Betta Hub
15/06/2021
Betta လေးတွေက တစ်ကောင်တည်းမွေးရတာလား။ တခြားကောင်လေးတွေနဲ့ တွဲမွေးလို့မရဘူးလား။ (Tank mates for Betta fish)
ဒီမေးခွန်းက Betta လေးတွေကို စမွေးတဲ့သူတွေ အမေးများတဲ့ မေးခွန်းဖြစ်ပါတယ်။ Betta တွေက သူတို့ရဲ့ ပိုင်နက်သတ်မှတ်ပြီး နယ်မြေလု ရန်လိုတတ်တဲ့ အမူအကျင့်တွေကြောင့် အထီးတွေကို အတူတူမွေးလို့မရပါဘူး။ အမတွေကို ကန်ကျယ်ကျယ်မှာ ပုန်းစရာေနရာများများနဲ့ အုပ်လိုက်မွေးလို့ရပါတယ်။ ဒါပေမဲ့ စိတ်မပျက်သွားပါနဲ့ဦး။ ကိုယ့် Betta လေးတွေရဲ့ အမူအကျင့် ရန်လိုမလို အပေါ်မူတည်ပြီး 5 gallons - 10 gallons အပင်ကန် (1ပေ 10လက်မ၊ 1ပေပတ်လည်၊ 2ပေ 1ပေကန်) တွေမှာ အပင်များများ ပုန်းခိုစရာ များများနဲ့ တခြား ငါးမျိုးစိတ်လေးတွေနဲ့ တွဲမွေးလို့ရပါတယ်။ ဘယ်ငါးလေးတွေလဲဆိုတာ အောက်မှာ ပုံလေးနဲ့နာမည်နဲ့ တွဲကြည့်ပေးပါဗျ။
ကြိုက်နှစ်သက်ပါက ဒီ post လေးကို like and share လေးနဲ့ ကူညီပေးပြီး နောက်ထပ် Betta နဲ့ ပတ်သတ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာ သစ်လေးတွေကို သိရအောင် ကျွန်တော်တို့ရဲ့ Betta Hub page လေးကို Like မလုပ်ရသေးရင် လုပ်ခဲ့ဖို့ မမေ့နဲ့နော်။ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Shwe Hnin Si 2 Street
Yangon