Boss Lady
23/08/2022
Skincare တွေကို အဆင့်ဆင့် ဘယ်လိုလိမ်းရမလဲ❓
ကိုယ်သုံးနေတဲ့ skincare တွေရဲ့အာနိသင်ကို အပြည့်အဝရဖို့ဆိုရင် တဆင့်ပြီးတဆင့် နည်းစနစ်တကျ လိမ်းတတ်ဖို့လဲ လိုသေးတယ်နော်☝️ အရင်လိမ်းရမယ့်ဟာကြီး နောက်မှလိမ်း, နောက်မှလိမ်းရမယ့်ဟာကို အရင်လိမ်းလို့ကတော့ ကိုယ်စျေးကြီးပေးသုံးနေတဲ့ skincare တွေရဲ့ maximum benefit ကို မရတာမျိုး ဖြစ်တတ်ပါတယ်။ Nyi ဒီနေ့ရေးတဲ့ topic က အရမ်း basic ဆန်လို့ သိနှင့်ပြီးသားသူတွေ များလောက်ပေမဲ့ တချို့လာမေးတဲ့အခါ ရေးပြီးသားပြစရာမရှိလို့ ရေးလိုက်တာပါ။ ကိုယ်မသိတဲ့အချက်လေး တစိုးတစင်းပါလိုပါငြား သိပြီးသားသူတွေလဲ တခေါက်လောက်တော့ ဖတ်ကြည့်ပေးပါနော်😘
ဆိုတော့ Nyi တို့ skincare routine ကို morning & night ခွဲပြောရရင် ယေဘုယျအားဖြင့် ဒီအစဥ်အတိုင်း ပြုလုပ်ရလေ့ရှိပါတယ်📌
🌝Morning > Cleanser,
> Toner,
> Essence,
> Serum,
> Ampoule
> Eye cream
> Moisturizer
> Sunscreen
🌙Night > Double cleansing,
> Toner,
> Sheet mask / Wash off mask / Clay mask,
> Essence,
> Serum,
> Ampoule,
> Eye cream
> Moisturizer / Facial oil / Sleeping mask
🦋Cleanser
Skincare မလိမ်းခင် မျက်နှာအရင်သစ်ရမယ်ဆိုတာတော့ လူတိုင်းသိမှာပေါ့နော်။ မနက်ပိုင်းမှာတော့ cleanser ကို skip လုပ်လို့ရပေမဲ့ ညဘက်ကိုတော့ cleansing မဖြစ်မနေ လုပ်ပေးရပါမယ်❗️ Double cleansing လုပ်မယ်ဆိုရင် 1st cleanse ကို oil based cleanser, 2nd cleanse ကို water based cleanser သုံးပေးပါ။
🦋Sheet mask / Wash off mask / Clay mask
ရှုပ်ရှက်ခတ်ကုန်မှာစိုးလို့ ထည့်မထားပေမဲ့ peel off mask တွေ modelling mask တွေလဲ ဒီထဲမှာ အကြုံးဝင်ပါတယ်။ မျက်နှာသစ်ပြီး ပြုလုပ်ရမယ့် အဆင့်ပါ။ Mask မကပ်ခင် toner လိမ်းလို့လဲ ရပါတယ်။ မေးမယ်ဆိုတာ သိလို့ တခါတည်း ဖြေလိုက်မယ်နော်🤗, sheet mask, peel off mask နဲ့ modelling mask တွေကလွဲရင် ကျန်တာအကုန် ရေပြန်ဆေးချရပါမယ်။
🦋Toner / Essence / Serum / Ampoule
တရားသေ ဘာကိုတော့ အရင်လိမ်းရမယ်ဆိုပြီး သတ်မှတ်လို့မရတဲ့ အဆင့် 4ခုပါ။ အရည်အပျစ်အကျဲ texture ပေါ်လိုက်ပြီး အရည်အကျဲဆုံးကနေ စလိမ်းရပါမယ်💧 ဥပမာ ampoule က အရည်အကျဲဆုံး, toner ထက်ကို အရည်ကျဲတယ်ဆိုရင် ampoule အရင်လိမ်း, ပြီးမှ toner လိမ်းရပါမယ်။ 4ခုထဲမှာ toner က အရည်အပျစ်ဆုံးဆိုလဲ toner ကို နောက်ဆုံးမှ လိမ်းရပါမယ်။ ကိုယ့်ရဲ့ skincare routine ထဲမှာ ဒီ 4မျိုးလုံး ပါဖို့မလိုပေမဲ့ စုံအောင်လို့ ထည့်ပေးထားတာပါ။
အကယ်၍ ကိုယ်က toner 2မျိုး / essence 2မျိုး လိမ်းမယ်, 2ခုလုံးရဲ့ texture ကလဲ အရည်ကျဲတာချင်း တူတယ်ဆိုရင်🤔 acidic pH ဘက်ပိုရောက်တာ ဒါမှမဟုတ် fermented ingredients တွေ AHA BHA vitamin C လို active ingredients တွေပါတာမျိုးကို အရင်လိမ်းပေးပါ။
Texture ဆင်တူယိုးမှားရှိတဲ့ serum 2ခု layer လုပ်ပြီး သုံးမယ်ဆိုလဲ, ဥပမာ 📌niacinamide serum နဲ့ hyaluronic acid serum ကို တွဲသုံးမယ်ဆိုရင် ကိုယ့်ရဲ့ skin type ကို အရင်ကြည့်။ ကိုယ့်ရဲ့ skin type က oily skin ဆိုရင် niacinamide serum ကို အရင်လိမ်း, dry skin ဆိုရင် hyaluronic acid serum ကို အရင်လိမ်းပါ။ Niacinamide နဲ့ hyaluronic acid မဟုတ်ဘဲ 📌retinol နဲ့ hydrating serum တခုခုဆိုရင်လဲ ကိုယ့်ရဲ့ skin က retinol ရဲ့ပြင်းအားကို ခံနိုင်ရည်ရှိအောင် hydrating serum ကို အရင်လိမ်းပေးတာက ပိုပြီးသင့်တော်ပါလိမ့်မယ်။
🦋Eye cream, lip balm
Eye cream ကတော့ moisturizer step မတိုင်ခင် လိမ်းရမှာဖြစ်ပြီး lip balm ကတော့ ဘယ်အချိန်ပဲ ကောက်ဆိုးဆိုး အဆင်ပြေပါတယ်👌 ဒါပေမဲ့ တခုရှိတာက ကိုယ်က အရမ်းပြင်းတဲ့ exfoliating products တွေ, ဥပမာ ordinary peeling solution or AHA BHA % များတာတွေ or retinol လို harsh ဖြစ်တာတွေ သုံးတဲ့နေ့မျိုးဆိုရင်တော့ အဲ့ steps တွေမသုံးခင် eye cream နဲ့ lip balm ကို အရင်လိမ်းဖြစ်အောင် လိမ်းပေးပါ။
🦋Moisturizer / Facial oil / Sleeping mask
3ခုလုံး လိမ်းတဲ့သူတော့ ရှိမယ်မထင်ဘူး။ Facial oil ကို ကိုယ်လိမ်းမယ့် moisturizer ထဲ 1 2စက်ထည့်ပြီး ရောလိမ်းလို့ရသလို facial oil အပျစ်အကျဲပေါ် မူတည်ပြီး moisturizer မလိမ်းခင် / လိမ်းပြီး နောက်က လိုက်လိမ်းလို့ရပါတယ်။ Sleeping mask သမားတွေကတော့ moisturizer မလိမ်းဘဲ sleeping mask တန်းလိမ်းလဲရသလို moisturizer လိမ်းပြီးမှ sleeping mask ထပ်လိမ်းမယ်ဆိုလဲ အဆင်ပြေပါတယ်💗
🦋Sunscreen
Night routine ကတော့ moisturizer နဲ့တင် အဆုံးသတ်သွားပေမဲ့ morning မှာတော့ moisturizer နောက်ကနေ Spf မဖြစ်မနေ လိုက်ပေးရပါမယ်🌤️ Sunscreen လိမ်းတဲ့အခါ သတိထားရမှာကတော့ sunscreen ကို skincare routine တခုလုံးရဲ့ last step မှာ လိမ်းပေးဖို့နဲ့ တခြားဘာနဲ့မှ ရောမလိမ်းဖို့ပါ။ နောက်ပိုင်း အတတ်ဆန်းပြီး white cast ကျန်တဲ့ sunscreen တွေကို foundation နဲ့ရောလိမ်းကြတာတွေ တွေ့မိလို့ပါ❌ အသေးစိတ်ကိုတော့ နောက်မှ post တခုသက်သက်နဲ့ ရှင်းပါမယ်။ Last step ဆိုတာကလဲ moisturizer အကယ်၍ facial oil လိမ်းတယ်ဆိုလဲ အဲ့ဒါတွေအကုန်ပြီးမှ sunscreen ကို လိမ်းစေချင်တဲ့ သဘောပါ။ Sunscreen လိမ်းပြီး ဘာမှမလိမ်းရဘူး ပြောတာတော့ မဟုတ်ပါဘူး။ မျက်နှာပေါ် sunscreen လိမ်းပြီး အချိန်ခဏစောင့်ပြီးရင် နောက်က makeup ဘာညာ ထပ်လိမ်းလို့ရပါတယ်။
ပြောချင်တဲ့အချက်တွေစုံအောင်တော့ သေချာလေး စဥ်းစားပြီး ရေးပေးထားပါတယ်🤯 လွတ်သွားတဲ့အချက်တွေရှိရင် remind လုပ်ပေးကြပါဦး။ မေးချင်တာလေးတွေရှိရင်လဲ comment မှာ မေးခဲ့နိုင်ပါတယ်။
နောက် post မှပဲ အားလုံးနဲ့ ပြန်တွေ့မယ်နော်😗
With Much Love,
Nyi😘
Click here to claim your Sponsored Listing.
Category
Website
Address
Yangon