Ya Ya

Ya Ya

Share

30/08/2025

လူတစ်ယောက်ကို "ချစ်တယ်ဆိုတာ
ပန်းလေးတစ်ပွင့် ပွင့်လာတာပါ " တဲ့
ဘာပန်းလဲဆိုတော့ "စိတ်ပင်ပန်း"

30/08/2025

သူစိမ်းတစ်ယောက်အပေါ်
ဘာမှမမျှော်လင့်ပဲ ချစ်ပေးတယ် နွေးထွေးပေးတယ် ကောင်းပေးတယ်ဆိုတာ အကြောင်းပြချက်ကတစ်ခုပဲရှိတယ် အဲ့တာ ကိုယ့်အနားက ထွက်မသွားစေချင်လို့ အတူတူရှိချင်လို့ပဲ အဲ့လောက်လေးကိုတောင်မှ ငါတို့မရရှိခဲ့ဘူး

29/08/2025

ချစ်ပေးနိုင်သလောက်တော့ အစွမ်းကုန်
ချစ်ပေးလိုက်မှာပဲ...။

တစ်ချိန်ချိန် လမ်းခွဲရလို့ဖြစ်ဖြစ် ....ကျန်ခဲ့ရတာပဲ ဖြစ်ဖြစ် .....ချန်ခဲ့လိုက်ရတာပဲဖြစ်ဖြစ်.... နောင်တတွေမပိုက်ခဲ့ချင်လို့ ဖြည့်ဆည်းပေးနိုင်သလောက်ဖြည့်ဆည်းပေးပြီး .....ချစ်ပေးနိုင်တာတွေထက် ပိုပြီး အစွမ်းကုန် ချစ်ပေးလိုက်မှာပဲ.

တစ်ချိန်ချိန်မှာပေါ့...
ကိုယ့်ဘဝနဲ့ကို သေချာသွားမယ်ဆိုရင်တောင်...
အရာအားလုံးအတွက်
တာဝန်ကျေခဲ့တဲ့သူဟာ ကိုယ်ပဲ ဖြစ်ချင်တယ်..။
လိပ်ပြာသန့်သန့်လေး ချစ်သွားခဲ့ချင်တယ် ။

29.8.2025

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon