WeFix

WeFix

Share

04/07/2022

customer laptop လေး keyboard လဲပြီး Windows တင် software သွင်း🥰

Photos from WeFix's post 02/07/2022

ဒီနေ့ customer ရဲ့ Predator laptop လေး Blue Screen တတ်လို့ Hard disk check, software maintenance နဲ့ data backup အိမ်🏠တိုင်ရာရောက် ပြင်ပေးဖြစ်တာလေးပါ🥰

Alienware ကတော့ software maintenance နဲ့ cleaning လုပ်ပေးထားတာပါ👽

Computer Service နဲ့ပတ်သက်လာရင် WeFix ကိုယုံယုံကြည်ကြည်ဆက်သွယ်လိုက်ပါခင်ဗျာ👨🏽‍🔧

22/06/2022

အသစ်ဝယ်ဖို့မလောပါနဲ့အုံး...လူကြီးမင်းရဲ့ “လိပ်’’ လိုနှေးနေတဲ့ HDD (Hard Disk Drive) နဲ့ ကွန်ပျူတာ အဟောင်းလေးကို SSD (Solid-state Drive) လဲပေးလိုက်ခြင်းက အသစ်လို ဖလန်းဖလန်း ဖြစ်သွားစေနိုင်ပါတယ်။

💌 သိချင်တာများရှိရင်လဲ page messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်။

WeFix မှ အောက်ပါဝန်ဆောင်မှုများပေးနေပါပြီခင်ဗျာ။

Services list 📝

1. Software/Hardware installation ⚙️

2. Windows installation 💻

3. Printer & file sharing 🖨

4. Data recovery 💾

5. Virus removal & repair 🦠

6. Monthly contract 📄

Contact 📞 : 09784916743
Opening hour ⏰ : 9 AM to 5 PM
(Mon to Sat)

08/06/2022

MacBook တွေကတော့လုံးဝကို next level ရောက်နေပြီလို့ပြောရမယ်

ပိုကောင်းလာတဲ့ M2
================

• M2 chip က M1 လိုပဲ Apple ရဲ့ ကိုယ်ပိုင် ARM architecture သုံးထားတဲ့ 5nm chip ဖြစ်ပြီး transistors အရေအတွက် 20 billion အထိပါဝင်ပါတယ်၊

• M1 ထက် transistors အရေအတွက် 25% ပိုများတာကြောင့် CPU ပိုင်းမှာ M2 က 18% ပိုကောင်းပြီး GPU ပိုင်းမှာ 35% အထိ performance ပိုကောင်းလာမှာပါ၊

• M2 chip က LPDDR 5 RAM ကို 24 GB အထိ support လုပ်မယ့်အပြင် M1 ထက် 50% ပိုများတဲ့ 100Gbps memory bandwidth ရမှာပါ၊

• 8-core CPU နဲ့ 10-core GPU ဖြစ်သွားတဲ့ M2 chip က တစ်ခြား 10-core နဲ့ laptop CPU တွေထက် 2 ဆလောက်ပိုမြန်လို့ Apple ကပြောသွားပါတယ်၊

• Neural engine အသစ်ပါဝင်လာသလို Media engine အသစ်ဖြစ်သွားတာကြောင့် M2 chips တွေက 4K နဲ့ 8K videos တွေကို တစ်ပြိုင်ထဲ stream လုပ်နိုင်မှာပါ၊

• M2 chip ကို အစောဆုံးအနေနဲ့ မကြာခင်ထွက်လာတော့မယ့် MacBook Air နဲ့ MacBook Pro အသစ်တွေမှာ တွေ့မြင်ရမှာပါ။

19/05/2022

နည်းပညာနဲ့ပတ်သတ်တဲ့ သတင်းတွေအပြင် knowledge sharing တွေကို အောက်ပါ page မှာတင်ပေးသွားပါမယ်

လူသားတွေကိုအကျိုးပြုနေတဲ့ “ဒေစီ”
=======================

• သူ့နာမည်က ‘’daisy’’ တဲ့ ပန်းတော့မဟုတ်ပေမယ့် လူသားတွေကို တစ်ဖက်တစ်လမ်းကနေ အကျိုးပြုနေတဲ့ Apple ရဲ့ စက်ရုပ်မလေးပါ၊

• သူမရဲ့ထူးခြားချက်က Apple ဆီမှာ trade in ပြုလုပ်လာတဲ့ iPhone အဟောင်းတွေကို recycle ပြန်လုပ်လို့ရအောင် 18 စက္ကန့်အတွင်းမှာ ဖုန်းတစ်လုံးကို တစ်စစီဖြစ်အောင် လျင်မြန်စွာဖြုတ်ပေးနိုင်တာပါ၊

• daisy ကြောင့် Apple အနေနဲ့ တစ်နှစ်ကို iPhone အလုံးရေပေါင်း 2.4 သန်းအထိ recycle ပြုလုပ်နိုင်တယ်လို့ သိရပြီး၊

• ဒါက Apple ရဲ့ တစ်နှစ်တာရောင်းအားဖြစ်တဲ့ iPhone အလုံးပေါင်း 200 သန်း နဲ့ယှဥ်ရင်တော့ အများကြီးနည်းနေသေးတယ်ဆိုပေမယ့် အနာဂတ်မှာ daisy လိုမျိုး robot တွေများများရှိလာဖို့မျှော်လင့်ပါတယ်၊

• အခုနောက်ပိုင်းမှာ Apple အပြင် Samsung, Microsoft, Sony စသဖြင့် တစ်ခြား company တွေကလဲ သူတို့နည်းသူတို့ဟန်နဲ့ recycling program တွေပြုလုပ်လာတာဟာ အလွန်အားရဖို့ကောင်းပါတယ်၊

• ကျွန်တော်တို့ consumers တွေဘက်ကလဲ အခုလိုမျိုး program တွေများလာအောင် company တွေကိုတွန်းအားပေးဖို့လိုသလို ကိုယ်တိုင်လဲ recycle materials တွေနဲ့လုပ်ထားတဲ့ products တွေကို ပိုပြီးဝယ်ယူအားပေးသင့်ပါတယ်။

19/05/2022

ရန်ကုန်မြို့တွင်း computer service လိုအပ်ရင် WeFix ကိုသာဆက်သွယ်လိုက်ပါ၊ လူကြီးမင်းတို့ အိမ်/ရုံးတိုင်ရာရောက်ကို ကျွမ်းကျင် technician များမှ လိုက်လံပြုပြင်ပေးနေပါပြီ၊

💌 သိချင်တာများရှိရင်လဲ page messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်။

WeFix မှ အောက်ပါဝန်ဆောင်မှုများပေးနေပါပြီခင်ဗျာ။

Services list 📝

1. Software/Hardware installation ⚙️

2. Windows installation 💻

3. Printer & file sharing 🖨

4. Data recovery 💾

5. Virus removal & repair 🦠

6. Monthly contract 📄

Contact 📞 : 09784916743

Opening hour ⏰ : 9 AM to 5 PM
(Mon to Sat)

25/04/2022

Intel’s CPU တွေအကြောင်းလေ့လာကြည့်ရအောင်

CPU အကြောင်းသိကောင်းစရာ
(Part- one)
====================

Laptop ဒါမှမဟုတ် desktop ဝယ်ယူတဲ့အခါ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် CPU ရွေးချယ်တဲ့ကိစ္စက ထင်သလောက်မလွယ်ကူလှပါဘူး၊CPU ရွေးချယ်တဲ့နေရာမှာ မမှားရလေအောင် အောက်ကအချက်လေးတွေကို သိထားသင့်ပါတယ်၊

Intel’s CPU တွေအကြောင်း

• Intel ရဲ့ CPUတွေက Celeron, core i3, i5, i7, i9 ဆိုပြီး ရှိတဲ့နေရာမှာ Celeron က အနိမ့်ဆုံးဖြစ်ပြီး Intel ရဲ့ နာမည်ပေးပုံအရ i3, i5 စသဖြင့် နံပါတ်တွေ ပိုကြီးလာလေ performance ပိုကောင်းလေဖြစ်တဲ့အတွက် core i9 ကတော့ powerful အဖြစ်ဆုံးပါ၊

• ဥပမာအနေနဲ့ ကိုယ်ဝယ်မယ့် laptop မှာ CPU က core “i5-10510U” လို့ရေးထားမယ်ဆိုရင် i5 နောက်က ‘’10’’ သည် အဲ့ဒီ CPU ရဲ့ Generation ဖြစ်တဲ့ 10th Gen ကိုရည်ညွှန်းပါတယ်၊

• တစ်ခုသတိထားရမှာက i3,i5 စသဖြင့် နံပါတ်တွေပိုကြီးလာလေ performance ပိုကောင်းလေဆိုပေမယ့် ဒါက ဒီ Generation တစ်ခုနဲ့ပဲဆိုင်ပါတယ်၊

• E.g. “i5-4278U” နဲ့ “i3-11100HE” မှာ နံပါတ်အရတော့ i5 ကပိုကြီးပေမယ့် နောက်က Generation အရ i5 4th Gen ထက် i3 11th Gen က ထုတ်လုပ်တဲ့ နှစ်လဲကွာသလို architecture လဲမတူ‌တော့တဲ့အတွက် performance မှာ i5 4th ထက် i3 11th ကပိုသာပါတယ်၊

• 11th Gen, 4th Gen စသဖြင့် Gen နောက်က (e.g.i3-11100HE, i5-10510U) “100”, “510" စတဲ့ number တွေကတော့ အဲ့ CPU ရဲ့ performance ကိုဖော်ပြတာဖြစ်ပြီး Gen တူနေရင်တောင် နံပါတ်ကြီးတဲ့ကောင်က ပိုကောင်းပါတယ်၊

• Intel’s CPU တွေရဲ့နောက်ဆုံးမှာ တွေ့ရတဲ့ “U”, “Y”, “H” ဆိုတဲ့ letters တွေကတော့ အဲ့ဒီ CPU တွေရဲ့ အားသာချက်ကို ရည်ညွှန်းတာပါ၊

• (e.g.i5-10510U) တွင် “U” သည် “power efficiency” ကို ကိုယ်စားပြုတာဖြစ်တဲ့အတွက် တစ်ခြား “H” “Y” ပါတဲ့ CPU နဲ့ laptop တွေထက် Battery ပိုင်းမှာ ပိုခံမှာဖြစ်ပါတယ်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Thadipahtan Street, Tamwe
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00