုန်သံတွေကို အမှားအယွင်းမရှိ အမြန်ဆုံး အတည်ပြုပေးနိုင်ဖို့ဆို 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှ ဖြန့်ချိပေးနေတဲ့ Urine Pregnancy Strips လေးတွေနဲ့ စစ်ဆေးလိုက်ပါ။✅
Urine Pregnancy Strips အနေနဲ့
🔹𝐔𝐥𝐭𝐫𝐚-𝐡𝐂𝐆
🔹𝐁𝐒𝐓-𝐡𝐂𝐆 အမျိုးအစား (၂) မျိုးရှိပြီး နှစ်မျိုးစလုံးက ကိုယ်ဝန်ရှိ/ မရှိစစ်ဆေးပေးနိုင်ကာ 𝐁𝐒𝐓-𝐡𝐂𝐆 ကတော့ မီးယပ်ရောဂါလား၊ ကိုယ်၀န်လား ဆိုတာကိုပါ ခွဲခြားပေးနိုင်ပါတယ်။ ဒီတော့မျှော်လင့်နေတဲ့သတင်းကောင်းလေးကို တိကျသေချာအောင် Strip လေးတွေနဲ့ စစ်ဆေးလိုက်တော့နော်။
Urine Pregnancy Strip နဲ့ ဘယ်လိုစစ်ဆေးရတာလဲ❓
🔺ခွက်တစ်ခုထဲမှာ မိမိရဲ့ဆီးကိုထည့်ထားပါ။
🔺Strips လေးတွေကို အပြာရောင်ရှိတဲ့ဘက်က သတိထားကိုင်ပြီး ခွက်ထဲတွင် နှစ်ပါ။
(max line မကျော်မိပါစေနဲ့။)
🔺ပြီးတာနဲ့ ခွက်ထဲက ထုတ်ပြီး သန့်ရှင်းသောနေရာတွင်ထားပါ။
🔺မိနစ်အနည်းငယ်စောင့်ပြီးတာနဲ့ အဖြေကိုသိရပါပြီ။
နောက်ပိုင်း Strip မှာ ပါဝင်တဲ့ Line ကို ကြည့်ပြီး
🔺တစ်လိုင်းတည်းပေါ်လာရင် ကိုယ်ဝန်မရှိဘူး။
🔺နှစ်လိုင်းပေါ်လာတယ်ဆိုရင်တော့ ကိုယ်ဝန်ရှိနေပြီ။
🔺ဘာလိုင်းမှ မပေါ်လာဘူးဆိုရင်တော့ နောက်တစ်ကြိမ်ပြန်စစ်ရမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် Urine Pregnancy Strip ဝယ်မယ်ဆို တစ်ခုထက်ပိုပြီး ဝယ်ယူဖို့ကို အကြံပြုလိုက်ပါရစေ။
👨⚕️မျှော်လင့်နေရတဲ့ရင်သွေးငယ်လေးအတွက် တိကျသေချာတဲ့ Result ကို စစ်ဆေးပေးနိုင်မယ့် 𝐔𝐥𝐭𝐫𝐚-𝐡𝐂𝐆 နဲ့ 𝐁𝐒𝐓-𝐡𝐂𝐆 အစရှိတဲ့ Urine Pregnancy Strips တွေကို...
နှစ်ပေါင်း ၂၀ ကျော်ကြာ အရည်အသွေးပြည့်မီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 တွေကို မြန်မာပြည်အနှံ့ ဖြန့်ချိပေးနေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ စိတ်ချယုံကြည်စွာ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါတယ်။📞
📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟏-𝟕𝟓𝟐𝟓𝟒𝟔𝟕, 𝟎𝟏-𝟕𝟓𝟏𝟓𝟐𝟗𝟕 , 𝟎𝟗 𝟕𝟓𝟎 𝟔𝟓𝟗 𝟎𝟎𝟎
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
29/06/2026
𝐓𝐒𝐇 𝐋𝐞𝐯𝐞𝐥 မညီမျှခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေက ဘာလဲ ❓
👉 ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဇီဝကမ္မဖြစ်စဉ် (𝐌𝐞𝐭𝐚𝐛𝐨𝐥𝐢𝐬𝐦) ကို အဓိကထိန်းချုပ်ပေးနေတာကတော့ လည်ပင်းအောက်ခြေမှာရှိတဲ့ သိုင်းရွိုက်ဂလင်း (𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐆𝐥𝐚𝐧𝐝) ပဲ ဖြစ်ပါတယ်။ ဒီသိုင်းရွိုက်ဂလင်း ကောင်းကောင်းအလုပ်လုပ်ဖို့ ဦးနှောက်ကနေ 𝐓𝐒𝐇 လို့ခေါ်တဲ့ 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐒𝐭𝐢𝐦𝐮𝐥𝐚𝐭𝐢𝐧𝐠 𝐇𝐨𝐫𝐦𝐨𝐧𝐞 ကို ထုတ်လွှတ်ပြီး ညွှန်ကြားပေးရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ 𝐓𝐒𝐇 𝐋𝐞𝐯𝐞𝐥 တွေ ပုံမှန်မဟုတ်ဘဲ မညီမမျှ ဖြစ်လာတဲ့အခါ သိုင်းရွိုက်ဟော်မုန်း အထွက်လွန်တာ ဒါမှမဟုတ် ဟော်မုန်းအထွက်နည်းတာတွေကို ခံစားရနိုင်ပြီး ရေရှည်မှာ အောက်ပါ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို တဖြည်းဖြည်းချင်း ကြုံတွေ့လာရတတ်ပါတယ် ‼️
🔺 နှလုံးကျန်းမာရေး ထိခိုက်ခြင်း
𝐓𝐒𝐇 𝐋𝐞𝐯𝐞𝐥 မညီမျှမှုဟာ နှလုံးခုန်နှုန်းကို ကမောက်ကမ ဖြစ်စေပါတယ်။ ဟော်မုန်းများရင် နှလုံးတုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း ရင်တုန်ခြင်းတို့ ဖြစ်တတ်ပြီး၊ ဟော်မုန်းနည်းရင်တော့ နှလုံးခုန်နှုန်း နှေးသွားကာ သွေးတိုးခြင်းနဲ့ ကိုလက်စထရော မြင့်တက်ခြင်းတို့ကို ဖြစ်စေလို့ နှလုံးရောဂါဖြစ်နိုင်ချေ ပိုများလာစေပါတယ်။
🔺 အရိုးအဆစ်များ အားနည်းလာခြင်း
အထူးသဖြင့် သိုင်းရွိုက်ဟော်မုန်း မြင့်တက်နေတဲ့အခါ ခန္ဓာကိုယ်က ကယ်စီယမ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေပြီး အရိုးသိပ်သည်းဆကို လျော့ကျစေပါတယ်။ ဒါကြောင့် အသက်အရွယ်ရလာတဲ့အခါ အရိုးပွရောဂါဖြစ်ပြီး အရိုးကျိုးလွယ်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။
