BettyBoo

BettyBoo

Share

Photos from BettyBoo's post 31/07/2022

🔋 Charger Head Protector (Clear Case)

✨ဖုန်းအားသွင်းကြိုး၊ Data cable တွေမှာ ချစ်စရာ protector လေးနဲ့ အလှဆင်ရအောင်နော် ✨

🌚 အားသွင်းတုံး၊ ကြိုးမပါပါဘူးနော် အကာတို့

🌝 ကြိုးပေါ်မှအလှဆင်တပ်ရတာပါ

📐 အလျား 1.7” အနံ 1.8”

✅ 5,000/ 6,000

🇹🇭 Direct from Thailand

🛒 Half Prepaid for order above 20,000Ks

📌 Yangon Cash on deli

Photos from Penny's Diarium's post 29/03/2022

မင်မင်ဆီမှာ ဒါလေးမှာလို့ရပါတယ်ရှင့် 😉

https://www.facebook.com/111451624642065/posts/150435807410313/?d=n

10/03/2022

Online Shopping Etiquettes 🧐 (ရောင်းသူမဟုတ်တဲ့ online ဝယ်သူတွေဖတ်ဖို့ ကျင့်ဝတ်များ)

အားလုံးဘဲ သိတဲ့အတိုင်းပါ၊ Phway က online shopping ကိုသဘောကျတဲ့သူ ငယ်ကတည်းက online ကဘဲမှာတယ်ဝယ်တယ်၊ အပြင်ကဆိုင်ဆို ကိုယ်တအားကြိုက်တဲ့ဆိုင်မှဝယ်တာများတယ်။
Onlineshop တွေကနေဝယ်တဲ့အခါ ပြောရရင် လူတိုင်းက ဘယ်လို service ပေးမှ၊ ရည်မွန်မှ၊ စိတ်ရှည်မှ၊ reply မြန်မှ၊ ဘာမှညာမှနဲ့ ရောင်းသူတွေကို စိတ်တိုင်းကျဖြစ်စေချင်တာကတော့ မထူးဆန်းပါဘူးနော်။ ဟုတ်တယ် မှန်တယ်လေ၊ ငွေပေးဝယ်တာ အားပေးတာ စိတ်တိုင်းကျချင်၊ စိတ်ချမ်းသာချင်တာပေါ့။ ✨

ဒါပေမဲ့လည်းလေ ဖွေးပြောတာကကွာ ဝယ်တဲ့သူကလည်း စည်းရှိဖို့လိုတယ်-

•ယဉ်ယဉ်ကျေးကျေး မေး၊ ပြော၊ ဝယ်။ လူလူချင်း ချေမ်ိုးရိုင်းစိုင်းမနေနဲ့။ ဖွေးဆို နင်တွေငါတွေတောင်မပြောဘူး။

•ရောင်းသူကို ယုံကြည်မှုရှိမှဝယ်၊ အတင်းထိုးရောင်းနေတာတစ်ယောက်မှမပါဘူး။

•အေး၊ လိမ်မယ်လို့ထင်ရင်မဝယ်ပါနဲ့၊ ယုံရတဲ့သူဆီမှာဘဲဝယ်။ Online ကနေဆိုတာ ယုံကြည်မှုနဲ့အလုပ်လုပ်ရတာမျိုးဆိုတော့ မယုံရင်မဝယ်နဲ့ ကိစ္စရှင်းတယ်။

•ဖတ်။ Details ကိုသေချာဖတ်၊ prepaid လား ၊ half deposit လား၊ COD ရလား၊ banking ရလားဖတ်။ တစ်ချို့ရှိတယ် ပုံအောက်မှာစျေးပါတယ်ဆိုတာကို comment မှာ "hm" ဆိုတာမျိုးပေါ့။ နော်၊ စာသေချာဖတ်ပါ။

•Size chart သေချာမေး၊ ကိုယ့်ကိုယ်ဆိုဒ်မှန်းမှာပီး မှားရင် ပြန်မလဲခိုင်းနဲ့၊ လဲပေးရိုးထုံးစံကိုမရှိတာ။

•Recommend တောင်းပီးရင် ပေးတိုင်း ယူစရာမလိုဘူး၊ ကိုယ်တကယ်အဆင်ပြေမှယူ၊ ပီးမှ မ blame နဲ့။

•ခေါင်းစခြေဆုံး ရှိသမျှအကုန်မေးပီးရင် လက်မကြီးပြန်ပို့တာတို့ဆို ရိုင်းတယ်နော်။ နောက် ၁၈၆ မျိုးမေးပီးမယူတာတွေပေါ့၊ မေးတာနဲ့ယူရမယ်ပြောတာမဟုတ်ပါဘူး limit တော့ရှိပေါ့။

•အကယ်လို့ first time buying ဆိုရင် ညှ်ိယူကြည့်၊ page တစ်ခုဆို ဖွေးကနယ်ကဆိုပီး full prepaid တောင်းတယ်။ ဖွေးက "အမရယ် ဖွေး first time ဝယ်တာမို့ half prepaid လုပ်ပေး" ဆိုပီးညှိယူတော့အဆင်ပြေတယ်။ အဲ့လိုလေးတွေပေါ့နော်။ ညှိမရရင် ဝယ်မနေနဲ့။

•နောက်တစ်ခုက လိပ်စာပေးတဲ့ကိစ္စ။ COD နဲ့ဝယ်တယ်ဆို လိပ်စာပေးရမယ်၊ မပေးချင်ရင် pickup လုပ်ပီးဝယ်၊ သွားယူ ရှင်းရှင်းလေး။ (တစ်ခုမှမလုပ်ချင်မဝယ်နဲ့ သက်သက်အလုပ်ရှုပ်တယ်ရောင်းတဲ့သူက)

•ဖွေးတို့လို နယ်ကဝယ်တဲ့သူဆိုလည်း လိပ်စာမပေးချင်ရင် ဂိတ်ချခိုင်း။ ဒါဘဲရှိတယ်။

•Cash ဘဲလိုချင်တာလား banking ရလားသေချာမေးပီးမှဝယ် ကိုယ်အဆင်ပြေမှဝယ်၊ ဟုတ်တယ်နော်။ ပီးမှ ကျမက Kpay ရတယ်ထင်တာတွေဘာတွေ။

•အစထဲက စျေးကြည့်ပီးမှ အဆင်ပြေတဲ့စျေးမှဝယ်၊ online ဆိုတာ ဆိုင်ထက်စျေးသက်သာပီးသား။ တန်တယ်ထင်ရင်ဝယ် မတန်ဘူးထင်ရင်မဝယ်နဲ့။

•ဘယ်ဆိုင်က ဘယ်လောက်ဘဲဆိုပီး စျေးသွားမညှိတဲ့၊ ဟိုဆိုင်က သက်သာတယ်ထင်ရင် သွားဝယ်လိုက်၊ လျှာမရှည်နဲ့။

•Online ကနေဝယ်တာတွေဆို စျေးမဆစ်စေချင်ဘူး၊ မတရား ဇွတ်ဆစ်ပီး လျော့ခိုင်းတာမျိုးပြောတာပါ။ ကိုယ်က (၁၀) မျိုး (၁၅) မျိုး သိန်းချီလောက်ဝယ်လို့ နည်းနည်းပါပါးလျော့ခိုင်းတာကထားဦး။ တစ်ချို့က ဝယ်တော့ တစ်ခုလောက်၊ လျော့ခိုင်းတာ အမြတ်မရအရင်းရှုံးနေပီ။
အတင်း မတရားဆစ်တာမျိုးကြတော့ နဂိုလျော့ပေးချင်စိတ်ပါပျောက်မှာ။

•Preorder ဆိုတာ မှာပီးရင် cancel မလုပ်ပါနဲ့၊ လူတိုင်းက အိတ်စိုက်ဝယ်ပေးရတာ၊ စျေးသက်သာတာတွေ့လို့ အမဆီကမယူတော့ဘူးဆိုတာမျိုးဆို ပါးရိုက်ချင်စရာလေနော်။

•Waiting time ဆိုတာကြာတတ်တယ်၊ ပိုတွက်ထားအစထဲက။ အခုနိုင်ငံရေးအခြေအနေနဲ့ သိတဲ့အတိုင်းဘဲ။ ပိုသာတွက်ထား၊ မလောမှမှာ။
(ဘယ်ရက်အမှီရပါမယ် အာမခံပြောပီး မရရင်တော့ refund ပြန်သာတောင်း)

•ဝယ်ပီးရင် အချိန်ကိုက် ပိုက်ဆံရှင်း၊ စာပြန်။ Seen မပြဘာမပြလုပ်မနေနဲ့။ (အရမ်း အရေးကြီးကိစ္စပေါ်နေရင်တော့ထားပါတော့)

•Live မှာဝင်လုပီးရင်ယူပါ၊ ဖယ်ခိုင်းထားပီးရင်ယူ၊ မဝယ်နိုင်မယူနဲ့။ Live ရောင်းရတာထင်ရင် ဝင်ရောင်းကြည့်။

•Live ဝယ်နေရင် တအားအရေးကြီးတာမျိုးကလွဲလို့ ကျန်တာဆို ဘယ်ဟာပြဦး ဘယ်ဟာပြနဲ့ အရမ်းကျော်မခိုင်းကြပါနဲ့၊ သူပြနိုင်ရင်တော့ပြမှာပေါ့နော်။
(ကိုယ်ကတော့ တအားခင်တဲ့သူဆိုရင်တော့ပြခိုင်းပါတယ်)

•ဆိုင်ဘက်က လက်ဆောင်ထည့်ပေးရင် ယူလိုက်၊ ပေးနေရင် ယူလိုက်၊ ပီးမှပစ်ထုတ်ထုတ် ပေးပစ်ပစ်။

•ဘာလက်ဆောင်ပေးမှာလဲလို့မေးတာလဲကလည်း ရိူင်းသောနော်။

•Delivery ကိစ္စလည်းပြောဦးမယ်၊ မပို့ရမဲ့အချိန်တို့ဘာတို့ဆို ရောင်းသူနဲ့ညှိပီး deli ကိုပြောခိုင်းထား၊ ပီးမှဟိုရွေ့ဒီရွေ့ဆိုအဆင်မပြေဘူး။

•အဆိုးဆုံးကတော့ မှာချင်တာမှာ လုချင်တာလု ပီးရင် မယူနိုင် block ပြေးတာပါဘဲ။

•နောက်ဆုံးတစ်ခုကတော့ optional ပေါ့၊ ကျေးဇူးတင်စကားပြောတာ၊ ဖွေးကတော့ အမြဲပြောတယ်။

>>> ကိုယ့်ဘက်က တစ်ခုခုဖြစ်ပီ မယူနိုင်ဘူး၊ အရေးပေါ်နေပီဆို အကျိုးအကြောင်းနားလည်အောင်ရှင်းပြ။ မဟုတ်ဘဲ ဘာမှမပြောတာကြ အရမ်းရိုင်းရာကျပါတယ်လို့။

ဆိုတော့ ဒါစဉ်းစားမိသလောက်ပါဘဲ။ ထပ်မှတ်မိရင် ထပ်ထည့်မယ်။ ဒါကတော့ mutual respect ပေါ့နော်၊ စျေးရောင်းတာတင်မဟုတ်ဘဲ စျေးဝယ်သူဘက်ကလည်း ကျင့်ဝတ်လေးတွေ စည်းလေးတွေထားပေးရင် နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာတာပေါ့ရှင်။

ဘာမှမရောင်းဘူးနော်...online shop သမားတွေအစား နာလို့ကို ဝင်ရေးတာ။

အားလုံး ပျော်ပျော်ရွင်ရွှင် ရောင်းနိုင်ဝယ်နိုင်ကြပါစေလို့ ဆုတောင်းရင်း...❤️

Phway ( with much love )

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon