ညမဖတ်ရ
ပြည့်တန်ဆာမလေးသီရိမာ(စ/ဆုံး)
-------------------------
★ ★ ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါဦး သခင်မ နားကြားများလွဲလေသလားကွယ်
>>> ဟုတ်ပါတယ် သခင်မ … သခင်မကို အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ် ….
★ ★ မဖြစ်နိုင်တာကွယ် … သခင်မဘ၀မှာ အမျိုးသမီးကတွေ့ခွင့်တောင်းတယ်ဆိုတာ မဖြစ်နိင်တာပဲ … သူက ဘယ်သူလဲ … ဘာကိစ္စတဲ့တုန်း …တစ်လကြိုတင် ချိတ်ဆက်ထားခြင်း မရှိရင်သခင်မ ဘယ်သူ့မှ မတွေ့တာ သူမသိ ဘူးလား …။
>>> သိပ်ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်ပါသခင်မ … ကိုယ်ရေးကိုယ်တာကိစ္စကြောင့် သခင်မကိုပဲတွေ့ပါရစေ … သခင်မနဲ့ နှစ်ကိုယ်ကြားပြောပါရစေ တဲ့ ….
★ ★ ဘုရားဘုရား … ဟုတ်ရဲ့လားကွယ် … ကဲကဲ … ထားပါတော့ သူ့ကိုဖျော်ရည်နဲ့ ဧည့်ခံ ထားလိုက်ပါကွယ် … သခင်မလာခဲ့မယ် ခဏစောင့်ဖို့ ပြောထားလိုက်နော် ….
အင်း …. ကျမလိုပြည့်တန်ဆာတစ်ယောက်ကို …. အမျိုးသမီးတစ်ယောက်က … တွေ့ခွင့် တောင်းတယ် ဆိုပါလား ထူးဆန်လိုက်တာ ….
ကိုယ်ကို မှန်ရှေ့မှာ တစ်ချက် လှည့်ပတ်ကြည့်လိုက်တယ် …. ပြီးတော့ အပေါ်ရုံလေးကို အသာအယာ ခြုံပြီး …. ဧည့်ခန်းမဆီကိုထွက်လာခဲ့တယ် …။
အိုး … မျက်နှာလေးက ကျက်သရေရှိသလို အေးချမ်းလှပါလား ….
ဧည့်ခန်း စန္ဒကူးညောင်စောင်းမှာ ထိုင်နေတဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ကျက်သရေရှိနေတဲ့ ကျမနဲ့သက်တူရွယ်တူလောက်ရှိမယ့် မိန်းကလေးတစ်ယောက် … ကျမဧည့်ခန်း အပြင်အဆင်ခမ်းနားပုံကို … စိတ်၀င်တစားကြည့်ရင်း ကျမကို စောင့်နေတာ တွေ့လိုက်ရတယ် ….
★ ★ကျမ ကသီရိမာ ပါ ….
သူကျမကို မော့ကြည့်ပြီး … ပါးစပ်အဟောင်းသားနဲ့ခဏငေးမောသွားတယ် … ပြီးမှ သတိ ၀င်လာပြီး ….
★ ဒီလောက် လှပကျော့ရှင်းပြီး ကျက်သရေရှိလှတာ …. သီရိမာပဲဖြစ်မှာပေါ့ … နိုင်ငံတော်ရဲ့ အချောဆုံး အလှဆုံး ကျက်သရေအရှိဆုံးဘွဲ့ကို ခံယူထားတာပဲ … ကျမတောင် ငေးမိသွားရတယ် …. ကျမက ဥတ္တရာပါ …. သုမန သူဋ္ဌေကြီးရဲ့ ချွေးမပါရှင် …
★ ★ သြော် … နန္ဒသူဋ္ဌေးလေးရဲ့ ကြင်ယာကိုး …. နာမည်ကို ကြားဖူးတာကြာပါပကော ရှင် … သိပ်တော်ပြီး ခင်ပွန်းကိုသိပ်ဂရုစိုက်တဲ့ …. မိန်းမမြတ်လေးတဲ့ … ကျမယုံသွားပြီ …
ဒီမယ် … ကျမပြောပြပါဦးမယ် …. ဒီနိုင်ငံရဲ့မင်းမျိုးမင်းနွယ် သူဋ္ဌေးသူကြွယ်တွေထဲမှာ … ကျမဆီကို ရောက်မလာတဲ့ တစ်ဦးတည်းသောသူကိုပြပါဆိုရင်လေ …. ရှင့်ရဲ့နူးညံ့သိမ်မွေ့တဲ့ … ပြုစုမူအောက်က ရှင့်ခင်ပွန်းပဲရှင် သိရဲ့လား …။
★ အင်း …. သူ သီရိမာနဲ့ မတွေ့ဖူးတာကြောင့် သီရိမာဆီမလာတာကြောင့် ကျမမှာ … အခက်တွေတွေ့ပြီး နောက်ဆုံး … ကျမကပဲ သီရိမာ ဆီလာပြီး သီရိမာကလာပေးဖို့ အကူအညီတောင်းရတော့တာပေါ့ရှင် …. ။
★ ★ ဟင် … ဘယ်လို … ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင် … ထူးဆန်းတာတွေနဲ့ပဲ ကြုံတွေ့ နေရတယ် … တခုခုမှားနေသလားပဲ … ကျမအထင် … အမက ကျမကို ရှင့်ခင်ပွန်းနဲ့ တွေ့စေချင်သလားပဲ …. ဟုတ်လား ….
ကျမသိတာက ဂုဏ်သရေရှိအမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမဆီခြေဦးလှည့်မှာသိပ်ကြောက်ကြတယ်လေ …။
★ ပြောရမှာတော့အားနာပါတယ် သီရိမာ …. ကျမဖခင် သုမနသူဋ္ဌေးနဲ့ ကျမခင်ပွန်းဟာ … ဗုဒ္ဓရဲ့တရားတော်ကို … သက်၀င်ယုံကြည်မှုမရှိကြသေးဖူးလေ … ဗုဒ္ဓရဲ့ အဆုံးအမကို လက်မခံသေးဘူး … ကျမကတော့ ကျမ မိဘတွေလို ဒါန သီလ ဘာ၀နာကို အားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ကျမလေ သူနဲ့အကြောင်းပါပြီးကတည်းကစလို့ … ကျမ ကိုလေ ဥပုသ်လေးတောင်စောင့်ခွင့်မပေးပဲ …နေ့စဉ်သူ့ကိုပဲ ပြုစုစေတယ် …
★ ★ ခစ်ခစ် … အမခင်ပွန်းက အမကို သိပ်ချစ်တာပေါ့ ….
★ ဒါချစ်တာလို့ခေါ်လား သီရိမာ …. ပျိုမျစ်မှုတွေကုန်သွားချိန်ရော …. အဆင်းလှတုန်း … အရွယ်နုပျိုတုန်း ကျန်းမာသန်စွမ်းတုန်းတော့ … ချစ်တာပေါ့ …
★ ★ အို … အမ ဥတ္တရာ … ကျမအမေလဲဒီလိုပဲ သိလား … ဘုရင်မင်းမြတ်ကအစ တစ်နိုင်ငံလုံး အနမ်းခံရတဲ့ ပန်းကလေး … ဟော ... သူလဲအိုမင်းရော … ဘယ်သူမှ အရေးမလုပ်တော့ဘူး ….
ခုလဲကြည့်လေ .. ကျမမပါရင် … ဘုရင်မင်းကြီး ဘာပွဲမှလုပ်လို့မရဘူး …. ဘယ်သံတမန် ဧည့်သည်မှ တွေ့လိုမရဘူး … ကျမအားတဲ့ရက်ကို သူညှိပြီးစီစဉ်ရတာ …. ပြောပြစမ်းပါ အမဥတ္တရာ … ကျမရဲ့ ပျိုမျစ်ခြင်းကဘယ်လောက်ထိခံမလဲ … နောက် ငါးနှစ်လား … နောက်ဆယ်နှစ်လား ….
သူမက ကျမတို ညီမငယ်လေး တစ်ယောက် လို မြတ်နိုးစွာ ပြုံးကြည့်နေတယ် ….
★ ★ ကျမဘယ်လိုကူညီရမလဲ … ပြောလေ
★ ဆယ့်ငါးရက်တိတိ ကျမအိမ်မှာလာနေပြီး ကျမခင်ပွန်းကို … ခင်ပွန်းတစ်ယောက်လို ပြုစုပေးပါညီမရယ် … ဗုဒ္ဓနဲ့ သံဃာတော်တွေကို … ကျမ ဆွမ်းဖိတ်လုပ်ကျွေးချင်တယ် … သီလဆောက်တည်ချင်တယ် … ဆယ့်ငါးရက်ထဲပါ …. ကျသင့်ငွေကို ခုထဲကပေးခဲ့ပါ့မယ် ညီမရယ် ….
★ ★ ဆယ့်ငါးရက်တောင် … များလှပါလား … ပြီးတော့ အမခင်ပွန်းက ကျမပြုစုလုပ်ကျွေးတာ နှစ်သက်မယ်လို့ အမထင်လားဟင် ….
★ ငါ့ညီမလောက်လှတာ … ရာဇဂြိုဟ်မှာ ရှိလို့လား ညီမလေးရယ် …. ပျိုမျစ်မှုနဲ့ … အလှအပကို ကိုးကွယ်တဲ့ ယောက်ျားတစ်ယောက်က … လောကမှာ အလှဆုံးလို့ ပြောလို့ရတဲ့ ညီမကို မနှစ်သက်ဘူးဆိုရင် .. ကျိန်းသေပြီ … သူဟာယောဂီပဲ … အမခင်ပွန်းအကြောင်း အမသိပါတယ်ညီမငယ် … သူမင်းနဲ့တွေ့တာနောက်ကျတယ်တောင်ထင်မှာ … ။
★ ★ တစ်ကယ်ဆို ကျမ ဒါမျိုး ရက်ရှည် ပြုစုရတာလက်မခံချင်ဘူး … အားလုံးကို နေ့ပိုင်း နာရီပိုင်း လောက်ပဲပြုစုရတာ .. ဒါပေမယ့် …ခင်ပွန်းအတွက် … ဇနီးကိုယ်တိုင် လာတယ် ဆိုတော့ ကျမလက်ခံလိုက်ပါ့မယ် … ပြီးတော့ဗုဒ္ဓအတွက် ဆိုတဲ့စကားကိုကြားရတော့ ကျမတို့အနွယ် ရဟန္တာမကြီး အမ္ဗပါလီကို မြင်မိလို့ပါ ….။
★ ၀မ်းသာလိုက်တာ ညီမငယ် … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက်ဖြန် ရထား လွှတ်လိုက်ပါ့မယ် ….
★ ★ အို … ကိစ္စမရှိပါဘူးအမ … ကျမရထားနဲ့ပဲလာခဲ့ပါ့မယ် ….
အခန်း ( ၂ )
> ★< ကျမရဲ့ မြင်းဖြူ လေးကောင် က တဲ့ ရထားလုံး နန္ဒသူဌေးလေးရဲ့ အိမ်ရှေ့ရောက်တယ်ဆိုရင်ပဲ … ကျမနဲ့ အတူပါလာတဲ့အလုပ်သမားတွေက .. ကျမကို တံခါးဖွင့်ပေးချိန်မှာ … ဥတ္တရာက အိမ်ထဲက ပြုံးရွှင်စွာပြေးထွက်လာပြီး …. ရထားပေါ်ကဆင်းမယ့်ကျမကို သူ့လက်နှစ်ဖက်နဲ့ ဆီးကြို ဖေးမပါတယ် … အသင့်စောင့်နေတဲ့သူ့အခြွေရံတွေက … ကျမ သေတ္တာတွေကို သယ်သွားကြပါတယ် ….
သူကျမလက်ကို ဆွဲပြီး ခမ်းနားလှတဲ့ ဂေဟာကြီးအပေါ်တက်လာခဲ့တယ် …. လှေခါးထိပ် နှစ်ဖက်မှာ မိန်းမပျိုနှစ်ယောက်စီက ကျမတို့ကိုအရိုအသေပေးကြတယ် …
★ ညည်းတို့အရှင် … အခန်းတွင်းမှာလား …
>>> ဟုတ်ကဲ့ပါသခင်မ … ဧည့်သည်အတွက် သခင့်အခန်းနဲ့ ကပ်လျက်အခန်းမှာ ပြင်ထားပါတယ် …. ။
★ အေး အေး မင်းတို့လွတ်လပ်စွာနေကြတော့ ….
သူ ကျမကိုလက်ဆွဲခေါ်လာပြီး … ကျမအတွက်ပြင်ထားတဲ့အခန်း လို့ထင်ရတဲ့အခန်းရှေ့မှာ .. ရပ်ပြီး …
★ ခဏတစ်ဖြုတ်နားဦးနော်ညီမလေး …. ခဏနေ သူဋ္ဌေးမင်းနဲ့တွေ့ဖို့ အမလာခေါ်မယ်…။
> ★ < သလွန်ပေါ်မှာထိုင်ရင်း ..ကျမဘ၀အကြောင်းစဉ်းစားမိတယ် ….
ကျမရဲ့မိခင်အမည်က သလ္လာ၀တီ …. ဗိမ္မိသာရမင်းကြီးရဲ့ အမတ်ချုပ်ကြီးရဲ့ သမီး … ဝေသာလီ ဂဏ နိုင်ငံတွေရဲ့ဥပဒေအရ … နိုင်ငံတစ်နိုင်ငံက … မြင့်မြတ်တဲ့မျိုးနွယ်မိန်းကလေးတစ်ယောက် သိပ်ချောသိပ်လှလို့ ( ၇ ) ပြည်ထောင်မင်းတွေ လာတောင်းရမ်းယူရပြီဆိုရင် …. ဒီမိန်းကလေးကို … နိုင်ငံတော်ရဲ့သမီး … မြင့်မြတ်သူအားလုံးပိုင်သူ … ဆိုတဲ့ဘွဲ့ပေးရတယ် …
ဘုရင်ကိုယ်တိုင် …စံနန်းဥယျာဉ် ဆောက်ပေးရတယ် … မင်းစိုးရာဇာ နဲ့ ဘုရင်ဘွဲ့ပေးထားတဲ့ သူဋ္ဌေးတွေကို … ပြုစုရတယ် …. မင်းခမ်း မင်းနားတွေကို ဦးစီးရတယ် …
တစ်ပြည်ထောင်မင်းတွေကို ဧည့်ခံရတယ် …. စစ်မက်အရေး အရိပ်အမြွက်ရှိရင် …မာယာနဲ့ ညှိနှိုင်းရတယ် … သတင်းနှိုက်ရတယ် ...
ဒီလိုဘွဲ့ပေးလိုက်တဲ့အချိန်မှာ … ကျမမိခင်ရဲ့ချစ်သူ အဘယ မင်းသားက ကျမအမေကို နှစ်ချီပြီး ငှားခဲ့တယ် ( ဥပဒေကိုမှ မလွန်ဆန်နိုင်ပဲကိုး )
ကျမရဲ့မိခင်ဟာ … အဘယမင်းသားနဲ့ အကြောင်းပြုစုံမက်ပြီး … သားလေးတစ်ယောက် ဖွားမြင်ခဲ့တယ် …. သားယောက်ျားလေး ဂုဏ်မငယ်ရအောင် … အဘယဘုရင်ကိုယ်တိုင် နန်းတွင်းခေါ်ယူ သူ့ရင်သွေးလေးကို ဇီ၀က လို့မှည့်ပြီး … နန်းတွင်းမှာထားခဲ့တယ် …
ကျမကိုမွေးဖွားခဲ့တဲ့အခါမှာတော့ … မအေတူတဲ့အပြင် ..မအေထက်တောင်နူးညံ့လှပလို့ ….ကျမကို မိခင်ရဲ့အရိုက်အရာကို ဆက်ခံစေခဲ့တယ် … ။
ကျမမိခင်ကြီးကွယ်လွန်တဲ့အခါ … ကျမကိုသိပ်ချစ်တဲ့ ကျမရဲ့ အကိုကြီး ဟာ … သမားတော်ကြီးဇီ၀ကဆိုပြီး ထင်ရှားခဲ့သလို … ကျမဟာလဲ …. ရာဇဂြိုဟ်ရဲ့ ရုပ်၊ အဆင်း အင်္ဂါ ကြန်အင်လက္ခဏာ … ပညာ … အဖြာဖြာနဲ့ပြည့်စုံတဲ့ …. မင်းအသိအမှတ်ပြု … တိုင်းပြည်ရဲ့ အဓိကကျတဲ့ ၀န်ထမ်းတစ်ဦးဖြစ်လာတာပေါ့ …. ဒီလိုနိုင်ငံ့ သမီးပျိုတွေ ဟာ…. မဟာဆီမဟာသွေးပဲဖြစ်ရတယ် လေ ….
ကျမတတ်အပ်တဲ့တာ၀န် …ဟုတ်လား …အဲ့ဒါတွေက ….
၁။အကမျိုးစုံ ကပြ သင်ပြတတ်ရတယ်
၂။ တူရိယာပစ္စည်းမျိုးစုံ…တီးတတ်မှုတ်တတ်ရတယ် …
၃။ အခါရာသီအလိုက် သင့်တော်တဲ့၀တ်စားဆင်ယင်မှု ကိုယ်တိုင်ရော… မင်းအခမ်းနားအတွက်ရော…ဘုရင်ကိုပါ…ဆင်မြန်းနိုင်ရတယ်
၄။ ရုပ်နဲ့လိုက်တဲ့ ခြယ်သပြင်ဆင်မှု
၅။ အိပ်ယာ၊ ကုတင် … ပန်းအလှပြင် .. စံအိမ်တော် ရှုမ၀ကျက်သရေနဲ့ ပြည့်စုံအောင် ပြင်ဆင်မှု
၆။ လူအမျိုးမျိုး… နှစ်သက်ပျော်ရွှင်အောင်ပြုစုမှု
၇။ သေရည်သေရက် အမျိုးမျိုး ရောစပ်ရာမှာလိမ်မာမှု
၈။ ကာမမွေ့လျော်ပုံအမျိုးမျိုးအတတ်
၉။ လေး၊ မြှား၊ ကျည်..ဒါဏ်ရာခွဲစိတ်ကုသပေးရတဲ့အတတ်
၁၀။ အချက်အပြုတ်ကျွမ်းကျင်လိမ်မာမှု
၁၁။ ပန်းချီ
၁၂။ အ၀တ်အစားတို့ကို ကိုယ်တိုင်စံပြချုပ်လုပ်တတ်မှု
၁၃။ ကလေးသူငယ်တို့အား စောင့်ရှောက်မှုအတတ်
၁၄။ ဘာသာမျိုးစုံကိုရေးနိုင်ဖတ်နိုင်ပြီး …တိုင်းတစ်ပါးမှ ဘုရင်၊ မင်းသား စသည် သံတမန်များကိုပြုစုစဉ် …နိုင်ငံအတွက် သတင်းအချက်အလက်များကို … နှိုက်ယူစုံစမ်းခြင်းအတတ် ….
၁၅။ ကွမ်းယာခြင်းအတတ်
၁၆။ အိမ်တွင်းပရိဘောဂနှစ်သက်ဖွယ်ထားသိုခြင်း …
၁၇။ လင်ယောက်ျားနှစ်သက်ကျေနပ်အောင်ပြုစုခြင်းအတတ် နှင့် ပြန်လည်သင်ပြခြင်းအတတ်
၁၈။ နို့ ထောပတ် .. မလိုင် …ဒိန်ခဲ စသည်တို့ကိုကိုယ်တိုင်စီရင်ခြင်းအတတ်…။
ဒါ့အပြင်
မင်းမှုထမ်းတို့ကိုလဲနိုင်ငံတော်တွက် ကြိုးစားချင်စိတ်ရှိအောင်သီချင်းစပ်ဆိုဖျော်ဖြေကပြခြင်း … ရဲစိတ် ရဲမာန်ပြည့်ဝအောင် သီချင်းများစပ်ဖျော်ဖြေပေးခြင်း …ဒါတွေ တတ်ရတာပေါ့ …။
( ပြည်သူတွေက ဘုရင်ကို တွေ့ရခဲသလို ကျမကိုလဲ တွေ့ခဲပါတယ် …. တစ်နှစ်တစ်ကြိမ် နိုင်ငံသူနိုင်ငံသားတွေ မင်းမှုထမ်း ရဲမက်တွေကို သီချင်းသီကုံး ဖျော်ဖြေရတယ် ပြည်သူ တွေကလဲကျမကို သိတ်မြတ်နိုးတယ် )
ဒါကြောင့် နိုင်ငံတော်ကချေသည်ဆိုတာ …. နိုင်ငံဂုဏ်ဆောင် ပညာရှိ … မင်းမျိုးနွယ် ဆိုပါတော့
ကျမအမေနဲ့ ခေတ်ပြိုင် အမ္ဗပါလီဆိုတဲ့ ဝေသာလီက ကချေသည် ဆိုရင်လေ … မူးကြီး မတ်ကြီးတွေထက်တောင် ပညာသာလွန်တဲ့အပြင် … ဟော .. အခုဆိုရင် လေ ... ဗုဒ္ဓရဲ့ သမီးတော်၊ ဘုရင်တောင်ဦးခိုက်ရတဲ့ ရဟန္တာထေရီမကြီး ဖြစ်နေပြီပေါ့ …
အင်း ..ကျမလဲတစ်နေ့နေ့မှာဗုဒ္ဓကို …ယုံကြည်သူဖြစ်မလားမသိဘူး …ဒါပေမယ့် … ကျမ ကတော့ လက်ရှိကျမရဲ့ပျိုမြစ်နုနယ်မှုကို …. သိပ်သဘောကျတယ် …. ကျမ ခြေထောက်လေးတစ်ချက်ခတ်လိုက်တာနဲ့ …. ဘုရင်ကအစ ..မင်းဆွေစိုးမျိုး သူဌေးတွေရဲ့ငွေအားလုံး ကျမခြေထောက်အောက်ရောက်လာတာလေ ….
★ ဒေါက် ဒေါက် … ညီမရေ ..သူဌေးမင်းနဲ့တွေ့ရအောင် …
> ★ < သူ့နောက်ကနေ … ခပ်ယို့ယို့လိုက်သွားလိုက်တယ် …. ကျမရဲ့ကပ်လျက်အခန်းထဲမှာ .. သူဋ္ဌေလေးကို .. သလွန်ညောင်စောင်းပေါ် ထိုင်နေတာတွေ့ရတယ် …
သူ … သေရည်ကို ရွှေခွက်နဲ့သောက်နေတုန်းအချိန် … ခန့်ညားမွန်ရည်တယ် … အပူအပင် အကြောင့်အကျ … စိတ်သောကကို … သူ့စိတ်ထဲအရောက်မခံပုံပဲ …
ဥပတိရုပ်ကောင်းသလို … ဥတ္တရာပြောသလိုပဲ … ကာမသုခလ္လိကာနုယောဂ … ကျင့်သုံးအားသန်ပုံပဲဆိုတာ အကဲခတ်လို့ရတယ် … ဘယ်လိုပဲဆိုဆို … သဘောထားဖြောင့်စင်းပြီး နှစ်လိုဖွယ်အဆင်း ရှိသူလို့ သတ်မှတ်ရမှာပါ…။
★ သီရိမာ …. ရောက်လာပါပြီ … အရှင့်သား ….
သူ ကျမကို လှမ်းကြည့်လိုက်တယ် …ကျမလဲသူ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာ … ကျိန်းသေပြီ … သူ့အကြည့်ကို ကျမရဲ့ရူပါရုံက သံလိုက်လိုဆွဲဆောင်သွားပြီ… မခွာတော့ဘူး … သူ ဥတ္တရာရှိနေတာ မသိတော့ဘူး …
★ ကဲ … သီရိမာ … ကိုယ့်အိမ် … ကိုယ့်ခင်ပွန်းလိုသဘောထား … ပျော်ပျော်နေနော် … အိမ်စေအမှုလုပ်များကလဲ ရှင့်ကို .. ကျမနဲ့မခြား … ခစား၊ ရိုသေကြပါလိမ့်မယ် ….
ကိုယ့်ခင်ပွန်းလိုသဘောထား … ဒီစကားက ကျမကို ပီတိဖြစ်စေတယ် …ကျမ ဥတ္တရာကို ခေါင်းညိမ့်ပြလိုက်တယ် … နန္ဒကတော့ ကျမကိုခြေဆုံးခေါင်းဆုံးကြည့်နေရာက မခွာနိုင်သေးဘူး …။
ဥတ္တရာထွက်သွားပါတယ် … သူကျမကိုကြည့်နေတုန်း …. ကျမသူ့နားတိုးသွားလိုက် တယ် …
★ ★ ဘာစကားမှမပြောတော့ဘူးလား … သီရိမာကိုအလိုမရှိဘူးလားဟင် …
★ ★ ★ အို…အို .. ဒီ..ဒီလို မဟုတ်ပါဘူး … ဗြုန်းကနဲဆိုတော့လေ … အံ့သြသွားလို့ပါ …
★ ★ ဘာလို့ …
★ ★ ★ နတ်သမီးတစ်ပါး ကျုပ်ရှေ့ရောက်လာတယ်လို့ … အိမ်မက်များမက်နေသလားလို့ပါ … လှလိုက်တဲ့ သီရိမာ၇ယ် … လှလိုက်တာ … ဒီနေ့ဒီရက်ထိ … သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ ...။
> ★ < ကျမလဲ သူ့ကိုမြင်မြင်ချင်း စိတ်၀င်စားမိတယ် … ဒီရက်တွေ သူ ကျမကို သူ့မျက်စိအောက်က အပျောက်မခံဘူး … နောက်ဆုံး အစားအသောက်ကိုတောင် သီရိမာ ..ပြင်ဆင်ပေးမှ … အ၀တ်အစားကအစ သီရိမာ ဆင်မှ … ကျမတို့ကမ္ဘာမှာ .. ဥတ္တရာ မရှိတော့ဘူး … ကျေးကျွန်တွေကလဲ ကျမကို … အိမ်ကြီးသခင် … သူဌေးကတော်ကြီးလို ..ရိုကျိုးခစားကြတယ် … ကျမထင်တယ် .. သူကျမကိုလက်လွှတ်မခံတော့ဘူး … ကျမလဲ အိမ်ထောင်ရှင်မိန်းမတစ်ယောက်လိုပဲ နေချင်လာတော့တယ် ….
ကောမန့်တွင်ဆက်ဖတ်နိုင်ပါတယ်ခင်ဗျ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon