Hanuman by STTN

Hanuman by STTN

Share

16/05/2026

❗ #ညအိပ်မပျော်တာကိုမပေါ့ဆပါနဲ့❗

💢 ညအိပ်မပျော်တာတွေများလာတဲ့အခါဘယ်လိုဆိုးကျိုးတွေဖြစ်လာမလဲ❓
☑ သွေးတိုးဆီးချိုဖြစ်နှုန်းမြင့်တက်လာမယ်
☑ မှတ်ညာဏ်တွေချို့ယွင်းလာမယ်
☑ ကိုယ်အလေးချိန်တက်လာမယ်
☑ ကိုယ်ခံအားကျလာမယ်
☑ လေဖြတ်နိုင်ချေများလာမယ်
💢အိပ်မပျော်လို့အိပ်ဆေးသောက်မယ်ဆိုရင်လည်းအကျင့်ဖြစ်သွားပြီးဆေးမသောက်ရရင်အိပ်လို့မရတာတွေဖြစ်လာမယ်
💢ဆေးအမြဲသောက်တာကြာလာရင်လည်းကျောက်ကပ်ကိုထိခိုက်လာနိုင်ပါတယ်
✅ဒါကြောင့် ညအိပ်မပျော်တဲ့ရက်​တွေဆိုမျောက်ဖြူလေးကို
ခြေဖနှောင့်လေးမှာ၃ရက်ဆက်ကပ်ပေးပြီးအိပ်လိုက်ရင်ညနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်စေတဲ့အပြင်သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်✅


photo crd

26/04/2026

ပန်ကာဖွင့်အိပ်ရင် လေဖြတ်သလား။

လေမတိုက်တဲ့ နွေနေပူညတွေမှာတော့ ပန်ကာဟာ လိုအပ်လျက်ပါ။ မီးလာရင်ပေါ့။

ပန်ကာဖွင့်ခြင်းကြောင့် လေလှည့်ပတ်မှု မြန်ပါတယ်။ ဒီတော့ ထွက်ထားတဲ့ ချွေးတွေရှိမယ်ဆိုရင် မြန်မြန် ချွေးခြောက်စေ၊ အငွေ့ပျံစေတာပေါ့။ ဒါကြောင့် အရေပြားပေါ်က အပူချိန်ကို မြန််မြန်လျော့ကျစေပြီး အပူရှပ်တာလိုမျိုး မဖြစ်စေတော့ပါဘူး။

ဒါဆို ညဘက် ပန်ကာဖွင့်အိပ်ပြီး မနက်နိုးတဲ့အချိန် လေဖြတ်တာကရော 🤔

တကယ်တော့ ဒီလိုလေဖြတ်တဲ့သူတွေဟာ ညအိပ်ချိန်မှာ ရေဓာတ်ခန်းခြောက်၊ သွေးပေါင်တက်ပြီး လေဖြတ်တာပါ။

ပန်ကာဖွင့်အိပ်ပြီး လေဖြတ်တဲ့သူရှိခဲ့ရင် ပန်ကာဖွင့်လို့မဟုတ်ဘဲ သွေးတိုးမထိန်းနိုင်လို့ရယ်၊ နွေရာသီမှာ ရေဓာတ် ခန်းခြောက်ပြီး သွေးပိုပျစ်တာရယ်ကြောင့်ပါ။

ဒါကြောင့် မိမိရဲ့ သွေးကျဆေး ပုံမှန်သောက်ဖို့နဲ့ ရောဂါအခံများကို ထိန်းဖို့သာ အရေးကြီးပါတယ်။

ပန်ကာလေက အရေပြားကိုထိရင် အရေပြားပေါ်က အာရုံကြောတွေကို စသလို နောက်လို ဖြစ်တာပေါ့။ မျက်နာကို လေထိများရင် မျက်နာရဲ့အာရုံကြော facial nerve ရောင်စေပါတယ်။ Bell’s palsy လို့ခေါ်တဲ့ မျက်နှာတစ်ခြမ်းရွဲ့တာဟာ မျက်နာအာရုံကြောရောင်လို့ ဖြစ်တာပါ။ ဒါပေမယ့် လေဖြတ်တာနဲ့ ပုံစံတူသွားတာတော့ လေဖြတ်တယ်လို့ အရပ်ပြော ပြောကြတာပါ။

နောက် လက်တွေကျဥ်လာတယ် ဆိုတာလည်း ထိုနည်းလည်းကောင်းပါပဲ။ အရေပြားပေါ်က အာရုံကြောတွေ ရောင်တာဖြစ်နိုင်ပါတယ်။ လက်တွေကျဥ်လာတယ်ဆိုတာ လေဖြတ်တာရဲ့လက္ခဏာ လုံး၀မဟုတ်ပါဘူး။

ပန်ကာကို မိမိနဲ့တိုက်ရိုက်ကြီးမထားဘဲ အခန်းထဲ လှည့်ထားတာမျိုး ထားရင် အရေပြားတစ်ခုထဲ တစ်နေရာထဲ​အပေါ် လေရောက်တာမဟုတ်လို့ အာရုံကြောကျဉ်တာ၊ ထုံတာ ဖြစ်နိုင်ခြေလျော့စေနိုင်ပါတယ်။

ပြန်ချုပ်ရရင် ပန်ကာဖွင့်လို့ လေဖြတ်တာလို့ ပြောဖို့ရာခက်ပါတယ်။ ပန်ကာမှာ ဖုန်တွေရှိနေရင် သေချာဆေးကြောပါ။ နှာရည်ယိုရွှဲနိုင်ပါတယ်။ ရေဓာတ်ပြည့်၀အောင် နေပါ။ ကိုယ်ခန္ဓာကို တိုက်ရိုက်ထိနေတာ၊ တစ်နေရာတည်းကို တစ်ညလုံးကြီး လေထိနေတာထက် အခန်းတစ်၀ိုက် လေရအောင် လှည့်ထား/ချိန်ထားပါ။ သွေးတိုးရှိရင် သွေးတိုးသေချာထိန်းပါ။ ....

တစ်လက်စထဲ အရေးကြီးတဲ့ လေဖြတ်တာအကြောင်းထည့်ပြောပါရစေ။

လေဖြတ်တဲ့အချိန် ရွှေလိုအဖိုးတန်တဲ့ ပထမဆုံး မိနစ်ခြောက်ဆယ်အတွင်းမှာ ဆေးရုံကို မြန်မြန်ရောက်နိုင်မယ်၊ သွေးကြောပိတ်တာဆို သွေးကြောဖွင့်၊ သွေးကြောပေါက်တာ/ပြတ်တာဆို ပြန်ဆက်နိုင်မယ်ဆို လေဖြတ်လို့ဖြစ်တဲ့ ဦးနှောက်ဆုံးရှုံးမှုကို ကယ်တင်နိုင်မှာပါ။

လေဖြတ်တာအတွက် FAST လို့ မှတ်ထားနိုင်ပါတယ်။

F - face
မျက်နှာတစ်ခြမ်း ရွဲ့တာ၊ ထုံတာ၊ မညီတော့တာ

A - arm
လက်တစ်ဖက် လှုပ်မရတာ

S - speech
လျှာလိပ်တာ၊ စကားလုံးတာ/မပီတော့တာ

T - time
ဒါတွေအားလုံးဟာ ရုတ်တရက် ဖြစ်ရပါမယ်။

လေဖြတ်တာဟာ သွေးတိုးကိုမထိန်းနိုင်လို့နောက်ဆက်တွဲဖြစ်လာတာပါ။ လေဖြတ်၀ေဒနာဟာ တမျှင်းမျှင်းနဲ့ ဘယ်တော့မှမဖြစ်ပါဘူး။ ရှေ့ပြေးလက္ခဏာ မရှိသလောက် ဖြစ်ပါတယ်။ တစ်ကြိမ်လေဖြတ်ဖူးခြင်းဟာ နောက်ထပ် လေဖြတ်နိုင်ခြေ အများဆုံးဖြစ်ပြီး ရှေ့ပြေးလက္ခဏာပါပဲ။

ဖြည်းဖြည်းချင်း ထုံလာတာ၊ ကျဥ်လာတာဟာ လေဖြတ်ခြင်းလက္ခဏာ လုံး၀မဟုတ်ပါ။ လေဖြတ်မှာကြောက်လျှင် သွေးတိုးထိန်းပါ။ ဆေးကို နေ့စဥ်သောက်ပါ။ ဆိုဒီယမ်လျှော့စားပါ။ ဆေးလိပ်ဖြတ်ပါ။ စိတ်ဖိစီးမှုလျှော့ချရန် နည်းလမ်းများ အသုံးပြုပါ....။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


လေးထောင့်ကန်
Yangon