RBF Plus
RBF Plus is a matching fund that aims to assist micro, small, and medium-sized enterprises (MSMEs) throughout the agrifood value chain to become economically resilient, competitive, and environmentally responsible.
08/07/2026
RBF+ ၏ တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမည်ဖြစ်ကြောင်း - ၂၀၂၆ ခုနှစ်
RBF+ သည် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၄င်းတို့၏ တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ရေရှည်တည်တံ့နိုင်ပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာစေရန်နှင့် သဘာဝပတ်၀န်းကျင် ထိခိုက်မှုကို လျှော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကဏ္ဍကြီး (၃)ခု အောက်တွင် ငွေကြေးအရ အထောက်အပံ့ပေးနေသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။
ယခုအခါတွင် RBF+ သည် တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုအား ‘၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့’တွင် စတင်တော့မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
ပထမနှင့် ဒုတိယအကြိမ် အဆိုပြုလွှာခေါ်ယူမှုများတွင် ဧရိယာ (၃) - “စွမ်းအင်အလေအလွင့် လျှော့ချခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုခြင်း” နှင့် ဧရိယာ (၆) - “လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး” တို့အောက်၌ စီမံကိန်းအများဆုံး လျှောက်ထားအောင်မြင်ခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခု တတိယအကြိမ် အဆိုပြုလွှာခေါ်ယူမှုတွင် အဆိုပါ ဧရိယာ (၃) နှင့် (၆) တို့ကို ထည့်သွင်းခေါ်ယူတော့မည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ထို့အပြင် ဧရိယာ (၈) - “ပြည်ပကုန်စည်ပြပွဲများတွင် လယ်ယာနှင့် စားသောက်ကုန် ထုတ်လုပ်သည့် MSMEs များ၏ ပါဝင်ပြသခြင်း” ကိုလည်း ယခုအကြိမ် ခေါ်ယူမှုတွင် ထည့်သွင်းထားခြင်း မရှိပါကြောင်း အသိပေးအပ်ပါသည်။
ယခုအကြိမ်တွင် ဧရိယာ (၁၀) - “စိုက်ပျိုးမွေးမြူရေးနည်းပညာ၊ သွင်းအားစုနှင့် စက်ကိရိယာ ထုတ်လုပ်သော ကုမ္ပဏီ/လုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း” အား ထပ်တိုးဧရိယာအသစ် တစ်ခုအဖြစ် ထည့်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာအတည်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိပြီး၊ အတည်ပြုချက်ရရှိမှုနှင့် လျှောက်လွှာအသေးစိတ်အချက်အလက်များကို RBF+ ၏ လူမှုကွန်ရက်ပလက်ဖောင်းများ မှတစ်ဆင့် ဆက်လက်အသိပေး ကြေညာသွားမည် ဖြစ်ပါသည်။
တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် ပါဝင်သော ကဏ္ဍအလိုက် ဧရိယာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ကဏ္ဍ (၁)
ဧရိယာ ၁ - တောင်သူလယ်သမားများအတွက် ခေတ်မီသွင်းအားစုများနှင့် နည်းပညာများ
(Modern Inputs and Technologies for Farmers)
ဧရိယာ ၂ - လယ်ယာထွက်ကုန်နှင့် သက်ဆိုင်သော ခေတ်မီနည်းပညာများအား ဒေသတွင်း ထုတ်လုပ်နိုင်အောင် ပြုလုပ်ခြင်း
(Technology Localization for MSMEs)
ကဏ္ဍ (၂)
ဧရိယာ ၄ - ရေသုံးစွဲမှု လျှော့ချခြင်း
(Water Efficiency)
ဧရိယာ ၅ - စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေး ပြန်လည်အသုံးချခြင်း
(Waste Treatment & Recycling)
ဧရိယာ ၇ - အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း
(Food Safety & Value-added Production)
ကဏ္ဍ (၃)
ဧရိယာ ၉ - လယ်ယာထွက်ကုန် ထုတ်လုပ်သော MSMEs များအား အတွေ့အကြုံ ဗဟုသုတများ မျှဝေခြင်း (စျေးကွက်လိုအပ်ချက်၊ စံသတ်မှတ်ချက်များနှင့် အညီ)
(Knowledge Sharing for Farmers & Agrifood MSMEs)
ဧရိယာ ၁၀ - စိုက်ပျိုးမွေးမြူရေးနည်းပညာ၊ သွင်းအားစုနှင့် စက်ကိရိယာ ထုတ်လုပ်သော ကုမ္ပဏီ/လုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်း
(Technology Exposure for Agri-input and Agri-tech Companies)
RBF+ အနေဖြင့် တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းကို မိတ်ဆက်ရန်နှင့် လျှောက်လွှာတင်သွင်းမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမိုနားလည်သဘောပေါက်စေရန်အတွက် အွန်လိုင်းနှင့် လူကိုယ်တိုင်တက်ရောက်နိုင်သော ရှင်းလင်းပွဲ အခမ်းအနားများကို ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။
စိတ်ပါဝင်စားသူများအနေဖြင့် ကြိုတင်လေ့လာနိုင်ရန်အတွက် တတိယအကြိမ်မြောက် အဆိုပြုလွှာနှင့် စပ်လျဉ်းသည့် အချက်အလက်ဖိုင်များနှင့် ကျင်းပမည့်အခမ်းအနား အချိန်ဇယားများကို မကြာမီ အသိပေးသွားမည်ဖြစ်သောကြောင့်၊ ဝင်ရောက်လျှောက်ထားရန် စိတ်ပါဝင်စားသော စီးပွားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့များနှင့် လျှောက်လွှာကူညီရေးသားပေးမည့်သူများ (Service Providers) အနေဖြင့် RBF+ ၏ လူမှုကွန်ရက်ပလက်ဖောင်းများကို စောင့်ကြည့်လေ့လာကြပါရန် တိုက်တွန်းအပ်ပါသည်။
Website - https://rbfmyanmar.com/
Facebook - https://www.facebook.com/rbfmyanmar
Linked In - https://www.linkedin.com/company/responsible-business-fund-plus-rbfplus/
Telegram - https://t.me/rbfplus
Viber - https://shorturl.at/XDv2S
YouTube - https://www.youtube.com/
အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးလိုပါက အောက်ပါဖုန်းနံပါတ်များကို ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ကိုဘုန်းမြတ်သူ - ၀၉ ၄၂၀၇၂၃၂၁၁
မမြတ်မြတ်ဖြိုး - ၀၉ ၇၅၇၇၀၀၆၉၇
မအေးငြိမ်းမိုး - ၀၉ ၅၀၃၂၆၈၀
ကိုပီတာ - ၀၉ ၄၂၈၀၆၁၈၀၃
မအဲလစ်ဇဘတ် - ၀၉ ၇၇၄၂၁၂၄၀၅
[English Version]
RBF+ Announces the 3rd Call for Proposals – 2026
RBF+ is pleased to announce that the 3rd Call for Proposals will officially open on 14 August 2026.
RBF+ is a matching grant funding programme jointly supported by the European Union, Switzerland, and Denmark. It aims to promote the sustainable and inclusive growth of agri-food Micro, Small and Medium Enterprises (MSMEs) within local agricultural value chains, by strengthening their economic resilience, creating new employment opportunities, and contributing to more environmentally sustainable and climate-resilient agrifood systems.
Following the successful implementation of the 1st and 2nd Calls for Proposals, the following thematic areas will no longer be included in the 3rd Call:
• Area 3: Energy Efficiency / Renewable Energy
• Area 6: Occupational Safety and Health (OSH)
• Area 8: Agrifood MSMEs Participation in Trade Fairs
In addition, a new thematic area, “Area 10 – Technology Exposure for Agri-input and Agri-tech Companies” has been proposed for inclusion in this call. However, it is currently pending final approval. Further updates on its approval status and application details for Area 10 will be announced through the official RBF+ social media platforms once confirmed.
📌 Key thematic Areas under the 3rd Call
Window 1
• Area 1: Modern Inputs and Technologies for Farmers
• Area 2: Technology Localization for MSMEs
Window 2
• Area 4: Water Efficiency
• Area 5: Waste Treatment & Recycling
• Area 7: Food Safety & Value-added Production
Window 3
• Area 9: Knowledge Sharing for Farmers & Agrifood MSMEs (aligned with market requirements and standards)
• Area 10: Technology Exposure for Agri-input and Agri-tech Companies (subject to final approval)
RBF+ will organize awareness events both online and in-person to introduce the 3rd Call for Proposals and to support applicants in understanding the application process.
Detailed guidelines, application materials, and event schedules will be shared in the coming weeks. We encourage interested MSMEs, business associations, and service providers to follow RBF+ official channels for updates.
Website - https://rbfmyanmar.com/
Facebook - https://www.facebook.com/rbfmyanmar
Linked In - https://www.linkedin.com/company/responsible-business-fund-plus-rbfplus/
Telegram - https://t.me/rbfplus
Viber - https://shorturl.at/XDv2S
YouTube - https://www.youtube.com/
For further discussion or inquiries, please feel free to contact the following RBF+ team members directly during office hours:
Mr. Phone Myat Thu - +959420723211
Ms. Myat Myat Phyo - +95 9 757700697
Ms. Aye Nyein Moe - +95 9 5032680
Mr. Peter - +95 9 428061803
Ms. Elizabeth - +95 9 774212405
26/06/2026
[English below]
ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် အရေးပါသော ဒေသတစ်ခုဖြစ်ပြီး ထောပတ်သီး၊ ပြောင်းဖူး၊ အာလူး၊ လက်ဖက်နှင့် အခြားတန်ဖိုးမြင့်သီးနှံများ ထုတ်လုပ်ရာတွင် တစ်ထောင့်တစ်နေရာမှ ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ၎င်းဒေသ၏ စိုက်ပျိုးမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးကို ခေတ်မီနည်းပညာများဖြင့် အဆင့်မြှင့်တင်နိုင်ရန် RBF+ အနေဖြင့် ထောက်ပံ့ငွေများ ပံ့ပိုးပေးလျက်ရှိပြီး အဆိုပါ စီမံကိန်းများသို့ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ခရီးစဉ်များအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) မှ အကောင်အထည်ဖော်ဆောင်ရွက်ထားသော စီမံကိန်းများဖြစ်သည့်
• နေရောင်ခြည်စွမ်းအင်သုံး Solar PV Systems များ၊
• စိုက်ပျိုးရေအသုံးပြုမှု ထိရောက်စေသော ဆိုလာရေတင်စနစ် (Solar-powered Pumping Systems) များ၊
• သီးနှံအခြောက်ခံစက် Flatbed Dryer နှင့် Column Dryer များ၊
• တောင်ယာ၊ပန်းမန် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လက်တွန်းထွန်စက် (Power Tillers)များ၊
• ရှမ်းပြည်နယ်၏ အဓိကသီးနှံများဖြစ်သော အာလူး နှင့် ထောပတ်သီး အတွက် အအေးပေးစနစ် (Cold Storage Facilities) များ၊
• တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုအတွက် လိုအပ်သည့် ခေတ်မီနည်းပညာများ၊ ထုတ်လုပ်ရေးစက်ပစ္စည်းများနှင့် ဆက်စပ်ကိရိယာများ၊
• Micropropagation (Tissue Culture) နည်းပညာအသုံးပြု၍ အရည်အသွေးမြင့် အာလူးမျိုးပွားစနစ်များ၊
• စိုက်ပျိုးရေး စက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်နိုင်သော Metal Fabrication Facilities များသို့ သွားရောက်လေ့လာခဲ့ပါသည်။
ယင်းနည်းပညာများသည် လုပ်ငန်းလည်ပတ်မှုစရိတ် လျှော့ချခြင်း၊ ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုများ လျော့နည်းစေခြင်းနှင့် ထုတ်ကုန်အရည်အသွေး မြှင့်တင်ခြင်းတို့မှတစ်ဆင့် ရှမ်းပြည်နယ်ရှိတောင်သူများနှင့် လုပ်ငန်းရှင်များ၏ ဝင်ငွေတိုးတက်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးကို အထောက်အကူပြုလျက်ရှိပါသည်။
ထို့အပြင် ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုတွင် အောင်မြင်ခဲ့ကြသည့် ရှမ်းပြည်နယ်ရှိ တောင်သူများနှင့် လုပ်ငန်းရှင်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ်များကိုလည်း အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ နည်းပညာမြှင့်တင်ရေးနှင့် လုပ်ငန်းတိုးချဲ့ရေးအစီအစဉ်များကို အကောင်အထည်ဖော်နိုင်ရန် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့ပါသည်။
အဆိုပါ ခရီးစဉ်များအတွင်း မှတ်တမ်းတင်ခဲ့သော လုပ်ငန်းလည်ပတ်မှု အခြေအနေများနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ် ချုပ်ဆိုမှု အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ပါသည်။
Shan State is one of Myanmar’s most important agricultural and livestock production regions, playing a significant role in the cultivation and production of avocados, maize, potatoes, tea, and other high-value crops, thereby contributing substantially to the country’s agricultural and livestock sectors. To promote the modernization of the agriculture, livestock, and fisheries sectors, as well as their entire value chains in the region, RBF+ has been providing grant support and has conducted field visits to these projects.
During the visits, the team observed a range of technology-driven initiatives implemented by micro, small, and medium enterprises (MSMEs), including:
• Solar PV systems
• Solar-powered pumping systems that improve irrigation efficiency
• Flatbed dryers and column dryers for post-harvest processing
• Power tillers for upland cultivation and floriculture operations
• Cold storage facilities for potatoes and avocados, key crops of Shan State
• High-quality potato propagation systems using micropropagation (tissue culture) technology
• Metal fabrication facilities for agricultural machinery production.
These technologies contribute to reducing operational costs, minimizing post-harvest losses, and improving product quality, thereby supporting increased income generation and market expansion for farmers and MSMEs in Shan State.
In addition, grant agreements were successfully signed with selected farmers and MSMEs in Shan State under the Second Call for Proposals. This marks an important milestone in advancing technology adoption and facilitating the expansion of their businesses.
We are delighted to share key highlights from the field visits and grant agreement signing event in Shan State.
12/06/2026
[English below]
RBF+ရုံးအဖွဲ့သည် ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူမှုများတွင် အောင်မြင်ခဲ့ကြသော ပဲခူးတိုင်းဒေသကြီးရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ၏ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများကို ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။
ထိုခရီးစဉ်များအတွင်း ခေတ်မီစက်ကိရိယာများဖြင့် သွင်းကုန်အစားထိုး လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ -
• နေရောင်ခြည်စွမ်းအင်သုံးစနစ်များ (Solar PV Systems)၊
• ဆိုလာရေတင်စနစ်များ (Solar Water Pumping Systems)၊
• အစက်ချရေသွင်းစနစ်များ (Drip Irrigation System)၊
• စွန့်ပစ်ပစ္စည်း (စပါးခွံ) များကို အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်သော စီမံကိန်းများဖြစ်သည့် Gasification Systems နှင့် အခြောက်ခံစက် (Column Dryer) များ၊
• ရိတ်သိမ်းခြွေလှေ့စက် (Combine Harvester) များနှင့်
• အဆင့်မြင့်ဆန်စက်များအဖြစ် တိုးချဲ့ဆောင်ရွက်ထားသော စီမံကိန်းများ၏ လုပ်ငန်း လည်ပတ်မှုနှင့် တိုးတက်ပြောင်းလဲလာမှု အခြေအနေများကို အနီးကပ်လေ့လာခဲ့ပါသည်။
ကွင်းဆင်းလေ့လာမှုများတွင် တွေ့ရှိခဲ့သော စက်ပစ္စည်းများနှင့် နည်းပညာ အဆင့်မြှင့်တင်မှုများ သည် သာမန် ရင်းနှီးမြှုပ်နှံမှုတစ်ခုသာမက ပိုမိုထိရောက်သော ကုန်ထုတ်လုပ်မှု၊ စီးပွားရေးအရ ပိုမိုယှဉ်ပြိုင်နိုင်စွမ်း၊ ပိုမိုရေရှည်တည်တံ့သော စိုက်ပျိုး၊မွေးမြူရေး တန်ဖိုးကွင်းဆက်တစ်ခုဆီသို့ ဦးတည်နေသော အရွေ့တစ်ခု ဖြစ်ပါသည်။
RBF+ အနေဖြင့် တောင်သူများနှင့် MSME လုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရေး၊ နည်းပညာအသုံးပြုမှုကို အားပေးမြှင့်တင်ရေးနှင့် တန်ဖိုးကွင်းဆက် တစ်လျှောက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖြစ်ထွန်းလာစေရေးအတွက် ဆက်လက်ပံ့ပိုး ဆောင်ရွက်သွား မည် ဖြစ်ပါသည်။
ခရီးစဉ်အတွင်း မှတ်တမ်းတင်ရရှိခဲ့သော အမှတ်တရပုံရိပ်အချို့ကိုလည်း မျှဝေပေးလိုက်ပါသည်။
The RBF+ team conducted site visits to projects implemented by micro, small and medium enterprises (MSMEs) across Bago Region that were successful from the First and Second Calls for Proposals, covering agriculture, livestock, fisheries, and the broader agrifood value chain.
During the visits, the team closely observed the operational status and progress of various technology-driven projects, including
• Hydraulic Iron Worker and Milling Machine for Import Substitution,
• Solar PV systems,
• Solar Pumping systems,
• Drip Irrigation System,
• Gasifiers and Column Dryers that convert agricultural waste, particularly rice husk, into valuable and reusable by-products,
• Combine harvesters, and
• the Upgrading of rice mills into more advanced processing facilities.
The machinery and technology advancement observed during the field visits represent far more than a mere investment. They signify a strategic shift toward more efficient production, greater economic competitiveness, and a more sustainable agri-food value chain.
RBF+ remains committed to supporting farmers and MSMEs in strengthening their capacities and competitiveness, while promoting sustainable growth and development across the entire value chain.
We are pleased to share some highlights and key moments documented during our visits on the ground.
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |