AMPLE DAYS
"I've lived in the chaos, and I can show you the path through it."
28/10/2025
ဒီရက်ပိုင်းမှာ ခရီးတွေ သွားနေတာရော အရေးကြီးတဲ့ ကိစ္စအတွက် ပြင်ဆင်နေတာရော မအားတာများနေတော့ အစားအသောက်ကို သေချာဂရုမစိုက်မိဘူး။
အဆင်ပြေတဲ့ နေရာမှာပဲ အဆင်ပြေလောက်မယ်ထင်တဲ့ အမယ်တွေရွေးစားနေပေမဲ့ စိတ်ကလေးအထိမခံ ဖြစ်နေတာ သတိပြုမိပါတယ်။ ခန္ဓာကိုယ်က လက်မခံတာကို အချက်ပြနေတယ်လို့ပဲ မြင်ပြီး အားတဲ့အချိန် ရသလို အားရှိအောင် ချက်ပြုတ်စားပေးလိုက်တော့ နည်းနည်း အဆင်ပြေလာပါတယ်။
နောက်တစ်ချက်က ကိုယ်ဖြေရှင်းဖို့ကျန်နေတဲ့ ခံစားချက်တွေ တက်လာတာကြောင့်လည်း ပါပါတယ်။
ပြသနာရဲ့နောက်ကွယ်က အကြောင်းရင်းတွေကို ပြန်သုံးသပ်ပြီး ကိုယ့်ကိုကိုယ် အခြားသူတွေနဲ့ ဆက်ဆံပြေဆိုတဲ့အခါ စည်းထားဖို့လိုနေတာ သွားတွေ့ပါတယ်။ သာမန်အနေအထားမှာ လက်ခံနိုင်စရာရှိပေမဲ့ ကိုယ့်အတွက် ဝန်ပိနေတဲ့အချိန်မှာ Noလို့ ငြင်းတတ်ဖို့ ကြိုးစားရဦးမှာပါ။
22/08/2025
သတိ သီလ သမာဓိ ပညာဆိုတဲ့ safety beltလေး ပတ်ပေးထားခြင်းဖြင့် စိတ်လေး groundedဖြစ်စေပြီး လုံခြုံစေပါတယ်။
Moon Musings 🌙
ပြီးခဲ့တဲ့လ Leo New Moon ကာလက ကျွန်မတို့ကို ကိုယ်လိုချင်တဲ့ဘဝကို ရဲရင့်စွာနေထိုင်ဖို့ ကိုယ့်အလင်းတွေကို မမှိန်ချဖို့ အားပေးခဲ့ပါတယ်။ အဲ့ဒီနောက် Aquarius လပြည့်ဝန်းက စာမေးပွဲစစ်တဲ့ အလှုပ်အခါတွေ၊ အတားအဆီးတွေကို ကျော်ဖြတ်လွှတ်ချပြီး မိမိ တန်ဖိုးထားရတာတွေကို ဆန်ကွဲခွဲသလို စစ်ထုတ်လိုက်ဖို့ ကူညီပေးခဲ့ပါတယ်။ အခုလာမယ့် August လ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂း၂၆ အချိန်မှာတော့ new moon in Virgo ကို ကျရောက်မှာပါ။ ♍️ နေမင်းကြီးကလည်း အဲ့ဒီနေ့မှာပဲ Virgo Season ကို ကူးပြောင်းမှာ ဖြစ်သလို September လဆန််းမှာ ကျရောက်မယ့် လကြတ်ရာသီ eclipse season ကို တံခါးဖွင့်ပေးရင်း ရောက်ရှိလာမယ့် ဒီလရဲ့ virgo New Moon က ထိုင်ခုံ ခါးပတ် (safety seat belt) တစ်ခု နဲ့ တူတယ်လို့ moon musings ပေးချင်ပါတယ်။ ✨
Safety belt တွေဆိုတာ ကျွန်မတို့ကို ခရီးတစ်ခုနှင်ရာမှာ ကြုံတွေ့ရတတ်တဲ့ အတက်အကျ၊ အလှုပ်အခါ၊ အယိမ်းအထိုး လမ်းကြမ်းတွေမှာ အန္တရာယ်ကင်းအောင်၊ grounded ဖြစ်နေအောင် ကာကွယ်ပေးထားကြပါတယ်။ Earth sign တစ်ခု ဖြစ်တဲ့ Virgo moon ဟာ moon တွေ အားလုံးထဲမှာ လက်တွေ့အကျဆုံးဖြစ်ပြီး ဝေဖန်ပိုင်းခြားတတ်၊ အသေးစိတ်လုပ်တတ်တဲ့ သဘောရှိပါတယ်။ Virgo ရာသီခွင်တွင် ဖြစ်ပေါ်သော လကွယ်ဖြစ်တာကြောင့် မိမိနေ့စဉ်လုပ်ဆောင်နေသော လုပ်ရိုးလုပ်စဉ်များ၊ အလေ့အထများ၊ အကျင့်များကို ပြန်လည် သုံးသပ်ပြီး ဒါတွေက ကိုယ့်အတွက် အကျိုးပြုနေသေးလား၊ ကိုယ့်ကို အကောင်းဆုံးဖြစ်စေဖို့ ကူညီပေးနေရဲ့လားဆိုတာကို ကြည့်ရှုဖို့ ပထမဆုံး အားပေးနေပါလိမ့်မယ်။ ကိုယ့်ရဲ့အချိန်၊ energy နဲ့ intention စတာတွေကို ဘယ်လိုနေရာမှာ ထားရှိပြီး ဘယ်အရာတွေက ကိုယ့်အတွက် အကျိုးပြုပြီး ဘယ်အရာတွေကတော့ အကျိုးမပြုတော့ဘူးလဲ ဆိုတာကို Journaling လုပ်ကြည့်ပါ။ ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့အချိန်ကို ဖြုန်းတီးနေ၊ ကိုယ့်စွမ်းအင်ကို ကုန်ခမ်းစေနေသောအရာတွေ ပေါ်လာပါလိမ့်မယ်။
Daily Routines တွေက မိမိနဲ့ alignment မရှိတော့ဘူးဆိုရင် ပြန်လည်တည်ဆောက်ပါ။ အာဟာရပြည့်ဝတဲ့ အစားအသောက်များကို mindfulness ရှိစွာ ရွေးချယ်ချက်ပြုတ်စားသောက်ပေးခြင်း၊ အိပ်ရေးဝဝ အိပ်ချိန်မှန်မှန်အိပ်ခြင်း၊ စာအုပ်ဖတ်၊ လေ့ကျင့်ခန်းလုပ်၊ ဘုရားရှိခိုး အစရှိသော ကောင်းမွန်တဲ့ အလေ့အကျင့်တွေ ပြန်လည်မွေးမြူပါ။ သေချာသတိထားကြည့်ရင် ကျွန်မတို့ဟာ ရေချိုး ထမင်းစား စကားပြော အတွေးတွေး အလုပ်လုပ် အပါအဝင် နိစ္စဓူဝ ကိစ္စတော်တော်များများကို အလေ့အထအတိုင်း အကျင့်ပါပြီး auto pilot တပ် လုပ်ဆောင်နေတာများကြပါတယ်။ အမှန်တကယ် သတိ၊ အသိမကပ်ထားမိကြဘဲ ဘဝကို ဖြတ်သန်းနေမိကြတတ်တာပါ။ Uranus ဂြိုလ်နဲ့ sqaure aspect ရှိနေတဲ့ ဒီလကွယ်လေးက ကျွန်မတို့ကို ဖိစီးနေတဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်များမှ ခွဲထွက်ပြီး ပြောင်းလဲရန် လိုအပ်သောအရာကို ပြသပေးလိမ့်ပါလိမ့်မယ်။ 🪐
ကျန်တာကတော့ new moon အချိန်ဖြစ်တာကြောင့် လာမယ့် moon cycle တစ်ခုလုံးအတွက် ကောင်းမွန်တဲ့ intention တွေကို စိတ်မလောဘဲ သေချာ grounded ဖြစ်တဲ့ ပစ္စုပ္ပါန်မှာ သတိအပြည့်ရှိတဲ့ နေရာကနေ ချမှတ်ပေးရန် သင့်တော်ပြီး aligned action plan၊ စည်းကမ်း၊ အာရုံစိုက်မှုတို့ဟာလည်း အနောက်ကနေ တစ်ခါတည်း ပါဝင်နေဖို့ အရေးကြီးပါတယ်။ မသုံးတော့သည့်ပစ္စည်းများကို ရှင်းလင်းဖယ်ရှားပေးခြင်း၊ မိမိ intuition အလိုက် ပရိဘောဂအချို့ကို နေရာ ရွှေ့ပြောင်းပေးကြည့်ခြင်း နဲ့ ပျက်နေတာကြာပြီး မပြင်ရသေးတဲ့ စက်ပစ္စည်း၊ မီးသီး၊ ဘထ္ထရီ စတာတွေကို ပြုပြင်လဲလှယ်ပေးသင့်ပါတယ်။
သတိ၊ သီလ၊ ပညာ၊ ဝီရီယနဲ့ စည်းကမ်းတို့ကို safety belt လို ပတ်ပြီး ဒီဝင်ပေါက်က ဝင်လိုက်ပါ။ နောက် moon cycle မတိုင်ခင် အခြားတစ်ဘက်မှ ထွက်လာတဲ့အခါ ယခင်က မတူညီတော့တဲ့ ပုံစံတစ်ခုနဲ့ ကိုယ့်ကိုယ်ကို ပြန်လည် တွေ့နိုင်ပါလိမ့်မယ်။ 1% compound effect တိုင်းက အရေးပါတာကို မမေ့ထားကြရအောင်ပါ။ 🤍
Journey to Aligned Living, One Moon Phase at a Time! 🌙
Sat Nam,
LUNALIGN
18/08/2025
"Ask me anything about your health" ဒီမေးခွန်းလေးကို မေးလိုက်တဲ့အခါ အခြားဘယ်သူမှ မပြောရသေးဘူး။ ကိုယ့်ကိုကိုယ် နင် အားလုံး သိနိုင်လို့လား ဆိုတော့ အားလုံး မသိနိုင်ပေမဲ့ ကိုယ်သိနေတာ သိထားတာ အများကြီးရှိနေတာကို မမျှဝေဘဲ ကျွန်မနေနေတာကို လောကကြီးက ခွင့်မပြုပါဘူး ။ ကျွန်မတို့အားလုံးအတွက် ကိုယ့်ဘဝလမ်းကြောင်း(life purpose)က ဘာလဲဆိုတာ အခု ကိုယ်ကြုံနေရတဲ့ပြသနာကို အဖြေလို့ နားလည်သွားနိုင်လျှင် ရပါတယ်။
နောက်ပြီး မိမိ၏ကျန်းမာရေးကို သိ၍ ဖြစ်စေ၊ မသိ၍ ဖြစ်စေ ပုံဖော်ဖန်တီးနေကြပါတယ်။ အသက်အရွယ်မရွေး ကျား မ မရွေး အားလုံးဟာ မိမိ၏မသိနားမလည်မှုတွေကြောင့် မိမိခန္ဓာကိုယ်ကို တစ်နည်းနည်းဖြင့် ဒုက္ခရောက်စေတတ်ကြပါတယ်။
ဘာကြောင့်လဲ????
ကျန်းမာခြင်းကို အရင်က ယူဆထားတာက ကိုယ်စိတ်နှစ်ပါးကျန်းမာခြင်းဆိုပြီး ပြောတတ်ကြပေမဲ့ လူတွေအများစုက ကိုယ်ခန္ဓာနှင့်သက်ဆိုင်သော သာမန်မဟုတ်သော အခြေအနေတွေကိုသာ အဓိကထားကာ အာရုံစိုက်ကြပါတယ်။
ကျန်းမာရေးကို ချို့ယွင်းသက်ရောက်စေသော အချက်တွေအများကြီးထဲမှ
၁)တိုးတက်ပြောင်းလဲလာသော ပတ်ဝန်းကျင်နှင့်အညီ အစားအစာအရင်းအမြစ်များ ယုတ်လျော့အားနည်းလာခြင်း၊ပြုပြင်ဖန်တီးထားသော အစားအစာများ စားသုံးမှု များပြားလာခြင်း၊
၂) အရှိန်အဟုန်ပြင်းစွာ ထိုးဖောက်ဝင်ရောက်လာသည့်နည်းပညာနှင့် စီးပွားရေးကဏ္ဍတွေကြောင့် လူတွေဟာ စိတ်ဖိစီးများခြင်း၊ အိပ်စက်အနားယူမှု မလုံလောက်ခြင်း၊
၃) ဘဝနေထိုင်မှုပုံစံ ပြောင်းလဲလာခြင်းဆိုရာတွင် ကိုယ်လက်လှုပ်ရှားမှုနည်းလာခြင်းတို့သည် မိမိကိုယ်ကို ပြန်လည် ဆင်ခြင်ရမည့် အချက်များ ဖြစ်နေပါတယ်။
ကျွန်မတို့ တစ်ယောက်အားနှင့် မနိုင်သည့် out of circlesမှ အချက်များကို ခဏမေ့ကာ မိမိ လုပ်နိုင်သည့် အချက်များကို အကောင်းဆုံး လုပ်နိုင်ဖို့က ကျွန်မတို့ တစ်ယောက်စီတိုင်းရဲ့ တာဝန်သာ ဖြစ်ပါတယ်။
ဒီpostလေးကနေတစ်ဆင့် ကျွန်မ လုပ်ပေးနိုင်တာက
💧ကိုယ့်ရဲ့ကျန်းမာရေးနှင့်ပက်သက်ပြီး ဘာတွေကို အားမရနေတာလဲ။
💧ဘာကြောင့် ဖြစ်နေတာလဲ။
💧မိမိအနေနဲ့ အကောင်းဆုံး ဘယ်လို ပြင်ဆင်လို့ရမလဲ။
💧မိမိရဲ့ကိုယ်စိတ်နှလုံး ကျန်းမာပျော်ရွှင်စေဖို့ ဘယ်လိုလုပ်ရမလဲ။
စသည့်မေးခွန်းများကို မိမိကိုယ်တိုင် သိနားလည်စေနိုင်ဖို့ ကျွန်မ အများကြီး ကူညီပေးနိုင်ပါတယ်။
ကျွန်မအနေဖြင့် life coachတစ်ယောက်အနေနဲ့ရော health care professionalတစ်ယောက်အနေနဲ့ပါ ဆွေးနွေးတိုင်ပင်ပေးမှာ ဖြစ်ပါတယ်။
လိုအပ်သည့်သူတွေဆီရောက်စေဖို့ မျှဝေပေးစေချင်ပါတယ်။
ကျွန်မရဲ့အိပ်မက်ကို အကောင်အထည်ဖော်စေသည့် ဒီ baby stepsလေးတွေနဲ့ စတင်နေပါတယ်။
ကျန်းမာပျော်ရွှင်သော လူမှုအသိုင်းအဝိုင်းလေး တစ်ခုဖြစ်စေဖို့ ရည်ရွယ်လျက်
ချစ်ခြင်းများစွာဖြင့်
အမရီ
Life and Health Coach
18th August 2025
04/07/2025
အိပ်စက်ခြင်း လုံလောက်မှု ရှိ မရှိ သိနိုင်သည့်နည်းလမ်းများ
ကျွန်မတို့ လက်ရှိကာလတွေမှာ ညဘက် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ဖို့က မလွယ်ကူတာ အားလုံးသိကြမှာပါ။
အိပ်စက်မှု မလုံလောက်ခြင်းက ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေကို တငွေ့ငွေ့နဲ့ယိုယွင်းစေတဲ့ တရားခံလည်း ဖြစ်ပါတယ်။
အထူးသဖြင့် မိခင်များ၊ အမျိုးသမီးများသည် တစ်အိမ်လုံး ပုံမှန်လည်ပတ်နိုင်စေရန် အဓိက လုပ်ဆောင်ရတဲ့သူမို့ အိပ်စက်မှု နာရီ အလုံအလောက်ရှိရန် လိုအပ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပေမဲ့ ပျမ်းမျှ၇ နာရီ ရလျှင် အဆင်ပြေနိုင်ပါတယ်။ သို့သော်လည်း မလန်းဆန်းတာ ပင်ပန်းနွမ်းနယ်နေတာ မောနေတာဆိုလျှင်တော့ အခြားအကြောင်းရင်းတွေ ဆက်ရှာရန် တိုက်တွန်းလိုပါတယ်။
ကျွန်မတို့ရဲ့ အိပ်စက်တဲ့ပုံစံကို ပြန်ဆန်းစစ်ကြည့်ရအောင်။
၁။ ကိုယ့်ရဲ့ခံစားမှုနှင့် ဆန်းစစ်ခြင်း
🌛၁၅ မိနစ်အတွင်း အိပ်မောကျသွားလား။
🌛တစ်ညလုံး ၁ -၂ကြိမ်သာ နိုးပါသလား။
🌛အိပ်ရာကနိုးလာတဲ့အခါ လန်းဆန်းနေပါသလား။