🔺 ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ
𝐓𝐒𝐇 မညီမျှခြင်းက စိတ်ခံစားချက်ကို တိုက်ရိုက် သက်ရောက်မှုရှိပါတယ်။ ဟော်မုန်းနည်းရင် လူက အမြဲနုံးချိနေတာ၊ အာရုံစူးစိုက်ရခက်တာ၊ မေ့လွယ်တာနဲ့ စိတ်ဓာတ်ကျတာ (𝐃𝐞𝐩𝐫𝐞𝐬𝐬𝐢𝐨𝐧) တွေ ခံစားရတတ်ပြီး၊ ဟော်မုန်းများရင်တော့ စိတ်ဂဏာမငြိမ်တာ၊ စိုးရိမ်သောကများတာနဲ့ အိပ်မပျော်တဲ့ ဝေဒနာတွေကို ကြုံရတတ်ပါတယ်။
🔺 ဇီဝကမ္မဖြစ်စဉ်များ ကမောက်ကမဖြစ်ခြင်း
အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် အလွန်အကျွံတက်လာတာ ဒါမှမဟုတ် ပိန်ကျသွားတာ၊ အပူအအေး မခံနိုင်တာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ခဏခဏ ဝမ်းပျက်တာတွေဟာ 𝐓𝐒𝐇 မညီမျှမှုကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်ကုန်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
ဒီလို နှလုံး၊ အရိုး၊ ဦးနှောက်နဲ့ ခန္ဓာကိုယ်အနှံအပြားကို တဖြည်းဖြည်းချင်း အသံတိတ်ထိခိုက်စေတဲ့ သိုင်းရွိုက်ဟော်မုန်းပြဿနာကို အချိန်မီ သိရှိနိုင်ဖို့ဆိုရင် 𝐓𝐒𝐇 𝐋𝐞𝐯𝐞𝐥 ကို တိတိကျကျ စစ်ဆေးဖော်ထုတ်ဖို့က အရေးကြီးဆုံးပါပဲ 🧪
ဆေးရုံ၊ ဆေးခန်းများနှင့် ဓာတ်ခွဲခန်းများအနေဖြင့် လူနာများ၏ 𝐓𝐒𝐇 𝐋𝐞𝐯𝐞𝐥 ကို အချိန်အကြာကြီး စောင့်ဆိုင်းစရာမလိုဘဲ မိနစ်ပိုင်းအတွင်း အလွန်သေးငယ်သော ပမာဏကအစ တိကျမှန်ကန်စွာ တိုင်းတာပေးနိုင်မည့် 𝐒𝐃 𝐁𝐈𝐎𝐒𝐄𝐍𝐒𝐎𝐑 မှ ထုတ်လုပ်သော 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐓𝐒𝐇 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 များကို ဆောင်ထားပြီး လွယ်ကူစိတ်ချရစွာ စစ်ဆေးပေးနိုင်ပါတယ် ✅
အဆင့်မြင့် 𝐅𝐈𝐀 (𝐅𝐥𝐮𝐨𝐫𝐞𝐬𝐜𝐞𝐧𝐭 𝐈𝐦𝐦𝐮𝐧𝐨𝐚𝐬𝐬𝐚𝐲) နည်းပညာကြောင့် သိုင်းရွိုက်ဟော်မုန်း အခြေအနေကို အရေအတွက်ပမာဏ (𝐐𝐮𝐚𝐧𝐭𝐢𝐭𝐚𝐭𝐢𝐯𝐞) အလိုက် တိကျသေချာစွာ အဖြေထုတ်ပေးနိုင်လို့ ဆရာဝန်များအနေနဲ့ နောက်ဆက်တွဲကုသမှုများကို အမှားအယွင်းမရှိ မြန်မြန်ဆန်ဆန် ချမှတ်ပေးနိုင်မှာ ဖြစ်ပါတယ် ✅
📌 ဒါကြောင့် အရည်အသွေးမြင့် 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐓𝐒𝐇 𝐅𝐈𝐀 𝐓𝐞𝐬𝐭 𝐊𝐢𝐭 များကို ယုံကြည်စိတ်ချစွာ၊ ဈေးနှုန်းမှန်ကန်သင့်တင့်စွာ မှာယူချင်တယ်ဆိုရင်တော့ မြန်မာပြည်အနှံ့ အရည်အသွေးပြည့်မီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 𝐃𝐞𝐯𝐢𝐜𝐞𝐬 များကို နှစ်ပေါင်း ၂၀ ကျော်ကြာ တာဝန်ယူ ဖြန့်ချိပေးနေတဲ့ 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏 ကို ဆက်သွယ်စုံစမ်း မှာယူနိုင်ပါပြီ ☎️
📍 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (𝟑𝟎𝟔), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟏-𝟕𝟓𝟐𝟓𝟒𝟔𝟕, 𝟎𝟏-𝟕𝟓𝟏𝟓𝟐𝟗𝟕 , 𝟎𝟗 𝟕𝟓𝟎 𝟔𝟓𝟗 𝟎𝟎𝟎
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 𝟖 ), 𝟔𝟔𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 𝟑𝟎𝐭𝐡 & 𝟑𝟏𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
☎️ 𝐏𝐡𝐨𝐧𝐞 - 𝟎𝟐 𝟒𝟎𝟔𝟖𝟒𝟗𝟖, 𝟎𝟗 𝟕𝟓𝟓 𝟑𝟗𝟒𝟑𝟑𝟒
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
15/06/2026
𝐒𝐓𝐈 ဆိုတာ မသိထားလို့ မဖြစ်တဲ့ 𝐇𝐞𝐚𝐥𝐭𝐡 𝐈𝐬𝐬𝐮𝐞 တစ်ခု 🚨
ဘာဖြစ်လို့လဲဆိုတော့ 𝐒𝐓𝐈 ဆိုတာ 𝐒𝐞𝐱𝐮𝐚𝐥𝐥𝐲 𝐓𝐫𝐚𝐧𝐬𝐦𝐢𝐭𝐭𝐞𝐝 𝐈𝐧𝐟𝐞𝐜𝐭𝐢𝐨𝐧𝐬 လို့ ခေါ်တဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်ပြီး လူမှန်ရင် လိင်နဲ့ မကင်းလွတ်နိုင်တာကြောင့် ဖြစ်ပါတယ်။
"ကိုယ့်မှာ ရောဂါအခံမရှိဘူး၊ ကျန်းမာရေးလည်း ကောင်းတာပဲ" ဆိုပြီး လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ (𝐒𝐓𝐈) တွေကို သတိလက်လွတ်နေလို့ မဖြစ်ပါဘူး။ တကယ်တော့ 𝐒𝐓𝐈 ဆိုတာ လူငယ်တွေ၊ အိမ်ထောင်ရှင်တွေနဲ့ လူတိုင်းလူတိုင်း မဖြစ်မနေ သိထားရမယ့် 𝐇𝐞𝐚𝐥𝐭𝐡 𝐈𝐬𝐬𝐮𝐞 တစ်ခု ဖြစ်ပါတယ် ‼️
ဒါဆိုရင် ဘာလို့ လူတိုင်း မဖြစ်မနေသိထားသင့်တာလဲ ❓
𝟏️⃣ လက္ခဏာမပြဘဲ ပုန်းနေတတ်တာကြောင့် - 𝐇𝐈𝐕 ၊ ကာလသားရောဂါ (𝐒𝐲𝐩𝐡𝐢𝐥𝐢𝐬) နဲ့ တခြား 𝐒𝐓𝐈 ပိုးတော်တော်များများဟာ ကူးစက်ခံရပြီး အစပိုင်းမှာ ခန္ဓာကိုယ်မှာ ဘာလက္ခဏာမှ ထူးထူးခြားခြား မပြတတ်ပါဘူး။ ကိုယ့်မှာ ပိုးရှိနေမှန်း မသိဘဲ နေထိုင်မိရာကနေ အခြေအနေ ပိုဆိုးလာတတ်ပါတယ်။
𝟐️⃣ ကိုယ့်ရဲ့ 𝐏𝐚𝐫𝐭𝐧𝐞𝐫 တွေဆီ အဆင့်ဆင့်ကူးစက်စေနိုင်တာကြောင့် - ကိုယ့်မှာ ပိုးရှိမှန်း မသိတဲ့အခါ ကိုယ့်ရဲ့ 𝐏𝐚𝐫𝐭𝐧𝐞𝐫 ဆီတင်မက အနာဂတ် ရင်သွေးဆီကိုပါ မရည်ရွယ်ဘဲ ရောဂါပိုး ကူးစက်မိစေနိုင်ပါတယ်။
𝟑️⃣ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ များတာကြောင့် - အချိန်မီ မသိရဘဲ ကုသမှု နောက်ကျသွားရင် ကိုယ်တွင်းအင်္ဂါ ပျက်စီးတာနဲ့ မျိုးမအောင်တာတွေကနေ အသက်အန္တရာယ်အထိပါ ထိခိုက်နိုင်ပါတယ်။
ဒါကြောင့် 𝐒𝐓𝐈 ရောဂါပိုးတွေကို စောစောစီးစီး သိရှိပြီး စစ်ဆေးထားခြင်းက ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အနာဂတ်ဘဝကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်မယ့် အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ လက္ခဏာပြမှ စစ်တာထက်၊ ကြိုတင်စစ်ဆေးကြတာက သင်ကိုယ်တိုင်ရော သင်ချစ်ရသူကိုပါ လုံခြုံစိတ်ချ ဘေးကင်းစေမှာပါ ✅
📌 အဲဒီအတွက် စိတ်ချရတဲ့ 𝐒𝐓𝐈 𝐓𝐞𝐬𝐭 𝐊𝐢𝐭 တွေ လိုအပ်လာပြီဆိုရင်တော့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 ရှိပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဘက်ဆိုင်ရာလုပ်ငန်းတွေအတွက် နှစ်ပေါင်း (၂၀) ကျော် အတွေ့အကြုံကောင်းများစွာနဲ့ အရည်အသွေးမြင့် 𝐓𝐞𝐬𝐭 𝐊𝐢𝐭 များနဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐮𝐩𝐩𝐥𝐲 များကို တင်သွင်းဖြန့်ဝေပေးနေတဲ့ 𝐒𝐡𝐰𝐢𝐧 𝐂𝐡𝐚𝐧 မှာ...
👉 𝐇𝐈𝐕 အတွက် 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐇𝐈𝐕 𝐀𝐠/𝐀𝐛 𝐅𝐈𝐀
👉 ကာလသားရောဂါ (𝐒𝐲𝐩𝐡𝐢𝐥𝐢𝐬) အတွက် 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐅 𝐒𝐲𝐩𝐡𝐢𝐥𝐢𝐬 𝐀𝐛 𝐅𝐈𝐀 တို့အပြင် တခြားခေတ်မီ 𝐅𝐥𝐮𝐨𝐫𝐞𝐬𝐜𝐞𝐧𝐭 𝐈𝐦𝐦𝐮𝐧𝐨𝐚𝐬𝐬𝐚𝐲 (𝐅𝐈𝐀) နည်းပညာသုံး နိုင်ငံတကာအဆင့်မီ 𝐓𝐞𝐬𝐭 𝐊𝐢𝐭 များကို ယုံကြည်စိတ်ချစွာ ဆက်သွယ်မှာယူလိုက်ပါ 🙋♂️
📍 𝑺𝒉𝒘𝒊𝒏 𝑪𝒉𝒂𝒏
☎️ 𝐏𝐡𝐨𝐧𝐞 - 01 525467, 01 515297 , 09 750 659 000
📌 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧:
🏢 𝐘𝐚𝐧𝐠𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞 - 𝐔𝐧𝐢𝐭 (306), 𝐌𝐲𝐚𝐲 𝐍𝐮 𝐂𝐨𝐧𝐝𝐨, 𝐌𝐲𝐚𝐲 𝐍𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
🏢 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐎𝐟𝐟𝐢𝐜𝐞 - 𝐍𝐨 ( 8 ), 66𝐭𝐡 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭𝐰𝐞𝐞𝐧 30𝐭𝐡 & 31𝐬𝐭 𝐒𝐭𝐫𝐞𝐞𝐭, 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫 𝐙𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
✉️ 𝐄𝐦𝐚𝐢𝐥 : [email protected]
📲 𝐖𝐞𝐛𝐬𝐢𝐭𝐞 : www.shwinchan.com
Click here to claim your Sponsored Listing.
Category
Contact the practice
Website
Address
Yangon Office : Unit(306), Myay Nu Condo, Myay Nu Street, Sanchaung Township. Mandalay Office : No(8), Min Kun Boe Bwar Yate Thar Tite Tan, 66th Street, Corner Of 30(A) Street, Between 30th & 31st Str
Yangon
11111
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |