Grab Et - Smart Gadgets Store

Grab Et - Smart Gadgets Store

Share

Photos from Grab Et - Smart Gadgets Store's post 11/07/2023

🎉 ° Biggest Clearance Sale ° 🎉

Admin တို့ Stock Clearance လေးလုပ်ချင်တာမို့ လက်ကားဈေးလို့တောင်ပြောလို့မရတဲ့ အတန်ဆုံး ဈေး‌ေလးတွေနဲ့ ချပေးထားပါတယ်ခင်ဗျာ .. နောက်တခါ မရနိုင်မယ့် အခွင့်အရေးမို့ နောက်မှ နောင်တ မရရအောင် အခွင့်အရေးရတုန်း နှစ်ခါမစဉ်းစားနေနဲ့တော့ဗျာ 🙌🏻

တချို့ ပစ္စည်းတွေဆို Stock 1 ခု 2 ခု သာ ကျန်တော့တာလေးတွေပါဗျ 💥

Grab Et က ဈေးနဲ့ Quality အတန်ဆုံး ပစ္စည်းတွေကို ရောင်းချပေးနေတာမို့ နဂိုဈေးနဲ့တောင် တန်နေပြီးသား ပစ္စည်းတွေကို အခုလိုဈေးနဲ့မို့ တန်တန့် တန်တန် တောင် မြည်နေသေးသဗျာ 🎉🎉

Photos from Grab Et - Smart Gadgets Store's post 15/06/2023

75000 တည်းနဲ့ AMOLED ကိုမှ ဘောင်ပါးပါးလေးရမယ့်အပြင် ရွတ်သမျှ Function အကုန်ပါမယ့် Smart Watch လေးတစ်လုံး နဲ့ မိတ်ဆက်ပေးမယ် ❤️‍🔥

HBAND G98 - 75000 Ks

ဘာမှမပြောခင် HBAND ဆိုတာ ဘာ Brand ကြီးလဲ နာမည်မရှိ i watch ပုံစံဒီဇိုင်းနဲ့ ပေါပေါပဲပဲ Smart Watch ကြီးလား ဖစ်နေမှာစိုးလို့ Brand နဲ့ အရင်မိတ်ဆက်ပေးပါမယ် .. HBAND က တရုတ် E Commerce Platform တွေမှာတောင် ဆိုင်တိုင်းတင်ရောင်းတာမဟုတ်ပါဘူး .. တရုတ်နိုင်ငံအတွက်အဓိက မဟုတ်ပဲ International Market ကို Target ထားတာမို့ Manual Book နဲ့ Packaging Box မှာဆို တရုတ်စာ တစ်လုံးတောင်မပါပါဘူး .. Admin ယူပြီးရောင်းတဲ့ Wholesaler ဆိုရင် Lenovo , Mibro , QCY , Haylou , Xiaomi တို့လို P2P မှာ ဆရာကျတဲ့ တရုတ် Brand သီးသန်းကို ကိုင်တဲ့ Authorized Dealer ဖြစ်တာမို့ တော်ရုံ ပေါပေါပဲပဲဆို သူက Dealer မယူတတ်ပါဘူး .. ဒီ HBAND က သူ့အသစ်ထပ်ယူထားတဲ့ Brand တစ်ခုပါပဲ .. သူမှာလောလောဆယ် Smart Watch 5 ခု ထွက်ထားတာ တွေ့ရပြီး Admin သဘောအကျဆုံးဖြစ်ရတဲ့ G98 ကိုအခု တင်ရောင်းပေးထားပါတယ်

HBAND က ဘယ်လို Brand လဲ ..?

ထုံးစံအတိုင်း Price To Performance အသားပေးတဲ့ QCY တို့ Haylou တို့လို Brand အသစ်တစ်မျိုးပါ .. လောလောဆယ် SmartWatch 5 မျိုးထိထွက်ထားတာမို့ Smart Watch သီးသန့်ထုတ်တာလားဆိုတာ မပြောတတ်သေးပါဘူး .. သူက Mibro ထက်ပိုဈေးသက်သာတဲ့ QCY တို့ Haylou တို့ထက်တောင် ဈေးသက်သာအောင်ထုတ်ထားတာမို့ Packaging ပိုင်းကိုတော့ ဝိတ်လျော့ထားပါတယ် .. ဒါကလဲ 75000 ပေးရပြီး AMOLED အပြင် Function တော်တော်စုံစုံ ကိုပြန်ရမယ့် P2P Watch တစ်လုံးအတွက် Packaging က အဓိက မကျ လောက်ဘူးလို့တော့ထင်ပါတယ်ဗျ ..

G98 ရဲ့ အားသာချက်တွေက ဘာတွေလဲ ..?

Brand အကြောင်းကို admin သိသလောက်ပြောပြပြီးပြီမလို့ အခု Model G98 အကြောင်း ပြောပြပေးပါမယ် .. Admin သိတဲ့ QCY , Haylou, Mibro တို့မှာလဲ 75000 ၀န်းကျင်မှာ နာရီတစ်လုံးရနိုင်တာပဲ ဆိုပေမယ့် အခု G98 လိုတော့ AMOLED Panel မရနိုင်တဲ့အပြင် Functions စုံစိနေအောင် ထည့်ပေးထားတာတော့ Admin မတွေ့ဖူးသေးပါဘူး .. အကြိုက်ဆုံးအချက်က Bazel လို့ခေါ်တဲ့ နာရီဘေးဘောင်တွေက 1 သိန်းကျော်ပေးရတဲ့ နာရီတွေထက်တောင် ပိုပြီး သိသိသာသာ ပါးနေတာပါပဲ .. ဘေးဘောင်အမဲတွေကို လုံး၀မမြင်ရတာက ကိုယ်တကယ်သုံးတဲ့အချိန်မှာရတဲ့ User Experience က ရှယ်ပါပဲ .. AMOLED Panel ကို ဘေးဘောင်မရှိ Screen အပြည့် နဲ့ဆိုတော့ ဘယ်လောက်တောင် ကြည့်ရတာ အရသာရှိလိုက်မလဲ တွေးကြည့်လို့ရနေပါပြီဗျ

Functions စုံတယ်ဆိုတာဘာလဲ ..?

QCY , Haylou, Mibro တို့မှာဆို Health Function တွေနဲ့အနေနဲ့ Heartrate , Blood Oxygen လောက်သာ တိုင်းနိုင်ပေမယ့် သူ့မှာက Heartrate နဲ့ Blood Oxygen အပြင် Blood Pressure , Blood Glucose အထိပါတိုင်းနိုင်ပါသေးတယ် .. Sensor တွေကလဲ ဈေးပေါလို့မတိကျမှာကိုစိတ်ပူစရာမလိုပါဘူး .. Admin လက်ရှိသုံးနေတဲ့ Haylou Solar Plus က Sensor နဲ့ ယှဉ်တိုင်းကြည့်တာတောင် Results တူတူပဲထွက်ပါတယ် ..

နောက်ထပ် သဘောကျစရာ အချက်တွေက ..?

အကယ်၍ သင်က Watch Face များတာထက် Always On Display က Dial နဲ့ Watch Face နဲ့ အပြောင်းအလဲမှာ Consistency ရှိတာကို သဘောကျတဲ့သူဆိုရင် ဒီ G98 က ရွေးချယ်ချင်စရာ ထိပ်ဆုံးက ပါပါတယ် .. AOD ကို ပုံစံ ၄ မျိုးထားလို့ရပြီးတော့ AOD နဲ့ Match ဖြစ်တဲ့ Watch Face တွေပါ ပါတာမို့ AOD ကနေ Main Watch Face အပြောင်းအလဲတွေမှာ ကြည့်ရတာ အရမ်း Smooth ဖြစ်ပြီး မျက်စိအရသာ ရှိပါတယ် .. တခြား Heath Monitoring အတွက် လိုအပ်တဲ့ Pressure, MET , HRV , Breath , Menstruation Cycle , Sleep Tracker တို့လဲ ပါပါသေးတယ်ဗျ .. Design အနေနဲ့လဲ လူကြီးလူငယ် မိန်းကလေး ယောက်ျာလေး မရွေးအဆင်ပြေအောင် ပါးပါးကျစ်ကျစ် ရှိတဲ့အပြင် လက်မှာ Weight ရှိတာမကြိုက်တဲ့လူတွေအတွက် အလေးချိန်ကလဲ ပေါ့ပေါ့ လေးပဲရှိပါတယ် ..

