XZo
22/08/2024
မင်္ဂလာပါတောင်သူဦးကြီးများခင်ဗျ။တောင်သူဦးကြီးများသိရှိသင့်တဲ့ဗဟုသုတလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။
ပထမဦးဆုံးတင်ဆက်ပေးသွားမဲ့
စိုက်ပျိုးရေးဗဟုသုတအကြောင်းအရာလေးကတော့ "ဟူးမစ်အက်ဆစ်" ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။
ကျွန်ုပ်တို့ စားသောက်နေတဲ့အစားအစာတွေမှာ အချဉ်၊အငန်ကို မျှတအောင်စားပေးမှ ကောင်းမွန်တဲ့ကျန်းမာရေးကို ရနိုင်သလိုပဲ အပင်တွေကိုလည်း ချဉ်တာလေးလည်း ထည့်ပေးရပါတယ်။
ဟူးမစ်အက်ဆစ်ဆိုတာဘာလဲ?
(What is Humic Acid?)
အပင်နဲ့ သတ္တဝါတွေရဲ့ သဘာဝအတိုင်းကြေပျက်ဆွေးမြေ့ပြီးတော့ နောက်ဆုံးကြွင်းကျန်တဲ့အရာကို ဆိုလိုတာခြင်းဖြစ်သည့်အပြင်ဟူးမစ်ပစ္စည်းတွေက မြေကြီးထဲမှာရှိတဲ့ အဏုဇီဝသက်ရှိတွေနဲ့ သက်ရှိသတ္တဝါတွေကြောင့်လည်း ဖြစ်လာတတ်ပါတယ်။ ဟူမစ်တွေကိုဘယ်နားမှာ ရနိုင်မလဲဆိုရင်တော့
မြေတွေနဲ့ ရေတွေထဲမှာ၊ပင်လယ်တွေမှာလည်း တွေ့နိုင်ပါတယ်။များများစားစားတွေ့ရတဲ့ အရင်းအမြစ်ကတော့
မြေကြီးထဲက လီယိုနာဒိုက်အလွှာပဲ
ဖြစ်ပါတယ်။အဲ့တော့ ဟူးမစ်တွေကို လီယိုနာဒိုက်(Leonardite) အလွှာမှာ အများဆုံးတွေ့ရပါတယ်။
စိုက်ပျိုးရေးမှာ ဘာကြောင့်သုံးတာလဲ?
ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ
၁။ မြေသားဖွဲ့စည်းပုံကို တိုးတက်
ကောင်းမွန်စေသလို သဲဆန်တဲ့မြေမှာ
ဖြစ်တတ်တဲ့အာဟာရတွေဆုံးရှုံးတာကို လည်းကာကွယ်ပေးပါတယ်။ အခြားမြေဆီလွှာတွေမှာကျတော့ မြေတိုက်စားခံရခြင်းအပြင် မြေဆီလွှာ၏အစိုဓာတ်တွေကိုပါထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးအတွက် ဟူမစ်ကအလွန်
ပင်ကောင်းကျိုးများစေပါတယ်။
၂။ မြေအက်ကွဲတာတွေ၊မြေပေါ်ရေမ
တင်တာတွေ၊မြေထဲရေမစိမ့်တာတွေ၊ မြေသားကို တိုက်စားခံရတာတွေ စတဲ့အချက်တွေကိုလည်း ပြုပြင်ထိန်းသိမ်းပေးနိုင်ပါတယ်။
၃။ မြေသားကိုကောင်းစေတယ်ဆိုလို့ တအားကြီး သိပ်သည်းသွားတာမျိုးမဟုတ်ပဲနဲ့ မြေသားကိုလည်း လေဝင်ပြီးတော့ လေဝင်လေထွက်ကောင်းစေပါ
တယ်။
၄။ ရေလောင်းလိုက်တဲ့အခါ ရေတွေက မြေသားထဲကနေ မြန်မြန်မထွက်သွားအောင်လည်း ဆွဲထားပေးပါတယ်။
၅။ သူရှိတဲ့မြေက တဖြည်းဖြည်းနဲ့ အနက်ရောင်ကိုပြောင်းသွားပြီးတော့ နေရောင်ခြည်စုပ်ယူမှုကိုလည်းပိုမို
ကောင်းမွန်စေပါတယ်။
ဓာတုဆိုင်ရာပြောင်းလဲချက်တွေ
၁။ မြေချဉ်ခြင်း၊မြေငန်ခြင်းတွေလည်းပြင်ဆင်ပေးနိုင်သလို မြေချဉ်၊ငံကိန်းတွေကိုလည်းပြောင်းလဲပေးနိုင်တဲ့
အစွမ်းရှိပါတယ်။
၂။ အပင်စိုက်ရာတွင်လည်း အပင်တွေကနေ ရေနဲ့ အာဟာရတွေစုပ်ယူမှုကိုအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။
၃။ ထိန်းရသိမ်းရခက်သော မြေတွေ
(နည်းနည်းလေး အပြောင်းအလဲလုပ်လိုက်တာနဲ့ ချဉ်သွားတာ၊ငန်သွားတာမျိုးဖြစ်တတ်တဲ့ မြေတွေ) ကိုလည်း အာ့လိုမဖြစ်လာအောင်ထိန်းပေးနိုင်ပါတယ်။
၄။ အာဟာရတွေကိုလည်းအပြင်ကနေ အုပ်ထားပေးသောကြောင့် ငန်နေတဲ့မြေတွေမှာ ဖြစ်တတ်တဲ့ အာဟာရအဆိပ်
သင့်မှုတွေလည်းဖြစ်မလာစေပါဘူး။
၅။ အပင်တွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကိုလည်းအများကြီးရစေရန် ကူညီပေးပါတယ်။
၆။ မြေကြီးထဲက ဓာတ်ဖိုဖလှယ်တဲ့နှုန်းကိုလည်းတက်လာစေပါတယ်။ အပင်တွေအများကြီးစားတဲ့အရာကတော့ဓာတ်ဖိုလေးတွေပဲဖြစ်ပါတယ်။
၇။ ရေမှာပျော်ဝင်လွယ်တဲ့ မြေသြဇာတွေထည့်တဲ့အခါ အာဟာရဆုံးရူံးမှုတွေ မဖြစ်အောင်လည်း ဟူမစ်က ထိန်းထားပေးပါတယ်။
၈။ ဒါ့အပြင်ထည့်လိုက်တဲ့ NPK
အပြင်(အိုင်းယွန်း) သံဓာတ်နဲ့ (ဇင့်)
သွပ်ရယ် အခြားဓာတ်တွေကိုပါ အပင်တွေစားသုံးလို့ရတဲ့ပုံစံအဖြစ်
ပြောင်းလဲပေးပါတယ်။ တောင်သူဦးကြီးတို့ထည့်လိုက်တဲ့အရာ(အာဟာရ)တွေကိုလည်း အပင်များစားသုံးနိုင်အောင်ပြုလုပ်ပေးပါတယ်။
၉။ အပင်တွေမှာလိုအပ်တာထပ်ပိုပြီးအများကြီးရှိနေလျှင်အဆိပ်အတောက်ပြန်ဖြစ်စေတတ်တဲ့အာဟာရဓာတ်တွေကိုလည်းထိန်းချုပ်ပေးနိုင်ပါ
တယ်။
ဇီဝနည်းအားဖြင့်ဘာတွေကူညီသလဲဆိုတော့...
၁။ အပင်တွေရဲ့အင်ဇိုင်း(Enzyme)တွေကို လှုံဆော်ပေးပြီးတော့ အင်ဇိုင်း
ထုတ်လုပ်မှုကိုလည်းအားပေးပါတယ်။
၂။ ဇီဝဖြစ်စဉ်တွေအများကြီးအတွက်
လည်း ဟူမစ် က ဇီဝဓာတ်ပစ္စည်းအဖြစ်
ပါဝင်လုပ်ဆောင်ပေးပါတယ်။
၃။ မြေထဲက အဏုဇီဝသက်ရှိတွေရဲ့ ထိုးဖောက်ဝင်ရောက်လာနိုင်မှုနဲ့ ရှင်သန်နိုင်ဖို့အတွက် ပတ်ဝန်းကျင်ကောင်းကို လည်းဖန်တီးပေးပါတယ်။
၄။ အပင်တွေမှာရှိတဲ့ မူလခံနိုင်ရည်အားကိုပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။
၅။ မြေထဲက အမြစ်တွေရဲ့ကြီးထွားမှုကို အားပေးပြီးတော့ အမြစ်အသစ်တွေ
ဖြစ်ပေါ်ဖို့အတွက် လည်းလှုံဆော်ပေးပါတယ်။ အဲ့အမြစ်ကလေးတွေကနေ အာဟာရစုပ်ယူမှုကိုလည်း အထောက်အကူပြုပေးပါတယ်။
၆။ အာဟာရတွေ များများစုပ်ယူလေလေ အပင်တွေမှာ အာဟာရတွေ
ပြည့်လေလေ လူတွေအတွက် ပိုကောင်းလေလေပဲဖြစ်ပါတယ်။
၇။ အသီးတွေကိုလည်း ဆဲလ်နံရံတွေပိုထူစေတဲ့အပြင် ပိုပြီးတော့ ကြာရှည်အထားခံပါတယ်။
၈။ မျိုးစေ့တွေကိုလည်းအပင်ပေါက်
နှုန်းပိုကောင်းစေပြီး မျိုးစေ့အောင်နှုန်း ပိုကောင်းစေပါတယ်။
၉။ နိဂုံးချုပ်အနေနဲ့ကတော့ ဟူမစ်
သည်အပင်တွေအတွက် အထွက်နှုန်းရော၊ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးတွေကိုပါတိုးတက်ကောင်းမွန်စေပြီး အာဟာရတန်ဖိုးတွေကိုလည်း
မြှင့်တက်ကောင်းမွန်စေပါတယ်။
ဂေဟစနစ်အတွက်ရောအထောက်အကူပြုသလား?
သဘာဝကဖြစ်လာတဲ့အရာဖြစ်သောကြောင့် အကျိုးပြုပါတယ်။
ပတ်ဝန်းကျင်မှာ တောင်သူဦးကြီးတို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊
အထွက်နှုန်းမကောင်းတာ၊ မြေ
ပျက်တာ စတဲ့ပြဿနာတွေကို သူကဖြေရှင်းပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေလည်းမရှိစေပါ။
မြေထဲမှာဟူးမစ်အက်ဆစ်တွေများလေလေ နိုက်ထရိုဂျင်တွေ ဆုံးရူံးတာတွေကို ကာကွယ်နိုင်လေလေပါပဲ။ တကယ်တော့ နိုက်ထရိုဂျင်ဆုံးရှုံး
တယ်လို့သာ ပြောကြတာပါ တကယ်
တမ်းကျတော့ မြေထဲစိမ့်၊ ရေထဲပျော်ဝင်၊ လေထဲအငွေ့ပျံတာ အဲ့ဒါတွေပါ
ပတ်ဝန်းကျင်ကိုလည်းထိခိုက်စေပါ
တယ်။ ဟူးမစ်သာရှိနေရင် အဲ့လိုညစ်
ညမ်းမှုတွေလည်းကို ကာကွယ်နိုင်မှာပါ။
နောက်တစ်ခုအနေနဲ့ ရေမှာပျော်ဝင်တဲ့မြေသြဇာတွေကို အသုံးများခြင်း
ကြောင့်ဖြစ်တဲ့မြေပျက်စီးတာတွေကို ပါထိန်းသိမ်းပေးနိုင်ပါတယ်။ ဟူးမစ်အက်ဆစ်က မြေထဲမှာရှိတဲ့ ဆားတွေကို လည်းလျော့ချပေးနိုင်တာကြောင့်
အဆိပ်အတောက်ဖြစ်စေတာတွေကို
လည်း သက်သာစေပါတယ်။ မြေသြဇာတွေ များပြီး ဆားတွေစုပုံလာတာကြောင့်ဖြစ်တတ်တဲ့ အမြစ်တွေပုတ်တာမျိုး၊ အပင်တွေလောင်တာမျိုးကိုလည်းမ
ဖြစ်စေတော့ပါဘူး။
နောက်ဆုံးအနေနဲ့ ဟူးမစ်အက်ဆစ်ရှိနေတဲ့မြေတွေမှာ ပေါင်းစပ်စွမ်းအားပိုမိုကောင်းမွန်တာကြောင့် မြေသားတိုက်စားခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။
(အစိမ်းရောင်လမ်းဆောင်းပါး မှကူးယူကာပြန်လည်ကိုးကားထားပါသည်)
တောင်သူများအတွက်
ထိုက်တန်သောအရည်အသွေး။
┏━━━━━━━━━━━━━━━━━━━━━┓
📍 စိုက်ပျိုးရေးဆိုင်ရာ ပြဿနာများကိုတိုင်ပင်ဆွေးနွေးခြင်း၊ ဗဟုသုတများနှင့်ဓာတ်မြေသြဇာအသုံးပြုနည်းများမျှဝေခြင်း၊ ဓာတ်မြေဩဇာများ မှာယူခြင်း၊ ဓာတ်မြေသြဇာ အမျိုးအစားအားလုံးကို ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။
မြေဆီလွှာခွဲခြမ်းစိတ်ဖြာခြင်း
ဝန်ဆောင်မှု။✅
ကုန်ကျစရိတ်ကို လျှော့ချပြီး အထွက်
နှုန်းကိုမြှင့်တင်လိုပါသလား။
အခုပဲဆက်သွယ်လိုက်ပါ။
🆔 LINE တရားဝင်အကောင့် :
>> လင့်ခ် https://lin.ee/XvMzoh7 ကိုနှိပ်ပါ။
တရားဝင်ဝဘ်ဆိုဒ်- www.silicontechs.co.th/my/homemm/
Tik Tok : https://bit.ly/3JBZ0MJ
Youtube : https://bit.ly/34Sxgoq
Facebook : https://www.facebook.com/share/v9yxFDNJAw7ujTeM/?mibextid=WC7FNe
(စိုက်ပျိုးရေးဗဟုသုတဆောင်းပါးပေါင်းချုပ်)
┗━━━━━━━━━━━━━━━━━━━━┛
#ဓာတ်မြေသြဇာ #ဓာတုဓာတ်မြေသြဇာ #အော်ဂဲနစ်မြေသြဇာ #မြေသြဇာအရည် #ဇီဝမြေသြဇာ #ဆီလီကွန်အက်ဆစ် #မြေဆီလွှာကောင်းမွန်စေခြင်း #ဆီလီကွန်နည်းပညာများ Plus Clinic Disease #မြေဆီလွှာပြန်လည်ထူထောင်ရေး
#ဟူမစ်အက်စစ်အကြောင်းများ #အပင်ဓာတ်စာ #မြေဆီလွှာထိန်းသိမ်း #သဘာဝ #စိုက်ပျိုးရေးဗဟုသုတများ #မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်
22/08/2024
မင်္ဂလာပါတောင်သူဦးကြီးများခင်ဗျ။ ယနေ့အတွက် ထပ်မံတင်ဆက်ပေးသွားမဲ့ တောင်သူဦးကြီးများအတွက် စိုက်ပျိုးရေးဗဟုသုတဆောင်းပါးအကြောင်းအရာလေးကတော့ "သီးနှံပင်တွေအတွက်လိုအပ်တဲ့ ဆီလီကွန်ဓာတ်အကြောင်း" ပဲဖြစ်ပါတယ်ဗျ။
အပင်အတွက်လိုအပ်တဲ့အာဟာရဓာတ် ၁၇ မျိုးထဲမှာ ဆီလီကွန်ဓာတ် မပါဝင်ပေမဲ့ တကယ်ကို အကျိုးရှိပီး သုံးသင့်တဲ့အထဲမှာတော့ ဆီလီကွန်ဓာတ်ပါဝင်ပါတယ်။ ဆီလီကွန်ဓာတ်ဟာ မြေကြီးရဲ့ အလေးချိန် ၂၈% အထိ ပေါများစွာရှိပါတယ်။ နောက်ပီး ကမ္ဘာ့အပေါများဆုံး ဒြပ်စင်များမှ နံပါတ် ၇ နေရာမှာရှိနေတာဖြစ်ပါတယ်။
(Si)
ဆီလီကွန်ဓာတ်မှာ ပုံစံတွေများစွာရှိကြပါတယ်။ ဆီလီကိတ်ပုံစံတွေဖြစ်တဲ့ ကယ်ဆီယမ်ဆီလီကိတ်, မဂ္ဂနီဆီယမ် ဆီလီကိတ် သို့မဟုတ် ပိုတက်ဆီယမ် ဆီလီကိတ် ဆိုပြီးရှိကြပါတယ်။
အပင်က စုပ်ယူတဲ့ ပုံစံအနေနဲ့ကတော့ Silicic acid or monsilicic acid (So(OH)4 or H4SiO4) ဆိုတဲ့ပုံစံတွေနဲ့ စုပ်ယူကြပါတယ်။
Silicon ဓာတ်ရရှိမှုဟာ မြေရဲ့ pH အပြင် ရွံစေးပါဝင်မှု၊အော်ဂဲနစ်ဒြပ်စင်ပါဝင်မှုနဲ့ သံဓာတ်နဲ့ အလူမီနီယမ်အောက်ဆိုဒ်၊ ဟိုက်ဒရောဆိုဒ်ပါဝင်မှုတို့အပေါ် မူတည်ပါတယ်။
သဲမြေထဲတွင် Silicon dioxide တွေ များစွာပါဝင်တာဖြစ်ပေမဲ့ အပင်က စုပ်ယူနိုင်မှုကတော့နည်းပါးပါတယ်။ အလွန် ကြေပျက်နေတဲ့ မြေတွေမှာဆိုရင်လည်း silicon ဓာတ် အလွန်နည်းတာကို တွေ့ရပါတယ်။
#အပင်တွင်းလုပ်ဆောင်ချက်များ
Silicon ဓာတ်ကို များသောအားဖြင့် လိုအပ်တဲ့မြေဩဇာအဖြစ် သီးနှံတွေမှာ ထည့်သွင်းကြပါတယ်။ အဓိကလိုအပ်တဲ့ဓာတ်မဟုတ်ပေမဲ့ သူနေ့ရာနဲ့သူတော့ လိုအပ်တာပဲဖြစ်ပါတယ်။
Silicon ဓာတ်ဟာ အပင်တိုင်းအတွက် များစွာအထောက်အပံပေးနိုင်ပါတယ်။ ဒါအပြင် မြင်းမှီးပင် နဲ့ တစ်ချို့ရေညှိပင်တွေကတော့ silicon မထည့်ပေးပဲ အသက်မရှင်နိုင်ကြပါဘူး။
မြက်မျိုးရင်းဝင်အပင်တွေဖြစ်တဲ့ (စပါးအပါအဝင်) တို့ကတော့ silicon ဓာတ်ကို အဓိကလိုအပ်တဲ့ အာဟာရဓာတ်တစ်ခုအနေနဲ့ ရှိနေတာပဲဖြစ်ပါတယ်။ အပင်တွင်းမှာ silicon ဓာတ် ပြည့်ဝနေပါက အပင်ခံနိုင်ရည်အားကို တိုးတက်စေပါတယ်။ ပြောရမယ်ဆိုရင်တော့ ပိုးမွှားတိုက်ခိုက်မှု၊ ရောဂါဖြစ်ပွားမှုနဲ့ ပတ်ဝန်းကျင်ဆိုင်ရာကြောင့်ဖြစ်တဲ့ ဒဏ်တွေကို ခံနိုင်ရည်ရှိစေပါတယ်။ တစ်ချို့သီးနှံတွေမှာဆိုရင်တော့ သီးနှံအထွက်နှုန်းကိုပါ တိုးစေပါတယ်။
အဓိကအနေနဲ့
- Silicon ဓာတ်ဟာ အပင်ရဲ့ကြီးထွားမှုနဲ့ အထွက်နှုန်းတိုးစေဖို့အတွက်တိုက်ရိုက်လှုံ့ဆော်ပေးပါတယ်။
- ဟင်းသီးဟင်းရွက်၊သီးပင်စားပင်တွေမှာဆိုရင် အပေါ်ပိုင်းကြီးထွားမှုတွေဖြစ်တဲ့ ပင်စည်အရိုးတုတ်ခိုင်ခြင်း၊ ဆစ်ကြားတိုစေခြင်းအပြင် အပင်ယိုင်လဲမှုကိုပါ သက်သာစေပါတယ်။
- နိုက်ထရိုဂျင်ဓာတ်မြေဩဇာ အများအပြားသုံးခြင်းကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကို လျော့ပါးအောင်လည်း ကူညီဆောင်ရွက်ပေးပါတယ်။
- တစ်ချို့သီးနှံပင်တွေမှာ ကျရောက်တဲ့ မှိုနဲ့ ဘက်တီးရီးယားရောဂါတွေကိုလည်းနှိမ်နင်းပေးပါတယ်။
ဥပမာ - ဖရုံ၊ သခွား (ဘူးဖရုံသခွားမျိုးနွယ်ဝင်အပင်) နဲ့ ဂျုံမှာကျရောက်တဲ့ ကျပ်ခိုးမှိုရောဂါ၊ ဘာလီနဲ့ အခြားမြက်မျိုးရင်းဝင်အပင်တွေမှာ အရွက်အစက်အပြောက်ရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။
- သီးလုံးဖောက်ပိုး၊ ရွက်ထွင်းပိုးနဲ့ ဖြုတ်တွေမကျရောက်အောင်လည်း အပင်ရဲ့ ကြံခိုင်မှုတိုးစေအောင် လုပ်ဆောင်ပေးပါတယ်။
- အပင်ရဲ့ stomatal conductivity ကို မြင့်တင်ပေးတဲ့အပြင် ရေအများအပြားဆုံးရှုံးမှုကိုလည်း လျော့ချပေးပြီး ရေ
ငတ်ဒဏ်ကိုပိုပြီးခံနိုင်ရည်ရှိစေပါတယ်။
- အပင်အမြစ်ဖွဲ့စည်းမှုကိုလည်း အားကောင်းစေပါတယ်။
- ဂုန်လျှော်ပင်များမှာဆို လျှော်ရဲ့ ကြံခိုင်မှုကိုပါ တိုးစေတဲ့အပြင် biomass yield ကိုပါ တိုးစေပါတယ်။
- အလူမီနီယမ်၊ ကော့ပါး၊ အိုင်းရွန် ၊ မဂ္ဂနိစ်၊ ဇင့် တို့ကြောင့်ဖြစ်တဲ့ အဆိပ်သင့်မှုကိုလဲ လျော့ပါးစေပါတယ်။
- အပူချိန်လွန်ကဲခြင်း၊ အပင်နေလောင်ခြင်းအပြင် အခြားသော ဆားငန်ဒဏ်ခံရခြင်း စတဲ့ သဘာဝပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ဒဏ်တွေအပြင် heavy metal (ပြင်းထန်သောသတ္တုအဆိပ်သင့်ခြင်း) ကြောင့်ဖြစ်တဲ့ အခြေအနေတွေကိုလဲ အတော်အသင့်ခံနိုင်ရည်ရှိစေပါတယ်။
ာတ်ချို့တဲ့ခြင်း
Silicon ဓာတ် ချို့တဲ့မှုပုံစံအနေနဲ့ လက္ခဏာပြတာမျိုးကိုတော့ သိပ်မတွေ့ရပေမဲ့ သူချို့တဲ့နေပါက အပင်ရဲ့ ရောဂါကျရောက်မှု ခံနိုင်ရည်အားနည်းနေတာကို တွေ့ရပါတယ်။ ကြပ်ခိုးမှိုရောဂါကို ခံနိုင်ရည်အရမ်းမဲ့နေတာက Silicon ဓာတ်ချို့တဲ့မှုလက္ခဏာတစ်ခုလို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ စပါး၊ ဂျုံနဲ့ အခြား နှံစားသီးနှံတွေမှာ ယိုင်လဲမှုဒဏ်မခံနိုင်ပါကလဲ Silicon ဓာတ်ချို့တဲ့တယ်လို့ ယူဆနိုင်ပါတယ်။
ခရမ်းချဉ်တွင် ပုံမှန်မဟုတ်တဲ့ ပန်းပွင့်ခြင်းပြဿနာတွေ၊ သခွားနဲ့ စတော်ဘယ်ရီပင်တို့မှာ အသီးတင်မှု အားနည်းခြင်းတို့ကလည်း သူချို့တဲ့မှုကြောင့်ပဲဖြစ်ပါတယ်။ နောက်ထပ်က Silicon ဓာတ်ချို့တဲ့ပါက မဂ္ဂနီစ်, ကော့ပါး နဲ့ သံဓာတ်အဆိပ်သင့်မှုကို တိုးစေပါတယ်။
ာတ်လိုအပ်တဲ့သီးနှံများ
များသောအားဖြင့် စပါးနဲ့ ကြံသီးနှံတွေမှာ ပိုလိုအပ်ပါတယ်။ စပါးပျိုးခင်းတွင် အသုံးပြုပါက အရွက် အရေအတွက်နဲ့ အခြောက်အလေးချိန်ကို တိုးစေတဲ့အပြင် ရွေ့ပြောင်းစိုက်ပျိုးပီးပါက ပင်ပွားအရေအတွက်နဲ့ စပါးနှံအရေအတွက်ကို တိုးစေပါတယ်။ ဒါ့အပြင်စပါးပင်ယိုင်လဲမှုမှလည်းကာကွယ်ပေးပါ
တယ်။
နောက်တစ်ချက်က စပါးနဲ့ ကြံမှာဖြစ်စေတဲ့ leaf blast (စပါးဂုတ်ကျိုးရောဂါ) ဖြစ်စေမှုကို လျော့ကျစေပါတယ်။ ဝါပင်မှာဆိုပါက အမြစ်ပုပ်ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
Silicon လိုအပ်ချက်နဲ့ အသုံးပြုရန် မြေဩဇာနှုန်းထားများ
Silicon က မြေဩဇာအများစုမှာမပါဝင်ပေမဲ့ သူ့ချည်းသက်သက်မြေဩဇာတွေကို ဈေးကွက်ထဲမှာတွေ့လာရပါတယ်။
ဆီလီကွန်မြေဩဇာကို အခဲပုံစံရော အရည်ပုံစံနဲ့ပါ အသုံးပြုလို့ရပါတယ်။ များသောအားဖြင့် ကယ်ဆီယမ်ဆီလီကိတ် နဲ့ ပိုတက်ဆီယမ်ဆီလီကိတ်တွေ အသုံးပြုမယ်ဆိုရင်တော့ တစ်ပတ်ကို 50 ppm (သန်းခိုင်နှုန်း) သို့မဟုတ် 100 ppm လောက်သာ အသုံးပြုသင့်ပါတယ်။
ရောဂါတွေ ကာကွယ်ဖို့ ၊ အစေ့အထွက်နှုန်းကောင်းဖို့ဆိုရင်တော့ Si ပြင်းအား ၁ % လောက်သာပါဝင်ပီးဖြန်းနိုင်တယ်လို့ ဆိုပါတယ်။
ကယ်ဆီယမ်ဆီလီကိတ်မှာ ၃၀% ကယ်ဆီယမ်၊ ၁၂% ဆီလီကွန် ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ် ဆီလီကိတ်မှာတော့ ၇% မဂ္ဂနီဆီယမ် နဲ့ ၁၂% ဆီလီကွန်ဓာတ်ပါဝင်ပါတယ်။ သို့သော် ဟင်းသီးဟင်းရွက်သီးနှံတွေမှာတော့ များသောအားဖြင့် ပိုတတ်ဆီယမ် ဆီလီကိတ်နဲ့ ဆိုဒီယမ်ဆီလီကိတ်တွေကို အသုံးများကြပါတယ်။ သူတို့နှစ်ခုလုံးကို ရွက်ဖျန်းဆေးအ နေနဲ့အသုံးပြုလို့လည်းရပါတယ်။ (သို့သော် ရွက်ဖျန်းအသုံးပြုပါက သက်ရောက်မှု အားနည်းစေပါတယ် ) ဟင်းသီးဟင်းရွက်အပင်တွေအတွက်သာရွက်ဖျန်းဆေးအသုံးပြုသင့်ပါ
တယ်။
သီးနှံအကြွင်းအကျန်များ (ကောက်ရိုး ၊ ဂျုံရိုး )၊ သဘာဝမြေဩဇာများ အသုံးပြုခြင်းကလည်း Silicon ဓာတ်ကို အပင်မှ ရရှိစေပါတယ်။ ဒီလို သီးနှံအကြွင်းအကျန်တွေမှရတဲ့ Silicon ဓာတ်ကို plant stones သို့ phytoliths လို့ခေါ်ပြီး သူရဲ့ တည်ဆောက်ပုံဟာ တည်တံ့ခိုင်မာလွန်းတာဖြစ်လို့ ကြေပျက်ရန်ခက်ခဲပြီး နှစ်များစွာအထိ မြေထဲမှာရှိနေစေပါတယ်။ (ဆွေးမြေ့အောင်
လုပ်ပီးမှ ပိုထည့်သင့်ပါတယ်)
မြေတွင်း အသုံးပြုရန် နှုန်းထားအနေနဲ့ကတော့ မြေပေါ်မူတည်ပါတယ်။ မြေက အရမ်းချဉ်နေပါက ထုံးအစား ဘေးထွက်ဆိုးကျိုးနည်းပါတဲ့ Orthosilicic acid ကိုထည့်ဖို့လိုနေပါပြီ။ ထို့အတွက် ကယ်ဆီယမ်ဆီလီကိတ်ကို တစ်ပါ
တည်းအသုံးပြုသင့်ပါတယ်။ များသောအားဖြင့် ကြံမှာဆိုပါက တစ်ဟက်တာ လျှင်၃၀၀-၇၀၀ကီလိုဂရမ်, စပါးမှာဆိုပါက တစ်ဟက်တာ ၁၅၀-၃၀၀kg (တစ်ဟက်တာ -၂.၅၄ ဧက ဖြစ်ပါတယ်) အများဆုံးထားပြီး အသုံးပြုဆိုပေမဲ့လည်း မြေရဲ့ pHနဲ့ ကိုယ်စိုက်မယ့်သီးနှံအပေါ်လည်း မူတည်နေပါတယ်။ အခြားသီးနှံတွေအတွက်ကတော့ တစ်ဟက်တာလျှင် ၅၀-၂၀၀ ကီလိုဂရမ်
အတွင်းသာ သုံးသင့်ပါတယ်။
ဒါကြောင့်မလို့ ဆီလီကွန်ဓာတ်များ
ကြွယ်ဝစွာပါဝင်ပြီး သဘာဝပတ်ဝန်းကျင်ကိုဘေးထွက်ဆိုးကျိုးမရှိတဲ့ ကျွန်ုပ်တို့ ဆီလီကွန်နည်းပညာကုမ္ပဏီ၏ထုတ်ကုန်ဖြစ်တဲ့ Orthosilicic Acid (H4SiO4) ကိုစမ်းသုံးကြည့်ဖို့ဖိတ်ခေါ်ပါရစေ။ 🙏
တောင်သူများအတွက်
ထိုက်တန်သောအရည်အသွေး။
┏━━━━━━━━━━━━━━━━━━━━━┓
📍 စိုက်ပျိုးရေးဆိုင်ရာ ပြဿနာများကိုတိုင်ပင်ဆွေးနွေးခြင်း၊ ဗဟုသုတများနှင့်ဓာတ်မြေသြဇာအသုံးပြုနည်းများမျှဝေခြင်း၊ ဓာတ်မြေဩဇာများ မှာယူခြင်း၊ ဓာတ်မြေသြဇာ အမျိုးအစားအားလုံးကို ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။
မြေဆီလွှာခွဲခြမ်းစိတ်ဖြာခြင်း
ဝန်ဆောင်မှု။✅
ကုန်ကျစရိတ်ကိုလျှော့ချပြီးအထွက်
နှုန်းကိုမြှင့်တင်လိုပါသလား။ အခုပဲဆက်သွယ်လိုက်ပါ။
🆔 LINE တရားဝင်အကောင့် :
>> လင့်ခ် https://lin.ee/XvMzoh7 ကိုနှိပ်ပါ။
ကုမ္ပဏီ၏တရားဝင်ဝဘ်ဆိုဒ်စာမျက်နှာ - www.silicontechs.co.th/my/homemm/
Tik Tok : https://bit.ly/3JBZ0MJ
Youtube : https://bit.ly/34Sxgoq
Facebook : https://www.facebook.com/share/v9yxFDNJAw7ujTeM/?mibextid=WC7FNe
(စိုက်ပျိုးရေးဗဟုသုတဆောင်းပါးပေါင်းချုပ်)
┗━━━━━━━━━━━━━━━━━━━━┛
(အစိမ်းရောင်လမ်း ဆောင်းပါးမှပြန်လည်ကူးယူ၍ကိုးကားထားပါသည်)
#ဓာတ်မြေသြဇာ #ဓာတုဓာတ်မြေသြဇာ #အော်ဂဲနစ်မြေသြဇာ #မြေသြဇာအရည် #ဇီဝမြေသြဇာ #ဆီလီကွန်အက်ဆစ် #မြေဆီလွှာကောင်းမွန်စေခြင်း #ဆီလီကွန်နည်းပညာများ Plus Clinic Disease #မြေဆီလွှာပြန်လည်ထူထောင်ရေး
#ဆီလီကွန်ဓာတ်အကြောင်း
#စိုက်ပျိုးရေးဗဟုသုတများ #အပင်ဓာတ်စာ #တောင်သူများအတွက်silicontechs
22/06/2024
🌳🌲မင်္ဂလာပါခင်ဗျ။ စာဖတ်ပရိတ်သတ်များနှင့်တောင်သူလယ်သမားဦးကြီးများ၊စိုက်ပျိုးရေးချစ်မြတ်နိုးသူများ၊အိမ်တွင်းစိုက်ပျိုးရေးသမားများအတွက်
တခုချင်းစီမရှာရအောင် ကျွန်ုပ်တို့ Silicon Techs Myanmar page မှ ရေးသားတင်ပြပေးထားတဲ့အကြောင်းအရာအားလုံးကို ခေါင်းစဉ်၊ link များနှင့်တကွ စုစည်းတင်ပြပေးထားပါတယ်ဗျ။ မိမိလေ့လာလိုသောခေါင်းစဉ်ကိုဖတ်၍ အောက်ကစာတန်းအမည်း (link) လေးကိုဖိကာဖတ်ရှုနိုင်ပါပြီဗျ။
(၁)မြေ ချဉ် ငံ ဓါတ် လွယ်လွယ် တိုင်းကြရအောင်
https://www.facebook.com/share/p/DVb7k4r37hFUTLy3/?mibextid=WC7FNe
(၂)မြေဆီလွှာပြုပြင်ခြင်းနှင့်ပတ်
သတ်သော မှတ်ချက်များ
https://www.facebook.com/share/p/eFVic5rZ9BzRWsRA/?mibextid=WC7FNe
(၃)သင့်မြေဟာ မြေသေ လား?
မြေရှင်းလား ဆိုတာ ကွဲပြားသိနိုင်စေဖို့'
https://www.facebook.com/share/p/sGSK7g64xsyDapyP/?mibextid=WC7FNe
(၄) အရည်အသွေးမြင့်
အော်သိုဆီလီဆစ် အက်စစ် (Orthosilicic Acid) /(H4SiO4) ရဲ့မိတ်ဆက်အကြောင်းလေးနဲ့အားသာချက်အတိုချုပ်
https://www.facebook.com/share/p/qVUrZVhkhRcNrn95/?mibextid=WC7FNe
(၅) Orthosilicic acid (H4SiO4) ၏ အပင်များအပေါ် သက်
ရောက်နိုင်သော ကောင်းကျိုးများ
https://www.facebook.com/share/p/Z7QQCtah7KzuHJSv/?mibextid=WC7FNe
(၆)မြေဆီလွှာ ကျန်းမာ ကောင်းမွန်လာအောင် လုပ်ဆောင်ရမည့် အချက်များ
https://www.facebook.com/share/p/QqFtiEuwew64C6UB/?mibextid=WC7FNe
(၇)NPK အကြောင်း အသေးစိတ်
https://www.facebook.com/share/p/jTJWER86KGWvh56t/?mibextid=WC7FNe
(၈)မိုးစပါး နှင့် နွေ စပါး အကြောင်း များ
https://www.facebook.com/share/p/QF7AQFXhe8mWEQdD/?mibextid=WC7FNe
(၉)မြေကြီးချဉ်ခြင်းကိုဘယ်လိုပြု
ပြင်ပေးရမလဲ
https://www.facebook.com/share/p/XJu9P9nqRmnecsRD/?mibextid=WC7FNe
(၁၀)ဌက်ပျောပင် လှိုင်လှိုင် သီးအောင် စိုက်ပျိုးနည်း
https://www.facebook.com/share/p/bUKq21XPVsqen8go/?mibextid=WC7FNe
(၁၁)မြေဧကတွက်ချက်နည်း
https://www.facebook.com/share/p/VGu3wEDFfnxhaEpA/?mibextid=WC7FNe
(၁၂)ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ကို ဂုဏ်ပြု ခြင်း
https://www.facebook.com/share/p/yhhq4GH1chD1XvyA/?mibextid=WC7FNe
(၁၃)မြန်မာတစ်ပြည်လုံးကမြေကြီး(၂၄)မျိုး အကြောင်း ဗဟုသုတများ
https://www.facebook.com/share/p/jUvrpp6jv9cckkRV/?mibextid=WC7FNe
(၁၄)Acid sulphate Soil (ASS) အကြောင်းအသေးစိတ်
https://www.facebook.com/share/p/TtVKVXjcrM9quKBR/?mibextid=WC7FNe
(၁၅)စပါးကြဲပက်နည်း (အစို၊အခြောက်)
https://www.facebook.com/61560285843412/posts/122106069662342861/?
(၁၆)သဘာဝရေခဲသေတ္တာလုပ်နည်း
https://www.facebook.com/61560285843412/posts/122106093500342861/?
(၁၇)နှမ်းအကြောင်းသိကောင်းစရာ
https://www.facebook.com/61560285843412/posts/122106120368342861/?
(၁၈)စိုက်ပျိုးရေးအသိပညာအမေး/အဖြေ
https://www.facebook.com/61560285843412/posts/122106259388342861/?
(၁၉)မြေဆီလွှာတွင်အော်ဂဲနစ်ဓာတ်တိုးစေရန်။
https://www.facebook.com/61560285843412/posts/122106336188342861/?
(၂၀)တောင်သူများသိထားသင့်သောစိုက်ပျိုးရေးဆေးသုံး ဝေါဟာရများ
https://www.facebook.com/61560285843412/posts/122107090562342861/?
(၂၁)သဘာဝပတ်ဝန်းကျင်အကြောင်းအရာ
https://www.facebook.com/61560285843412/posts/122107128062342861/?
(၂၂)ဝင်ငွေအမြန်ရစေသောဟင်းသီး
ဟင်းရွက်စိုက်နည်း
https://www.facebook.com/61560285843412/posts/122107183046342861/?
(၂၃)ဖရဲခင်းစိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122107281734342861/?
(၂၄)ငရုတ်သီးပင်စနစ်တကျစိုက်နည်း
https://www.facebook.com/61560285843412/posts/122107312970342861/?
(၂၅)ရုံးပတီပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122108262890342861/?
(၂၆)မြေချဉ်ခြင်းအတွက်ထည့်ရ
မည့်ထုံးပမာဏ
https://www.facebook.com/61560285843412/posts/122108296670342861/?
(၂၇)ခရမ်းချဉ်ပင်ဇောက်ထိုးစိုက်နည်း
https://www.facebook.com/61560285843412/posts/122108335460342861/?
(၂၈)စတော်ဘယ်ရီပင်စိုက်နည်း
https://www.facebook.com/61560285843412/posts/122108363396342861/?
(၂၉)ဂန္ဓမာပန်းစိုက်နည်း
https://www.facebook.com/61560285843412/posts/122108882150342861/?
(၃၀)လိမ္မော်ပင်အကိုင်းထုတ်စိုက်နည်း
https://www.facebook.com/61560285843412/posts/122109572030342861/?
(၃၁)ပန်းသီးပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122109598952342861/?
(၃၂)အုန်းပင်စနစ်တကျစိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122109630482342861/?
(၃၃)မြေဆီလွှာတွင်အက်စစ်ဓာတ်များနေခြင်း
https://www.facebook.com/61560285843412/posts/122109659792342861/?
(၃၄)စီးပွားဖြစ် ဇီးသီးပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122109947216342861/?
(၃၅)တပိုင်တနိုင် တောင်ပို့မှို ဖောက်
နည်း
https://www.facebook.com/61560285843412/posts/122109966644342861/?
(၃၆)ဆားငန်ရေဝင်၍စပါးအဖျင်းများရတဲ့ပြသာနာဖြေရှင်းနည်း
https://www.facebook.com/61560285843412/posts/122109982076342861/?
(၃၇)ခြံဝင်းအတွင်းစိုက်ပျိုးသင့်သောစားသုံးသီးနှံများအကြောင်း
https://www.facebook.com/61560285843412/posts/122110011896342861/?
(၃၈)မြေဆီလွှာကျန်းမာစေဖို့
https://www.facebook.com/61560285843412/posts/122110032968342861/?
(၃၉)ဩဇာသီးပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122110350032342861/?
(၄၀)စံပယ်ပန်းစိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122110371164342861/?
(၄၁)ပိန္နဲပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122110687400342861/?
(၄၂)ကြက်မောက်ပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122111241860342861/?
(၄၃)မင်းကွတ်ပင်မျိုးပွားနည်း
https://www.facebook.com/61560285843412/posts/122111557766342861/?
(၄၄)သကြားပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122111583158342861/?
(၄၅)အိမ်တွင်းငရုတ်ပင်အလွယ်တကူ
စိုက်နည်း
https://www.facebook.com/61560285843412/posts/122111611604342861/?
(၄၆)လက်ညှိုးသံပုရာ/ငါးဥသံပုရာအကြောင်း
https://www.facebook.com/61560285843412/posts/122111652476342861/?
(၄၇)အစ္စရေးမြက်ချိုစိုက်ပျိုးပြုပြင်
ထိန်းသိမ်းခြင်း
https://www.facebook.com/61560285843412/posts/122111940050342861/?
(၄၈)ခရမ်းပင်အသီးကောင်းအောင်ပြုစုနည်း
https://www.facebook.com/61560285843412/posts/122112202568342861/?
(၄၉)ကိုင်းထိုးခြင်း/ဖြတ်တောက်မျိုးပွားရာတွင်လုပ်ဆောင်ရမည့်အချက်များ
https://www.facebook.com/61560285843412/posts/122112214766342861/?
(၅၀)မာလကာပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122112244904342861/?
(၅၁)စောင်းလျားသီးပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122112258566342861/?
(၅၂)မက်မန်းသီးပင်ပျိုးနည်း(၅)နည်း
https://www.facebook.com/61560285843412/posts/122112274280342861/?
(၅၃)နံနံပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122112504134342861/?
(၅၄)မြေပဲသီးနှံစိုက်ပျိုးနည်းစနစ်များ
https://www.facebook.com/61560285843412/posts/122112517646342861/?
(၅၅) စပါးလင်ဆီမွှေးပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122112535880342861/?
(၅၆)ပဲတိုင်ထောင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122112554990342861/?
(၅၇)စမုံစပါးစိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122112590426342861/?
(၅၈)ပွေးကိုင်းပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122112780398342861/?
(၅၉)ကြယ်ပဲပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122112794606342861/?
(၆၀) ပြောင်းလဲရာသီဥတုနှင့်လိုက်လျောညီစေရန်ယာစပါးစိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122112839552342861/?
(၆၁)သနပ်ဖက်စိုက်ပျိုးရေး
https://www.facebook.com/61560285843412/posts/122112857090342861/?
(၆၂)ပန်းဂေါ်ဖီစိမ်းစိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122113047500342861/?
(၆၃)ထောပတ်သီးစနစ်တကျပြုစုခြင်း
နှင့်မြေဩဇာကျွေးခြင်း
https://www.facebook.com/61560285843412/posts/122113062614342861/?
(၆၄)ကြက်သွန်နီမျိုးစေ့ထုတ်နည်း
https://www.facebook.com/61560285843412/posts/122113105328342861/?
(၆၅)မုန်လာဥနီမျိုးစေ့ထုတ်နည်း
https://www.facebook.com/61560285843412/posts/122113131014342861/?
(၆၆)အပင်ငယ်များပြောင်းရွေ့စိုက်ပျိုးရာ
တွင်သတိပြုရမည့်အချက်များ
https://www.facebook.com/61560285843412/posts/122113144442342861/?
(၆၇)ပူပြင်းသောရာသီဥတုတွင်စိုက်ခင်းများအတွက်စဉ်းစားသင့်သောအချက်များ
https://www.facebook.com/61560285843412/posts/122113332566342861/?
(၆၈)အောင်မဲညိုပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122113348454342861/?
(၆၉)ဘွန်စိုင်း (Bonsai)ပင်ပြုလုပ်နည်း
https://www.facebook.com/61560285843412/posts/122113364420342861/?
(၇၀)သံပုရာသီးဈေးကောင်းရချိန်တွင်အသီးသီးအောင်ပြုလုပ်နည်း
https://www.facebook.com/61560285843412/posts/122113378682342861/?
(၇၁)ခရမ်းချဉ်ပင်၏ 'စောပင်နာကျ' ရောဂါအကြောင်း
https://www.facebook.com/61560285843412/posts/122113396916342861/?
(၇၂)ခရမ်းချဉ်ပင်ရဲ့ရန်သူတော်(၇)ပါးနှင့်မိတ်ဆွေ(၄)ပါး
https://www.facebook.com/61560285843412/posts/122113607312342861/?
(၇၃)ချင်း(ဂျင်း)စိုက်ရန်သင့်တော်သောရေမြေ၊ရာသီဥတုနှင့်ဆောင်ရန်ရှောင်ရန်များ
https://www.facebook.com/61560285843412/posts/122113615238342861/?
(၇၄)ဂျပန်နိုင်ငံရဲ့စပါးစိုက်နည်း
https://www.facebook.com/61560285843412/posts/122113661342342861/?
(၇၅)အရည်အသွေးကောင်းမွန်သောသရက်သီးရစေဖို့စနစ်တကျပြုစုနည်း
https://www.facebook.com/61560285843412/posts/122113682216342861/?
(၇၆)လီလီပန်းစိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122113682216342861/?
(၇၇)ဘူးသီးအကြောင်းသိကောင်းစရာနှင့်ဘူးပင်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122113981052342861/?
(၇၈) လက်ဖက်ထွက်နှုန်းကောင်းဖို့ကိုင်းဖြတ်ပေးခြင်းနည်းလမ်းများ
https://www.facebook.com/61560285843412/posts/122114158136342861/?
(၇၉)ဖက်ဖယ်ရွက်အကြောင်းသိကောင်းစရာနှင့်စိုက်ပျိုးနည်း
https://www.facebook.com/61560285843412/posts/122114158136342861/?
(၈၀)ဟင်းသီးဟင်းရွက်များစတင်စိုက်ပျိုးသင့်သည့်အချိန်များ
https://www.facebook.com/61560285843412/posts/122114178740342861/?
(၈၁)ကျွဲကောပင်စိုက်ပျိုးနည်း
https://www.facebook.com/share/p/CqU3jcUZfLUvf2Kv/?mibextid=WC7FNe
(၈၂)ကွမ်းရွက်စိုက်ပျိုးနည်း
https://www.facebook.com/share/p/hPktTGJ25SVP7CYp/?mibextid=WC7FNe
(၈၃)ကွမ်းပင်ဖြစ်ထွန်းစေဖို့သိသင့်သောအခြေခံလိုအပ်ချက်များ
https://www.facebook.com/share/p/5FTnP81TVP8HuiF3/?mibextid=WC7FNe
(၈၄)မြေဆီလွှာမှိုဖြူစွဲခြင်းအကြောင်းအရင်းများ
https://www.facebook.com/share/p/e7M6FnPWDs8yxqRs/?mibextid=WC7FNe
(၈၅)မြန်မာနိုင်ငံတွင်တွေ့ရသောသီးနှံအမျိုးအစားအလိုက်စိုက်ပျိုးဖြစ်ထွန်းရာမြေအမျိုးအစားများ
https://www.facebook.com/share/p/CSUnBvovNsX8hhxt/?mibextid=WC7FNe
(၈၆)သဘာဝမြေဩဇာမထည့်သင့်သောလယ်မြေအမျိုးအစားများ
https://www.facebook.com/share/p/1L8J2nYinwqC2J1m/?mibextid=WC7FNe
(၈၇)မြေဆီလွှာကိုအာဟာရဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်မဲ့နည်းလမ်း(၅)မျိုး
https://www.facebook.com/share/p/GDH9pb2ivB86K5YW/?mibextid=WC7FNe
(၈၈)သနပ်ခါးပင် စိုက်ပျိုးနည်းနှင့် ဝိသေသလက္ခဏာများ
https://www.facebook.com/share/p/ocVhezh7uT3196kB/?mibextid=WC7FNe
(၈၉)နှင်းဆီပင်ကိုပန်းအိုးဖြင့်စိုက်ပျိုးနည်း
https://www.facebook.com/share/p/CynaafjGVLPMCMfy/?mibextid=WC7FNe
(၉၀)မြေဆီလွှာဆားငန်ခြင်းအခြေနေကိုပိုမဆိုးသွားစေရန်ထိန်းသိမ်းနည်း
https://www.facebook.com/share/p/TUrt7K9nUFA8rZkR/?mibextid=WC7FNe
(၉၁)သစ်ဆွေးမြေဩဇာ အသုံးဝင်ပုံများ
https://www.facebook.com/share/p/TUrt7K9nUFA8rZkR/?mibextid=WC7FNe
(၉၂)ဒေသခံအဏုဇီဝပိုးမွေးမြူနည်း
https://www.facebook.com/share/p/oyfg2yYm1ttes6or/?mibextid=WC7FNe
(၉၃)သီးနှံတစ်ရာသီနှင့်တစ်ရာသီကြား မြေလှပ်ပေးရသောအကြောင်းတရားများ
https://www.facebook.com/61560285843412/posts/122114996930342861/?
(၉၄)ဩဂဲနစ်မြေဩဇာကောင်းကျိုးများ
https://www.facebook.com/share/p/v27k9qJtKx5ohXop/?mibextid=WC7FNe
(၉၅)ကျန်းမာသန်စွမ်းတဲ့မြေဆီလွှာဖြစ်ဖို့လိုအပ်ချက်များ
https://www.facebook.com/share/p/iXFULh9bpxsa3dNW/?mibextid=WC7FNe
(၉၆)မြေဆီလွှာဖွဲ့စည်းပုံကိုကိုယ်တိုင်စမ်းသပ်နည်း
https://www.facebook.com/share/p/i7zSuuun96EHp7EE/?mibextid=WC7FNe
(၉၇)မြေဆွေးပုံရဲ့အရေးပါသောလျှို့ဝှက်ချက်
https://www.facebook.com/share/p/exi1AkX9WDQq8cz7/?mibextid=WC7FNe
(၉၈)မြေအင်ဇိုင်းအကြောင်း
https://www.facebook.com/share/p/xUXcy3H46BGaBpEa/?mibextid=WC7FNe
(၉၉)မြေဆီလွှာအတွင်းရေစိမ့်ဝင်ခြင်း
https://www.facebook.com/share/p/yC5PL5knErbbcHEp/?mibextid=WC7FNe
(၁၀၀)မြေဆီလွှာအတွင်းရှိရေ(Soil Water)
https://www.facebook.com/share/p/ef7DVDtMiZ3e8Zvg/?mibextid=WC7FNe
(၁၀၁)မြေဆီလွှာပြန်လည်ကောင်းမွန်ဖို့CoverCropစိုက်နည်း
https://www.facebook.com/share/p/bYBRLe9Lsa2pjqQm/?mibextid=WC7FNe
(၁၀၂)မြေဆီလွှာညစ်ညမ်းခြင်း (Soil Pollution)
https://www.facebook.com/share/p/C1jzHrp8i6KSyw38/?mibextid=WC7FNe
(၁၀၃)မြေဆီလွှာကိုဥတုကြေပျက်ခြင်းသက်ရောက်ပုံ
https://www.facebook.com/share/p/7HDemCYYFHfxcuRj/?mibextid=WC7FNe
(၁၀၄)လယ်ယာမြေတွင်ဆားကြမ်းသုံးခြင်း၏ကောင်းကျိုး/ဆိုးကျိုးများ
https://www.facebook.com/share/p/Z2wX6ZU6HPBgVe8Y/?mibextid=WC7FNe
(၁၀၅)စိုက်ပျိုးမြေမပျက်စီးဖို့မြေဆီလွှာကောင်းမွန်စေဖို့နည်းလမ်းများ
https://www.facebook.com/61560285843412/posts/122117094920342861/?
(၁၀၆)လူး သီးနှံစိုက်ပျိုးနည်း
https://www.facebook.com/share/p/uTWMUYE8uHuvMMmq/?mibextid=WC7FNe
(၁၀၇)ငရုတ်ကောင်းပင်စိုက်ပျိုးနည်း
https://www.facebook.com/share/p/rknJMJazzqCGhauu/?mibextid=WC7FNe
(၁၀၈)ကြက်သွန်မြိတ်ကြီးစိုက်ပျိုးနည်း
https://www.facebook.com/share/p/Hmj1Zjn1uHotN2YC/?mibextid=WC7FNe
(၁၀၉)မြေပဲခွံကိုစိုက်ခင်းတွင်ပြန်အသုံးပြုလျှင်ရရှိမည့်ကောင်းကျိုးများ
https://www.facebook.com/share/p/KBrLhzfZFaMfpnrF/?mibextid=WC7FNe
(၁၁၀)ရုံးပတီသက်တမ်းအလိုက်သဘာဝမြေဩဇာကျွေးနည်း
https://www.facebook.com/share/p/hYjFtaDXf8zmm7aW/?mibextid=WC7FNe
(၁၁၁)အပင်အတွက်မရှိမဖြစ်လိုအပ်သောအာဟာရများ
https://www.facebook.com/share/p/oim3BjfFLgfNt8yq/?mibextid=WC7FNe
(၁၁၂)စပါးခွံကိုစိုက်ခင်းတွင်အသုံးပြုလျှင်ရရှိမည့်ကောင်းကျိုးများ
https://www.facebook.com/share/p/kJsvk8J52ra8AuBh/?mibextid=WC7FNe
(၁၁၃)ရေလွှမ်းမိုးမှုကြောင့်ပျက်စီးသွားသောလယ်များကိုပြန်လည်စိုက်ပျိုးဖို့လိုက်နာရမည့်အချက်များ
https://www.facebook.com/share/p/Qu93EZoFxagqir3N/?mibextid=WC7FNe
(၁၁၄)မြေဆီလွှာပြသာနာ(၅)မျိုးနှင့်ဖြေရှင်းနည်းများ
https://www.facebook.com/share/p/eCU6vGs88jYBRRJa/?mibextid=WC7FNe
(၁၁၅)Golden Apple Snail (စပါးဖျက်ခရု)အကြောင်း
https://www.facebook.com/share/p/35itaAmfUYuvVVYF/?mibextid=WC7FNe
(၁၁၆)ဘိုရွန်(B) ဓာတ်အကြောင်း
https://www.facebook.com/share/p/mE5P1ii9U2rU8MyC/?mibextid=WC7FNe
(၁၁၇)အပင်အာဟာရဓာတ်(၁၇)မျိုး
https://www.facebook.com/share/p/TRWjfVJM6mgfkmnD/?mibextid=WC7FNe
(၁၁၈)မြေတိုက်စားခြင်းအကြောင်း
https://www.facebook.com/share/p/dMqTrhyvrpwWAnX9/?mibextid=WC7FNe
(၁၁၉)မြေကြီးထဲကဓာတ်ဖို ဖလှယ်နိုင်စွမ်း
https://www.facebook.com/share/p/Rv8T22jDaZAqdNNf/?mibextid=WC7FNe
(၁၂၀)အရေးကြီးသည့်ကမ္ဘာ့မြေကြီးလေရှူပေါက်များ
https://www.facebook.com/share/p/UeDCFf9CWyzJgx2k/?mibextid=WC7FNe
(၁၂၁)မြေဆီအာဟာရတွေလိုအပ်တာထပ်ပိုထည့်မိသောအခါလုပ်သင့်သောနည်းလမ်းများ
https://www.facebook.com/share/p/6dfoBbtDadAtz9uf/?mibextid=WC7FNe
(၁၂၂)မြေကြီးအရောင်များအကြောင်း
https://www.facebook.com/share/p/jHsDRZAwd6MQ8R1w/?mibextid=WC7FNe
(၁၂၃)မြေကြီးအကြောင်း
https://www.facebook.com/share/p/LkuEseFrwwcqK6tm/?mibextid=WC7FNe
(၁၂၄)မြေဆီလွှာအတွင်းကာဗွန်စုစည်းသိုလှောင်ခြင်းအကျိုးကျေးဇူးများ
https://www.facebook.com/share/p/kLrFxpj2dV3NyQ4d/?mibextid=WC7FNe
(၁၂၅)အပင်အတွက်အနည်းလိုအာဟာရများ
https://www.facebook.com/share/p/pvkNjFE8ZGj57PQw/?mibextid=WC7FNe
(၁၂၆)အပင်ကြီးထွားသီးပွင့်ဖို့အလိုအပ်ဆုံးအာဟာရများအကြောင်း
https://www.facebook.com/share/p/wmgy4L5bzxrUgmzg/?mibextid=WC7FNe
(၁၂၇)အပင်ရှင်သန်ဖို့အခြေခံဖောင်ဒေးရှင်း(၃)မျိုး
https://www.facebook.com/share/p/co9yb3ABDFFcujbo/?mibextid=WC7FNe
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
အသီးသီးဖတ်ရှုပြီးကြိုက်နှစ်သက်ရာခေါင်းစဉ်ကို လွတ်လပ်စွာမျှဝေနိုင်ပါတယ်ဗျ။🙏♻️
#စိုက်ပျိုးရေးဗဟုသုတများ #တောင်သူများအတွက်silicontechs
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 35/YaykyawStreet/PazuntaungTownship/Yangon
Yangon
11171