English learning
22/09/2021
Care
သွေးပေါင်ကျဆေး အုပ်စုကြီး (၄) ခု 🏥
--------------------------------------
သွေးပေါင်ကျဆေး ဘယ်တစ်ခု သောက်သောက် သွေးပေါင်ကျရင် ပြီးတာပဲလို့ ယူဆရင် အကြီးအကျယ်မှားပါလိမ့်မယ်။ ‼️
သွေးပေါင်ကျဆေးတွေက တံဆိပ်အစုံပဲ ဘာတွေမှန်း မသိတော့ဘူးဆိုရင် ဒီစာကို အကြမ်းဖျင်းဖတ်လိုက်ပါ။
အများဆုံး ပေးတတ်တဲ့ သွေးပေါင်ကျဆေးက A,B,C,D ဆိုပြီး အုပ်စုကြီး (၄) ခုထဲက ပေးတာများပါတယ်။
အုပ်စု (A) -
-သွေးထဲမှာရှိတဲ့ သွေးတိုးစေတဲ့ဓါတ်ကို သွားထိန်းပါတယ်။
- (A) အုပ်စုဝင်ဆေးများ - ACEi, ARB တွေ ဖြစ်တဲ့ Captopril, Enalapril, Lisinopril, Ramipril, Telmisartan, Losartan, Valsartan
အုပ်စု (B)
- နှလုံးခုန်နှေးစေပြီး သွေးတိုးကျစေပါတယ်။
- (B) အုပ်စုဝင်ဆေးများ - Atenolol, Metoprolol, Bisoprolol, Labetolol, Propanolol
အုပ်စု (C)
- သွေးကြောများကို ကျယ်စေ၍ သွေးပေါင်ထိန်းညှိပေးပါတယ်။
- (C) အုပ်စုဝင်ဆေးများ - Amlodipine, Nifedipine, Verapamil, Diltiazem
(အချို့ဆေးများက နှလုံးခုန်ပါနှေးစေပါတယ်)
အုပ်စု (D)
- ဆီးသွားစေ၍ သွေးပေါင်ကျစေပါတယ်။
- (D) အုပ်စုဝင်ဆေးများ - Hydrochlorothiazide, Chlorthalidone, Spironolactone, Furosemide
ဘယ် ဆေး အရင်ရွေးပေးမလဲ ဆိုတာက လူနာရဲ့ အသက်အရွယ် နဲ့ ရောဂါအခံရှိတာတွေအပေါ်မူတည်ပါတယ်။
ဥပမာ - (A) အုပ်စုဝင် ဆေးတွေက ဆီးချိုသမား တွေမှာ ကျောက်ကပ်ထိတာကို ကာကွယ်ပေးပြီး၊ နှလုံးထိထားတဲ့သူတွေမှာ အမောဖောက်တဲ့ အကြိမ်ရေကို လျှော့ချပေးနိုင်ပါတယ်။
အုပ်စုဝင် (D) တွေက တော့ လေဖြတ်ထားတဲ့လူနာတွေနဲ့ နှလုံးအားနည်းတဲ့သူတွေမှာ ပိုအသုံးဝင်ပါတယ်။
ဆိုလိုတာက အချို့ဆေးတွေက သွေးတိုးလည်းကျစေတဲ့ အပြင် အခြား အာနိသင်ပါတွဲရှိနေတာပါ။ 👍👍
အဲဒါအပြင် အုပ်စု တစ်ခုထဲမှာတောင် ဘယ်ဟာက ဘယ်ရောဂါအတွက် ပိုကောင်းတယ်ဆိုတာ ရှိပြန်ပါတယ်။
(C) အုပ်စုဝင်ဆေးတူတူပဲ ဖြစ်တဲ့ Amlodipine နဲ့ Nifedipine မှာတောင် Nifedipine က ကျောက်ကပ်သမားတွေ အတွက် ပိုကောင်းတယ် ဆိုတာမျိုးပါ။............................
သွေးတိုးကျဆေး တွေမှာ Mortality Benefit (အသက်ရှည်တဲ့အကျိုး) ဆိုတာလည်း အရေးကြီးပါတယ်။
ဆိုလိုတာက ဆေး ၂ မျိုး သွေးပေါင်ကျ စေတာချင်း တူနေရင်တောင်မှ ဆေးတစ်မျိုးက ပိုအသက်ရှည်စေတာပါ။
ဆေးပေးတဲ့ ဆရာဝန်က ထွက်သမျှ သုတေသန စာတမ်းတွေကို မျက်ချည်မပြတ် ဖတ်ထားဖို့လိုပါတယ်။
သွေးပေါင်ကျရုံ ဆေးပေးတာကတော့ လမ်းထိပ်က ကွမ်းရာသည်လည်း ပေးတတ်သလို ဆေးအကြောင်းနားမလည်တဲ့ အမျိုးတွေအချင်းချင်းလည်း ညွှန်းတတ်ပါတယ်။
သွေးပေါင်ကျရုံလေးပဲဆို ဆရာဝန်မလိုပါဘူး။ 😅
(*** သွေးတိုးကုတယ်ဆိုတာ ကိန်းဂဏန်းကို ကုတာမဟုတ်ဘဲ အသက်ရှည်အောင်နဲ့ အနာရောဂါကင်းရှင်းအောင် ကုရတာပါ).............................
အခြား အုပ်စုဝင် အသေးလေးတွေမှာတော့ အခြေအနေပေါ်မူတည်ပြီး သုံးတဲ့ ဆေးတွေ ရှိပါတယ်။
Prazosin, Terazosin, Doxazosin တွေက သွေးတိုးတာနဲ့ ဆီးကျိတ်ကြီးတာတွဲရင် သုံးပါတယ်။
နောက်အုပ်စုဝင်တွေကတော့ ဆေးရုံတွေ ပေါ်မှာပဲ အရေးပေါ် သွေးတိုးကျရန် ပေးတာများပါတယ်။..............................
ဆေး တစ်ခုနဲ့ မရရင် အခြားအုပ်စုဝင်တွေနဲ့ တွဲပေးပါတယ်။ အတွဲအများဆုံးက
A+C
C+D
A+D
A+C+D တွေ ဖြစ်ပါတယ်။
အုပ်စုတစ်ခုထဲက ဆေးအတူတူ နှစ်ခု ပေးတာ အလွန်တရာမှ ရှားပါတယ်။
👍အုပ်စုပေါင်းပေးတာက တစ်ခုထဲ ပမာဏများများ သောက်တာထက် ဘေးထွက်ဆိုးကျိုးနည်းပြီး အကျိုးရလာဒ်များလို့ သွေးပေါင်ပေါ်မူတည်ပြီး သောက်သင့်ပါတယ်။
*** အချို့ တွဲမသောက်သင့်သည့် ဆေးများရှိသည့်အတွက် သွေးပေါင်ကျဆေးလည်း ဆရာဝန် နဲ့ ပုံမှန်ပြပြီး သောက်သင့်ပါတယ်။‼️‼️
(တစ်ခုချင်းဆီရဲ့ ဘေးထွက်ဆိုးကျိုး နဲ့ အသုံးကတော့ နောက်မှ အသေးစိတ်ရှင်းပါမယ်၊ စိတ်ဝင်စားရင်ပဲဖြစ်ဖြစ် ကိုယ့်မိဘ၊ ဆွေမျိုး၊ ချစ်ခင်ရသူတွေအတွက် သိထားချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် Like & Share လုပ်ထားလို့ ရပါတယ်) 🥰
Dr. Kevin
M.B.,B.S, MRCP (UK)
#သွေးတိုး
#သွေးတိုးကျဆေး
#သွေးထိန်းဆေး
#သွေးပေါင်ကျဆေး
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon