Bio-Tech
17/08/2020
ိုသာ_သတိရလိုက်ပါ။
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
Unicode Version;
#မိလ္လာကန်အဟောင်းကိုပြုပြင်တော့မယ်ဆိုရင် ဘာတွေသိထားဖို့လိုသလဲ?
ကန်အဟောင်းကိုပြုပြင်ရတာ ကန်အသစ်ကိုလုပ်ရတာထက်ပိုခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အသုံးပြုထားတဲ့ကန်ထဲမှာ Gas တွေဟာကိန်းအောင်းနေကြပြီး မိလ္လာကန်ထဲက ဂတ်စ်တွေကိုကြာကြာရှူမိလို့ အဆိပ်အတောက်ဖြစ်ရင် အဲ့အဆိပ်အတွက် ဖြေဆေးရယ်လို့လည်း သီးသန့်မရှိပါဘူး။
▶ Gas တွေကဘယ်လိုကနေစဖြစ်လာလဲ?
မိလ္လာကန်ထဲမှာ ဇီဝမစင်စားပိုးတွေဖြစ်တဲ့ အောက်ဆီဂျင်လိုအပ်တဲ့ပိုးနဲ့ အောက်ဆီဂျင်မလိုအပ်တဲ့ပိုးတွေဟာ သဘာဝတရားကြီးရဲ့အလိုကျအတိုင်းရှိနေကြပါသည်။ ထိုကဲ့သို့ပိုးတွေ ဇီဝအနည်အနှစ်တွေကို စားသုံးတဲ့အချိန်မှာ တနည်းအားဖြင့် septic tank action ဖြစ်နေတဲ့အချိန်မှာ အန္တရာယ်ရှိတဲ့ Gas တွေစတင်ထွက်ပေါ်လာပါတယ်။
Gas ထွက်ပေါက်ဖြစ်တဲ့ Air Vent တွေသေချာမလုပ်ထားဘူးဆိုရင် မိလ္လာကျင်းထဲမှာလေအောင်းပြီး အိမ်သာကနေရေဆွဲချပြီး ဆင်းချလာမယ့်အညစ်အကြေးတွေဟာ မဆင်းနိုင်တော့ပဲ အပေါ်ကို ပြန်ကန်တက်ပါလိမ့်မယ်။ အရပ်ဆိုစကားအရဆိုရင် (လေတင်းတယ်၊ လေခံတယ်) ပေါ့။
မိလ္လာကန်ထဲမှာ Gas တွေအများကြီးရှိတဲ့အနက် အဓိကအရေးကြီးတဲ့ Gas ၂မျိုးကတော့ Methane နဲ့ Hydrogen Sulphide (H2S) ပါ။ Hydrogen Sulphide ဟာ ကြက်ဥပုပ်နံ့ အသွင်ရှိပြီး မိလ္လာကန်ပတ်ဝန်းကျင်မှာ ကြက်ဥပုပ်နံ့စရပြီဆိုရင် Vent pipe မှာ တခုခုပိတ်ဆို့နေပြီး gas တွေစတင်စိမ့်ထွက်နေပြီဆိုတဲ့ အချက်ပေးသံပါပဲ။
ဂတ်စ်တွေ လေထဲမှာ ဘယ်လောက်ထိပါဝင်မှုရှိလဲဆိုတာကို သိဖို့ဆိုရင် PPM နဲ့တိုင်းတာရပါတယ်။ PPM ဆိုတာ Parts per Million ပါ။ အဓိပ္ပါယ်ကတော့ အပုံတသန်းပုံ တပုံကို အခြေပြုတာပါ။ မိလ္လာကန်ထဲက Hydrogen Sulphide (H2S) ကို
>100 PPM လောက်ရှူရှိုက်မိမယ်ဆိုရင် ချောင်းဆိုးမယ်၊ မျက်စိတွေယားလာမယ်၊ မောပန်းနွမ်းနွယ်လာပြီး အနံ့ရလို့ရနေမှန်း မသိတော့ပါဘူး။
>300 PPM ထပ်ပို၍ရှုရှိုက်မိမယ်ဆိုရင် သတိလစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။
>1000 PPM လောက်ကို ရှုရှိုက်မိမယ်ဆိုရင် ၁စက္ကန်ု့အတွင်းကိုသေစေနိုင်ပါတယ်။
ထို့အတွက်ကြောင့် ကန်အဟောင်းကို ပြုပြင်တော့မယ်ဆိုရင် ရှေးဦးစွာ Air Blower တလုံးနဲ့ ၂၄နာရီလောက် လေပေးထားပြီး PPM ကိုတိုင်းတာပြီးတော့မှဆင်းသင့်ပါတယ်။
လူကြီးမင်းတို့ရဲ့ မိလ္လာကန်ကိုပြန်ပြင်ဆောက်ချင်တာပဲဖြစ်ဖြစ်၊ အသစ်ဆောက်ချင်တာပဲဖြစ်ဖြစ် Bio-tech မှ ကျွမ်းကျင်သော Engineer များမှ Site Survey လာဆင်းပေးပြီး Drawing နဲ့ ကုန်ကျစရိတ် တို့ကို တွက်ချက်ပေးပြီး တည်ဆောက်ပေးနေပါသည်။
လူကြီးမင်းတို့ ကိုယ်တိုင်ဆောက်လုပ်ချင်ရင်လည်း Drawing နဲ့ ကန်ထဲထည့်ဖို့လိုအပ်မည့်ပစ္စည်းတို့ကိုလည်း support လုပ်ပေးပါသည်။
#သင့်မိလ္လာကန်ခဏခဏပြည့်လို့_စိတ်ညစ်နေရပါသလား?
#မိလ္လာကန်မှအနံ့ဆိုးတွေကြောင့်_စိတ်ညစ်နေရပါသလား?
#ဇီဝမိလ္လာကန်စနစ်အသစ်_ဆောက်လိုပါသလား?
ိုသာ_သတိရလိုက်ပါ။
▶ Hotline - 095033414; 09455165415
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
30/07/2020
မိုးလေမရှောင် Bio-tech မှ မိုးမိုးသင်တန်းကျောင်းအတွက် လူ ၄၀၀ သုံး အနယ်အနှစ်လုံးဝစုပ်ထုတ်စရာမလိုတဲ့ ဇီဝမိလ္လာကန်ကို တာဝန်ယူဆောက်လုပ်ပေးနေသော ပုံရိပ်များဖြစ်ပါသည်။
ိုသာ_သတိရလိုက်ပါ။
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
Unicode Version;
Bio-tech မွ မိုးမိုးသင်တန်းကျောင်းအတွက် လူ ၄၀၀ သုံး အနယ်အနှစ်လုံးဝစုပ်ထုတ်စရာမလိုတဲ့ ဇီဝမိလ္လာကန်ကို တာဝန်ယူဆောက်လုပ်ပေးနေသော ပုံရိပ်များဖြစ်ပါသည်။
လူကြီးမင်းတို့ရဲ့ မိလ္လာကန်ကိုပြန်ပြင်ဆောက်ချင်တာပဲဖြစ်ဖြစ်၊ အသစ်ဆောက်ချင်တာပဲဖြစ်ဖြစ် Bio-tech မွ ကျွမ်းကျင်သော Engineer မ်ားမွ Site Survey လာဆင်းပေးပြီး Drawing နဲ့ ကုန်ကျစရိတ် တို့ကို တွက်ချက်ပေးပြီး တည်ဆောက်ပေးနေပါသည်။
လူကြီးမင်းတို့ ကိုယ်တိုင်ဆောက်လုပ်ချင်ရင်လည်း Drawing နဲ့ ကန်ထဲထည့်ရမယ့် bio ball, carbon တို့ကိုလည်း support လုပ်ပေးပါသည်။
#သင့်မိလ္လာကန်ခဏခဏပြည့်လို့_စိတ်ညစ်နေရပါသလား?
#မိလ္လာကန်မှအနံ့ဆိုးတွေကြောင့်_စိတ်ညစ်နေရပါသလား?
ိုသာ_သတိရလိုက်ပါ။
▶ Hotline - 095033414; 09455165415
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
Click here to claim your Sponsored Listing.
Category
Website
Address
Building 3, Zayarmon Advanced Housing, Bayintnaung Road, Mayangone
Yangon