Tamwe Times
01/01/2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံတော်သမ္မတရုံး
[email protected]
အမိန့်အမှတ်၊ ၁ / ၂၀၂၅
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်
၁။ယနေ့ကျရောက်သော နှစ်သစ်အခါသမယနေ့၌ နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ (၁၆၉) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်သည်။
၂။အထက်အပိုဒ် ၁ တွင် အကျုံးမဝင်သော ကျန်အကျဉ်းသား/သူများကို ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ သုံးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်သည်။
ဒူဝါလရှီးလ
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
07/04/2022
အကြမ်းဖက်စစ်တပ်၏ စက်ယာဉ်ယန္တရားများအား ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်ပေးလျှင် ကျပ်သိန်း ၂ထောင် မှ သိန်း ၁ သောင်းအထိ ဆုချီးမြှင့်မည်ဟု NUG အစိုးရကြေညာ
-------------------------------------
အကြမ်းဖက်စစ်တပ်၏ လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်၊ စက်ယာဉ်ယန္တယားများ ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်ပေးလျှင် သိန်း ၂၀၀၀ မှ သိန်း ၁သောင်းအထိ ချီးမြှင့်မည်ဟု NUG သမ္မတ ဒူဝါလရှီးလက ယနေ့ ၇.၄.၂၀၂၂ ရက်၌ တရား ဝင် ကြေညာသည်။
(က) ပြည်သူလူထုအား ပစ်ခတ်တိုက်ခိုက်မှု အလျဉ်းမပြုလုပ်ဘဲ၊ လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၁၀,၀၀၀။
(ခ) တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွင် ရပ်နားထားစဉ် အကြီးစားပျက်စီးမှု ဖြစ်သည့်အထိ ဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန် ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။
(ဂ) အကြမ်းဖက်တိုက်ခိုက်ရန် ပျံသန်း/ထွက်ခွာလာစဉ် လမ်းခုလတ်၌ တနည်းနည်းဖြင့် ပျက်စီးစေရန် စွမ်းဆောင်နိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း(သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။
(ဃ) ပစ်မှတ်သို့ ရောက်ရှိအောင် ပျံသန်းလာပြီး ပြည်သူလူထုအား ဗုံးကြဲတိုက်ခိုက်မှုမပြုလုပ်ဘဲ ရည်ရွယ်ချက်ရှိရှိ ထိုးစိုက်ပျက်ကျအောင် စွမ်းဆောင်နိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။
(င) လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များကို အကြီးစား ပျက်စီးသည်အထိ ပစ်ခတ်ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။
(စ) တိုက်လေယာဉ်ဆီ သိုလှောင်ကန်များအား ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်လျှင် တစ်ကန်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။
(ဆ) အကြမ်းဖက်စစ်တပ်၏ လက်နက်တိုက်၊ လက်နက်စက်ရုံများအား ဖောက်ခွဲဖျက်ဆီး နိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။
(ဇ) မြေပြင်ထိုးစစ်တွင် အသုံးပြုသော တင့်ကား၊ သံချပ်ကာယာဉ်များနှင့်အတူ ပြည်သူ့ရင်ခွင် သို့ ခိုလှုံလာလျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။
(ဈ) တင့်ကား၊ သံချပ်ကာယာဉ်များအား လုံးဝပြန်လည်အသုံးပြု၍ မရသည်အထိ ပစ်ခတ် ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေအမေရိကန် ဒေါ်လာ ၁ သိန်း (သို့) မြန်မာ ကျပ်ငွေ သိန်း ၂,၀၀၀။
(၅) ဆုချီးမြှင့်ငွေများအား အချက်အလက် ခိုင်လုံစွာ တင်ပြနိုင်သည့် အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခံစားခွင့် ရှိသည်။
(၆) ဤအမိန့်အရ ချီးမြှင့်သည့် ဆုကြေးငွေများလက်ခံရယူခြင်းနှင့် ဆောင်ရွက်ချက်များအား The Public Property Protection Act-1947 အရ တရားစွဲဆို၊ အရေးယူ၊ အပြစ်ပေးခံရခြင်း မရှိစေရ။
(၇) ဤအမိန့်အား The Public Property Protection Act-1947, Section 3(b) ပါ ပြဌာန်းချက်နှင့်အညီ ထုတ်ပြန်လိုက်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်ကြေညာသည်။
၇.၄.၂၀၂၂
02/01/2022
စိတ်ထားဖြူစင်သူ၊ ခင်မင်နှစ်လိုဖွယ်အပြုံးပိုင်ရှင်ဖြစ်သူ၊ အများကိုကူညီတတ်သူ သူငယ်ချင်းများက ကိုတိုးလို့ချစ်နိုး ခေါ်ကြတဲ့ ရန်ငြိမ်းထွန်းဆိုတဲ့ လူငယ်လေးဟာ အခုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းတာကို ခံလိုက်ရပါပြီ။
၂၀၂၀ ဖေဖော်ဝါရီလ တစ်ရက်နေ့ အာဏာသိမ်းပြီးချိန်ကတည်းက အကြမ်းဖက်စစ်ကောင်စီဟာ ၎င်းတို့အာဏာ တည်မြဲရေးအတွက် မြန်မာပြည်သူလူထုကို နှိပ်စက်ညှဉ်းပမ်းနေပါတယ်။
မြန်မာနိုင်ငံကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး တိုင်းပြည်တိုးတက်စေချင်တဲ့ ကိုတိုးတို့လို လူငယ်အများအပြားကိုလည်း စစ်ကောင်စီက မတရားလိုက်လံဖမ်းဆီးနေပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက်စစ်ကောင်စီက ကိုတိုးကို ပုဒ်မ ကြီးငယ်တပ်ပြီး အချုပ်နံရံနောက်ကိုထွန်းပို့နေပါပြီ။ ဒါပေမယ့် စိတ်ဓာတ်ကြံ့ခိုင်တဲ့ တိုင်းပြည်အပေါ်ချစ်တဲ့၊ နိုင်ငံကိုတိုးတက်စေချင်တဲ့ ကိုတိုးရဲ့ သံမဏိ စိတ်ဓာတ်ကိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အချုပ်နံရံတွေက ထိန်းချုပ်လို့ မရနိုင်ဘူးဆိုတာ နွေဦးလူငယ်တိုင်းက သိရှိပြီးဖြစ်ပါတယ်။
၂.၁.၂၀၂၂
#နွေဦးလူငယ်
#ရန်ကုန်လူငယ်
#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
10/12/2021
ယနေ့ပြုလုပ်လျက်ရှိသည့် တိတ်ဆိတ်ခြင်းသပိတ် (Silent Strike)ကို Tamwe Timesက ထောက်ခံအားပေးသည်။
ယနေ့ နိုင်ငံတဝန်း တိတ်ဆိတ်ခြင်းသပိတ်ပြုလုပ်ခြင်းသည် စစ်ကောင်စီ၏ တရားမဝင်အာဏာသိမ်းမှုကို ပြည်သူလူထုက ပြတ်ပြတ်သားသား အစဉ်အမြဲဆန့်ကျင်ကြောင်း ပြသလျက်ရှိနေသည်။
#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Tamwe Township
Yangon