HOPE Publishing
05/06/2026
#ပထမဆုံး ဝယ်ယူသူအယောက် (၅ဝ)အတွက် အထူးပရိုမိုးရှင်း 15% OFF Discount
အားလုံး စောင့်မျှော်နေကြတဲ့ #ထပ်ခိုးခန်းပေါ်ကစိတ်ကူးအိပ်မက် စာအုပ်လေး ထွက်ရှိလာပါပြီ။🥰🎉 စာအုပ်ဆိုင်တွေကိုတော့ ခုမှ ဖြန့်ချိနေတုန်းမို့ ဘယ်စာအုပ်ဆိုင်တွေမှာ ရမလဲဆိုတာကိုတော့ နောက်ထပ် Post လေး တင်သွားပေးပါ့မယ်ရှင့်။ ကျွန်မတို့ရဲ့ HOPE Publishing စာအုပ်တိုက်ကနေ တိုက်ရိုက်မှာယူအားပေးလို့လည်း ရနေပါပြီရှင့်။ 😍🤩
#စာမြည်းဖတ်ရန်
🚨 *အားသွန်ခွန်စိုက် ကြိုးစားရှင်သန်နေပေမဲ့ ဘာလို့ ငါ့ဘဝက ဒုံရင်းက ဒုံရင်းပဲဖြစ်နေရတာလဲ။ ဘာလို့ ဒီထက် ပိုမတိုးတက်လာရတာလဲ။*
💡 အဖြေကတော့ သင့်ရဲ့ 'ကြိုးစားအားထုတ်မှု' မလုံလောက်လို့ မဟုတ်ဘဲ 'စိတ်ကူးပုံဖော်မှု' အားနည်းနေသေးလို့ပဲဖြစ်ပါတယ်။
🔑 စိတ်ကူးပုံဖော်နိုင်အောင် အကောင်းဆုံး ကူညီပေးမယ့် သိပ္ပံနည်းကျ သက်သေပြထားသော #လျှို့ဝှက်ဖော်မြူလာ R=VD
🏨 ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းဘဝကနေ ကမ္ဘာ့အကောင်းဆုံးဟိုတယ်ဘုရင်ဖြစ်လာခဲ့တဲ့ Confield Hilton၊
🎬 အညတရဘဝကနေ ဒေါ်လာသန်းချီရတဲ့ ထိပ်တန်းသရုပ်ဆောင်ဖြစ်လာခဲ့တဲ့ Jim Carrey၊
💪 ထိပ်တန်းအနုပညာကြယ်ပွင့် သရုပ်ဆောင် အာနိုး၊
🌌 ရူပဗေဒပညာရှင် အဲလ်ဘတ်စ် အိုင်းစတိုင်း၊
☎️ တယ်လီဖုန်းတီထွင်ခဲ့တဲ့ အလက်ဇန္ဒား ဂရေဟမ်ဘဲလ်၊
📚 အမေရိကန် Best Seller စာရေးဆရာ Jack Canfield၊
💰 ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် သူဌေးကြီး လီကာရှင်း👑 စတဲ့ ကမ္ဘာတစ်ဝန်းက ထိတ်ထိတ်ကြဲ သူဌေးသူကြွယ်တွေနဲ့ ထင်ပေါ်ကျော်ကြားသူတွေ ဘဝမှာ လက်တွေ့အသုံးချခဲ့တဲ့ ထိပ်တန်း လျှို့ဝှက်ဖော်မြူလာ R=VD
🔄 နေ့တိုင်း ပုံစံခွက်ထဲမှာ ရှင်သန်နေရတဲ့ သင့်ဘဝကို အဆုံးသတ်ချင်တယ်ဆိုရင်တော့
🔑📘 #သင့်ဘဝကိုလက်တွေ့ပြောင်းလဲဖို့ #အခုချက်ချင်းပဲစိတ်ကူးအိပ်မက်ကိုကွက်ကွက်ကွင်းကွင်းမက်ကြည့်လိုက်ပါ။ 💭👁️
✨ #အရာအားလုံးကစိတ်ကူးအိပ်မက်ကနေစတင်တယ်။
R = VD [ ကွက်ကွက်ကွင်းကွင်း(Vivid) + စိတ်ကူးအိပ်မက်မက်ရင်(Dream) = လက်တွေ့ဖြစ်မြောက်လာတယ်(Realization) ] 🏆
ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့ HOPE Publishing Message Box ကနေဖြစ်ဖြစ် 09266532383 ဖုန်းနံပါတ်ကိုဖြစ်ဖြစ် တိုက်ရိုက်ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။💞💌
#ထပ်ခိုးခန်းပေါ်ကစိတ်ကူးအိပ်မက်
25/04/2026
"မဖြစ်နိုင်တာတွေကို ဖြစ်လာစေမယ့် သင့်စိတ်ကူးအိပ်မက်ရဲ့ စွမ်းအား။ ဒီစာအုပ်က သင့်ဘဝကို အကောင်းဆုံး ပြောင်းလဲပေးပါလိမ့်မယ်။" 😍😍
စိတ်ကူးအိပ်မက် မက်ရုံနဲ့တင် ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာကို ယုံလား။💫🌱
ယုံနိုင်စရာ မရှိပေမဲ့ လက်တွေ့ဘဝမှာတော့ အမှန်တကယ် ပြောင်းလဲသွားတဲ့ လူတွေ ဒုနဲ့ဒေးပါပဲ။ အဲဒီရဲ့ လျှို့ဝှက်နည်းလမ်းကတော့ "R=VD ဖော်မြူလာ" ကြောင့်ပါပဲ။ R=VD ဆိုတာ ဘာလဲ။ ဘယ်လိုလူတွေက R=VD ဖော်မြူလာကို အသုံးပြုပြီး ဘဝတစ်ခုလုံး ပြောင်းလဲသွားကြသလဲဆိုတာကို အသေးစိတ် သိချင်တယ်ဆိုရင်တော့ ကျွန်မတို့ HOPE Publishing ကနေ ဇွန်လမှာ အသစ်ထွက်ရှိမယ့် စာအုပ်ကောင်းလေးတစ်အုပ်ကို စောင့်မျှော်ဖတ်ရှုဖို့ အကြံပြုပါတယ်။
"၁၄ နှစ်ကြာ အညတရဘဝကနေ အုပ်ရေ ၃ သန်းရောင်းရတဲ့ စာရေးဆရာ ဖြစ်လာစေခဲ့တဲ့ လျှို့ဝှက်ချက်! R=VD ဖော်မြူလာကို အခုပဲ ဖတ်ရှုလိုက်ပါ။"
#စာမြည်းဖတ်ရန် 👇👇
“ဤစာအုပ်၏ မူရင်းစာရေးသူ အီဂျီဆောင်း (E JISUNG) သည် (၁၄)နှစ်နှင့် ၇ လဆိုသည့် အချိန်ကာလရှည်ကြီးအတွင်း R=VD ကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ရင်း မထင်မရှား အညတရ စာရေးဆရာကာလကို တောင့်ခံကျော်ဖြတ်လာခဲ့သည်။ အဆက်မပြတ် စိတ်ကူးအိပ်မက် မက်ရင်း သူ့ကိုယ်သူ ပြောပေးခဲ့သည့် အပြုသဘောဆောင်သော စကားများသည် သူ၏ အတွင်းစိတ်နှလုံးထဲတွင် ကဗျာတစ်ပုဒ်ဖြစ်လာကာ နောက်ဆုံးတွင် ထိုစိတ်ကူးအိပ်မက်များသည် လက်တွေ့အဖြစ် အကောင်အထည်ပေါ်လာခဲ့တော့သည်။ သူသည် နောက်ဆုံးတွင် ကိုရီးယားနိုင်ငံ၌ အုပ်ရေ(၃)သန်း ရောင်းချခဲ့ရသော Best Seller စာရေးဆရာဖြစ်လာခဲ့ပြီး လက်ရှိတွင်လည်း စာအုပ်ပေါင်းများစွာကို ရေးသားထုတ်ဝေလျက်ရှိသည်။ 🎀📚
