February 1st
22/07/2022
ကရင့်အာဇာနည်ခေါင်းဆောင်စောဘဦးကြီး ပုံတူကြိုးပန်းချီ ဒေါ်လာ ၃၅၀၀ စတင်ပေးသူပေါ်ထွက်
*********************************
ဇူလိုင် ၂၂ ၊ ၂၀၂၃ ။
လက်ရှိတော်လှန်ရေးကာလအတွင်း၌ လိုအပ်
သည့်နေရာများကို လှူဒါန်းနိုင်ရန်အတွက် ကရင့်အာဇာနည်ခေါင်းဆောင်စောဘဦးကြီး၏ ပုံတူကြိုးပန်းချီကို လေလံတင်ရောင်းချနေရာ ကြမ်းခင်းစျေးဒေါ်လာ ၃၅၀၀ ကိုစပေးသည့်အလှူရှင်ပေါ်ထွက်လာပြီဟု သိရသည်။
ရဲဘော်လင်းမောင် ရေးဆွဲဖန်တီးထားသည့်အဆိုပါ ကြိုးပန်ချီကားကို ဇူလိုင် ၂၀ ရက်မှ၂၃ ရက်အထိ ရေသောက်မြစ်ထောက်ပို့ရေးအဖွဲ့ပေ့ချ်မှတင်၍ ရောင်းချပေးနေခြင်းဖြစ်သည်။
" ကျွန်တော်တို့ရေသောက်မြစ်ပေ့ချ်ကနေ လေလံကိုလက်ခံပေးနေပါတယ်။ ကြမ်းခင်းစျေးကို စတင်ပေးတဲ့သူရှိလာပါပြီ။ ၂၃ ရက်နေ့ည မြန်မာစံတော်ချိန် ၁၂နာရီမှာ ပိတ်မှာဖြစ်တဲ့အတွက် ဒီထက်ပိုပြီးရရှိအောင် ပါဝင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်" ဟု ရေသောက်မြစ်အဖွဲ့တာဝန်ရှိသူ ကိုမင်းဆရာက ပြောသည်။
အဆိုပါလေလံအောင်မြင်ရန်အတွက် အဆိုတော်နိုဗန်ထူးမှလည်း ပါဝင်အားဖြည့်၍ လေလံနှင့်ပတ်သက်သည့်အကြောင်းအရာများကို ပြောဆိုထားပေးသည်။
ကရင့်အာဇာနည်ခေါင်းဆောင်စောဘဦးကြီး၏ ပုံတူကြိုးပန်ချီကိုဖန်းတီးထားသည့် ရဲဘော်လင်းမောင်၏ ကြိုးပန်းချီသည် ပထမဆုံးအနေဖြင့် တော်ဝင်ဗိုလ်နဂါးပုံတူပန်ချီအား ရောင်းချထားခဲ့ရာ အမေရိကန်ဒေါ်လာ ၃၅၀၀ ရရှိထားခဲ့သည်ဟု သိရသည်။
တိုင်းရင်းသားများအားလုံးလိုချင်နေသည့် ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အထောက်အပံ့ကောင်းရရှိရန်ရည်ရွယ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များ၏ ပုံတူပန်းချီများဖန်တီးရသည့်အကြောင်းအရင်းကို ရဲဘော်လင်းမောင်ကပြောသည်။
လက်ရှိစောဘဦးကြီး၏ပုံတူကြိုးပန်းချီကိုလေလံတင်ပေးနေသည့် ရေသောက်မြစ်အဖွဲ့သည် ကရင်၊ ကယား၊ စစ်ကိုင်း၊ မကွေးစသည့်ဒေသများရှိတော်လှန်ရေးအဖွဲ့များသို့ ထောက်ပံ့နေသည့်အဖွဲ့တစ်ခုလည်းဖြစ်သည်။
**************************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ
Telegram - > https://t.me/newstlk
YouTube -> https://youtube.com/c/ThanLwinKhet
Website -> https://thanlwinkhet.net
Website ->https://eng.thanlwinkhet.net/
31/03/2022
အကြမ်းဖက် စကစ မှ လက်နက်ကြီးဖြင့် ပစ်ခက်မှုကြောင့် စေတီပုထိုး ကျောင်းဆောင်နှုင့် လူနေအိမ်များ ထိခိုက်ပျက်စီး...
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် အတွင်းရှိ တောင်ကြာအင်းကျေးရွာ အတွင်းသို့ မတ်လ ၃၀ရက်နေ့ ၂၀၂၂ခုနှစ် ဒေသစံတော်ချိန် ည ၈:၅၅ အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီ ဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြစ် ရမ်းသမ်း ပစ်ခက်ခဲ့သည်။
ထိုသို့ရမ်းသမ်းပစ်ခက်မှုကြောင့် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာ အတွင်းရှိ ဘုရားေစတီ တစ်ဆူ လက်ကြီးစထိမှန်ပြီး နေအိမ်နှစ်လုံး ထိခိုက်ပျတ်စီးသွားကြောင်း ဒေသခံတစ်ဦးပြောကြားချက်မှ သိရှိရပါသည်။
ကော့ကရိတ်မြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီမှ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ နေ့စဉ်ဖြစ်ပေါ်နေပြီး ပြည်သူများ ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေထိုင်နေရပါသည်။
Photo..ပေးပို့...
30/03/2022
အကြမ်းဖက် စစ်ကောင်စီ မှ ဒုတပ်ကြပ်တစ်ဦးထိခိုက်ကျဆုံး..
30.3.2022 ရက်နေ့ ညနေ 2:05pm အချိန်ခန့်တွင် တပ်မဟာ(၆) နယ်မြေ ကော့ကရိတ်ခရိုင် (၇)တိုင် တံတားကြီး နားတွင် တပ်ရင်း(၆) KNDO ဂဠုန်စစ်ကြောင်း အဖွဲ့မှ အကြမ်းဖက်စစ်ကောင်စစ် ယာဉ်တန်း ကိုကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ထိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ တပ်မ ၂၂ ခလရ၂၀၂ တပ်ခွဲ၄ မှ ဒုတပ်ကြပ်တစ်ဦ ကျဆုံးပြီး ကားတစ်စီးနှုင့် MA2 (1)လက်၊ ကျည်ကပ် (၃)ပေါက်၊ ကျည် ၁၂၀ တို့ကို သိမါးဆည်းရမိကြောင်း သိရှိရပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
65road
Yangon