Food Blog Myanmar

Food Blog Myanmar

Share

29/09/2023

#စားတော်ပဲပြုတ်နည်းလေး
လွယ်လွယ် ကူကူ ရိုးရိုးရှင်းရှင်း ပါပဲ။ အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။ ရေထဲ လက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက် အပူခံနိုင်တဲ့ အနေအထားလေးပေါ့။ ပြီးရင် အဲ့ဒီရေထဲ စားတော်ပဲကို ၃နာရီကြာအောင် ရေစိမ်ပါ။

၃နာရီပြည့်ရင် ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားပါ ။ မနက်တကြိမ် ညတကြိမ် ရေလောင်းပေးပါ။

နောက်နေ့ဆို ပဲညှောင့်လေးတွေ ပေါက်လာပါပြီ ။ အညောင့်လေးများ ရှည်မှကြိုက်ရင်နဲနဲထပ်စောင့်လိုက်ပေါ့နော်။ဒါဆို ပဲပြုတ်လို့ ရပါပြီ။

ရေနွေးကို အရင်ဆုံး ဆူအောင် တည်ပါ ။ မုန့်လုပ် ထန်းလျက်အညို ၂ခဲ ရေနွေးထဲ ပျော်သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ ။ ဆားဆော်ဒါ လဖက်ရည် ဇွန်းတဝက် ထည့်ပါ ။

သကြား ဟင်းစားဇွန်း တဝက်ထည့်ပါ ။ ဆီ ဟင်းစားဇွန်း ၁ဇွန်းလောက် ထည့်ပါ ။ ဆား ဇွန်းဖျားနဲ့ နည်းနည်းထည့်ပါ ။ ပဲနဲ့ရေကို အတိဖြစ်အောင် ထည့်ပါ။ ရေပို မထည့်မိပါစေနဲ့ ။ ရေခမ်းလာရင် တချို့က ပဲကို စကာနဲ့ စစ်ပြီး ရေနွေးငွေ့နဲ့ ပြန်တည်ကြတယ်။

ရေခမ်းသွားရင် ထမင်းအိုးနှပ်သလို မီးအေးနဲ့ ရေခမ်းအငွေ့ ထွက်အောင် ထားပါတယ်။ စိတ်ထဲ ပိုမွှေးတယ်လို့ ထင်တယ်။ ပဲကို ပေါင်းအိုးခွက်နဲ့ ၂ခွက်ဆို အများကြီးရပါတယ်။ ပဲပြုတ်နေစဉ် ဇွန်းနဲ့ မမွှေနဲ့နော် ။ ပဲက မကျက်ပဲ ဆတ်တောက်ကြီး ဖြစ်တတ်ပါတယ်။

အရိအရွဲလေးများကင်းစင်ပြီးပြောင်တင်းနေသောပဲပြုတ်နူးအိအိလေးရပါပြီ။အဆင်ပြေကြပါစေနော်။
လေးစားလျှက်..
Credit

05/07/2023

#အိမ်လုပ်မဆလာ_ကိုယ်တိုင်လုပ်နည်းများ
အသားဟင်းလျာများ ချက်ပြုတ်ရာတွင် မဆလာသည် မပါမဖြစ်ထည့်ကြသော မီးဖိုချောင်သုံး အိမ်ရှင်မတို့ လက်စွဲတစ်ခုဖြစ်ပါသည်။
ကြက်ဆီပြန်ဖြစ်စေ၊ အမဲနှပ်ဖြစ်စေ၊ ကလီစာဟင်းများတွင်ဖြစ်စေ ဟင်းအိုးချခါနီးမဆလာထည့်အုပ်ပါမှ အနံ့အရသာပိုပြည့်စုံသည်မဟုတ်ပေလော။ ယခုကဲ့သို့ ရောဂါများထူပြော၍ အစားအသောက်ရှားပါးကာ စျေးဆိုင်များအလွယ်တကူမဖွင့်သောကာလတွင် မီးဖိုချောင်တွင် မရှိမဖြစ်လိုသည့် အိမ်လုပ်မဆလာလုပ်နည်းကိုတင်ပြလိုက်ပါသည်။

မဆလာလုပ်ရန်

၁။ ဇီယာစေ့ -လက်ဖက်ရည်ဇွန်း ၃ ဇွန်း

၂။ နံနံစေ့- လက်ဖက်ရည်ဇွန်း ၃ ဇွန်း

၃။ ပဲနံ့သာစေ့-လက်ဖက်ရည်ဇွန်း၁ဇွန်း

၄။ ဖာလာစေ့-လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၅။ ကရဝေးရွက်-၂ ရွက်

၆။ သစ်ဂျပိုးခေါက်-၁ခေါက်

၇။ နာနတ်ပွင့်-၁ ပွင့်

၈။ လေးညှင်း-၂ ပွင့်

၉။ ငရုတ်ကောင်းစေ့ -၅ စေ့ တို့လိုပါသည်။

ထိုအရာများအားလုံးကို ပထမဦးစွာလှော်ပါ။ မာသော သစ်ဂျပိုးခေါက်၊ ဖာလာ၊ နာနတ်ပွင့်တို့ကို ၃ မိနစ်ခန့် မကပ်အောင်လှော်ပီးနောက် ဖယ်ထားပါ။ ထို့နောက် ကျန်အရာများအား အကုန်ထည့်၍ ၃ မိနစ်လှော်ပါ။ မတူးစေရန် ဆက်တိုက်မွှေပါ။ ထို့နောက် မီးဖိုပေါ်မှချကာ မာသော သစ်ဂျပိုး၊ ဖာလာတို့ကို အရင်ထောင်းပါ။ မညက်တညက်အနေတွင် ကျန်အရာများထည့်ကာ ဆုံထဲတွင် ဖြည်းဖြည်းချင်းထောင်းပါ။ မိမိနှစ်သက်သည့်အနေအထားအတိုင်း မှုန့်ညက်အောင်ထောင်းလည်းရသကဲ့သို့ ခပ်ကြမ်းကြမ်းထောင်းလည်း ရပါသည်။ ကြိတ်စက်ရှိပါက အားလုံးရောကာ ကြိတ်လည်းရပါသည်။ သို့သော် ဆုံထဲတွင်ကြိတ်ထားသော မဆလာက ပိုအရသာရှိသည်ဟုထင်ရသောကြောင့် မိမိနှစ်သက်ရာနည်းကိုသုံးနိုင်ပါသည်။

********
နောက်တနည်းက
#ငါးမျိုးစပ်မဆလာ

ဒံပေါက် /အသားနှပ် /အသားကင် များအတွက် မဆလာ လုပ်နည်း လေးကတော့ .....

၁ ။ ဖာလာ ၂ ကျပ်သား
၂ ။ ဇာပွင့် ၂ ကျပ်သား
၃ ။ နာနတ်ပွင့် ၂ကျပ်သား
၄ ။ ဇီရာ ၅ ကျပ်သား
၅ ။ ဇာရိတ်ဖိုသီး တစ်လုံး

ဒါတွေအားလုံးကို သေချာရေဆေးပြီး အခြောက်ခံပါ ။ပူနေတဲ့ အိုးအဖုံး တစ်ခုပေါ်မှာ ခနတင်ထားပြီး အပူပေးပါ (သီးသန့်လှော်စရာ မလိုပါ ) ။ပြီးရင် အမှုန့်ကြိတ်စက်နှင့် ကြိတ်ပြီးရင် သုံးလို့ ရပါပြီ

အထက်ဖော်ပြပါ အမယ်များသည် ဝယ်ရမခက်ဘဲ ဘယဆေးဆိုင်များတွင် အစုံဝယ်နိုင်ပါသည်။ အကယ်၍ အမယ်စုံမရပါက ဇီယာ၊ ပဲနံ့သာ၊ နံနံစေ့ သုံးမျိုးဖြင့်သာ ရော၍ မဆလာလုပ်နိုင်ပါသည်။ သတိပြုရန်မှာ ပဲနံ့သာများပါက ခါးတတ်သောကြောင့် မများစေရန်သတိပြုရပါမည်။ မိမိတို့အိမ်တွင်ရှိသော အမယ်များဖြင့် ရှာရလွယ်သော အမယ်များထပ်ထည့်ကာ ရောကြိတ်ပြီးအိမ်လုပ်မဆလာကို ကိုယ်တိုင်ပြုလုပ်တတ်စေရန် ရည်ရွယ်၍ရေးသားလိုက်ပါသည်။

စုမြတ်မြတ်မိုး (Green Way)
********
ဒုတိယနည်း

မဆလာ ပြုလုပ်နည်း
မဆလာ လုပ်နည်း ပြောပါဆိုလို့ အခုပြောပါပြီး

အသားငါးမဆလာ

နာနတ်စေ့

၂၀သား

ပဲနံ့သာ၊ကရဝေး ၂ကျပ်သားစီ

သစ်ချပိုးခေါက် ၂ကျပ်ခွဲသား

ဇီရာ ၁ဝသား

လေးညှင်း၊ငရုပ်ကောင်း ၂ကျပ်သားစီ

ဇာဒိပိုသီး ၁လုံး

နာနတ်ပွင့်၊ဇာဒိပိုပွင့် ၂ကျပ်သားစီ

ဖာလာစေ့ ၂ကျပ်သား

ဘိန်းစေ့ ၁၀သား

Methods

ပါဝင်ပစ္စည်း အားလုံးကို တစ်မျိုး မတူးမခြစ်အောင်လှော်ထားပါ။ပြီရင်းရော၍ထောင်းပါ။ ဇာဒိပိုသီးကိုအားခွဲ၍အဆန်ကို ဓားဖြင့်ပါးပါးလှီးမှလှော်ထောင်းပါ။
Credit Kyaw Linne Thine
*************
ညီအစ်ကိုမောင်နှမတွေ ဗဟုသုတရဖို့အတွက် မဆလာအကြောင်းလေး ပြောပြချင်ပါတယ်။ မဆလာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အိန္ဒိယလူမျိုးတွေ စတင်သုံးစွဲလာခဲ့တာပါ။ ယခုဆိုလျှင် အာရှတိုက် ဟင်းတော်တော်များများမှာ မဆလာပါမှ ပိုမွှေးပြီး စားလို့ကောင်းနေသလိုပဲ။ မဆလာမှာပါတဲ့ ပစ္စည်းတွေကလည်း ဆေးဘက်ဝင်ဆိုတော့ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။

ယခုမဆလာထဲမှာ အခြေခံအကျဆုံးလည်းဖြစ် လူသုံးအများဆုံးလည်းဖြစ်တဲ့ Masala အကြောင်းလေးပြောချင်ပါတယ်။ Garam ရဲ့အဓိပ္ပာယ်ကတော့ ပူပူပြင်းပြင်းလို့ အဓိပ္ပာယ်ရပါတယ်။ အသားငါးတွေ၊ အသီးအရွက်တွေ အားလုံးခြုံပြီး သုံးလို့ရပါတယ်။ ပါဝင်ပစ္စည်းလေးတွေကတော့ အောက်ပါအတိုင်းပါ။ ဒါတွေအား လုံး သမအောင် ရောမွှေလိုက်လျှင်ရပါပြီ။


Bay Leaf Powder (သစ်ကြံပိုး) – ၂၀ ဂရမ်
Fennel Powder (စမုန်စပါး) – ၅၀ ဂရမ်
Star Anise Powder (ကရဝေး) – ၁၀ ဂရမ်
Cardamon Powder (ဇီရာ) – ၅၀ ဂရမ်
Pepper Powder (နံနံစေ့) – ၂၀ ဂရမ်
Cinnamon Powder (ဖာလာ) – ၁၀ ဂရမ်
Black pepper powder (ငရုတ်ကောင်း) – ၁၀ ဂရမ်
Clove powder (လေးညှင်း) – ၁၀ ဂရမ်
Nutmeg powder (ဇာတိပ်ဖိုလျ) – ၁၀ ဂရမျ
Fenugreek powder (ပဲနံ့သာ) – ၅၀ ဂရမ်

နောက်တစ်ခုကတော့ Biryani Masala ကိုလေ့လာကြရအောင်။ သူ့ကိုတော့ ဒံပေါက်မဆလာလို့လည်း ခေါ်ပါတယ်။ ဒံပေါက်အတွက် ကြက်သား၊ ဆိတ်သား၊ ကြက်သည်းမြစ် စတဲ့အသားတွေအတွက်သာမက အာလူး၊ ခရမ်းသီးအပြင် အခြား အသီး အရွက်တွေအတွက်လည်းသုံးပါတယ်။ ပါဝင်ပစ္စည်းတွေကိုတော့ အသေ အချာကြိတ်ပြီး ရောမွှေလိုက်ရင်ရပါပြီ။

Masala
Bay Leaf Powder (ကရဝေး) – ၅ ဂရမ်
Fennel Powder (စမုန်စပါး) – ၂၀ ဂရမ်
Star Anise Powder (နာနတ်ပွင့်) – ၂၀ ဂရမ်
Cardamon Powder (ဖာလာ) – ၅ ဂရမ်
Pepper Powder (ငရုတ်ကောင်း) – ၁၀ ဂရမ်
Cinnamon Powder (သစ်ကြံပိုး) – ၁၅ ဂရမ်
Clove Powder (လေးညှင်း) – ၁၀ ဂရမ်
Coriander Powder (နံနံစေ့) – ၂၀ ဂရမ်
Mace Powder (ဇာတိပ္ဖိုလ်ပွင့်) – ၅ ဂရမ်
Cumin Powder (ဇီရာ) – ၂၀ ဂရမ်
Dry Ginger Powder (ချင်း) – ၅ ဂရမ်
Dry Onion Powder (ကြက်သွန်နီ) – ၅ ဂရမ်
Dry Garlic Power (ကြက်သွန်ဖြူ) – ၅ ဂရမ်

နောက်တစ်မျိုးကတော့ တရုတ်မဆလာလို့ခေါ်တဲ့ Five Spice powder အကြောင်း လေးလေ့လာကြည့်ရအောင်။ မဆလာကို တရုတ်တွေကလည်း ဖန်တီးစားသုံးကြတာ တွေ့ရပါတယ်။ တရုတ်မဆလာကို အသားငါးတွေထဲမှာ အနံ့သက်ကောင်းအောင်ဆိုပြီး သုံးကြတာပါ။ ခေါက်ဆွဲကြော်၊ ကြာဆံကြော်စတဲ့ အကြော်တွေမှာလည်း သုံးကြပါတယ်။ အသားတွေကို Marinade အရသာသွင်းတဲ့အခါ သုံးလိုက်ရင် တကယ်ပဲ ရနံ့ကောင်းသွားပြီး ပုံမှန်ထက်ပိုပြီး ကြာကြာခံတာပေါ့။ ကဲပါဝင်ပစ္စည်းတွေ လေ့လာကြည့်ကြရ အောင် ပါဝင်ပစ္စည်းတွေကတော့ အရမ်းမများပါဘူး။ Five Spice powder ဆိုတဲ့အတိုင်း ၅ မျိုးတည်းပါ။ သူ့ကိုလည်း အသေချာလေး ကြိတ်ပြီးရောသမမွှေလိုက်လျှင် ရပါပြီ။

Spice powder
Cinnamon powder (သစ်ကြံပိုး) – ၅၀ ဂရမ်
Clove powder (လေးညှင်း) – ၃၀ ဂရမ်
Fennel Seed power (စမုန်စပါး) – ၁၀ဝ ဂရမ်
Star Anise powder (နာနတ်ပွင့်) – ၅၀ ဂရမ်
Szechuan pepper power (ဇီချွမ်ငရုတ်ကောင်း) – ၃၀ ဂရမ်
- Credit

15/06/2023

#ကြေးအိုးချက်နည်း

ကြေးအိုးချက်နည်းမှာ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်း
အတိုင်းသာ ချက်ပါ။

တထပ်တည်းမကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ်။ အသားလုံးတဲ့ အခါမှာလည်း တရုပ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။
အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ၀ယျမရနိုငျခဲ့
ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။

ကြေးအိုး ချက်နည်း
**************
ပါ၀င်သော ပစ္စည်းများ

၁။ ကြက်ရိုး (သို.မဟုတ်) ၀ကျရိုး
၂၊ အူစုံ ၊ အသည်းစုံ
၃၊ တောက်တောက်စင်းထားသော အသား
၄၊ ငုံးဥ
၅၊ ပဲပြား
၆၊ မုန်ညင်းစိမ်း
ရ၊ ဆန်ပြား၊ ကြာဆံ
၈၊ ဘဲငန်းပျံ ငရုပ်ဆီ
၉၊ ရှာလကာရည်
၁၀။ ငရုပ်သီးစိမ်း
၁၁။ ကြက်သွန်ဖြူ

ဟင်းရည်

အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန်. ထည့်လို.ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန်. မထည့်ပါနဲ.၊ အရသာကို ပြောင်းသွားနိုင်လို.ပါ၊ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ၊အချို လေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊

သတိပြုရန်မှာ-

အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ.။ အထူးသဖြင့် ဂျင်း၊ တရုပ်နံနံ လုံး၀ မထည့်ရ။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း

၁၊ တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ ( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊

၂၊ မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊

၃၊ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊
( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)

