MBA News

MBA News

Share

26/01/2026

𝗕𝗿𝗲𝗮𝗸𝗶𝗻𝗴 𝗡𝗲𝘄𝘀 ဆယ်လီ ဧရာဝတီမ အ-သ-တ်-ခံ-ရမှုဖြစ်စဉ်- ကျူးလွန်သူဟု ယူဆရသူတစ်ဦး အင်းစိန်ထောင်တွင် အဖ-မ်းခံမည်ဟု ဆို
[အမ်ဘီအေ၊ ၂၀၂၆ ဇန်နဝါရီ ၂၆]

ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မြန်မာလူမျိုး လူမှုကွန်ရက်ဆယ်လီ "ဧရာဝတီမ" ၏ လုယက်သ*တ်*ဖြ*တ်ခံရမှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိရသူ "Ban Ban" အမည်ရှိ အကောင့်ပိုင်ရှင်က ၎င်းအနေဖြင့် မြန်မာနိုင်ငံရှိ အင်းစိန်ထောင်သို့ လာရောက်အဖမ်းခံမည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ လူငယ်၏ လူမှုကွန်ရက်တွင် ရေးသားချက်အရ ၎င်းတို့အဖွဲ့သည် အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့ကြောင်း ဝန်ခံထားပြီးလာမည့် ဇန်နဝါရီ ၂၉ ရက်နေ့တွင် အင်းစိန်ထောင်၌ ကိုယ်တိုင်လာရောက် အဖမ်းခံမည်ဟု ဆိုသည်။

iPhone 17 Pro တစ်လုံး၊ လက်စွပ်တစ်ကွင်း၊ ဘတ်ငွေအကြွေများနှင့် ၂၀ တန် အရုပ်တစ်ရုပ်တို့ကိုသာ ယူဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းမဟုတ်ဘဲ ကြောက်စိတ်ကြောင့် ဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အခြားပါဝင်သူတစ်ဦးကိုလည်း ၎င်းကိုယ်တိုင် လိုက်လံရှာဖွေနေကြောင်း ရေးသားထားသည်။

မသက်ဆိုင်သည့် မိသားစုဝင်များနှင့် လူများကို ရန်မရှာရန်နှင့် ဒုက္ခမပေးရန်လည်း မေတ္တာရပ်ခံထားသည်။

လက်ရှိအခြေအနေ မှာတော့ ယမန်နေ့က ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများနှင့် မြန်မာသတင်းမီဒီယာများတွင် ဖော်ပြချက်အရ ဆယ်လီဧရာဝတီမသည် ရ*က်စ*က်စွာ လု*ယ*က်သ*တ်*ဖြ*တ်**ခံခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါ လူငယ်၏ ပြောကြားချက်မှာ အမှန်တကယ် ဟုတ်မဟုတ်နှင့် ၎င်း၏ တည်နေရာကို သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက် ရှိနိုင်ကြောင်း ခန့်မှန်းရသည်။

"ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးလွန်သူက ဝန်ခံစကားပြောလာတာဟာ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာလား ဒါမှမဟုတ် အခြေအနေတစ်ခုကြောင့်လားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ" ဟု အွန်လိုင်း သတင်းစောင့်ကြည့်သူအချို့က သုံးသပ်ကြသည်။

လက်ရှိတွင် ဧရာဝတီမ၏ မိသားစုဝင်များနှင့် ရင်းနှီးသူများက တရားခံကို အမြန်ဆုံး အရေးယူပေးရန် တောင်းဆိုနေကြပြီး ထိုင်း-မြန်မာ အာဏာပိုင်များအကြား သတင်းအချက်အလက် ဖလှယ်မှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။

#ဧရာဝတီမ #ထိုင်း #မြန်မာ #ကျူးလွန်သူဝန်ခံ

19/09/2025

တောင်ကိုရီးယား | ၂၀၂၅ Mister International ပြိုင်ပွဲတွင် တောင်ကိုရီးယားကို ကိုယ်စားပြုမယ့် **Choi Seung-ho** သည် ယခု Pageant Journey မှာစတင် နာမည်ကြီး လူကြိုက်
များတာ မဟုတ်ပဲ ယခင် Entertainment Industry မှာ လှုပ်ရှားမှုများကြောင့်လည်း ပရိတ်သတ် စိတ်ဝင်စားမှု ရရှိထား သူဖြစ်ပါတယ်။

ယခုနှစ် အစောပိုင်းတွင် ထိုင်း BL ဇာတ်လမ်းတစ်ခုဖြစ်တဲ့ **“The Bangkok Boys”** တွင် ပါဝင်သရုပ်ဆောင်ကာ သူ့ကိုအားပေး
တဲ့ ပရိသတ်များကို မင်းသားအဖြစ် ပထမဦးစွာတွေ့ဆုံစေခဲ့ပြီး ၎င်းဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့ ဧပြီလတွင် ထုတ်လွှင့်ခဲ့သည်။

Seung-ho သည် ထိုင်းနိုင်ငံတွင် မော်ဒယ်အဖြစ် လုပ်ကိုင်လာပြီး အနုပညာ အရပ်ရပ်တွင် မိမိအရည်အချင်းများကို ပိုမို ပြသနိုင်ခဲ့သည်။ အဲဒီ ဇာတ်လမ်း သရုပ်ဆောင်မှုအပြီးတွင် ယခုနှစ် Mister International ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ပြီး ယခုအချိန်တွင် သူ့ရဲ့ Face Lookနှင့် Body အမိုက်စားကြောင့် အွန်လိုင်းပရိသတ်များ၏ အားပေးမှုကို တော်တော်များများ ရယူထားသည်။

Series ဓာတ်ပုံများကို Comment တွင် ကြည့်ပါ

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon