Iconic
13/05/2026
Interactive Apps အတွက် ဖန်တီးခဲ့တဲ့ Flyer ဒီဇိုင်းပါ...
AI နည်းပညာကို အသုံးပြုထားတဲ့ product (4) ခုကို ပရိုမိုးရှင်းလုပ်မယ့် flyer တစ်ခုလိုချင်တယ်။ အဲဒီထဲက တစ်ခုကို အထူး highlight လုပ်ချင်တယ်။
Visual Hierarchy နည်းနဲ့ပဲ ခပ်ရိုးရိုး ချည်းကပ်မယ့်လမ်းကို ရွေးချယ်ပါတယ်။ စက်မှုသုံး product တွေရဲ့ ခိုင်ခံ့မှုနဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ကိုယ်စားပြုမယ့် အမဲနဲ့ အပြာရင့်ကို သုံးမယ်။ နည်းပညာရဲ့ elements တွေသုံးပြီး product တွေရဲ့ အနောက်က background ကို ရုပ်လုံးကြွစေမယ်။ highlight လုပ်ချင်တဲ့ product ကိုတော့ ခပ်ပြင်းပြင်း ကွဲပြားမှု မျိုးရသွားအောင် အဖြူနောက်ခံနဲ့ Colour break ထားလိုက်မယ်ဆိုတဲ့ အစီစဥ်ချပါတယ်။ Typo ကတော့ Interactive Apps ရဲ့ corporate font ကိုပဲ လိုက်နာရမှာမို့ အထူးအထွေ စဥ်းစားနေဖို့ မလိုဘူး။
တကယ် ဒီဇိုင်းဆွဲချိန်မှာ အဓိက စိန်ခေါ်မှုက information အရမ်းများတာပဲ။ ဒါကြောင့်လည်း ပုံတွေကို ဦးစားပေးတာထက် စာတွေရဲ့ flow ကို အများကြီး လေ့လာရတယ်။ Customer က သူ့ product အတွက် ပေးချင်တဲ့ message တွေကို ကြည့်သူက ရှင်းရှင်းလင်းလင်း ရှိစေမယ့် Information Design ပုံစံဖက်ကို ဦးစားပေး layout ချခဲ့ပါတယ်။
ကျန်းမာ ချမ်းသာ ဘေးဘရာဝေးကွာသည့် မြန်မာ့နှစ်ကူး အခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
05/01/2026
ရန်ကုန်မြို့ရဲ့ အကြီးဆုံးတွေထဲမှာ တစ်ခုအပါဝင်ဖြစ်တဲ့ M-Tower မှာ ရှိတဲ့ Bloom Department Store ရဲ့ website ကို ဖန်တီးခွင့် ရခဲ့ပါတယ်။
Bloom Department Sotre ဘယ်လောက်ထိ လန်းတယ်၊ ခေတ်မီ စတိုင်ကျ လွန်းသလို luxury လည်း ဆန်တယ်ဆိုတာကို ရောက်ဖူးတဲ့ သူတိုင်းသိကြမှာပါ။ ဒီတော့ ကိုယ်ဖန်တီးရမယ့် website ဟာ အဲဒါတွေကို ကိုယ်စားပြုနိုင်ဖို့ အတော်လေး စိန်ခေါ်မှုများခဲ့ပါတယ်။ Bloom ရဲ့ brand image နဲ့လည်း လိုက်ဖက်ညီတဲ့ one-page website လေးတစ်ခု ဖြစ်ခဲ့မယ်လို့ ယူဆတဲ့အတွက် အားရကျေနပ်ရတဲ့ project ပါပဲ။
Check it out live here: https://bloomstore.com.mm/
Happy New Year 2026
အောင်မြင်မှုများနှင့် ပြည့်စုံသော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ICONIC DBS မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
No. 349(B) 2nd Floor, Thu Mingalar Road, 9th Quarter, South Okkalapa Township
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |