Chu-Life Insurance Advisor
11/01/2024
Morning💚💚💚
မနက်ခင်းနိုးထချိန်မှ စ၍
အာရုံအလင်း ကြည်နူးခြင်းနှင့်
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ🙏🙏🙏
မရှိစကား နားဝဝယ် မကြားရသူ ဖြစ်ပါစေကြောင်း
ဆုတောင်း မေတ္တာ ပို့သပေးလိုက်ပါသည်🙏🙏🙏
18/11/2023
ကျမတို့တွေ ရုတ်ရုတ် ရုတ်ရုတ်ဆို
ဘဏ်ကငွေလေး ပြေးထုတ်၊မြေဝယ်၊
အိမ်ဝယ်၊ ရွှေဝယ်၊ ကားဝယ်၊ နိုင်ငံခြားငွေလေးတွေဝယ်နဲ့ အလုအယက်ပဲ
ခိုင်မာမယ်ထင်တာ ရွေးပြီး "ဥ"ထားကြတယ်ပေါ့။
ဝယ်ပါ။ ဝယ်နိုင်လို့ ဝယ်တာ။
ခေတ်ကာလအခြေအနေအရ ရေတိုမှာ အမြတ်ရနေတာ ဒါမှမဟုတ် မရှုံးတာသေချာတာမို့ ဘာဝယ်ဝယ် ခိုင်မာတာတစ်ခုခု လက်ဆုပ်လက်ကိုင် ရှိထားတာ သိပ်ကောင်းတာပေါ့။
ဒါပေမယ့် အဲ့ဒီပိုင်ဆိုင်မှုတွေဟာ ရန်သူမျိုးငါးပါးကြောင့်ဆိုရင် မမြဲနိုင်တာ သတိချပ်ရမှာပါ။
ဒါ့အပြင် ရေရှည်မှာ ဆုံးရှုံးနိုင်စရာအကြောင်းတွေကနေ ငွေကြေးအရအကာအကွယ်ယူထားလို့ရပြီး သေချာတဲ့ အသက်အာမခံပေါ်လစီတစ်စောင်အတွက် ရှိတဲ့ငွေထဲက ပမာဏအနည်းငယ်ကို ဖဲ့ထုတ်ပြီး ထည့်ထားမယ်ဆိုရင် အဲ့ဒါကမှ ကိုယ်တိုင်ဆုံးရှုံးစရာကြုံရရင်တောင် ကိုယ့်ရဲ့ ကျန်ရစ်တဲ့မိသားစုအတွက် "ရင်းစား"ပြန်ရနိုင်မှာပါ။
အာမခံကိုယ်စားလှယ်က ဒီလိုအကြံပေးရင်လည်း လူတော်တော်များများက-
မင်းတို့ ကုမ္ပဏီက ဘယ်လောက် သေချာခိုင်မာလို့လဲ?
ရန်သူမျိုးငါးပါးနဲ့ကြုံရင် အာမခံကုမ္ပဏီကရော ဘာမို့လို့လဲ?
နိုင်ငံခြားကုမ္ပဏီဆိုပြီး ငါတို့ထည့်ထားတဲ့ပိုက်ဆံတွေ ယူပြီး ပြန်ထွက်သွားရင်ရော? စသည်ဖြင့် မေးခွန်းတွေ ပြန်မေးတတ်ကြပါတယ်။
တိုတိုနဲ့လိုရင်းဖြေရရင် နှစ်ပေါင်း ၂၃၀ ကျော်တည်တံ့နေတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကမ္ဘာ့အာမခံလောကမှာ "အာမခံဘီလူးကြီး"လို့တောင် တင်စားခေါ်ဝေါ်ကြရတဲ့ ဒီ Chubb Life Myanmar ကုမ္ပဏီကြီးက မြန်မာအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ လုပ်ကိုင်ခွင့်လိုင်စင်ကို ရယူပြီး လာလုပ်နေတာဟာ ကမ္ဘာ့အာမခံဈေးကွက်ရဲ့ 0.0001% လောက်ပဲရှိတဲ့ မြန်မာငွေတွေကို လိမ်ပြီး သူ့ရဲ့နာမည်ဂုဏ်သတင်းနဲ့ သိက္ခာကို အထိခိုက်ခံမယ်လို့ မျှော်လင့်ပါသလားလို့ ပြောရမှာပါ။
ဒီတော့ ပိုင်ဆိုင်မှုထဲက မပြောပလောက်တဲ့ ငွေပမာဏနည်းနည်းကို ခွဲထား ဖဲ့ထုတ်ပြီး "အသက်အာမခံ"မှာ စုဆောင်းပါ။ အကာအကွယ် ရယူထားလိုက်ပါ။
အခုဆိုရင် ကျွန်မတို့
Chubb Life Myanmar ရဲ့
ကျယ်ပြန့်ပြည့်စုံတဲ့အကာအကွယ်၊
ပြောင်းလွယ်ပြင်လွယ်တဲ့အစီအမံနဲ့
တစ်သက်တာစိတ်ချလုံခြုံစေမှုကို သင့်တင့်သောပရီမီယမ်နှုန်းထားနဲ့ အကာအကွယ်ပြုပေးထားမယ့် "ထာဝရသုခအသက်အာမခံ"က မြန်မာနိုင်ငံသူ၊နိုင်ငံသားတွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်စေဖို့ အဆင်သင့်ရှိနေပါပြီ။
သင့်ရွေးချယ်မှုအတွက် အကောင်းဆုံးအကြံဉာဏ်ပေး ဆွေးနွေးပေးဖို့ ကျွန်မကလည်း အဆင်သင့်ရှိနေပါတယ်။
ခင်မင်မှုဖြင့်
Zin Nwe Chu
Agency Manager
09422192665
ဆရာသန့်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Kabar Aye Pagoda Road
Yangon