Insurance Advisor by TT Zune

Insurance Advisor by TT Zune

Share

Photos from Insurance Advisor by TT Zune's post 12/12/2024

ဒါ​တွေ ​ကြောင့် #အသက်အာမခံ၊ #ကျန်းမာရေးအာမခံ​
တွေ ထားထားသင့်တယ်လို့ ​ပြောတာ​ပေါ့... 😬

သ တိထား စောင့်ကြည့်ရမယ့် အထဲမှာပါပါတယ်

Norovirus က အဓိက အစာအိမ်နဲ့ပတ်သက်ပြီးဖြစ်တာမျိုး ဗိုက်အောင့်ဗိုက်နာ၊ဝမ်းပျက်ဝမ်လျော၊အော့အန်၊ဖျားနာကိုက်ခဲတာမျိုးတွေ သတိပြုသင့်တယ်...

အရက်ပျံကို ခံနိုင်ရည်ရှိလို့ ကိုဗစ်တုန်းက လက်ဖျန်းဆေးတွေနဲ့လည်း ကာကွယ်လို့မရနိုင်ဘူးလို့လဲသိရတယ်...

သတင်းတွေအရတော့ ဒီဗိုင်းရပ်ကတော့ ရှိနေတာကြာပြီ လူနာတွေရှိခဲ့ပေမယ့် အခုသတင်းအရတော့ တရုတ်မှာ အတော်လေးပျံ့လာပြီလို့ သတင်းတွေတော့ ရေးနေကြတာပဲ...

ဘာပဲဖြစ်ဖြစ် ကြိုတင်သိထားတာကတော့ မမှားဘူးထင်လို့ သတင်းအနေနဲ့တင်ပေးတာပါနော်...

Crd. 😬

15/09/2024

ငွေအများကြီးရှိမှ အာမခံထားလို့ရတာလား?

ကျွန်မတို့နေ့စဉ်လူပ်ရှားရုံးကန်နေရင်း ငွေရှာလိုက်၊လူမှူ့ရေး/စီးပွါးရေး၊ စားဝတ်နေရေးတွေသုံးလိုက် ကုန်သွားလိုက်နဲ့၊ အိတ်ပေါက်နဲ့ ဖားကောက်နေသလို ဖြစ်နေကျရပါတယ်၊ အရေးပေါ် ဆေးရုံဆေးခန်းတက်ရတော့မယ် ဆိုရင် ဟိုဘက်က ငွေလှည့်ရ၊ ရှိတာရောင်းချပေါင်နှံရနဲ့ ဆေးရုံဆေးခန်းစရိတ်အတွက် လိုက်ရင်းပြေးရင်း ဆုံးဆုံးမြုပ်နေရတဲ့ဘဝတွေ မနည်းပါဘူး။ ပြေးကြည့်မှ ကျောဘဲ ရှိတဲ့ ဘဝတွေအတွက် ကိုယ်မကျန်းမာတဲ့အခါ ထောက်ပံ့ပေးမယ့်၊ ကိုယ့်မိသားစုကို ထောက်ပံ့ပေးမယ် အာမခံ ဒေါက်တိုင်ကြီး တကယ်လိုအပ်ပါတယ်။

တချို့ကျတော့ မိသားစုတစ်စုလုံးရဲ့ တာဝန်တွေဟာ မိသားစုဝင် လူတစ်ယောက်တည်းရဲ့ဝင်ငွေပေါ်မှာ မှီခိုနေရတာတွေရှိပါတယ်။ အဲ့ဒီတာဝန်ရှိသူ အိမ်ထောင်ဦးစီးဝင်ငွေရပ်သွားခဲ့လျှင် ဆိုတဲ့ ဆူကြုံနိမ့်မြင့်လောကဓံနဲ့ကြုံလာတဲ့အခါ ကျန်မိသားစုများမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်ကိုင်စားရမယ်မှန်းမသိ၊ သားသမီးတွေရဲ့ပညာရေးအနာဂတ်ဟာလည်း မသေချာဝိုးဒဝါးဖြစ်သွားတတ်ပါတယ်။

ဒါ့ကြောင့် ဒီနေ့သင်ကျန်းမာရေးအကောင်းဆုံးအချိန်မှာ အာမခံထားဖို့ ကျွန်မတို့ ထပ်တလဲလဲ နိူးဆော်ရပါတယ်။

ကျွန်မတို့ မြန်မာလူမျိုးအများစုဟာလည်း ကိုယ်အမြတ်ရမှာ သေချာမှ ရင်းနှီးချင်ကျတာဆိုတော့ အာမခံရဲ့အနှစ်သာရကို ပြန်လည်ရှင်းပြရပြန်ပါတယ်။ အာမခံဆိုတာ လိုတဲ့အခါ ထုတ်သုံးဖို့ အကာအကွယ်စာချုပ်တစ်ခုဖြစ်ပါတယ်။ အချိန်ကျရင် အသုံးတည့်ဖို့ ကြိုအကာအကွယ်ယူထားကျရတာဘဲဖြစ်ပါတယ်။

အာမခံအကာအကွယ်ယူဖို့ တစ်ရက်ကို ကိုယ့်ရဲ့ စျေးသုံးစရိတ်ထဲမှ ငွေအနည်းငယ် နည်းနည်းချင်းဖယ်စုကြည့်ပါ။
​ငွေစုဖြစ်သလို အ​ရေးကြုံတဲ့အခါ ကိုယ့်ကို ကူညီ​ပေးနိုင်မည့်
စာချုပ်​လေးတစ်ခုဖြစ်လာမှာပါ။

Daw Thu Thu Zune
Financial Advisor
Chubb Life Insurance Myanmar
09794915865

11/09/2024

တစ်ချို့ က ၀င်ငွေ လစာ အရမ်းကောင်း တယ်။ စုထား ဆောင်းထား နိုင်ကြ တော့ အာမခံ ဆိုတာ မလိုအပ်ဘူး။

တစ်ချို့ ကြတော့ လည်း တစ်လ တစ်လ တောင် အနိုင်နိုင် သွားနေတာ အာမခံ ဆိုတာ အတွက် အကုန် မခံ နိုင်ဘူး။

တစ်ချို့ ကြတော့ ဖြစ်လာမှ ပဲ အဆင်ပြေ သလို လုပ်တော့ မယ် စိတ်မ၀င်စား ဘူး။

တကယ်တော့ လူဘ၀ မှာ ဘာတွေ ကြုံတွေ့လာနိုင် မလဲ ဘယ်သူ မှ ကြိုမသိနိုင်ဘူး။ အနိမ့် အမြင့် အတက် အကျ ဆိုတာ ရှိချင် လည်း ရှိလာ နိုင်တာ ပဲ။

ဥပမာ သင် တစ်လ ကို သိန်း ၂၀/၃၀ ၀င်တယ်။ အသက်ကြီး တော့ လည်း စုမိဆောင်းမိတယ်၊ သို့သော် အငြိမ်းစား အရွယ် ဆေးကု မှ သိန်း ၁၀၀၀ လောက် သုံးရမယ် ဆို သင် စစဉ်းစား ရတော့မယ်။ အရင် လို ၂၀/၃၀ မ၀င် တော့ဘူး ငွေ က လည်း ၂ နှစ်စာ ရှာထား သမျှ ကုန်တော့မယ် သင် နှမြှော မိမှာပဲ။

သင်သာ အာမခံ ရှိခဲ့ရင်

ကံဆိုး နေတောင် လှပ ပြီး ကော်ဖီ အေးဆေး သောက် စာဖတ် နေနိုင် ပါ သေးတယ်။

cr.

11/09/2024

ရန်သူမျိုး ငါးပါးကြောင့် နစ်နာဆုံးရှုံးမှုတွေကို
ကံ တရားပါပဲ , လို့ ထိုင်ဉာဉ်းငိုင်တွေးနေဖို့သာ သိကြတဲ့ မြန်မာနိုင်ငံပါ ... 😔

မထင်မှတ်ထားတဲ့ နစ်နာဆုံးရှုံးမှုများ
ဒီလို ဖြစ်လာရင် ဘယ် အခြင်းအရာက ဖြည့်ဆည်းကုစားပေးနိုင်မလဲ ? ဆုတောင်းရုံနဲ့ တိုင်တည်ရုံနဲ့ လက်တွေ့မှာ မရပါဘူး။ ဖြစ်နေစဉ်မှာ လူတိုင်းကလည်းအလွယ်တကူပြေးမကူနိုင်ပါဘူး .. ကူကြသည့်တိုင် ဆုံးရှုံးနစ်နာခဲ့သမျှပမာဏ အလုံးအရင်းကို မဖန်တီးပေးနိုင်ကြပါဘူး။

ကာယကံရှင်တို့အတွက်
ကြိုတင်စီမံထားခြင်းဖြင့်သာ ရင်ဆိုင်နိုင်စွမ်းရှိမှာပါ။

ရေဘေးကြောင့် (မမျှော်လင့်ထားပဲ မဖြစ်သင့်ပဲ) နစ်နာဆုံးရှုံးရတဲ့ အိုးအိမ်အဆောက်အဦတို့အတွက်
အာမခံအကာအကွယ်များနှင့် ကုစားပြင်ဆင်ဖို့သာ ကြိုတင်စီစဉ်ထားခဲ့ကြလျှင် ..

အတွေးပညာ ပြည့်ဝခဲ့ကြပါလျှင် ...
မျက်ရည်တစ်ချို့ ရပ်တန့်ပြီး ချွေးစက်တို့ အလဟဿမဖြစ်ရဘူးပေါ့ဗျာ ...

အားလုံးဘေးကင်းအဆင်ပြေကြပါစေ 🙏🙏🙏

Insurance Advisor by TTZune

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myamingalar Street
Yangon