အားနည်းချက်က ဘာရှိလဲ ..?

အားနည်းအချက်အနေနဲ့ကတော့ မြန်မာနိုင်ငံအတွက် Target ထားထားတာမဟုတ်တို့ မြန်မာ Font မမြင်ရတာနဲ့ Admin တို့က OS အသေးပဲရှိသေးတာမို့ Warranty မပေးနိုင်တာလေးပဲရှိပါမယ်ဗျ ..

မှာယူချင်တဲ့သူတွေအနေနဲ့ ငွေကြိုရှင်းစရာမလို Ninja Van ရောက်နိုင်တဲ့ နေရာမှန်သမျှ အိမ်အရောက် ရောက်မှရှင်း စနစ် နဲ့ မှာယူနိုင်ပါတယ်ခဗျ .. ရန်ကုန်မြို့တွင်းဆို Deli ခ အနည်းဆုံး 2000 ကျပ်မှ စတင်ပြီး COD စနစ် နဲ့မှာယူနိုင်ပါတယ်ခင်ဗျ

Ph - 09 42511 7209
Address - တိုက် ၇၁ ၊ ဧရာ၀တီလမ်း (ဆင်မင်းလမ်းဘက်ခြမ်းလမ်း ဧရာ၀တီလမ်း ဆိုင်းပုဒ်မရှိတဲ့ဘက်) ၊ အလုံမြို့နယ် ၊ ရန်ကုန်မြို့
( ဆိုင်မဟုတ်တာမို့ မလာခင် ဖုန်းလေးကြိုဆက်ပေးပါခင်ဗျာ )

Photos from Grab Et - Smart Gadgets Store's post 02/05/2023

Over-Ear Headphones တွေကိုမှကြိုက်တတ်တဲ့ ကာကာတွေအတွက် Haylou ရဲ့ S35 ANC လေးရောက်ထားပါတယ်ခင်ဗျ .. 1 သိန်းစွန်းစွန်းလေးပဲ ပေးရပေမယ့် Haylou ကတော့ သူ့တို့ Chinese ဈေးကွက်မှာ နာမည်ရပီးသား Over-Ear Headphones တွေနဲ့ သေချာ ယှဉ်ပြထားပြီး ဈေးပိုသက်သာနေတာတောင်မှ တချို့နေရာတွေမှာ ပိုပီးတော့တောင်မှ အားသာနေပါသေးတယ်ဗျ 🤯

ANC လဲပါပြီးသားဖစ်တဲ့အပြင်ကိုမှ Over-Ear Headphones တစ်ခုအတွက် အရေးကြီးတဲ့ အားခံဖို့ , အသံထွက်ကောင်းဖို့ , နားလုံဖို့နဲ့ နားမနာဖို့ အပြင် Design အနေအထားကလဲ လူငယ်ဆန်ဆန် ခပ်လွင့်လွင့် လေးဆိုတော့ Admin ကတော့ တော်တော်လေး သဘောကျနေမိပါပြီ 😍

အဲ့တာအပြင် Bluetooth နဲ့မချိတ်ပဲ 3.5mm Jack နဲ့ချိတ်မယ်ဆိုရင်လဲ ရပါသေးတယ်ခဗျ .. ကြိုးတန်းလန်းသုံးရမယ်ဆိုပေမယ့်လဲ ms delay မရှိတော့မှာနဲ့ Bluetooth ကိုမသုံးရတာမို့ အားပိုခံလာမှာက သူ့ရဲ့ အားသာချက်ပါပဲဗျ .. Device 2 ခုကို တပြိုင်တည်းချိတ်ဆက်ထားပြီး လိုတဲ့အချိန်ကြိုက်သလို ‌ပြောင်းသုံးနိုင်ပါသေးတယ်ဗျ ..

ပြီးတော့ Haylou က App နဲ့ချိတ်လို့မရလို့ဆိုပြီး ညည်းတဲ့သူတွေအတွက် ဒီ S35 ANC က App Control နဲ့ပွဲထွက်လာပြီး Haylou ရဲ့ App Control ရတဲ့ ပထမဦးဆုံး Headphones လဲဖစ်လာပါတယ်ဗျ 😱 အဲ့တော့ App Control မရတာကို စိတ်ပူစရာမလိုတော့ဘူးနော် ... လောလောဆယ်တော့ Dark Blue အရောင်လေး ရနိုင်ပါမယ်ခင်ဗျ ..

ဈေးနှုန်းလေးကတော့ အမတန်မှချိုသာတဲ့ 110000 ကျပ်တည်းပါခင်ဗျာ ✌🏻

Official Website က အချက်အလက်လေးတွေသိချင်ရင်တော့ အောက်က Link မှာကို၀င်ကြည့်နိုင်ပါတယ်ခင်ဗျ 👇🏻
https://haylou.info/s35-anc.html

Photos from Grab Et - Smart Gadgets Store's post 01/04/2023

Earbuds တွေမှာ P2P ကောင်းကောင်းနဲ့ Quality ပိုင်း User Experience ပိုင်းမှာ နာမည်ကောင်းကောင်းကြီးပြီး Myanmar User တွေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ QCY Brand က ထွက်ထားတဲ့ Smartwatch လေးတွေရောက်ပါတယ်ခင်ဗျ ..

အခု Model ကတော့ GTS Model ပါခင်ဗျ .. QCY ရဲ့ ထုံးစံအတိုင်း Function တော်တော်လေးစုံပြီး Bluetooth နဲ့ ဖုန်းပြောလို့ရတဲ့အပြင် Speaker အသေးစားအနေနဲ့ သီချင်းပါ နားထောင်လို့ရနိုင်တာကိုမှ 75000 ကျပ် သာပေးရမှာပါ .. Function ပိုင်းတော်တော်လေးစုံဝာာကိုမှ ဒီဈေးနဲ့ရတယ်ဆိုတာ QCY Brand တခုပဲရှိပါတယ် (စိတ်ချယုံကြည်ရတဲ့ Brand ထဲမှာပြောပါတယ် .. ဘာ Brand မှမသိရတာတွေ မပါပါဘူးဗျ) .. ကြံဖန်အပြင်ပြောစရာဆိုလို့ AMOLED Panel မဟုတ်တာလေးတခုပဲ ရှိပါမယ် .. But guys .. It's just 75000 MMK. What do you expect more , right ? ✌️

QCY GTS Smart Watch က အဓိက အနေနဲ့ ဘာတွေသုံးလို့ရမလဲဆိုရင်

👉🏼 အရေးကြီးဆုံးက 75000 တည်းနဲ့ ဖုန်းခေါ်လို့ရမယ် .. Contact ကို 99 ခုအထိ ထည့်လို့ရမယ် (ဖုန်းနဲ့ချိတ်ပြီး App ထဲကနေ တဆင့် သွင်းရမှာပါ)

👉🏼 သူ့ရဲ့ Speaker က Bluetooth Speaker အသေးစားလို အလုပ်လုပ်တဲ့အတွက် သီချင်းပါ နားထောင်လို့ရမယ် .. ဖုန်းလာရင် နာရီကနေ Ringtone သံထွက်ပါမယ် .. Ringtone သံတော့ပြောင်းလို့မရပါ (ဒီ Function သုံးချင်ရင် Setting ထဲကနေ Media ကို On ပေးရပြီး ပုံမှန်ထက် အားပိုကုန်ပါမယ် )

👉🏼1.85 လက်မ ကျယ်ပြီး ပေါ့ပေါ့ပါးပါး ကျစ်ကျစ်လေးမို့ မိန်းကလေး ယောင်္ကျားလေး မရွေးသုံးလို့အဆင်ပြေမယ် .. နာရီရဲ့ Weight ကိုအတော်လေးကိုမှပေါ့ပါတယ်

👉🏼 Heatrate , Sp02 , Sleep နဲ့ Period တိုင်းလို့ရမယ်

👉🏼 Watchface အများကြီးလဲချိန်းလို့ရမယ် .. ကိုယ့်ပုံကိုယ်ထားလို့ ရတာလဲ ပါပါမယ်

Amoled မဟုတ်တာ Panel Quality က အရမ်းကြီး Fine မနေတာကလဲလွဲရင် Function တော်တော်လေးစုံပြီး Brand ကလဲ အားလုံးသိပြီးသား QCY ပဲမို့ တသိန်းအောက်သုံးမယ်ဆို ၂ ခါ စဉ်းစားစရာကို လိုမယ်မထင်မိဘူးဗျ .. ဈေး 75000 ကျပ်တည်းနဲ့ ၀ယ်ယူနိုင်ပါပြီခင်ဗျ

Photos from Grab Et - Smart Gadgets Store's post 20/02/2023

Haylou Solar Plus , Mibro T1 နဲ့ Mibro TWS လေး‌တွေ ရောက်ပါတယ်ဗျ .. Mibro Lite လေးတော့ လောလောဆယ် မပါလာသေးပါဘူးခင်ဗျ ..

