Tadashi Channel
03/01/2023
တစ်ဖက်က ကိုယ့်ကို မလိုအပ်လောက်ဘူး လို့
ခံစားလာမိတဲ့အခါမျိုးကျရင် အဲ့ဒါအမှန်ပဲ
ဖြစ်ပါလိမ့်မယ်။
တကယ်လည်း တစ်ဖက်က ကျွန်တော်တို့ကို
မလိုအပ်ပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်တို့
ခံစားရတဲ့ feeling တွေက ကျွန်တော်တို့ကို
ဘယ်တော့မှ မလိမ်တတ်လို့ပါ။
ကိုယ်နဲ့စကားပြောချင်လား၊မပြောချင်ဘူးလားဆိုတာကို
အပြုအမူတွေကို မြင်နေရရုံနဲ့
ကျွန်တော်တို့တွေ ခံစားလို့ရနေတယ်။
အမူအရာလေးမြင်လိုက်တာနဲ့သိတယ် ။
စကားလေးတစ်ခွန်း ၊ စတစ်ကာလေးတစ်ခုကနေအစ
ကျွန်တော်တို့တွေ ခန့်မှန်းလို့ရနိုင်တယ် ။
ဒါပေမဲ့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်
မျှော်လင့်တစ်ကြီးနဲ့ ပြန်လိမ်မိနေတာ ။
false hope တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သတ်နေကြတာ။
တကယ်တော့လေ မလိုအပ်လောက်ဘူးထင်ရင် ၊
ကိုယ့်ကြောင့် သူ့မှာ၀န်ထုပ်၀န်ပိုး ဖြစ်နေမယ်လို့ထင်ရင်
နောက်ဆုတ်ပေးတတ်ရပါတယ် ။
တွယ်ကပ်ထားတယ် ။
ဖက်တွယ်ထားတယ်ဆိုတာ နေရာတိုင်းမကောင်းပါဘူး။
ဖက်တွယ်ရင်း ဖက်တွယ်ရင်း ၊
တွယ်ကပ်ရင်း တွယ်ကပ်ရင်း ကိုယ့်အပေါ်
မာန မရှိတဲ့သူလို .... အနောက်ယှက်၀န်ထုပ်၀န်ပိုး
ဖြစ်စေတဲ့သူလို မြင်လာစေပါတယ် ။
"သူ ငါ့ကို မလိုအပ်လောက်ပါဘူး " လို့ ထင်လာခဲ့ရင်
တကယ် မလိုအပ်တာ သေချာပါတယ် ။
ကျွန်တော်တို့ ခံစားရတဲ့ feeling တွေက
ကျွန်တော်တို့ကို ဘယ်တော့မှ မလိမ်ပါဘူး ။
#ခဲတံ
26/08/2021
JLPT 2021 (December) စာမေးပွဲအတွက် လျှောက်လွှာ ဒုတိယအကြိမ် ခေါ်ယူရန် ကြေငြာခြင်း။
မင်္ဂလာပါ…
JLPT 2021 (December) စာမေးပွဲအတွက် လျှောက်လွှာများကို 20.8.2021 ရက်နေ့တွင် Online Application စနစ်ဖြင့်ခေါ်ယူခဲ့ပါသည်။ ယခုလျှောက်လွှာများစစ်ဆေးပြီးချိန်တွင် တကြိမ်ထက်ပိုတင်သွင်းထားသော လျှောက်လွှာများနှင့် မပြည့်စုံသောလျှောက်လွှာများအများအပြားရှိပါသဖြင့် ဒုတိယအကြိမ်ခေါ်ယူသွားမည် ဖြစ်ပါသည်။ ဖြေဆိုသူဦးရေအနည်းငယ် ဖြင့်သာကျင်းပသွားနို်ငမည်ဖြစ်ပါသောကြောင့် စာမေးပွဲအောင်မြင်ရန်အမှန်တကယ်လိုအပ်ချက်ရှိသူများသာ လျှောက်ထား ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(လျှောက်လွှာနှင့် လျှောက်ထားရန် လမ်းညွှန်မှာအောက်ပါ Link တွင် ဖော်ပြထားသောပထမအကြိမ် ခေါ်ယူခြင်း လမ်းညွှန်အတိုင်း ဖြစ်ပါသည်။)
https://ascoja-maja.org.mm/frontend/jlptDetail/54
ဒုတိယအကြိမ်ခေါ်ယူခြင်း Level တခုချင်းစီအတွက်လူဦးရေကိုအောက်ပါအတိုင်းသတ်မှတ်ထားပါသည်။
Yangon N3 – ၁၃၀ ဦး
Yangon N4 – ၄၇၆ ဦး
Mandalay N3 - ၂၂ ဦး
Mandalay N4 - ၁၆၉ ဦး
လျှောက်ထားမှုစတင်လက်ခံမည့်ရက်နှင့်အချိန်
ဩဂုတ်လ (၂၇)ရက် နေ့လည်(၃) နာရီ
လျှောက်လွှာ Download လုပ်ရန်
https://ascoja-maja.org.mm/upload/pdf/JLPT_Application_Form_2021B_(writable).pdf
Online Application လုပ်ရန် Google Link (ပထမအကြိမ်နှင့်မတူပါ)
ဩဂုတ်လ (၂၇)ရက်နံနက်ပိုင်းတွင် ဒုတိယအကြိမ်လျှောက်လွှာအတွက် ထပ်မံကြေငြာချက်နှင့်အတူ ထည့်သွင်းပေးပါမည်။
မှတ်ချက်များ
(၁) ပထမအကြိမ်ခေါ်ယူချိန်တွင် လက်ခံရရှိထားသော လျှောက်လွှာများအားစစ်ဆေးပြီးချိန်တွင် ဖြည့်သွင်းရသော
အချက်အလက်များ၊ ပူးတွဲတင်ပြရသောအချက်အလက်များမပြည့်စုံသဖြင့် reject ဖြစ်သည့်သူများအားViber (သို့မဟုတ်)
Phone ဖြင့်ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ပါသည်။ MAJA မှ တစုံတရာဆက်သွယ်မှုမရရှိသူများမှာ Application form
Confirm ဖြစ်သူများဖြစ်ပါသည်။
(၂) ယခုအကြိမ်ခေါ်ယူခြင်းတွင် Cancel ဖြစ်ကြောင်းဆက်သွယ်ခြင်းလက်ခံရရှိထားသောသူများနှင့်အတူပထမအကြိမ်တွင် လျှောက်လွှာမတင်လိုက်ရသောသူများလည်းလျှောက်ထားနိုင်မည်ဖြစ်ပါသည်။ Application Form Confirm ဖြစ်သူများ ထပ်မံလျှောက်ထားရန်မလိုအပ်ပါ။
(၃) Email အကောင့်တခုမှ တစ်ကြိမ်သာလက်ခံရန်ပြုလုပ်ထားပါသဖြင့် သေချာစွာစစ်ဆေးပြီး ပြည့်စုံသော လျှောက်လွှာကိုသာ ပေးပို့ပေးပါရန် အသိပေးအပ်ပါသည်။
(၄) Application Form Confirm ဖြစ်သူများအား ငွေပေးသွင်းရန် Invoice No များကိုလည်းViber No/ ဖုန်းနံပါတ် များသို့ပေးပို့သွားပါမည်။ ပထမအကြိမ်လျှောက်ထားခြင်းတွင် လျှောက်လွှာလက်ခံထားသူ (Application Confirmed)များအား Invoice Number အားစတင်ပေးပို့လျှက်ရှိနေပါပြီ။
မေးမြန်းလိုပါက-
09-428613848, 09-962751373 သို့ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်။
JLPTကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
https://www.facebook.com/117985645021854/posts/2088212381332494/
16/08/2021
kotobaလေးတွေ ဒီလိုမှတ်မယ်(2)
Tadashiမှာ ဖွင့်မယ့် ပညာဒါန ဂျပန်စကားပြောသင်တန်းကို စိတ်၀င်စားရင်တော့ အောက်ကလင့်မှာ လေ့လာနိုင်ပါတယ်👇👇👇
https://www.facebook.com/111284367223652/posts/367377934947626/
#ဂျပန်စကားပြော
#会話
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11431