F Automobile Myanmar

F Automobile Myanmar

Share

10/03/2026

F Automobile ရဲ့ Jerry Can အ​ကြောင်း​သိချင်တာ​တွေအကုန် ဒီ video ထဲမှာဖြေ​ပေးထားတယ်!👋

💁ဝယ်ယူလိုပါက Page Message Box 💬 သို့ အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ အပြည့်အစုံဖြင့် ပေးပို့မှာယူနိုင်သလို
📞09975249026 , 09880947156 ကို ဖုန်းဆက်မှာယူနိုင်ပါတယ်။
#ဓါတ်ဆီပုံး #ဒီဇယ်

07/03/2026

⚠️ ဓာတ်ဆီ/ဒီဇယ်ကိုရေသန့်ဗူးတွေနဲ့ သိမ်းနေတုန်းလား?
မြန်မာပြည်ရဲ့အပူရှိန်ကအရမ်းပြင်းထန်တာမလို့ လောင်စာဆီ သိုလှောင်တဲ့အခါ ပုံမှန်ထက်(၂)ဆ သတိထားရပါမယ်။ ⚠️
ဓါတ်ဆီ/ဒီဇယ်ကို ရေရှည်သိုလှောင်ဖို့အတွက် ပလတ်စတစ်ဗူးတွေက လုံးဝမသင့်တော်ပါဘူး❌️
ဘာကြောင့်လဲဆို​တော့....

➡️ ဗူးအသား ပျက်စီးလွယ်တယ်။
ရေသန့်ဗူး (PET) က ရေထည့်ဖို့ပဲ ထုတ်ထားတာပါ။ ဓါတ်ဆီ/ ဒီဇယ်နဲ့ တွေ့ရင် ဗူးအသားတွေ ပျော့လာမယ်၊ ပုံပြောင်းလာနိုင်တယ်။ အပူချိန်ပြင်းတဲ့အခါ ဆီက ပိုပြီး အငွေ့ပြန် Pressure တက်လာပတယ်။ ပလတ်စတစ်ဗူးအပါး​တွေကအဲဒီ Pressure ကို မခံနိုင်ဘဲ ဗူးဖောင်းလာတာ၊ အဖုံးပွင့်ထွက်တာ ဒါမှမဟုတ် ဗူးပေါက်ပြီး ဆီယိုတာတွေ အလွယ်တကူဖြစ်နိုင်လို့ အန္တရာယ်များပါတယ်။

➡️ကားအင်ဂျင်ကို ဒုက္ခပေးတယ်
ဗူးအသား ပျက်စီးရာကနေ ထွက်လာတဲ့ ပလတ်စတစ်အမှုန်တွေက ဓါတ်ဆီထဲရောသွားတတ်တယ်။ အဲဒီ​လောင်စာဆီကို ကားထဲ၊ မီးစက်ထဲ ထည့်မိရင် Fuel Filter ပိတ်တာ နဲ့ အင်ဂျင်စွမ်းဆောင်ရည်ကျတာတွေဖြစ်နိုင်ပါတယ်။

➡️မီးဘေးအန္တရာယ် ရှိတယ်။
သာမန်ပလတ်စတစ်ဗူးတွေက Static Electricity (တည်ငြိမ်လျှပ်စစ်) ကို ဖြစ်စေတယ်။အပူရှိန်ကြောင့်လည်း ဆီငွေ့တွေက ဗူးထဲမှာ ပြည့်နေတတ်ပါတယ်။ အဲ့ဒါ​ကြောင့်ဓါတ်ဆီ/ဒီဇယ်လောင်းထည့်တဲ့အချိန်မှာ ထွက်လာတဲ့လျှပ်စစ်မီးပွား Spark သေးသေးလေးကတင် ဆီငွေ့နဲ့တွေ့ပြီး မီးလောင်ပေါက်ကွဲနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။

➡️ဆီအာနိသင် လျော့ကျခြင်း
ပလတ်စတစ်ဗူးအဖုံးတွေက လေလုံအောင် မပိတ်နိုင်တဲ့အတွက် ဆီငွေ့တွေ တဖြည်းဖြည်း ပျံထွက်သွားတယ်။ ကြာလာတဲ့အခါ ဆီအရည်အသွေးကျလာပြီး အဲဒီ​လောင်စာဆီကို သုံးတဲ့အခါ ကိုယ့်ကားရဲ့အင်ဂျင်ရုန်းအားကျနိုင်ပါတယ်။

💡 ဒါဆို ဘယ်လိုပုံးမျိုး​ကို​ရွေးချယ်ရမလဲ?
✅️​လောင်စာဆီသိုလှောင်ဖို့အတွက် သီးသန့်ထုတ်ထားတဲ့ သံသားထူ Jerry Canဆီပုံးတွေကိုပဲ သုံးစွဲဖို့ တိုက်တွန်းပါရစေ။

➡️​ ကျွန်တော်တို့ F Automobileမှာ ၅ နှစ်ကျော်တိုင်တိုင် လူကြိုက်များခဲ့တဲ့ သံသားအထူအကြမ်းခံ​ဆီပုံး (၃၀ လီတာ / ၂၀ လီတာ) တွေ အသင့်ရှိပါတယ်။

• ​ရာသီဥတု ၃ပါးလုံးဒဏ်ခံနိုင်တဲ့သံသားမျိုးနဲ့ ထုတ်ထားတာပါ။
• ​အဖုံးမှာ လေလုံကွင်း (Rubber Gasket) ပါဝင်လို့ ဆီငွေ့ပြန်တာ၊ ဆီယိုတာ လုံးဝမရှိပါဘူး။
• ​ဆီယိုတာ၊ Error ပါတာရှိရင်လည်း အသစ်တစ်လုံး ချက်ချင်းလဲပေးမယ့် အာမခံချက်ရှိပါတယ်။
✅ F Automobile ရဲ့ Jerry Can ​တွေကလုံခြုံမှုလည်းရှိ၊ ဆီအရည်အသွေးကိုလည်း အကောင်းဆုံး ထိန်းသိမ်းပေးနိုင်ပါတယ်။

​ကိုယ့်ရဲ့ အဖိုးတန်ကားနဲ့ မိသားစု ဘေးကင်းဖို့အတွက် စံချိန်မီ ဆီပုံးတွေကိုပဲ ရွေးချယ်သုံးစွဲလိုက်ပါ။
​📞 အသေးစိတ်သိလိုပါက: [ဖုန်းနံပါတ်- 09975249026]
Viber က​နေလည်းဆက်သွယ်နိုင်ပါတယ်။
📦 COD ပစ္စည်းရောက်မှ ငွေချေနဲ့အိမ်​ရောက်ပို့​ပေးပါတယ်။

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 10/12, Ground Floor, Bogalay Zay Street (Lower Block), Botahtaung Township
Yangon