Haylou Solar က ဒီရက်ပိုင်းငွေဈေးတွေတက်နေတာမို့ အမှန်ဆို ဈေးတက်ရမှာဖစ်ပေမယ့် ကြိုမှာထားတဲ့သူတွေ နဲ့ လူစိတ်၀င်စားမှု များနေတဲ့အချိန်မှာ ဈေးမတက်ချချင်သေးလို့ ဒီအသုပ်မှာ အရင်ဈေးအဟောင်းတိုင်းပဲ ရောင်းပေးထားပါသေးတယ်ဗျ .. နောက်တစ်သုပ်ဆိုရင်တော့ ဈေးမဆိုသလောက်လေး တော့ တက်ဖို့ရှိပါမယ်ဗျ 🙏🏻

👉🏻 Grab Et - Smart Gadgets Store မှ TWS Earbuds နဲ့ Smart Watch တွေက Official Distributor တွေကနေ တဆင့် ပြန်ရောင်းချပေးနေတာကြောင့် သုံးပြီးသားမဟုတ်ပဲ ပစ္စည်းအစစ် အသစ် ဖြစ်ကြောင်း 100% အာမခံပါတယ် ခင်ဗျ

👉🏻 အခုမှ စဖွင့်ထားပြီး ဝါသနာအခြေခံပြီး ဈေးသက်သက်သာသာနဲ့ QCY , Haylou , Mibro တို့လို လူတန်းစားမရွေးသုံးနိုင်တဲ့ P2P ကောင်းကောင်း Smart Gadgets တွေကို ရောင်းချပေးဖို့ ဖွင့်ထားတဲ့ Page အသစ်လေးဖြစ်တာကြောင့် လတ်တလော ကာလမှာတော့ Warranty မပေးနိုင်သေးပါဘူးခင်ဗျ

👉🏻 Page အသစ်ဖြစ်နေပေမယ့် လုံး၀ ယုံကြည်စိတ်ချနိုင်ပါတယ်

👉🏻 Delivery ဖြင့် (or) နယ် မှ မှာယူတဲ့ သူတွေအတွက် ယူမှာသေချာတဲ့ ပစ္စည်းကိုတော့ Error မရှိကြောင်းသေချာအောင် သေချာကိုင်တွယ် ဖောက်စစ်ပြီး သေသေချာချာ ပြန်ထည့်ပေးပါတယ်

👉🏻 အပြင်မှာ မျက်မြင်ကိုယ်တွေ လာကြည့်ပြီးမှ ၀ယ်ချင်တဲ့သူတွေအတွက် Admin က Hamster အစားစာ ရောင်းတဲ့ဆိုင်လေးဖွင့်ထားတာမို့ အဲ့ဒီဆိုင်မှာပဲ လာပြီး ကြည့်လို့ရပါတယ် .. Google Map ကနေလဲ Tiffod House Hamster Supplies Store လို့ရိုက်ရှာနိုင်ပါတယ်

👉🏻 မှာယူပြီး ရန်ကုန်မြို့တွင်းဆို ၂ ရက်အတွင်း အရောက်ပို့ပေးပါတယ် .. နယ်ဆို Ninja Van နဲ့ဆို COD ရပါတယ် .. တခြား Delivery Service နဲ့ ကားဂိတ်တင်ပေးရမယ်ဆိုရင်တော့ ငွေကြိုရှင်းပေးရပါတယ်

👉🏻 လိပ်စာ -တိုက် ၇၁ မြေညီ (Tiffod House Hamster Supplies Store Vinyl ချိတ်ထား)
ဧရာ၀တီလမ်း အလုံမြို့နယ် (ဆင်မင်းဈေးရှိဘက်ခြမ်း , အလုံလမ်းဘက်က၀င်)
09425117209

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Ahlone Yangon
Yangon
11121