YiKA

YiKA

Share

20/04/2026

အနုပညာ လက်ရာတခုကို ဝယ်ယူ စုဆောင်း သိမ်းဆည်း ရုံသာမဟုတ်ပဲ၊

ဂုဏ်ယူစွာ ဝတ်ဆင်လို့ရတဲ့ အခိုက်အတန့်ကို ရရှိစေမယ့်

YiKA ရဲ့ Blue Octopus Kimono Jacket ကို အခုပဲ မှာယူနိူင်ပါပြီ ။

လိုက်ဖက်တဲ့ အရောင်တွဲစပ်မှု၊ ထူးခြားတဲ့ ဒီဇိုင်း နဲ့အတူ ဝတ်ဆင်သူကို တင့်တယ်စွာ ထ‌င်ပေါ်စေမယ့် ဒီဇိုင်းလေးပဲ ဖြစ်ပါတယ် ။

A form of art comes alive in YiKA's Blue Octopus Kimono Jacket.

The perfect color combinations and unique design will make the wearer stand out in every crowds.

Pre order available now .

15/04/2026

မြန်မာ့ရိုးရာ သင်္ကြန်ကာလ ဆုတောင်းစကား ပါးရင်း YiKA ရဲ့ အကြောင်းလေးကို မျှဝေပါ‌ရစေရှင်

YiKA ကို ဝန်ထမ်းတွေ အများကြီးနဲ့ လည်ပတ်နေတဲ့ ဖက်ရှင် အမှတ်တံဆိပ် တခုလို့ ထင်တတ် ကြပေမယ့်၊

နောက်ကွယ်မှာတော့ မိသားစုဝင် အနည်းငယ်နဲ့သာ လုပ်ကိုင်နေတဲ့ Family Business တခုဖြစ်ပါတယ် ။

YiKA ရဲ့ ရည်ရွယ်ချက်ကလဲ အဆမတန် ကြီးထွား အောင်မြင်တဲ့ လုပ်ငန်းတခု ဖြစ်ဖို့ထက် ၊ သဘာဝနဲ့ လူမှုပတ်ဝန်းကျင်အပေါ် တာဝန်သိစွာဖြင့် လည်ပတ်နိူင်တဲ့ ဖက်ရှင်အမှတ်တံဆိပ် တခု အနေနဲ့ အောင်မြင်စွာ ရပ်တည်ဖို့ ဖြစ်ပါတယ် ။

YiKA ရဲ့ ဒီဇိုင်းတွေကို ပွဲတက်တွေအထိ ရည်ရွယ်ပြီး ထုတ်လုပ်ပေမယ့် ၊ တခါ ဝတ်ပြီး သိမ်းထား လိုက်ရတာမျိုး မဟုတ်ပဲ အခါအားလျော်စွာ ထပ်ခါတလဲလဲ ဝတ်ဆင်နိူင်အောင် အမြဲ ထည့်သွင်းစဉ်းစားပြီး ဖန်တီး ဖြစ်ပါတယ် ။

အင်္ကျီတထည် ဖြစ်လာဖို့ သဘာဝ နဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ အများကြီး သုံးစွဲကြရတာမို့ ၊

ကျွန်မတို့ ဖန်တီးလိုက်တဲ့ အင်္ကျီတထည်ကို ဝယ်ယူဝတ်ဆင်သူများ အမြတ်တနိူး တန်ဖိုးထားပြီး၊ ရေရှည် ဝတ်ဆင်နိူင်ဖို့ က YiKA ရဲ့ ပထမဦးစားပေးဖြစ်ပါတယ်။

ဒါကြောင့် YiKA ရဲ့ အင်္ကျီလေးတွေကို ဝယ်သူများအနေနဲ့ စွန်းထင်း ပေါက်ပြဲ တစုံတရာ ဖြစ်ပါက ပြန်လည် ပြုပြင်ပေးတဲ့ ဝန်ဆောင်မှုကိုလဲ 2024 ခုနှစ်မှာ စတင်ခဲ့ပါတယ်။

YiKA အနေနဲ့ မိမိရဲ့ လုပ်ငန်းရပ်တည်ရာ ဒေသ မှာရှိတဲ့ လူ့အဖွဲ့အစည်းနဲ့ အတူတကွ ကြီးထွား တိုးတက် ရမယ်လို့ ခံယူချက် ထားရှိပါတယ် ။

ဒါကြောင့် YiKA မှာ အတတ်နိူင်ဆုံး ပြည်တွင်းကုန်ကြမ်းများ ကိုသာ ကြိုးစား ရွေးချယ် အသုံးပြုလျက်ရှိပြီး၊

ပြည်တွင်း လူ့ပတ်ဝန်းကျင် အကျိုးပြု မိတ်ဖက်အဖွဲ့အစည်းများနဲ့လဲ စဉ်ဆက်မပြတ် ပူးပေါင်းလုပ်ကိုင်လျက်ရှိပါတယ် ။

YiKA မှာ ဝယ်ယူအားပေးသူများ၊ စိတ်ဝင်တစား စောင့်ကြည့်ပေးသူများ က ကျွန်မတို့ ခံယူချက် အတိုင်း ဆက်လက် ရပ်တည်နိူင်ဖို့ ခွန်အားဖြစ်လို့ ၊ အမြဲတစေ ကျေးဇူးတင် တန်ဖိုးထားလျက်ရှိပါတယ် ။

တဆက်တည်းမှာပဲ မြန်မာ့ရိုးရာ သင်္ကြန်ကာလ အခါသမယမှာ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့်စုံကြ‌ပါစေလို့ YiKA မှ တောင်းဆုပြုလိုက်ရပါတယ်ရှင် ။

Photos from YiKA's post 31/03/2026

ဝတ်စုံ တစုံ ဆိုတာထက်ပိုပြီး

နူးညံ့တဲ့ လက်ရေးပန်းချီ ပန်းခက်လေးတွေ နဲ့ လိုက်ဖက်ညီစွာ တွဲစပ်ထားတဲ့ ဖန်တီးမှု တခုကို ဂုဏ်ယူစွာ ဝတ်ဆင်ကြည့်ပါရှင်

YiKA ရဲ့ Two Pleated Vine Rose Dress လေးကိုတော့ ကြိုတင်မှာယူကာ နှစ်သက်ရာ နှင်းဆီပန်း အရောင်ကွဲလေးတွေနဲ့လဲ အပ်နှံနိူင်ပါတယ်ရှင်

Photos from YiKA's post 25/03/2026

လက်ရေးပန်းချီ ပန်းကနုတ်လက်ရာ တွေနဲ့ အချိန်ယူဖန်တီးထားတဲ့ YiKA အပေါ်လွှာ အင်္ကျီလေး ကို မိတ်ဆက်လိုက်ပါတယ်

ကျားမ မရွေး ဝတ်ဆင်နိူင်မှာ ဖြစ်ပြီး၊ ဝယ်ယူ စုဆောင်း ဝတ်ဆင်မယ့် သူတွေအတွက်
ထူးခြားလှပတဲ့ ဒီဇိုင်းသွင်ပြင်ကို အပြည့်အဝ ခံစားရဖို့ အာမခံလိုက်ရပါတယ်

YiKA introduces a special item kimono with
hand - painted floral motifs .

We are confident that our little hand made piece here will turn every heads . Order available now !

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11011