ဒါမှမဟုတ် အပေါ်ကအချက်တွေနဲ့ ပြောင်းပြန်ဖြစ်နေလား။
🌚 ကော်ဖီအပေါ် လုံးဝအားထားနေရသလား။
🌚နေ့ခင်း တစ်ရေးတစ်မော အိပ်ဖို့ လိုအပ်နေသလား။
🌚စိတ်ဂဏှာမငြိမ်ဖြစ်နေသလား၊ အာရုံစူးစိုက်ရန် ခက်နေပါသလား။
ဒီအချက်များဖြင့် သင့်ရဲ့ အိပ်စက်မှုကို ခြေရာခံကြည့်နိုင်ပါတယ်။
၂။ အိပ်စက်ခြင်းကိုတိုင်းတာပေးတဲ့ စက်ပစ္စည်း (Smart watch & Helio ring) ကို ကိုယ်နှင့်အတူ ဝတ်ဆင်ထားခြင်းဖြင့်လည်း အတိအကျ သိရှိနိုင်ပါတယ်။
Polysonography (အိပ်စက်ခြင်းကို လေ့လာတဲ့စက်)ဖြင့်လည်း သိရှိနိုင်တယ်ဆိုပေမဲ့ ဒီနည်းလမ်းကတော့ ဆေးရုံဆေးခန်းကြီးတွေမှာ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ပြုလုပ်နိုင်ပါတယ်။
၃။ အိပ်စက်ခြင်းအတွက် အပတ်စဥ် အမှတ်ပေးတဲ့ Tools များဖြင့် သိနိုင်ပါတယ်။
[Pittsburgh Sleep Quality Index]
၄။ အိပ်စက်မှုကို ခြေရာခံခြင်း
🕘အိပ်စက်ချိန် အိပ်ရာထချိန်တွေကို ရေးမှတ်ထားခြင်း၊
🕘အိပ်စက်ရာတွင် အနှောင့်အယှက်ရှိနေခြင်း၊
🕘ကိုယ့်ရဲ့ စိတ်အခြေအနေ၊
🕘အရက်/ကော်ဖီသောက်သုံးမှုတို့ကို သေချာ မှတ်သားထားခြင်းဖြင့် ကိုယ့်ကိုကိုယ် နားလည်သဘောပေါက်နိုင်ပါတယ်။
အကယ်၍ သင်သည် သင့်ရဲ့အိပ်စက်ချိန်ကို ပိုကောင်းလာစေချင်တယ်ဆိုလျှင်
🌙ပုံမှန် အိပ်ချိန် တစ်သမတ်တည်း ထားရှိခြင်း၊
🌙 မအိပ်ခင် ၁-၂နာရီခြားပြီး TV screen, Phone Screenမကြည့်ခြင်း၊
🌙မိမိအိပ်ခန်းကို အိပ်စက်ရန်အတွက် အေးစက်ပြီး အလင်းရောင်မရှိစေခြင်း၊
🌙ညနေဘက်ကစပြီး ကော်ဖီနှင့်လက်ဖက်ရည် ရှောင်ခြင်း၊
🌞မနက်စောစော နေရောင်ကို ခံယူခြင်းဖြင့် အိပ်စက်ခြင်းကို အားပေးတဲ့ melatonin ကို ပိုပြီး ထုတ်လွှတ်စေတဲ့အတွက် လူကို အိပ်ပျော်စေပါတယ်။
ကျွန်မကို အိပ်ပျော်စေပြီး စိတ်ဖိစီးမှုမှ သက်သာစေသော
🤸♀️NSDR Yoga Nidra- Ally Boothroyd
💤SleepTube-Hypnotic relaxation
💥Boho beautiful Yogaတို့ကိုလည်း နားဆင်ပြီး အိပ်နိုင်ပါတယ်။
အားလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး ကောင်းသောအိပ်မက် မြင်မက်နိုင်ပါစေ။
မေတ္တာဖြင့်
AMARI
Life Coach & Hypnotist
4th July 2025
01/07/2025
AMARI Coachingမှ Program အသစ်တစ်ခု ဖြစ်တဲ့ " Thrive in a status of Caregiver to a Leader"ကို ဒီနေ့မှာ မိတ်ဆက်ပေးပါရစေ။
ကျွန်မတို့ပတ်ဝန်းကျင်မှာ အမျိုးသမီး ရာခိုင်နှုန်း တော်တော်များများသည် မိဘ ဇနီး ဆွေမျိုးသားချင်း သားသမီး စသည့် ခေါင်းစဥ် အမျိုးမျိုးဖြင့် Caregiver Roleကို ယူနေကြရပါတယ်။ ထိုသို့ တာဝန်ယူရသည့်အခါ မြန်ဆန်နေတဲ့ခေတ်အနေအထားနှင့်အညီ အားထုတ်ရသည့်အတွက် စိတ်ရော ကိုယ်ပါ အားကုန်လာကြပါတယ်။
အမျိုးသမီးအများစုသည် သူတို့၏ရင်ထဲက ဆန္ဒများကို ဖုံးဖိရင်း ရွှေ့ဆိုင်းရင်း အချိန်တွေ လွန်သွားကြပါတယ်။ သူတို့ကိုယ်တိုင်ရဲ့ အစစ်အမှန်တန်ဖိုးထားမှုတွေ တဖြည်းဖြည်း ပျောက်ဆုံးလာကြပါတယ်။
ကျွန်မရဲ့ ရည်ရွယ်ချက်က အဲဒီ အနေအထားကနေ သူတို့ကိုယ် သူတို့ သတိရှိလာပြီး ဂရုစိုက်တတ်လာမယ်။ မိမိကိုယ်ရော အခြားသူတွေအပေါ် ချစ်တတ်လာမယ်။ ချလိုက်တဲ့ဆုံးဖြတ်ချက်များအတွက် တာဝန်ယူတတ်လာမယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာခွန်အား ပြင်ပက ကူညီစောင့်ရှောက်မှုတွေကို လိုအပ်နေတဲ့ သူတို့မိသားစုဝင်ဆီ ပြန်ပြီး မျှဝေပေးနိုင်ရန် ဖြစ်ပါတယ်။
Julyလ တစ်လအတွင်း
🍀weekly coaching session
🍀 ကိုယ် စိတ် နှလုံး ၃ပါးလုံး မျှတကျန်းမာစေဖို့ holistic approachနှင့် ချဥ်းကပ်ခြင်း
🍀Hypnosis-စိတ်ညှို့အိပ်မွေ့ချခြင်းဖြင့် ကိုယ်စိတ်နှလုံး အနားယူစေခြင်း
🍀မိမိကိုယ်ကို ဂရုစိုက်ခြင်း မိမိကိုယ်ကို ယုံကြည်မှု ရှိလာခြင်း မိမိကိုယ်ကို ဦးဆောင်လာနိုင်စေခြင်းဖြင့် အကောင်းဆုံး ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ကျွန်မ ပြင်ဆင်ထားပါတယ်။
Julyလမှာ မွေးတဲ့သူကို the nurturer ပြုစုစောင့်ရှောက်တတ်သူလို့ သိကြပြီး ကျွန်မက Cancer decansထဲ ပါလို့ ဒီprogramကို Julyလမှာ စီစဥ် ပေးခြင်း ဖြစ်ပါတယ်။
အခုလက်ရှိ သင်ဟာ မိသားစုဝင် တစ်ဦးဦးကို ပြုစုစောင့်ရှောက်နေရပြီး သင့်ကိုယ်သင် အားမလို အားမရ ဖြစ်နေတာ၊
ပင်ပန်းပြီးခြေကုန်လက်ပန်းကျနေတာ၊ သင့်အတွက် အဖြေ တစ်ခု ရှိရမယ်ဆိုပြီး ရှာဖွေတာ ဆိုလျှင်တော့ ဒီprogramမှာ ပါဝင်ဖို့ commentမှာ "Thrive🍀"လို့ ရေးပေးခဲ့ပါ။ ကျွန်မ လိုအပ်တဲ့သူများကို စိစစ်ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။
ကျွန်မ ကိုယ်တိုင် လျှောက်လှမ်းနေဆဲ လမ်းလေးဖြစ်တာကြောင့် သင်တို့ ကြုံတွေ့သမျှကို အပြည့်အဝနားလည်ပေးနိုင်ပြီး သင်တို့အတွက် အကောင်းဆုံး ခရီးဖော် ဖြစ်တယ်ဆိုတာ စိတ်ချယုံကြည်နိုင်ပါတယ်။
ကျွန်မ ရည်ရွယ်ထားတဲ့ ဒီအမျိုးသမီးတွေကို ကူညီပြီး ပြောပြပေးနိုင်ပါတယ်။
အမျိုးသမီးများအား မိမိကိုယ်ကို အကောင်းဆုံးဦးဆောင်နိုင်စေဖို့ ရည်ရွယ်လျက်
ချစ်ခြင်းဖြင့်
AMARI
Life Coach & Hypnotist
1st July 2025
27/06/2025
ကျွန်မတို့ပတ်ဝန်းကျင်မှာ ရှိတဲ့အမျိုးသမီးများဟာ သူ့ပင်ကိုယ်ဗီဇကြောင့်ဖြစ်စေ အသက်မွေးဝမ်းကြောင်းပညာရပ်ကြောင့်ဖြစ်စေ Caregiver roleကို ယူနေကြရပါတယ်။ အဲလိုယူရတဲ့အချိန်မှာ အများစု ဖြစ်တတ်တာက မိမိကိုယ်တိုင်ရဲ့ ကျန်းမာရေးကို မေ့လျော့ပေါ့ဆတတ်ကြပါတယ်။
လိုအပ်ချက်များလာတဲ့ လူနာ တစ်ယောက် သို့မဟုတ် စောင့်ရှောက်ပြုစုနေရတဲ့ အဘိုးအဘွား ကလေးသူငယ်များအပေါ် ဖြည့်ဆည်းပေးနိုင်ဖို့ ရုန်းကန်နေရပြီး မိမိကိုယ်ပိုင်အချိန်များ တဖြည်းဖြည်း နည်းသည်ထက် နည်းလာကြပါတယ်။ ဒီအခြေအနေဟာCaregiver roleကို ယူနေရတဲ့မည်သူမဆို ကြုံတွေ့နေကြရပြီး ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲဆိုတာကို စိတ်ဝင်စားလာကြပါတယ်။
ကျွန်မကိုယ်တိုင်က အသက်မွေးဝမ်းကြောင်းပညာရပ်ကြောင့်ရော ဗီဇအပြင် ဝတ္ထရားအရ caregiver roleကို ယူနေရတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ Caregiverတစ်ယောက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြားသော ဘဝကဏ္ဍများမှာပါ ကြီးမားသော သက်ရောက်မှုရှိတာကို ကျွန်မ နားလည်သိရှိခဲ့ရပါတယ်။
ကျွန်မတို့ Caregiversတွေဟာ မိသားစုအတွက် ပတ်ဝန်းကျင်အတွက် အင်မတန်မှ အရေးကြီးပါတယ်။ သူကိုယ်တိုင် ပျော်ရွှင်ကျန်းမာနေမှသာ သူ့ကို စိတ်ခွန်အားပိုင်းဆိုင်ရာ စောင့်ရှောက်မှုပိုင်းဆိုင်ရာ မှီခိုနေကြရတဲ့သူများအပေါ် အကောင်းဆုံး စောင့်ရှောက်ပေးနိုင်ပါလိမ့်မယ်။
ကျွန်မ ဒီလာမဲ့ Julyလမှာ Caregiver roleကို တာဝန်ယူနေရတဲ့ အမျိုးသမီး (၁၃)ယောက်အတွက် Coaching Session (4) ခုအပြင် Hypnosis session တစ်ချိန်ကိုပါ ထည့်ပြီး လုပ်ပေးသွားဖို့ ပြင်ဆင်နေပါတယ်။
ကျွန်မ ယုံကြည်တာက Caregiver's mindsetကို အကောင်းဆုံးပံ့ပိုးပေးနိုင်ခြင်းက အကောင်းဆုံးသော မေတ္တာနှင့်ယှဥ်တွဲနေထိုင်ခြင်းပဲ ဖြစ်ပါတယ်။ မေတ္တာတရားကို ကျွန်မတို့ ဒီထက်မက ပေးနိုင်ဖို့ ကျွန်မတို့ ကိုယ့်ကိုယ်ကို သိနားလည်ဖို့ အထူးလိုအပ်ပါတယ်။
ကျွန်မရဲ့ ရက်ရောလှတဲ့ ကမ်းလှမ်းချက်ကို လိုအပ်တဲ့သူများဆီ ရောက်နိုင်ဖို့ မေတ္တာနှင့် တစ်ဆင့်စကားပါးပေးခြင့်ဖြင့် ကူညီနိုင်ပါတယ်။
မေတ္တာများစွာဖြင့်
Amari
Life Coaching & Hypnotist
27th June 2025
03/07/2024
ကျွန်မတို့နေ့စဥ်ဘဝမှာ အမျိုးသမီးတိုင်း မယူမဖြစ်ယူနေရတဲ့တာဝန်တစ်ခုက ပြုစုစောင့်ရှောက်ပေးခြင်းပဲ ဖြစ်ပါတယ်။ မိဘနှင့်အတူနေသူက မိဘတွေကို၊ ကိုယ့်မိသားစုနှင့်ကိုယ်ကျတော့ သားသမီးနေမကောင်းလည်း ကိုယ်ကပြုစုရ ကိုယ့်အိမ်ထောင်ဖက်နေမကောင်းလည်း ကိုယ်ကပြုစုရနှင့် တကယ်ကို အားလပ်ချိန်မရှိကြတာ များပါတယ်။ ဒီကြားထဲ အဲဒီတာဝန်ကို ယူမယ့်သူက အလုပ်လုပ်နေရတယ်ဆိုရင် စိတ်ရော လူပါ ခြေကုန်လက်ပန်းကျနှုန်းကပိုများပါတယ်။
ဒီနေ့ခေတ်မှာ burnoutဖြစ်ကြပြီး နောက်ဆက်တွဲဝင်လာတဲ့ပြသနာတွေကြုံရမှပဲ အသိတရားတွေ ရတတ်ကြပါတယ်။ ဥပမာ အိမ်ရှင်မတစ်ယောက်က အိမ်အလုပ် ကလေးအလုပ် မလစ်ဟင်းအောင်ရသည့်အပြင် ကျန်းမာရေး လူမှုရေး များကိုပါ ဝတ္ထရားမပျက်အောင်လုပ်ဆောင်နေရင်း မိမိကိုယ်ကို ဂရုစိုက်ပြီး လိုအပ်တာတွေ လုပ်ပေးဖို့ တဖြည်းဖြည်း မေ့လျော့လာကြပါတယ်။ အခြေအနေတစ်ခုကို ကြုံလာတဲ့အခါ ဒေါသထွက်လွယ်မယ်၊ စိတ်ဆိုးလွယ်မယ်၊ သည်းခံဖြေရှင်းနိုင်တဲ့ ဆင်ခြင်တုံတရား ပျောက်သွားမယ်။ ကြုံနေတဲ့ပြသနာက ပိုကြီးလာမယ်။ ဖြေရှင်းရခက်လာမယ်။ အဲဒီလို အနေအထားမရောက်အောင် ကျွန်မတို့တွေ အောက်မှာ ဖော်ပြထားတဲ့ပုံလေးထဲကလို တစ်နေ့မှာ ကိုယ်ဘယ်နှစ်ခု လိုက်ပြီး လုပ်ဆောင်နိုင်မလဲ ဆိုတာကို ကိုယ့်ရဲ့တစ်နေ့တာအချိန်မှာ ရှာကြည့်ဖို့ တိုက်တွန်းပါတယ်ရှင်။ကိုယ့်မှာရှိတဲ့ အချိန်ပေါ်မူတည်ပြီး ကိုယ်တကယ်အနားယူချင်သည့်ပုံစံကိုလည်း ဆက်ဆက်အကောင်အထည်ဖော်ပါနော်။အမျိုးသမီးလေးများ ကိုယ့်ကိုကိုယ် အချိန်ပေးပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါမှသာ စိတ်ရော လူရော ကျန်းမာရွှင်လန်းစွာ ခွန်အားအပြည့်နှင့် ကြုံလာသည့်အခြေအနေဆိုးတွေကိုဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်ရှင်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11091
Opening Hours
| Tuesday | 09:00 - 11:00 |
| Wednesday | 09:00 - 15:00 |
| Thursday | 09:00 - 15:00 |
| Friday | 09:00 - 11:00 |
| Saturday | 10:00 - 16:00 |
| Sunday | 10:00 - 15:00 |