၄၊ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထားပါ။

၅၊ ပဲပြားကို လိုသလောက် လွာထားပါ၊

၆၊ ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊

နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း

နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊

ပွဲပြင်နည်း

- သီးသန်. လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊
တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊
- အူစုံ အသည်းစုံထည့်
- ကြာဆံ (သို.) ဆန်ပြားကို အလိုရှိ
သလောက်ထည့်ပြုတ်
- ပဲပြားထည့်
- ငုံးဥ ထည့်
- အရွက်စိမ်း နောက်ဆုံးမှ ထည့်
- ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ။
- ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ။

အချဉ်ရည် ပြင်ဆင်နည်း

ငရုပ်သီး စိမ်း ကို ပါးပါးလှီး
ရှာလကာရည် ၃ ဇွန်း
သကြားတဇွန်း
ဆားအနည်းငယ်
ငံပြာရည် အနည်း ငယ် နှင့်
ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်
ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စားနိုင်ပါပြီနော်

Credit

06/05/2023

#ပေါက်စီပြုလုပ်နည်း

၁။ ဒေါင်းဂျုံမှုန့်တစ်ထုပ်ကို သကြားတစ်ဇွန်းခွဲ
ရစ် ၄ ဇွန်း ပဲဆီ ၂ ဇွန်း ဆားအနည်းငယ်ထည့်ကာ
ရေနည်းနည်းချင်းစီထည့်ထည့်ပြီးနာနာနယ်ပါ။
လက်ဖနောင့်နှစ်ဖက်ကိုအားစိုက်ပြီး နာရီဝက်ခန့်
နာနာဖိနယ်ပေးရပါမယ်။
ရေထည့်မများသွားအောင်အထူးဂရုစိုက်ပါ။
နယ်ပြီးရင်အဖုံးလုံအောင်အုပ်ပြီး တစ်နာရီခန့်
မုန့်သားတွေပွတက်လာအောင်ထားရပါမယ်။
၂။ မုန့်သားတွေအပွခံထားချိန်မှာ
ပေါက်စီထဲထည့်သွပ်ဖို့အစာချက်ပါမယ်။
မိမိနှစ်သက်ရာအသားကိုနုတ်နုတ်စင်းပြီး
ဆား/ဟင်းချိုမှုန့် ချောက်ကောမှုန့် ပဲငံပြာရည်
ကြက်သွန်နီ မုန်လာဥနီတို့ထည့်နယ်ကာ
ဆီပူပူမှာထည့်မွှေကြော်ပါ။
ကြော်ပြီးရင်ကြက်သွန်မြိတ်ထည့်မွှေပြီး
အအေးခံထားပါ။
၃။ မုန့်သားအပွခံထားတာတစ်နာရီပြည့်ပြီဆို
မုန့်သားတွေဟာနဂိုထက်နှစ်ဆပွတက်လာတာကို
တွေ့ရပါလိမ့်မယ်။ပွတက်လာတဲ့မုန့်သားတွေကို
နောက်တစ်ကျော့နာနာပြန်နယ်ပေးပါ။
ဒီတစ်ကျော့နယ်တဲ့အခါရေမထည့်ရပါဘူးနော်။
၄။ မုန့်သားတွေနယ်ပြီးသွားရင် စားပွဲအသန့်မှာ
ဂျုံမှုန့်ဖြူးပြီး မုန့်သားကိုခပ်ရှည်ရှည်လေးလှိမ့်။
အရွယ်တော်အလုံးလေးတွေဖဲ့ယူလုံးပြီး
ဂျုံမှုန့်အနည်းငယ်ဖြူးကာ
ဒလှိမ့်တုံးနဲ့ပြားပြားလေးတွေလှိမ့်ပေးပါ။
၅။ အပြားလေးတွေလှိမ့်ပြီးရင် အစာသွပ်ပြီး
ပုံမှာပြထားသလိုခေါက်ခေါက်သွားပေးပါ။
မခေါက်ပဲဒီတိုင်းလုံးလိုက်ရင်လဲရပါတယ်နော်။
၆။ အစာသွပ်လုံးပြီးရင် စက္ကူမှာဆီသုပ်ပြီး
ပေါက်စီတင်ကာ ပေါင်းအိုးထဲမှာ
ချောင်ချောင်လေးစီထည့်ကာ
၁၅ မိနစ်ခန့်ပေါင်းပါ။
၁၅ မိနစ်ဆိုပေါက်စီကျက်ပါပြီ။
ကျက်ပြီး ၅ မိနစ်စောင့်ပြီးမှအိုးဖုံးဖွင့်စားပါ။
Credit

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Kuauk Myaung
Yangon