သင် အောင်မြင်ချင်တယ်ဆိုရင်တော့
ဒီစာအုပ်ကနေတစ်ဆင့် ကွက်ကွက်ကွင်းကွင်း စိတ်ကူးအိပ်မက် မက်ပြီး တကယ့်လက်တွေ့ဘဝမှာ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခဲ့တဲ့ လူတွေနဲ့ တွေ့ဆုံကြည့်လိုက်ပါ။ အဲဒီနောက်မှာ သူတို့ဆီကနေတစ်ဆင့် စိတ်ကူးအိပ်မက် မက်နည်းမျိုးစုံကို သင်ယူလေ့လာကြည့်လိုက်ပါ။”🫶📒
စာအုပ်ဈေးနှုန်းကတော့ အကြမ်းဖျင်း ကျပ် ၂၅ဝဝဝ မှ ကျပ် ၃ဝဝဝဝ ကြားဖြစ်ပြီး စာအုပ် မထွက်ခင် ကြိုတင်စာရင်းပေးသူတွေကို *10% Discount ပေးသွားမှာမို့ ၅ လပိုင်း လကုန် နောက်ဆုံးထားပြီး HOPE Publishing Page Messenger ကို သွားပြီး Coupon Discount တွေ သွားယူလိုက်တော့နော်။ 📥🎀
16/02/2026
😍😍😍အားလုံးပဲ မင်္ဂလာပါ
ကျွန်မတို့ နေ့စဉ်လှုပ်ရှားရုန်းကန်ရင်း တစ်ခါတလေမှာ စိတ်ဓာတ်တွေကျ၊ အားငယ်စိတ်တွေ ဝင်နဲ့ ဘဝကို အရှုံးပေးချင်စိတ်တွေဖြစ်မိတတ်ကြမှာပါ...
အဲဒီလိုဖြစ်တိုင်း ဘယ်သူမဆို ကိုယ်ချစ်ရတဲ့ လူတိုင်းရဲ့ အားပေးစကားတစ်ခွန်းနဲ့ အားပြန်ယူပြီး ရှေ့ဆက်လျှောက်လှမ်းကြဖူးမှာပါ...
😘အခုလည်း ကိုယ်ချစ်ရတဲ့လူ၊ ကိုယ့်ကို ချစ်တဲ့ လူတစ်ယောက်က ဘေးကနေ အားပေးစကားပြောနေသလိုမျိုး ခွန်အားတွေပေးနိုင်မယ့် စာရေးဆရာ John C.Maxwell ရဲ့ Encouragement Changes Everything (မြန်မာပြန်) "အရာအားလုံးကို ပြောင်းလဲစေသော အားပေးမှု" ဆိုတဲ့ စာအုပ်လေးကို ကျွန်မတို့ HOPE Publishing ကနေ ထပ်မံ ဖြန့်ချိလိုက်ပါပြီရှင်...😘
မြန်မာစာဖတ်ပရိတ်သတ်နဲ့လည်း ရင်းနှီးပြီးသား စာရေးဆရာကြီးမို့ ဒီစာအုပ်လေးကို ပိုသဘောကျကြမယ်လို့ ယုံကြည်ပါတယ် ...
အားပေးမှုဆိုတာ လူတိုင်း လိုအပ်တဲ့ အရာပါ...
ဒါထက် ကိုယ်ကိုယ်တိုင်က အားပေးတတ်သူဖြစ်ဖို့က ပိုအရေးကြီးပါတယ်...
အားပေးမှု လိုအပ်နေသူတိုင်းနဲ့ သူတစ်ပါးကို အားပေးချင်သူတိုင်းအတွက် ရည်ရွယ်ပြီး ဘာသာပြန်ဆို
လိုက်ရပါတယ်...
အရင့်အရင်စာအုပ်တွေလိုပဲ ဝေဖန်မှုတွေလည်းစောင့်မျှော်လျှက်ပါ...
အားပေးမှုစာအုပ်ကို ဖြန့်ချိရင်း စာဖတ်ပရိသတ်ကြီးရဲ့ အားပေးမှုတွေကိုလည်း တစ်ဖန်စောင့်မျှော်လျှက်ပါရှင်
🔴ဝယ်ယူအားပေးဖတ်ရှူချင်တယ်ဆိုရင်တော့ တစ်အုပ်ကို (၁၂ဝဝဝ) ကျပ်နှူန်းနဲ့ အောက်ဖော်ပြပါ နေရာများသို့ ဖြန့်ချိထားပါတယ်ရှင့်။
#ရန်ကုန်မြို့တွင်းမှ ဝယ်ယူရရှိနိုင်သည့် ဆိုင်များ
*မျိုးဆက်သစ်- အမှတ် ၁၁၀၊၅လွှာ(ယာ)၊ မဟာသုခလမ်း၊ ကျီတော်ရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြိုနယ်။
*မျိုးဆက်သစ်မှတစ်ဆင့်ဖြန့်ချိထားသော စာအုပ်ဆိုင်များ
(ရန်ကုန်အတွင်းမှာဆို
အင်းဝ ပန်းဆိုးတန်း
အင်းဝ လှည်းတန်း
ရာပြည့် ပန်းဆိုးတန်း
Book Tree ပန်းဆိုးတန်း
စာပေလောက - မဟာဗန္ဓုလပန်းခြံလမ်း
စိတ်ကူးချိုချို လှည်းတန်း
ပါရမီ ၂၉လမ်း
စာပေဗိမာန် ကုန်သည်လမ်း
Book Plaza သံဈေး
အပါးတော်မြဲ ရေကျော်
ကိုလတ် ၃၁ လမ်းတို့၌ ရရှိနိုင်ပါသည်။)
(နယ်ဘက်မှာဆို မန်းလေး က စိတ်ကူးချိုချို
ဟသာ်တက ရွှေမောင်း တို့၌ ရရှိနိုင်ပါသည်။)
* WTC Center (စံရိပ်ငြိမ်ဂမုန်းပွင့် အပေါ်ဆုံးထပ်)
* ပညာပဒေသာ (လှည်းတန်း)
*TAB book (ဗဟန်း ရေတာရှည်လမ်းသစ်)
* Z-Kae Books & Learning Hub
*စိတ်ကူးသစ်စာပေ(ဆိပ်ကမ်းသာအောက်)
*ဆူးလေကျမ်းစာအသင်း
*Crown စာအုပ်ဆိုင် (မြန်မာခရစ်ယာန်ကျောင်းဝင်း MICT)
✔️✔️✔️အခြားမြို့နယ်တွေကိုလည်း Delivery စနစ်နဲ့ ပို့ပေးပါတယ်နော် 💌💌
(ဆက်လက်ဖြန့်ချိသွားမယ့် စာအုပ်ဆိုင်တွေကိုလည်း ကြော်ငြာပေးသွားပါမယ်)
HOPE Publishing (09- 266532383, 09667913939) ကိုလည်း တိုက်ရိုက်ဆက်သွယ် အားပေးနိုင်ပါတယ်။ 🙏🙏🙏
ကျေးဇူးအထူးတင်လျှက်...
#အရာအားလုံးကိုပြောင်းလဲစေသောအားပေးမှု
ဖတ်ရှူပြီး ဝေဖန်အကြံပေးချင်တယ်ဆိုရင်လည်း page မှတဆင့် ဝေဖန်အကြံပြုနိုင်ပါတယ်ရှင်။ နောက်နောင်များမှာလည်း ဆက်လက်ထွက်ရှိလာမယ့် စာအုပ်များကို စောင့်မျှော်အားပေးကြပါဦးလို့.....😁
ကျေးဇူးတင်ပါတယ်ရှင့်
04/11/2025
📝မြေပဲပါရဂူ အငယ်တန်းနှင့် အကြီးတန်း ဆုရရှိသူများစာရင်း📝
📌(စာအုပ်တိုက်မှ စာအုပ်လှူဒါန်းထားသည့် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက်သာ သီးသန့် ပြုလုပ်ပေးသည့် ပြိုင်ပွဲဖြစ်သည်)
23/09/2025
📜📜 မြေပဲပါရဂူ BookReportပြိုင်ပွဲအတွက် ရေးသားပေးပို့ချင်သူများ ပြိုင်ပွဲစည်းကမ်း အချက်အလက်များကိုက်ညီရင် စတင်ပေးပို့နိုင်ပါပြီ🗒🗒
03/09/2025
#မြေပဲပါရဂူဂျော့ချ်ဝါရှင်တန်ကာဗာBookReportပြိုင်ပွဲ📝📝📝
✏️ကျွန်မတို့ HOPE Publishing စာအုပ်တိုက်မှ ယခုတစ်ခေါက်တွင် မြန်မာပြည်သူများ၏ စာဖတ်စွမ်းရည်မြှင့်တင်ရန်၊ စာဖတ်အလေ့အကျင့် မွေးမြူပျိုးထောင်ရန်၊ အသိပညာ တိုးပွားပြီး အတွေးအခေါ်မြင့်မားလာနိုင်ရန်၊ စာအုပ်စာပေ၏ တန်ဖိုးကို နားလည်သိရှိလာနိုင်ရန်၊ မိခင်ဘာသာစကားကို တန်ဖိုးထားလေးစားတတ်ရန်၊ စာဖတ်လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်တတ်ရန် ရည်ရွယ်၍ Book Report ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။✏️
👉အောက်ပါအချက်အလက်နှင့် ကိုက်ညီသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။
📍ဖတ်ရှုယှဉ်ပြိုင်ရမည့် စာအုပ် - မြေပဲပါရဂူ ဂျော့ချ်ဝါရှင်တန်ကာဗာ
📍ပါဝင်ယှဉ်ပြိုင်နိုင်သူများ - အသက် ၁၈ နှစ်နှင့်အထက် မည်သူမဆို
📍ပေးပို့ယှဉ်ပြိုင်ရမည့် နည်းလမ်းပုံစံ - အနည်းဆုံး A4 Size ၂ မျက်နှာမှ ၄ မျက်နှာအထိ (လက်ရေးစာဖိုင် သို့မဟုတ် Typing file in PDF format) ကို Viber Ph no. 09770998040 သို့ ပေးပို့ရပါမည်။
📍Book Report ရေးသားပေးပို့ရာတွင် မဖြစ်မနေ ပါဝင်ရမည့် အချက်အလက် - ပေးပို့ယှဉ်ပြိုင်သူ၏ အမည်၊ အသက်အရွယ်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ Book Report စာအုပ်အမည်၊ စာရေးသူအမည်
📌ပေးပို့ရမည့် အချိန်ကာလ - ၉ လပိုင်း ၂၂ ရက်မှ ၁ဝ လပိုင်း ၁၁ ရက်အထိ (၃ ပတ်တာ)
📌ဆုချီးမြှင့်မည့် အရေအတွက် - ၆ ဆု (ပါဝင်ယှဉ်ပြိုင်သူများထဲမှ ဖိုင်နယ် ၆ ဦးကို ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရရှိသူ ၆ ဦးမှ မိမိတို့၏ နိုင်ငံသားမှတ်ပုံတင် မိတ္တူကို ဖော်ပြပါဖုန်းနံပါတ်သို့ မဖြစ်မနေ ပေးပို့ရမည်ဖြစ်သည်)
📌ဆုကြေး - ပထမဆု ၂ သိန်း + စာအုပ် + Certificate (၁ ဆု)
ဒုတိယဆု ၁ သိန်း + စာအုပ် + Certificate (၂ ဆု)
တတိယဆု ၇ သောင်း + စာအုပ် + Certificate (၃ ဆု)
📌ဆုကြေညာမည့် ရက် - ၁၁ လပိုင်း ၄ ရက်နေ့
*** အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူကိုသာ ဆုရွေးချယ်ချီးမြှင့်သွားမည်ဖြစ်သည် ***
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Pyay Road, 8 Mile
Yangon
11061
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |