Rights Legal Services
28/06/2023
ကိတ္တိမသားသမီး မွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် ကိတ္တိမသမီးအဖြစ် မွေးစားခြင်း အခိုင် အမာဖြစ်ရန် မည်သည့် အခန်းအနားမျှ ပြုလုပ်ရန် မလိုပေ။ စာချုပ်စာ တမ်းမပြုမနေရဆိုသည့် ဥပဒေလည်းမရှိခဲ့သော ကြောင့် ကိတ္တိမ မွေး စားသား သမီး ဟုတ်မဟုတ်ဆိုသည့် ပြဿနာကို ဆုံးဖြတ်ရန် များစွာခဲယဉ်းလှပေသည်။ ထိုအကြောင်း တို့ကြောင့် ကိတ္တိမ သားသမီးမွေးစားခြင်း မှတ်ပုံတင်အက် ဥပဒေ ကို ၁၉၃၉ ခုနှစ်မေလတွင် အစိုးရက ပြဋ္ဌာန်းအတည်ပြုသည်။
ထိုအက်ဥပဒေအရ ၁၉၄၁ ခုနှစ် ဧပြီလ တစ်ရက်နေ့ နောက်မွေးစားသည့် ကိတ္တိမသားသမီးများကို မှတ်ပုံတင် စာချုပ် ချုပ်ဆိုပြီး မွေးစားရသည်။ အကယ်၍ မွေးစားသားသမီးသည် အရွယ် ရောက်သူဖြစ်လျှင် မွေးစားမိဘနှင့် အတူ ထိုစာချုပ်တွင် ကိုယ်တိုင်လက်မှတ်ရေးထိုးရသည်။
မွေးစားသားသမီးသည် အသက် ၁၈ နှစ်မပြည့် သေးလျှင် မိဘရှိပါက မိဘကိုယ်တိုင်လက်မှတ်ရေးထိုးရမည်။ မိဘမရှိပါက မြန်မာဓလေ့ ထုံးတမ်းဥပဒေအရ မွေးစားရန်ပေးနိုင်သူက လက်မှန်ရေးထိုးရသည်။ ထိုစာချုပ်ချုပ်ရာတွင် အနည်းဆုံးအသိသက်သေနှစ်ယောက် လက်မှတ်ရေးထိုးရန် လိုပေသည်။ ထို့အပြင် မှတ်ပုံတင်အက်ဥပဒေအရ မှတ်ပုံတင်ရုံးတွင် မှတ် ပုံတင်ရမည်။
မကြိုင်နှင့် မအုန်းကြည် ( ၁၉၆၃ မတစ ၁၈၃) စီရင်ထုံးသည် ကိတ္တိမသားသမီးမွေးစားခြင်း မှတ်တင်အက် ဥပဒေ နှင့် ပက်သက်၍ အထူးဂရုပြုလေ့လာသင့်သည့် စီရင်ထုံးတစ်ထုံးဖြစ် သည်။ ယင်းစီရင်ထုံးဆုံးဖြတ် ချက် တွင် ကိတ္တိမ မသားသမီးမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေ တွင် ဓလေ့ထုံးတမ်း ဥပဒေအရ လိုအပ်ချက်များကို ထည့် သွင်းထားခြင်းဖြစ်သည်။ အဆိုပါ အက်ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ကိတ္တိမ မွေစာခြင်းကို အပြု အမူဖြင့် ထင်ရှားအောင်ပြရန် လိုအပ်သည့်အချက်များနှင့် မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ ကိတ္တိမသား သမီးကို အမွေဆက် ခံရန် ရည်ရွယ်ချက်နှင့် မွေးစားခြင်းတို့ ပါဝင်သည်။ စာချုပ်ချုပ်ဆိုခြင်းနှင့် မှတ်ပုံတင်ခြင်း တို့မှာ မွေးစားသည့် ကိစ္စကို လူသိရှင်ကြားအထင်ရှားပြုလုပ်ရန်လိုသည် ဆိုသည့်အချက်ကို ပြည့်စုံစေရန် ဆောင်ရွက်ပေးခြင်းဖြစ်သည် စသည်ဖြင့် ဆုံးဖြတ်သည်။ ထို့ပြင် အက်ဥပဒေအရ စာချုပ်ချုပ်ဆိုခြင်းနှင့် မှတ်ပုံ တင်ခြင်းပြုလျှင် မွေးစားသည့်ကိစ္စကို အလုံအလောက် သက်သေပြခြင်းဖြစ်သည်ဟု ညွှန်ပြသည်။
ထိုသို့ မှတ်ပုံတင်စာချုပ်မပြုလုပ်ဘဲ ကိတ္တိမသားသမီးမွေးစားလျင်တရား မဝင်ပေ။ မွေးစားသား သမီးတွင်လည်း ကိတ္တိမ၏ အခွင့်အရေးများ မရရှိနိုင်ပေ။ သို့ရာတွင် စာချုုပ်ပြုလုပ်ပြီးဖြစ်သော လည်း မှတ်ပုံတင်မတင်ရ သေး လျင် အမှုမစစ်ဆေးမီ မှတ်ပုံတင်ပါက ထိုစာချုပ်သည် တရားဥပဒေနှင့် ညီညွှတ်ပေသည်။ ဦးဘသန်းနှင့် မအမာ ( ၁၉၅၀ မတစ လွှတ်တော်ချုပ် ၁၁၃)။
မြန်မာဓလေ့ ထုံးတမ်း ဥပဒေအရ မွေးစားခြင်းသည် ပဋိညာဉ်ဖွဲခြင်းဖြစ်၍ အက်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ် ရပ်နှင့် ငြိစွန်းလျင် မွေးစားစားချုပ် ချုပ်ဆိုသူက ပယ်ဖျက်ပေးရန် တရား စွဲဆိုနိုင်သည်။ ၁၉၄၁ ခုနှစ် ဧပြီလ ၁ ရက်နေ နှင့် ထို့နေ့နောက်ပိုင်း ကိတ္တိမမွေးစားခြင်း တရားဝင် မဝင် စီစစ်ရာတွင် ကိတ္တိမသားသမီး မှတ်ပုံတင်ရး အက်ဥပဒေနှင့် အညီ မှတ်ပုံတင်စာချုပ် ချုပ်ဆိုမွေးစားခြင်း ဟုတ်မဟုတ် မွေးစားစာချုပ် ချုပ်ရာတွင် ပဋိညာဉ် အက်ဥပဒေနှင့် ညီညွှန်မှု ရှိမရှိကိုသာ အဓိကထား၍ ဆုံးဖြစ်ရသည်။ ဦးသင်းအောင်နှင့် ဦးဇော်ဝင်းဇော် (ခ) ဦးဇော်ဝင်းပါ ၄ ( ၂၀၀၃ မတစ ၂၂၆)။
မပုနှင့် ဒေါ်အေးမြ ၉ ၁၉၄၈ မတစ ၁၉) တွင် ကိတ္တိမသမီးအဖြစ်မွေးစားရန် ၁၉၂၁ ခုနှစ်တွင် စာချုပ်ချုပ်ခဲ့ သော်လည်း မှတ်ပုံမတင်ခဲ့ပေ။ စာချုပ်တွင် မိရင်းဖရင်းတို့က လက်မှတ်ထိုးခဲ့ကြသော်လည်း မွေးစားမိဘများက လက်မှတ်ထိုးသည်ဆိုသည့်အချက် မှာ မထင်ရှားပေ။ စာချုပ် သည် မွေးစားမိဘ များနှင့်ကလေး၏ ဆက်ဆံ ရေးတွင် အပြုအမှု ကျော်စောမှုတို့နှင့်ပက်သက်၍ သက်သေစစ်ရန်အတွက် သက်သေခံဝန်သည်ဟု ဆုံးဖြတ် သည်။ ထို့ပြင် စာချုပ်ကိုလူအများရှေ့တွင် ချုုပ်ဆိုကြောင်း ထင်ရှား၍ ကိတ္တိမသမီးအဖြစ် မွေးစားခြင်းမှာ လည်း ခိုင်လုံပေပြီဟု ဆုံးဖြတ်ချက်ချသည်။
ကိတ္တိမသားသမီးမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေကို မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ အသိအမှတ်ပြုပြီး သည့်မွေးစားမှုနှင့် ပတ်သက်သော အကြောင်းချင်းရာများကို ဖြည့်စွက်ရန်အတွက် သော်လည်းကောင်း လျော့ ပေါ့ပစ်ရန်အတွက်သော်လည်းကောင်း ပြဋ္ဌာန်ခြင်းမဟုတ်ပေ။လူတစ်ယောက်ကို မွေးစားရာတွင် မွေးစား မိဘ၏ ရည်ရွယ်ချက်အစစ် အမှန်ကို သိရှိနိုင်ရန် ကိစ္စမှာ ရှုတ်ထွေးသည့် ပြဿနာပင်ဖြစ်ရာ အဆိုပါ ပြဿနာကို ပြေ လည်စေရန် အတွက် ယင်းဥပဒေကို ပြဋ္ဌာန်းခြင်းဖြစ် သည်။ အက်ဥပဒေတွင် မြန်မာဓလေ့ထုံးတမ်းဥပဒေ အရ မွေးစား သည်ကိစ္စတွင် သဘောတူညီချက်ပေးရန် လိုအပ်သူ ဆိုရာတွင် မွေးစားကလေး၏ မိဘသာမက အဘွား လည်းပါဝင်သည်။ မွေးစားသည့် စာချုပ်တွင် ဖခင်ဖြစ်သူက လက်မှတ်မထိုးစေကာမူ ကွယ်လွန်သူ မိခင်ဘက်မှ အဘွားဖြစ်သူက လက်မှတ်ထိုးလျင် ယင်းဥပဒေ ပုဒ်မ ၅ ပြဋ္ဌာန်းချက်နှင့်အညီ ချုပ်ဆိုခြင်ဖြစ်၍ တည်မြဲခိုင် မာသည်။ ဒေါ်ယဉ်နု နှင့် မသိန်းမြင့် (၁၉၇၆ မတစ ၂၉၇)။
ဒေါ်မြမေနှင့် ဒေါ်လှရန် ( ၁၉၆၅ မတစ ၂၃၇) သေသူသည် ကောင်းစွာ နေမကောင်း သည့်အချိန်မှတ်ပုံတင် အရာရှိကို အိမ်ခေါ်ပြီးမွေးစားစာချုပ် ချုပ်ဆို၍ အတူနေ တူမကို မွေးစား သည်။ မှတ်ပုံတင်ရုံးစာရေး နှင့် ကုသ နေ သည့် ဆရာတို့က သက်သေအဖြစ် လက်မှတ်ရေးထိုးသည်။ စာချုပ်ပြီးနောက် တစ်လနှင့် တစ်ဆယ့်ငါး ရက်အကြာ မွေးစားသူကွယ်လွန်သည်။ မွေးစားသူ၏ မိတူဖကွဲ မောင်နှမများက မွေးစားသည့် စာချုပ်မှာ သေခါ နီး မွေးစားခြင်းဖြစ်ပြီး မလျော်သြဇာသုံး၍ ချုပ်ဆိုခြင်းဖြစ်သောကြောင့် စာချုပ်ပျက်ပြယ်သည်ဟုဆိုသည် ။ အဆိုပါ အမှုကို တရားရုံးချုပ်မှ ဆုံးဖြတ်ရာ-
မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ မွေးစားခြင်းသည် ပဋိညာဉ်ပြုလုပ်ခြင်ဖြစ်သည်။ ကိတ္တိမသားသမီး မွေစားခြင်း မှတ်ပုံတင်အက်ဥပဒေအရ ပြုလုပ်မှုမှာ ပို၍ပင် ပဋိညာဉ်စစ်ပေသည်။ ထို့ ကြောင့်မွေးစားစာချုပ်ကိစ္စတစ်ခုသည် မလျော်သြဇာသုံးဖြင်း လိမ်လည်ခြင်းစသည့်အချက်များ ထင်ရှားအောင် မပြနိုင်လျှင် မွေးစားချုပ်သည် တရား ဥပဒေ နှင့် ညီညွတ်သည်။ မွေးစားသည့်စာချုပ်ကို ချုပ်ဆိုပြီးယင်းဥပဒေပြဋ္ဌာန်းချက်နှင့်အညီ မှတ်ပုံတင်ပြီးပါက စာချုပ်သည် မွေးစားကြောင်းထင်ရှားခိုင်လုံပေသည်။ မွေစားသည့် ကိစ္စ ကျော်စော ထင်ရှားမှု ရှိမရှိ ဆိုသည့် အချက်မှာ “အဆိုပါ ဥပဒေပြဋ္ဌာန်းခြင်းမပြုမီ ပြုလုပ်သည့် မွေးစားမှုများနှင့်သာ သက်ဆိုပေသည်” ဟု ညွှန်ပြ သည်။
ကိတ္တိမ သားသမီး မွေးစားခြင်း မှတ်ပုံတင် အက်ဥပဒေအရမွေးစားခြင်း ဆိုသည်မှာ ကိတ္တိမမွေးစားခြင်းကိုသာ ဆိုပေသည်။ အခြားနည်း မွေးစားခြင်းမျိုးဟု၍ ကောက်ယူ၍ မဖြစ်ပေ။ အဆိုပါ အက်ဥပဒေတွင် ကိတ္တိမ သား အဖြစ် ကို စွန့် လွှတ်ပြီး အပတိဋ္ဌ သားအဖြစ် အမွေတောင်းဆိုရန် တားဖြစ်ပိတ်ပင်ခြင်း မရှိပေ။ လင်ချင်နီယို နှင့် လင်ဂုတ်စူး ( ၁၉၅၆ မတစ လွှတ်တော် ၂၄၈)။
ရှမ်းပြည်နယ်တွင် ကိတ္တိမသားသမီးမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေအတည်ဖြစ်သည်။ နန်းအေးအေးမြင့် နှင့် ဦးထွန်းအေး ( ၁၉၈၅ ခုနှစ်တရားမ ပထမအယူခံမှုအမှတ် ၂၅ (မန္တလေး)။
ကွယ်လွန်သူ ဒေါ်သန်းကြည်နှင့်တရားလို ဦးအောင်ခင် တရားပြိုင်ဦးတင်မြင့်တို့သည် ကွယ် လွန်သူ ဒေါ်မြညွှန်မှ တရားဝင် မွေးစားခဲ့သည့် ကိတ္တိ မသားသမီဖြစ်ကြသည့်အားလျော်စွာ ညီအစ်ကို မောင်နှမအရင်များကဲ့သို့ အမွေ ဆက်ခံမှု ပြုနိုင်ကြမည်ဖြစ်သည်။ ထိုအခြေအနေတွင် ဒေါ်သန်းကြည်မှ ကျန်ရစ်သော အမွေဆိုင်ပစ္စည်းများကို ကိတ္တိမညီအစ်ကို မောင်နှမများဖြစ်ကြသည့် ဦးအောင်ခင်နှင့် ဦးတင်မြင့် တို့ကသာ အမွေဆက်ခံပိုင်ဆိုင်ကြ မည်ဖြစ်ပြီး တူ တူမ များဖြစ်ကြသော ( ၁ မှ ၆ ထိ တရားပြိုုင်များသည် ဒေါ်သန်းကြည်၏ ကိတ္တိမမွေးစားမောင် နှမများကို ကျော်လွန်၍ ဒေါ်သန်းကြည်၏ အမွေကို ဆက်ခံနိုင်ခွင့် ရှိကြမည် မဟုတ်ချေ။ ဦးအောင်ခင်နှင့် ဒေါ်သိန်းလွင်ပါ ၇ ( ၁၉၉၃ မတစ ၉၆)။
ဦးကျော် (ခ) ဦးဖိုးကျော်နှင့်ဒေါ်လှတင်တို့ ပေါင်းသင်နေထိုင်စဉ်အတွင်း ဦးအောင်စိန်နှင့်ဒေါ်လှတင်တို့နှစ်ဦး ပူးတွဲ၍ မဖွားစိန် (ခ) မတင်ရီးအား ကိတ္တိမသမီးအဖြစ် မွေးစားခြင်းမှာ ဒေါ်လှတင်သည် တရားဝင် ခင်ပွန်းရှိနေ ပါလျက် ဦးအောင်စိန်အား ခင်ပွန်းနေရာထားပြီး မွေးစားမိဘပြုလုပ်ခြင်းဖြစ်သောကြောင့် အများ ပြည်သူ အမြင်တွင် ကိုယ်ကျင့် တရားပျက်ပြားသည့် အပြုအမှုဖြစ်ပေသည်။
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မွေးစားခြင်းသည် ပဋိညာဉ် ပြုလုပ်ခြင်းဖြစ်သည်။ အက် ဥပဒေပုဒ်မ ၂၃ တွင် ကတိညီညွှတ်ချက် သို့မဟုတ် သဘောတူညီချက်၏ ရည်ရွယ်ချက်သည် အောက်ပါ အချက်အလက်တစ်ရပ် မရှိမှသာလျှင် တရားဥပဒေနှင့် ညီကြောင်း ပြဋ္ဌာန်းထားသည်။
၁။ ဥပဒေဖြင့် တားမြစ်ချက်
၂။ အကယ်၍ ခွင့်ပြုလျှင် တရားဥပဒေပါ ပြဋ္ဌာန်းချက်များကို ပျက်ပြားစေမည့်အချက်
၃။ လိမ်လည်လှည့်ဖြားရာရောက်သည့်အချက်
၄။ သူတစ်ပါး၏ ကိုယ်သို့မဟုတ် ပစ္စည်းကို ထိခိုက်နစ်နာစေခြင်း သို့မဟုတ် နစ်နာစေခြင်း သို့မဟုတ် နစ်နာစေ ရာရောက်စေသည့်အချက်
၅။ ကျင့်ဝတ်တရားပျက်ပြားသည့် သို့မဟုတ် အများပြည်သူဆိုင်ရာဝါဒ public policy နှင့် ဆန့်ကျင်သည်ဟု တရားရုံးက ထင်မြင်သည့် အချက် တရားဥပဒေနှင့် မညီသော ကတိညီညွှတ်ချက် သို့မဟုတ် ရည်ရွယ်ချက် ပါရှိသည့် သဘောတူညီချက်ဟူ သရွှေ့သည် ပျက်ပြယ်၍ ပဋိညာဉ်မမြောက်ပေ။
သို့ဖြစ်၍ ဦးအောင်စိန်နှင့် ဒေါ်လှတင်တို့လင်မယား ကွာရှင်းပြီးနောက် ၁၉၆၀ ခုနှစ်တွင် မဖွားစိန် (ခ) မတင်ရီ အား ကိတ္တိမ သမီးအဖြစ်မွေးစားသည့် စာချုပ်ပြုလုပ်ခြင်းမှာ ဥပဒေနှင့် မညီသဖြင့် ပျက်ပြယ်ကြောင်း ယခု ကြားနာ လျက်ရှိသည့် ပြဿနာကို ဖြေကြားလိုက်သည်။ ဒေါ်လှတင်ပါ ၂ နှင့် ဦးအောင်မြင့် ပါ ၃ (၁၉၉၇ မတစ ၁၀၈)။
ကိတ္တိမ မွေးစားမှတ်ပုံတင်စာချုပ်ပယ်ဖျက်ရန်အမှုမှာ ပဋိညာဉ်အက်ဥပဒေနှင့် သက်ဆိုင်သည်။ ကာလစည်း ကမ်း သတ်ဥပဒေ အမှတ်စဉ် ၁၁၈နှင့် မသက်ဆိုင်။ ဦးတင်အောင်နှင့် ဦးဇော်ဝင်းဇော် တရားရေးဂျာနယ် ဒီဇင်ဘာလ ၂၀၀၃ ခု ၊ စာ ၂၇)
ဒေါ်စောခင်သည် ပထမ အိမ်ထောင်နှင့် ထွန်းကားသည့် အမွေမမီမြေးများဖြစ်ကြသော မသန်းတင်လှနှင့် ကိုတင်အုန်းတို့ကို ကိတ္တိမသားသမီးများအဖြစ် စာချုပ်ချုပ်ဆို မွေးစားခဲ့ရာ ယင်းစာချုပ်မှာ ပျက်ပြယ်ကြောင်း မြွက်ဟ ကြေညာပေးစေရန် အတွက် ဒေါ်စောခင်၏ ဒုတိယအိမ်ထောင်မှရသော သမီးဖြစ်သူ ဒေါ်လှပိုနှင့် ခင်ပွန်းဦးတင်ထွန်းတို့က တရားစွဲဆိုသည်။
ဒေါ်စောခင်က မသန်းတင်လှနှင့် ကိုတင်အုန်းတို့အား မွေးစားလိုက်ခြင်းသည် ဒေါ်လှပိုအနေ ဖြင့် ဒေါ်စောခင်၏ သားသမီးဖြစ်ဖြင်းကို လက်လွတ်ဆုံးရှုံးခြင်မရှိကြောင်း ယုံမှားဖွယ်မရှိချေ။ ဒေါ်စောခင် ကွယ်လွန်သောအခါ ရရှိနိုင်မည့် အမွေပမာဏကို ထိခိုက်စေနိုင်ရန် အကြောင်းမရှိချေ။ ဒေါ်စောခင်က မသန်းတင်လှတို့အား မွေစားခြင်းမှာ ပျက်ပြယ်ကြောင်း သီးခြားသက် သာခွင့် အက်ဥပဒေ ပုဒ်မ ၄၂ အရ စွဲဆိုခွင့်မရှိ။ ဦးတင်ထွန်းနှင့် ဒေါ်သန်းတင်လှ၊ ၁၉၈၆ မတစ ၁၄၉ ( ၁၅၀)။
မှတ်ပုံတင် မွေးစားစာချုပ်ဖြင့် ၃ နှစ်အရွယ်ရှိ မသိန်းမြင့် (မောင်ရိုးနှင့် ကွယ်လွန်သူ မချမ်းတင်တို့၏ သမီး) ကို ၆၄ နှစ်အရွယ်ရှိ ဒေါ်လေးကြီးက မှတ်ပုံတင်စာချုပ်ဖြင့် ကိတ္တိမ သမီးအဖြစ် မွေးစားသည်။ ဒေါ်လေးကြီးကွယ် လွန်ရာ ဒေါ်လေးကြီး၏ အမွေပစ္စည်းနှင့် ပက်သက်၍ အမှုဖြစ်ပွားသည်။ စာချုပ်ကို မသိန်းမြင့် ၏ အုပ်ထိန်း သူနှင့် အဘွားဖြစ်သူ ဒေါ်အေးခင်က သဘော တူစာချုပ်သည်။ စာချုပ်တွင် သက်သေ နှစ်ယောက်ပါသည။် မသိန်းမြင့်၏ ဖခင် မောင်ရိုးမှာ အသက်နှင့် ရှိသော်လည်း စာချုပ်တွင် လက်မှတ်ထိုးခြင်းမရှိ။ မွေးစား စာချုပ် တွင် ဖခင်မောင်ရိုး လက်မှတ်မထိုးသောကြောင့် အယူခံတရားလိုတို့က စာချုပ် ပျက်ပြယ်ကြောင်း တရားစွဲဆို ခြင်းဖြစ်သည်။ တရားရုံးချုပ်က မွေးစားခြင်းအက်ဥပဒေ ပုဒ်မ ၅ အရ ကလေးအား အုပ်ထိန်းသူအဖြစ် အဘွား က မွေးစားရန် သဘောတူညီချက် ပေးခြင်းသည်လည်း တရားဝင်သည်ဟု ဆုံးဖြတ်သည်။ ဒေါ်ရင်နု နှင့် မသိန်းမြင့် (၁၉၆၇ မတစ ရုံးချုပ် ၂၉၇)။
(အညွှန်း- ဦးမြစိန် ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအခြေခံမူများ၊ စာ ၈၈ )
(Zawgyi)
ကိတ္တိမသားသမီး မွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေ
===========================
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် ကိတ္တိမသမီးအဖြစ် မွေးစားခြင်း အခိုင်အမာဖြစ်ရန် မည်သည့် အခန်းအနားမျှ ပြုလုပ်ရန် မလိုပေ။ စာချုပ်စာတမ်းမပြုမနေရဆိုသည့် ဥပဒေလည်းမရှိခဲ့သောကြောင့် ကိတ္တိမ မွေးစားသား သမီး ဟုတ်မဟုတ်ဆိုသည့် ပြဿနာကို ဆုံးဖြတ်ရန် များစွားခဲယဉ်းလှပေသည်။ ထိုအကြောင်း တို့ကြောင့် ကိတ္တိမ သားသမီးမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေ ကို ၁၉၃၉ ခုနှစ်မေလတွင် အစိုးရက ပြဋ္ဌာန်းအတည်ပြု သည်။
ထိုအက်ဥပဒေအရ ၁၉၄၁ ခုနှစ် ဧပြီလ တစ်ရက်နေ့ နောက်မွေးစားသည့် ကိတ္တိမသားသမီးများကို မှတ်ပုံတင် စာချုပ် ချုပ်ဆိုပြီး မွေးစားရသည်။ အကယ်၍ မွေးစားသားသမီးသည် အရွယ်ရောက်သူဖြစ်လျှင် မွေးစားမိဘနှင့် အတူ ထိုစာချုပ်တွင် ကိုယ်တိုင်လက်မှတ်ရေးထိုးရသည်။ မွေးစားသားသမီးသည် အသက် ၁၈ နှစ်မပြည့် သေးလျှင် မိဘရှိပါက မိဘကိုယ်တိုင်လက်မှတ်ရေးထိုးရမည်။ မိဘမရှိပါက မြန်မာဓလေ့ ထုံးတမ်းဥပဒေအရ မွေးစားရန်ပေးနိုင်သူက လက်မှန်ရေးထိုးရသည်။ ထိုစာချုပ်ချုပ်ရာတွင် အနည်းဆုံးအသိသက်သေနှစ်ယောက် လက်မှတ်ရေးထိုးရန် လိုပေသည်။ ထို့အပြင် မှတ်ပုံတင်အက်ဥပဒေအရ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည်။
မကြိုင်နှင့် မအုန်းကြည် ( ၁၉၆၃ မတစ ၁၈၃) စီရင်ထုံးသည် ကိတ္တိမသားသမီးမွေးစားခြင်း မှတ်တင်အက် ဥပဒေ နှင့် ပက်သက်၍ အထူးဂရုပြုလေ့လာသင့်သည့် စီရင်ထုံးတစ်ထုံးဖြစ်သည်။ ယင်းစီရင်ထုံးဆုံးဖြတ်ချက် တွင် ကိတ္တိမ မသားသမီးမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေ တွင် ဓလေ့ထုံးတမ်း ဥပဒေအရ လိုအပ်ချက်များကို ထည့် သွင်းထားခြင်းဖြစ်သည်။ အဆိုပါ အက်ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ကိတ္တိမ မွေစာခြင်းကို အပြု အမူဖြင့် ထင်ရှားအောင်ပြရန် လိုအပ်သည့်အချက်များနှင့် မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ ကိတ္တိမသား သမီးကို အမွေဆက်ခံရန် ရည်ရွယ်ချက်နှင့် မွေးစားခြင်းတို့ ပါဝင်သည်။ စာချုပ်ချုပ်ဆိုခြင်းနှင့် မှတ်ပုံတင်ခြင်း တို့မှာ မွေးစားသည့် ကိစ္စကို လူသိရှင်ကြားအထင်ရှားပြုလုပ်ရန်လိုသည် ဆိုသည့်အချက်ကို ပြည့်စုံစေရန် ဆောင်ရွက်ပေးခြင်းဖြစ်သည် စသည်ဖြင့် ဆုံးဖြတ်သည်။ ထို့ပြင် အက်ဥပဒေအရ စာချုပ်ချုပ်ဆိုခြင်းနှင့် မှတ်ပုံ တင်ခြင်းပြုလျှင် မွေးစားသည့်ကိစ္စကို အလုံအလောက် သက်သေပြခြင်းဖြစ်သည်ဟု ညွှန်ပြသည်။
ထိုသို့ မှတ်ပုံတင်စာချုပ်မပြုလုပ်ဘဲ ကိတ္တိမသားသမီးမွေးစားလျင်တရားမဝင်ပေ။ မွေးစားသား သမီးတွင်လည်း ကိတ္တိမ၏ အခွင့်အရေးများ မရရှိနိုင်ပေ။ သို့ရာတွင် စာချုပ်ပြုလုပ်ပြီးဖြစ်သော လည်း မှတ်ပုံတင်မတင်ရ သေး လျင် အမှုမစစ်ဆေးမီ မှတ်ပုံတင်ပါက ထိုစာချုပ်သည် တရားဥပဒေနှင့် ညီညွှတ်ပေသည်။ ဦးဘသန်းနှင့် မအမာ ( ၁၉၅၀ မတစ လွှတ်တော်ချုပ် ၁၁၃)။
မြန်မာဓလေ့ ထုံးတမ်း ဥပဒေအရ မွေးစားခြင်းသည် ပဋိညာဉ်ဖွဲခြင်းဖြစ်၍ အက်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ် ရပ်နှင့် ငြိစွန်းလျင် မွေးစားစားချုပ်ချုပ်ဆိုသူက ပယ်ဖျက်ပေးရန် တရားစွဲဆိုနိုင်သည်။ ၁၉၄၁ ခုနှစ် ဧပြီလ ၁ ရက်နေ နှင့် ထို့နေ့နောက်ပိုင်း ကိတ္တိမမွေးစားခြင်း တရားဝင် မဝင် စီစစ်ရာတွင် ကိတ္တိမသားသမီး မှတ်ပုံတင်ရး အက်ဥပဒေနှင့် အညီ မှတ်ပုံတင်စာချုပ် ချုပ်ဆိုမွေးစားခြင်း ဟုတ်မဟုတ် မွေးစားစာချုပ် ချုပ်ရာတွင် ပဋိညာဉ် အက်ဥပဒေနှင့် ညီညွှန်မှု ရှိမရှိကိုသာ အဓိကထား၍ ဆုံးဖြစ်ရသည်။ ဦးသင်းအောင်နှင့် ဦးဇော်ဝင်းဇော် (ခ) ဦးဇော်ဝင်းပါ ၄ ( ၂၀၀၃ မတစ ၂၂၆)။
မပုနှင့် ဒေါ်အေးမြ ၉ ၁၉၄၈ မတစ ၁၉) တွင် ကိတ္တိမသမီးအဖြစ်မွေးစားရန် ၁၉၂၁ ခုနှစ်တွင် စာချုပ်ချုပ်ခဲ့ သော်လည်း မှတ်ပုံမတင်ခဲ့ပေ။ စာချုပ်တွင် မိရင်းဖရင်းတို့က လက်မှတ်ထိုးခဲ့ကြသော်လည်း မွေးစားမိဘများက လက်မှတ်ထိုးသည်ဆိုသည့်အချက် မှာ မထင်ရှားပေ။ စာချုပ်သည် မွေးစားမိဘ များနှင့်ကလေး၏ ဆက်ဆံ ရေးတွင် အပြုအမှု ကျော်စောမှုတို့နှင့်ပက်သက်၍ သက်သေစစ်ရန်အတွက် သက်သေခံဝန်သည်ဟု ဆုံးဖြတ် သည်။ ထို့ပြင် စာချုပ်ကိုလူအများရှေ့တွင် ချုပ်ဆိုကြောင်း ထင်ရှား၍ ကိတ္တိမသမီးအဖြစ် မွေးစားခြင်းမှာ လည်း ခိုင်လုံပေပြီဟု ဆုံးဖြတ်ချက်ချသည်။
ကိတ္တိမသားသမီးမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေကို မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ အသိအမှတ်ပြုပြီး သည့်မွေးစားမှုနှင့် ပတ်သက်သော အကြောင်းချင်းရာများကို ဖြည့်စွက်ရန်အတွက် သော်လည်းကောင်း လျော့ ပေါ့ပစ်ရန်အတွက်သော်လည်းကောင်း ပြဋ္ဌာန်ခြင်းမဟုတ်ပေ။လူတစ်ယောက်က်ို မွေးစားရာတွင် မွေးစား မိဘ၏ ရည်ရွယ်ချက်အစစ်အမှန်ကို သိရှိနိုင်ရန် ကိစ္စမှာ ရှုတ်ထွေးသည့် ပြဿနာပင်ဖြစ်ရာ အဆိုပါ ပြဿနာကို ပြေ လည်စေရန် အတွက် ယင်းဥပဒေကို ပြဋ္ဌာန်းခြင်းဖြစ်သည်။ အက်ဥပဒေတွင် မြန်မာဓလေ့ထုံးတမ်းဥပဒေ အရ မွေးစားသည်ကိစ္စတွင် သဘောတူညီချက်ပေးရန် လိုအပ်သူ ဆိုရာတွင် မွေးစားကလေး၏ မိဘသာမက အဘွား လည်းပါဝင်သည်။ မွေးစားသည့် စာချုပ်တွင် ဖခင်ဖြစ်သူက လက်မှတ်မထိုးစေကာမူ ကွယ်လွန်သူ မိခင်ဘက်မှ အဘွားဖြစ်သူက လက်မှတ်ထိုးလျင် ယင်းဥပဒေ ပုဒ်မ ၅ ပြဋ္ဌာန်းချက်နှင့်အညီ ချုပ်ဆိုခြင်ဖြစ်၍ တည်မြဲခိုင် မာသည်။ ဒေါ်ယဉ်နု နှင့် မသိန်းမြင့် (၁၉၇၆ မတစ ၂၉၇)။
ဒေါ်မြမေနှင့် ဒေါ်လှရန် ( ၁၉၆၅ မတစ ၂၃၇) သေသူသည် ကောင်းစွာ နေမကောင်း သည့်အချိန်မှတ်ပုံတင် အရာရှိကို အိမ်ခေါ်ပြီးမွေးစားစာချုပ် ချုပ်ဆို၍ အတူနေ တူမကို မွေးစားသည်။ မှတ်ပုံတင်ရုံးစာရေး နှင့် ကုသ နေ သည့် ဆရာတို့က သက်သေအဖြစ် လက်မှတ်ရေးထိုးသည်။ စာချုပ်ပြီးနောက် တစ်လနှင့် တစ်ဆယ့်ငါး ရက်အကြာ မွေးစားသူကွယ်လွန်သည်။ မွေးစားသူ၏ မိတူဖကွဲ မောင်နှမများက မွေးစားသည့် စာချုပ်မှာ သေခါ နီး မွေးစားခြင်းဖြစ်ပြီး မလျော်သြဇာသုံး၍ ချုပ်ဆိုခြင်းဖြစ်သောကြောင့် စာချုပ်ပျက်ပြယ်သည်ဟုဆိုသည် ။ အဆိုပါ အမှုကို တရားရုံးချုပ်မှ ဆုံးဖြတ်ရာ-
မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ မွေးစားခြင်းသည် ပဋိညာဉ်ပြုလုပ်ခြင်ဖြစ်သည်။ ကိတ္တိမသားသမီး မွေစားခြင်း မှတ်ပုံတင်အက်ဥပဒေအရ ပြုလုပ်မှုမှာ ပို၍ပင် ပဋိညာဉ်စစ်ပေသည်။ ထို့ကြောင့်မွေးစားစာချုပ်ကိစ္စတစ်ခုသည် မလျော်သြဇာသုံးဖြင်း လိမ်လည်ခြင်းစသည့်အချက်များ ထင်ရှားအောင် မပြနိုင်လျှင် မွေးစားချုပ်သည် တရား ဥပဒေ နှင့် ညီညွတ်သည်။ မွေးစားသည့်စာချုပ်ကို ချုပ်ဆိုပြီးယင်းဥပဒေပြဋ္ဌာန်းချက်နှင့်အညီ မှတ်ပုံတင်ပြီးပါက စာချုပ်သည် မွေးစားကြောင်းထင်ရှားခိုင်လုံပေသည်။ မွေစားသည့် ကိစ္စ ကျော်စော ထင်ရှားမှု ရှိမရှိ ဆိုသည့် အချက်မှာ “အဆိုပါ ဥပဒေပြဋ္ဌာန်းခြင်းမပြုမီ ပြုလုပ်သည့် မွေးစားမှုများနှင့်သာ သက်ဆိုပေသည်” ဟု ညွှန်ပြ သည်။
ကိတ္တိမ သားသမီး မွေးစားခြင်း မှတ်ပုံတင် အက်ဥပဒေအရမွေးစားခြင်း ဆိုသည်မှာ ကိတ္တိမမွေးစားခြင်းကိုသာ ဆိုပေသည်။ အခြားနည်း မွေးစားခြင်းမျိုးဟု၍ ကောက်ယူ၍ မဖြစ်ပေ။ အဆိုပါ အက်ဥပဒေတွင် ကိတ္တိမသား အဖြစ် ကို စွန့် လွှတ်ပြီး အပတိဋ္ဌ သားအဖြစ် အမွေတောင်းဆိုရန် တားဖြစ်ပိတ်ပင်ခြင်း မရှိပေ။ လင်ချင်နီယို နှင့် လင်ဂုတ်စူး ( ၁၉၅၆ မတစ လွှတ်တော် ၂၄၈)။
ရှမ်းပြည်နယ်တွင် ကိတ္တိမသားသမီးမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေအတည်ဖြစ်သည်။ နန်းအေးအေးမြင့် နှင့် ဦးထွန်းအေး ( ၁၉၈၅ ခုနှစ်တရားမ ပထမအယူခံမှုအမှတ် ၂၅ (မန္တလေး)။
ကွယ်လွန်သူ ဒေါ်သန်းကြည်နှင့်တရားလို ဦးအောင်ခင် တရားပြိုင်ဦးတင်မြင့်တို့သည် ကွယ်လွန်သူ ဒေါ်မြညွှန်မှ တရားဝင် မွေးစားခဲ့သည့် ကိတ္တိမသားသမီဖြစ်ကြသည့်အားလျော်စွာ ညီအစ်ကို မောင်နှမအရင်များကဲ့သို့ အမွေ ဆက်ခံမှု ပြုနိုင်ကြမည်ဖြစ်သည်။ ထိုအခြေအနေတွင် ဒေါ်သန်းကြည်မှ ကျန်ရစ်သော အမွေဆိုင်ပစ္စည်းများကို ကိတ္တိမညီအစ်ကို မောင်နှမများဖြစ်ကြသည့် ဦးအောင်ခင်နှင့် ဦးတင်မြင့် တို့ကသာ အမွေဆက်ခံပိုင်ဆိုင်ကြ မည်ဖြစ်ပြီး တူ တူမ များဖြစ်ကြသော ( ၁ မှ ၆ ထိ တရားပြိုင်များသည် ဒေါ်သန်းကြည်၏ ကိတ္တိမမွေးစားမောင် နှမများကို ကျော်လွန်၍ ဒေါ်သန်းကြည်၏ အမွေကို ဆက်ခံနိုင်ခွင့် ရှိကြမည် မဟုတ်ချေ။ ဦးအောင်ခင်နှင့် ဒေါ်သိန်းလွင်ပါ ၇ ( ၁၉၉၃ မတစ ၉၆)။
ဦးကျော် (ခ) ဦးဖိုးကျော်နှင့်ဒေါ်လှတင်တို့ ပေါင်းသင်နေထိုင်စဉ်အတွင်း ဦးအောင်စိန်နှင့်ဒေါ်လှတင်တို့နှစ်ဦး ပူးတွဲ၍ မဖွားစိန် (ခ) မတင်ရီးအား ကိတ္တိမသမီးအဖြစ် မွေးစားခြင်းမှာ ဒေါ်လှတင်သည် တရားဝင် ခင်ပွန်းရှိနေ ပါလျက် ဦးအောင်စိန်အား ခင်ပွန်းနေရာထားပြီး မွေးစားမိဘပြုလုပ်ခြင်းဖြစ်သောကြောင့် အများ ပြည်သူ အမြင်တွင် ကိုယ်ကျင့် တရားပျက်ပြားသည့် အပြုအမှုဖြစ်ပေသည်။
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မွေးစားခြင်းသည် ပဋိညာဉ် ပြုလုပ်ခြင်းဖြစ်သည်။ အက်ဥပဒေပုဒ်မ ၂၃ တွင် ကတိညီညွှတ်ချက် သို့မဟုတ် သဘောတူညီချက်၏ ရည်ရွယ်ချက်သည် အောက်ပါ အချက်အလက်တစ်ရပ် မရှိမှသာလျှင် တရားဥပဒေနှင့် ညီကြောင်း ပြဋ္ဌာန်းထားသည်။
၁။ ဥပဒေဖြင့် တားမြစ်ချက်
၂။ အကယ်၍ ခွင့်ပြုလျှင် တရားဥပဒေပါ ပြဋ္ဌာန်းချက်များကို ပျက်ပြားစေမည့်အချက်
၃။ လိမ်လည်လှည့်ဖြားရာရောက်သည့်အချက်
၄။ သူတစ်ပါး၏ ကိုယ်သို့မဟုတ် ပစ္စည်းကို ထိခိုက်နစ်နာစေခြင်း သို့မဟုတ် နစ်နာစေခြင်း သို့မဟုတ် နစ်နာစေ ရာရောက်စေသည့်အချက်
၅။ ကျင့်ဝတ်တရားပျက်ပြားသည့် သို့မဟုတ် အများပြည်သူဆိုင်ရာဝါဒ public policy နှင့် ဆန့်ကျင်သည်ဟု တရားရုံးက ထင်မြင်သည့် အချက် တရားဥပဒေနှင့် မညီသော ကတိညီညွှတ်ချက် သို့မဟုတ် ရည်ရွယ်ချက် ပါရှိသည့် သဘောတူညီချက်ဟူ သရွှေ့သည် ပျက်ပြယ်၍ ပဋိညာဉျမမြောက်ပေ။
သို့ဖြစ်၍ ဦးအောင်စိန်နှင့် ဒေါ်လှတင်တို့လင်မယား ကွာရှင်းပြီးနောက် ၁၉၆၀ ခုနှစ်တွင် မဖွားစိန် (ခ) မတင်ရီ အား ကိတ္တိမ သမီးအဖြစ်မွေးစားသည့် စာချုပ်ပြုလုပ်ခြင်းမှာ ဥပဒေနှင့် မညီသဖြင့် ပျက်ပြယ်ကြောင်း ယခု ကြားနာ လျက်ရှိသည့် ပြဿနာကို ဖြေကြားလိုက်သည်။ ဒေါ်လှတင်ပါ ၂ နှင့် ဦးအောင်မြင့် ပါ ၃ (၁၉၉၇ မတစ ၁၀၈)။
ကိတ္တိမ မွေးစားမှတ်ပုံတင်စာချုပ်ပယ်ဖျက်ရန်အမှုမှာ ပဋိညာဉ်အက်ဥပဒေနှင့် သက်ဆိုင်သည်။ ကာလစည်း ကမ်း သတ်ဥပဒေ အမှတ်စဉ် ၁၁၈နှင့် မသက်ဆိုင်။ ဦးတင်အောင်နှင့် ဦးဇော်ဝင်းဇော် တရားရေးဂျာနယ် ဒီဇင်ဘာလ ၂၀၀၃ ခု ၊ စာ ၂၇)
ဒေါ်စောခင်သည် ပထမ အိမ်ထောင်နှင့် ထွန်းကားသည့် အမွေမမီမြေးများဖြစ်ကြသော မသန်းတင်လှနှင့် ကိုတင်အုန်းတို့ကို ကိတ္တိမသားသမီးများအဖြစ် စာချုပ်ချုပ်ဆို မွေးစားခဲ့ရာ ယင်းစာချုပ်မှာ ပျက်ပြယ်ကြောင်း မြွက်ဟ ကြေညာပေးစေရန် အတွက် ဒေါ်စောခင်၏ ဒုတိယအိမ်ထောင်မှရသော သမီးဖြစ်သူ ဒေါ်လှပိုနှင့် ခင်ပွန်းဦးတင်ထွန်းတို့က တရားစွဲဆိုသည်။
ဒေါ်စောခင်က မသန်းတင်လှနှင့် ကိုတင်အုန်းတို့အား မွေးစားလိုက်ခြင်းသည် ဒေါ်လှပိုအနေဖြင့် ဒေါ်စောခင်၏ သားသမီးဖြစ်ဖြင်းကို လက်လွတ်ဆုံးရှုံးခြင်မရှိကြောင်း ယုံမှားဖွယ်မရှိချေ။ ဒေါ်စောခင် ကွယ်လွန်သောအခါ ရရှိနိုင်မည့် အမွေပမာဏကို ထိခိုက်စေနိုင်ရန် အကြောင်းမရှိချေ။ ဒေါ်စောခင်က မသန်းတင်လှတို့အား မွေစားခြင်းမှာ ပျက်ပြယ်ကြောင်း သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၂ အရ စွဲဆိုခွင့်မရှိ။ ဦးတင်ထွန်းနှင့် ဒေါ်သန်းတင်လှ၊ ၁၉၈၆ မတစ ၁၄၉ ( ၁၅၀)။
မှတ်ပုံတင် မွေးစားစာချုပ်ဖြင့် ၃ နှစ်အရွယ်ရှိ မသိန်းမြင့် (မောင်ရိုးနှင့် ကွယ်လွန်သူ မချမ်းတင်တို့၏ သမီး) ကို ၆၄ နှစ်အရွယ်ရှိ ဒေါ်လေးကြီးက မှတ်ပုံတင်စာချုပ်ဖြင့် ကိတ္တိမ သမီးအဖြစ် မွေးစားသည်။ ဒေါ်လေးကြီးကွယ် လွန်ရာ ဒေါ်လေးကြီး၏ အမွေပစ္စည်းနှင့် ပက်သက်၍ အမှုဖြစ်ပွားသည်။ စာချုပ်ကို မသိန်းမြင့် ၏ အုပ်ထိန်း သူနှင့် အဘွားဖြစ်သူ ဒေါ်အေးခင်က သဘောတူစာချုပ်သည်။ စာချုပ်တွင် သက်သေ နှစ်ယောက်ပါသည။် မသိန်းမြင့်၏ ဖခင် မောင်ရိုးမှာ အသက်နှင့် ရှိသော်လည်း စာချုပ်တွင် လက်မှတ်ထိုးခြင်းမရှိ။ မွေးစား စာချုပ် တွင် ဖခင်မောင်ရိုး လက်မှတ်မထိုးသောကြောင့် အယူခံတရားလိုတို့က စာချုပ် ပျက်ပြယ်
ကြောင်း တရားစွဲဆို ခြင်းဖြစ်သည်။ တရားရုံးချုပ်က မွေးစားခြင်းအက်ဥပဒေ ပုဒ်မ ၅ အရ ကလေးအား အုပ်ထိန်းသူအဖြစ် အဘွား က မွေးစားရန် သဘောတူညီချက် ပေးခြင်းသည်လည်း တရားဝင်သည်ဟု ဆုံးဖြတ်သည်။ ဒေါ်ရင်နု နှင့် မသိန်းမြင့် (၁၉၆၇ မတစ ရုံးချုပ် ၂၉၇)။
(အညွှန်း- ဦးမြစိန် ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအခြေခံမူများ ၊ စာ ၈၈ )
Credit>>
Click here to claim your Sponsored Listing.
Category
Website
Address
Yangon