Inkora

Inkora

Share

23/09/2025

Logo အပ်ရင်လိုက်နာရမည့် စည်းကမ်း ‼️

1️⃣ Designer ကို ဆရာမလုပ်ရ
2️⃣ Designer ကို ဆရာမလုပ်ရ
3️⃣ Designer ကို ဆရာမလုပ်ရ

Designer တွေက Logo တစ်ခုကို အသေးစိတ်ကျကျ အနုစိတ်ဖန်တီးပေးထားတာမို့လွတ်
လွတ်လပ်လပ် သဘောထားကွဲလွဲလို့ရပေမယ့် ဆရာတော့မလုပ်ကြပါနဲ့ဗျာ 😉

ကျွန်တော်မျိုးတို့က စေတနာ ဗလပွနဲ့ သေချာလေး ဆွဲပေးထားပေမယ့် Client တွေကသူတို့ထည့်ချင်တာတွေ စွတ်ထည့်လိုက်တဲ့အခါ
Logo ကပုံပျက်သွားပါတယ် ~

မူလ Standard တစ်ခုကနေ Cheap Version ဖြစ်သွားတတ်လို့ စေတနာနဲ့ ပြောရတာပါ 🙂‍↕️

Logo တစ်ခုဆွဲတဲ့အခါ Perspective တွေ အများကြီး အများကြီး ကြည့်ပြီးတော့မှ ဆွဲရတာမို့ Logo တစ်ခုရဲ့ Value ကိုတော့ နားလည်စေချင်တယ်ဗျာ …

ဒါကြောင့် ကျွန်တော်တို့ “Inkora” မှာ Logo အပ်တော့မယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့စည်း
ကမ်းတွေလိုက်နာနိုင်မှ Logo လာအပ်ပါ 🤟🏻

ယုံယုံကြည်ကြည်နဲ့ ရွေးချယ်ရကျိုးနပ်အောင်လည်း အပြောနဲ့မဟုတ်၊ လက်တွေ့ပြသွားပေးဦးမှာပါ 😉‼️

🍀 Inkora Logo Design Service 🍀

25/08/2025

ကမ္ဘာပေါ်မှာ လူသိအများဆုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ရဲ့ Logo ကိုလူတိုင်းနီးပါး ရင်းနှီးကြမှာပါ။‼️

‎‎👉 ပန်းသီးကို တစ်ဝက်လောက် ကိုက်ထားတဲ့ပုံစံက Apple ရဲ့ ထူးခြားတဲ့ အမှတ်အသားတစ်ခု ဖြစ်ပြီး ဒီ Logo ရဲ့ သမိုင်းကြောင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ဒဏ္ဍာရီတွေ၊ ယူဆချက်တွေ အများကြီး ရှိပြီး ဒီနေ့တော့ Apple Logoရဲ့နောက်ကွယ်ကအကြောင်း
အရာတွေကို Inkora က မျှဝေပေးချင်ပါတယ်။🤗

‎‎🍎Apple ရဲ့ ပထမဆုံး Logo

‎‎လူသိနည်းတဲ့အချက်ကတော့ Apple ရဲ့ ပထမဆုံး Logo က အခုလို ရိုးရှင်းတဲ့ ပန်းသီးပုံ မဟုတ်ပါဘူး။ 1976 ခုနှစ်မှာ Apple ကို စတင်တည်ထောင်ခဲ့တုန်းက Isaac Newton (အိုက်ဇက် နယူတန်) သစ်ပင်အောက်မှာ ထိုင်နေပြီး သူ့ခေါင်းပေါ် ပန်းသီးတစ်လုံး ပြုတ်ကျလာတဲ့ ပုံကို Logo အဖြစ် အသုံးပြုခဲ့ပြီး
ဒီ Logo ကို Ronald Wayne (ရော်နယ် ဝိန်း) ဆိုတဲ့ ပူးတွဲတည်ထောင်သူတစ်ဦးက ရေးဆွဲခဲ့တာပါ။

ဒါပေမဲ့ ဒီ Logo က ခေတ်နဲ့မညီဘဲ ရှုပ်ထွေးလွန်းတယ်လို့ ယူဆခဲ့ကြတာကြောင့်တစ်နှစ်အကြာမှာပဲ ပယ်ဖျက်လိုက်ရပါတယ်။

‎‎🍎Apple ရဲ့ နာမည်ကျော် ပန်းသီးကိုက်ရာ Logo

‎‎ပထမဆုံး Logo ကို ပယ်ဖျက်ပြီးနောက်မှာ Rob Janoff (ရော့ဘ် ဂျန်နော့ဖ်) ဆိုတဲ့ ဒီဇိုင်နာကို Apple Logo အသစ်တစ်ခု ရေးဆွဲဖို့ တာဝန်ပေးခဲ့ကာ Rob Janoff ဟာ ရိုးရှင်းပြီး မှတ်ရလွယ်တဲ့ Logo တစ်ခုကို ဖန်တီးချင်ခဲ့ပြီးပန်းသီးပုံကိုအဓိကထားပြီးဒီဇိုင်းဆွဲခဲ့ပါတယ်။

ဒါပေမဲ့ ပန်းသီးအလုံးလိုက်ပုံကို ကြည့်လိုက်တဲ့အခါ ချယ်ရီသီး ဒါမှမဟုတ် ခရမ်းချဉ်သီးနဲ့ မှားယွင်းနိုင်တာကြောင့် ပန်းသီးမှန်း သိသာစေဖို့ ကိုက်ရာလေးတစ်ခု ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

‎‎🍎ပန်းသီးကိုက်ရာရဲ့ ဒဏ္ဍာရီများ

‎‎ဒီကိုက်ရာလေးနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီဆန်တဲ့ ယူဆချက်တွေ အများကြီး ထွက်ပေါ်ခဲ့ပါတယ်။

‎လူအချို့က Alan Turing (အလန် တူးရင်း) လို့ခေါ်တဲ့ ကွန်ပျူတာသိပ္ပံပညာရှင်ကို ဂုဏ်ပြုဖို့ ဖန်တီးခဲ့တာလို့ ယူဆကြပြီး အချို့ကတော့‎ကွန်ပျူတာပညာရပ်မှာ အသုံးပြုတဲ့ “Byte” နဲ့ “Bite” (ကိုက်တယ်) ဆိုတဲ့ စကားလုံးနှစ်ခုရဲ့ အသံထွက်ဆင်တူမှုကို ရည်ရွယ်ပြီး ဖန်တီးခဲ့တာလို့လည်း ဆိုကြပါတယ်။

‎အဖြစ်နိုင်ဆုံး အဖြေကတော့ Rob Janoff ကိုယ်တိုင် ရှင်းပြခဲ့သလို ပန်းသီးမှန်း သိသာစေဖို့ ထည့်သွင်းခဲ့တာပါပဲ။

‎ဒါ့အပြင် ပန်းသီးကိုက်ရာ Logo ကို စတင်အသုံးပြုချိန်မှာ သက်တံရောင် (Rainbow) ခြယ်ထားတဲ့ ပန်းသီးပုံ ဖြစ်ခဲ့ပါတယ်။ ဒီအရောင်ခြယ်တာက Apple II ကွန်ပျူတာရဲ့ ရောင်စုံဖန်သားပြင် (Color Display) ကို ကိုယ်စားပြုခဲ့ပြီး 1998 ခုနှစ် Steve Jobs (စတိဗ် ဂျော့ဘ်) Apple ကို ပြန်လည်ရောက်ရှိလာပြီးနောက်မှာတော့ ရိုးရှင်းပြီး ခေတ်မီတဲ့ ပုံစံမျိုးဖြစ်အောင် Logoကို မိုနိုခရုမ်း(Monochrome) လို့ ခေါ်တဲ့တစ်ရောင်တည်း ပုံစံမျိုးကိုပြောင်းလဲအသုံး
ပြုခဲ့ပါတယ်။

‎‎ဒီနေ့ခေတ်မှာတော့ Apple ရဲ့ ရိုးရှင်းပြီး ဆန်းသစ်တဲ့ ပန်းသီးကိုက်ရာ Logo ဟာ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ ရင်ထဲမှာ စွဲမြဲနေတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်နေပါပြီ။💁

‎♦️Inkora ဟာ သင့်လုပ်ငန်းရဲ့ ပုံရိပ်ကို အကောင်းဆုံးဖော်ပြနိုင်မယ့် Logo တွေကို ပုံဖော်ပေးနေလို့ အခုပဲ Messenger သို့မဟုတ် Viber ကနေဆက်သွယ်ပြီး သင့်လုပ်ငန်းအတွက် အကောင်းဆုံး Logo ကို စတင်ဖန်တီးလိုက်ပါ။🤝

Inkora Logo Design Service
"𝗕𝗼𝗹𝗱 𝗠𝗮𝗿𝗸𝘀 𝗳𝗼𝗿 𝗕𝗼𝗹𝗱 𝗕𝗿𝗮𝗻𝗱𝘀"

Hotline : 09 78 25 69 500
Viber : 09 78 25 69 500







Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon