Myanmar FPGA Platform

Myanmar FPGA Platform

Share

01/07/2023

ယနေ့မျက်မှောက်ခေတ်၌ မိုက်ခရိုပရိုဆက်ဆာစနစ်များကို အခြေခံ၍ တည်ဆောက်ထားသော ခေတ်မီလက်ကိုင်ဖုန်းများ၊ ကွန်ပျူတာများနှင့် လက်ပ်တော့ပ်များသည် မြန်မာနိုင်ငံရှိ သုံးစွဲသူအများစု၏ လက်ဝယ်သို့ ရောက်ရှိနေကြပြီ ဖြစ်သော်လည်း ၎င်းပစ္စည်းများအတွင်းရှိ မိုက်ခရိုပရိုဆက်ဆာများ (microprocessors) မည်ကဲ့သို့ အလုပ်လုပ်နေသည်ကို သိရှိသူ အရေအတွက်မှာ များပြားလှသည် မဟုတ်ပါ။ မိုက်ခရိုပရိုဆက်ဆာစနစ်များအကြောင်း ရေးသားထားသော နည်းပညာဆိုင်ရာ စာအုပ် စာတမ်း အများစုမှာလည်း အနောက်တိုင်းဘာသာစကားများဖြင့် ရေးသားထုတ်ဝေထားကြသဖြင့် ပြည့်စုံ တိကျစွာ နားလည်ရန် ခက်ခဲပါသည်။
ကွန်ပျူတာသိပ္ပံနှင့်နည်းပညာဆိုင်ရာ ဘာသာရပ်များသည် နည်းပညာစကားလုံးများ၏ ဝေါဟာရအဓိပ္ပါယ်များ၏ ဗဟုသုတမရှိပါက ကွန်ပျူတာရှိ မိုက်ခရို ပရိုဆက်ဆာတစ်ခုသည် “အမှန်တကယ် ဘယ်လိုတွက်ချက်နေသလဲ” ဆိုသည့်မေးခွန်းကို တိကျစွာအဖြေပေးနိုင်ရန် ခက်ခဲနေပေလိမ့်မည်။ စာပေသင်ကြားပေးမှုအရ ကျောင်းသားအများစုသည် ကွန်ပျူတာတစ်ခု၏ အခြေခံအစိတ်အပိုင်းများအကြောင်း နှင့် ယေဘုယျအလုပ်လုပ်ပုံကို သိရှိကြသော်လည်း ၎င်းကွန်ပျူတာ၏ အတွင်းပိုင်း၌ “မည်သို့မည်ပုံ အလုပ်လုပ်နေသည်၊ မည်ကဲ့သို့ ဖွဲ့စည်းတည်ဆောက် ထားသည်” ကို ရှင်းရှင်းလင်းလင်း သိရှိသူမှာ နည်းပါးလှ၏။
ထို့ကြောင့် ဒီဂျစ်တယ် လျှပ်စီးပတ်လမ်းများနှင့် မိုက်ခရိုပရိုဆက်ဆာစနစ်တစ်ခု၏ တည်ဆောက်မှုနှင့် အသေးစိတ် အလုပ်လုပ်ပုံကို သိရှိနားလည်ရန်မှာ ကွန်ပျူတာနည်းပညာ ဘာသာရပ်များကို လေ့လာ နေသော ကျောင်းသားများအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်နေ၏။ ယင်းစိန်ခေါ်မှုကို ကျော်လွှားနိုင်ရန် အလို့ငှာ မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအတွက် ဖြည့်ဆည်းနိုင်ရန်အလို့ငှာ ကျွန်တော်သည် “ဒီဂျစ်တယ်လျှပ်စီးပတ်လမ်းများနှင့် မိုက်ခရိုပရိုဆက်ဆာတည်ဆောက်ခြင်း (လက်တွေ့ လေ့ကျင့်ခန်း)” များနှင့် သက်ဆိုင်သော
(က) မှတ်ဉာဏ်မဲ့လျှပ်စီးပတ်လမ်းများ
(ခ) မှတ်ဉာဏ်လျှပ်စီးပတ်လမ်းများ
(ဂ) ခုန်လှိုင်းပါသော မှတ်ဉာဏ်လျှပ်စီးပတ်လမ်းများ
(ဃ) ကြိမ်နှုန်းခွဲစက်
(င) ကြိမ်နှုန်းရေတွက်စက်
(စ) ဂဏာန်းသင်္ချာနှင့် လော့ဂျစ်သင်္ချာတွက်စက်
(ဆ) မှတ်ဉာဏ်ပါသော ဂဏာန်းသင်္ချာနှင့်လော့ဂျစ်သင်္ချာတွက်ချက်စက်
(ဈ) မိုက်ခရိုပရိုဂရမ်ထိန်းချုပ်မှုပါဝင်သော မိုက်ခရိုပရိုဆက်ဆာ
ပညာရပ်များကို “ Myanmar FPGA Platform ” page မှ ဆွေနွေး မျှဝေသွားမည်ဖြစ်ပါသည်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon