Study Together Developed Together
Page မှာ updateမလုပ်ဖြစ်တာ ကြာပြီဆိုတော့ ပုံမှန် update လေး လုပ်တော့မယ် ဆိုပြီး ပြင်ဆင်နေတာ (14.09.2022) က ကားပေါ်မှာ ကားပိုက်နှိုက်ခံရတာနဲ့
ရှိသမျှ Noteတွေ အကုန်ပါသွားတယ်😭 စာနဲ့ပတ်သတ်တာရော အလုပ်နဲ့ရော personal dataတွေကောပဲ 😭
သေချာပြန်ပြင်ဆင်ပြီးမှပဲ Pageကို ပြန်လာပါတော့မယ် 😔😔😔
05/03/2022
09/02/2022
ဒီနေ့မှာတော့ Ri က meaning လေးနည်းနည်းနဲ့ အဲ့ဒီ Meaning ကိုသုံးပြီးပြောလို့ရတဲ့
Question and answer တစ်ခုပဲ တင်ပေးမှာပါ ။
Question ကတော့ ဒီနေ့ကဘာနေ့လဲ ဆိုတဲ့မေးခွန်းတစ်ခုထဲပါ။အဖြေကတော့ တနင်္လာကနေ တနင်္ဂနွေထိ
တစ်ပတ်လုံးစာ ဖြေပေးရမှာပါ။ ဒါမဲ့ Riက တနင်္လာတစ်ရက်စာပဲ ဖြေပြထားတာပါ ကျန်တာကတော့ ကိုယ်တိုင်ဖြေကြည့်ပါနော် 😘😁
02/02/2022
ဒီနေ့မှာတော့ Ri က Chinese Zodiac sign မှာ ပါတဲ့ ရာသီခွင် တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ အကောင် 12ကောင်ကို တင်ပေးမှာပါ ။
တရုတ်ရာသီခွင် 12ကောင်
中国十二生肖
Zhōngguó shí èr shēngxiào
(1) ကြွက် Rat lǎoshǔ 老鼠
(2 ) နွား Ox niú 牛
(3) ကျား Tiger lǎohǔ 老虎
(4) ယုန် Rabbit tù 兔
(5 ) နဂါး Dragon lóng 龙
(6) မြွေ Snake xiǎolóng 小龙
(7)မြင်း horse mǎ 马
(8)ဆိတ် goat yáng 羊
(9)မျောက် monkey hóu 猴
(10)ကြက် Rooster gōngjī 公鸡
(11)ခွေး Dog gǒu 狗
(12)၀က် Pig zhū 猪
22/01/2022
အခု မိတ်ဆက်ပေးမှာကတော့ HSK1 ဆိုတဲ့ app ပါ ။
HSK 1ဆိုတော့ beginnersလေးတွေ အတွက် အဆင်ပြေမှာပါ။ သူက game လေးတွေလည်း ပါတာမို့ game ဆော့ရင်းလေ့လာကြည့်ပါနော်။
Comments ကပုံလေးတွေကိုကြည့်ပေးနော်
Android Apps by Chinesimple on Google Play Since 2012 we strive to offer a support tool for the conventional study of one of the most complicated languages to learn, Chinese.
08/01/2022
ဒီနေ့တော့ တရုတ်စာလုံးရဲ့ စကားလုံး အစိတ်အပိုင်း (သို့)
တရုတ်စာလုံး အခြေခံဖွဲ့စည်းပုံ ( 偏旁-piānpáng) လေးတွေ ကို sharing လုပ်ပေးပါ့မယ်နော် ။
Ri ရဲ့ အဘိဓာန် စာအုပ်ကနေ ဓာတ်ပုံပြန်ရိုက်ထားတာမို့ ကြည့်ရတာ အဆင်မပြေတဲ့ စကားလုံးရှိရင်ပြောနော် ။
တရုတ်စာလုံးတွေ ရေးမယ်ဆိုရင်တော့ စုတ်ချက်ကို
အပေါ် - အောက်
ဘယ် - ညာ
အတွင်း - အပြင် ရေးရပါမယ်နော် ။
04/01/2022
အခု မိတ်ဆက်ပေးမှာကတော့ Easy words(En) ဆိုတဲ့ app ပါ
ဒီ app ထဲမှာက 汉字 (hàn zì)ရယ် ၊ 拼音(pīnyīn) ရယ် သူရဲ့ အဓိပ္ပာယ်ရယ် ၊ အဓိပ္ပာယ်ကိုမှ ပုံ လေးတွေနဲ့ ပြပေးထားလေးတွေ ပါပါတယ် ။ နားထောင်ပြီး လေ့ကျင့်ကြည့်ပါနော်။ လိုက်ရေးကြည့်ပါနော်။
ပြီးတော့ hànzìကို နှိပ်လိုက်ရင် တရုတ်စာ လုံးရေပုံရေးနည်းလေးတွေ ကိုတွေ့ရမှာပါ။
Pinyin ကိုနှိပ်ရင်တော့ အသံထွက် ကို နားထောင်လို့ ရပါတယ်။
Download လုပ်ဖို့ playstore link ရရင်လည်း link ချပေးမယ်နော် ။ 2015 လောက်က Ph ကနေကူးခဲ့တာဆိုတော့
Link ချပေးဖို့ လိုက်ရှာနေတုန်းမို့ပါ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon